ဇင်သည် လည်မျိုလည်း ညှစ်တတ်၏ ~
by Zay Ya on Wednesday, February 22, 2012 at 9:01am ·
တစ်နေ့~ ဇင်ဆရာ ရင်းဇိုက် က သူ့ကျောင်းသင်္ခမ်းမှာ တရား စကား ပြောကြား နေချိန်။ တရား တစ်ပုဒ် ဟောဖို့ လုပ်တော့ လူတစ်ယောက် က ထလာ တယ်။ တရားပွဲကို ခဏရပ်ဖို့ ပြောတယ်။ ရင်းဇိုက်လည်း ရပ်လိုက်ပြီး မေးတယ်။
"ဘာဖြစ်လို့ပါလဲ"
မတ်တပ်ရပ်နေတဲ့ အဲ့ဒီလူက ပြန်ပြောတယ်။
"ဆရာသခင်၊ အသက်ဝိညာဉ် ဆိုတာ ဘာလဲ"
ဇင်ဆရာ ရင်းဇိုက် ဟာ သူ့တောင်ဝှေး ကို ကောက်ကိုင် လိုက်တယ်။ ရှေ့မှာ ထိုင်နေတဲ့ သူတွေကို လမ်း ခဏဖယ် ပေးဖို့ ပြောတယ်။ အဲ့ဒီ လူဆီ ထသွား တယ်။ မေးတဲ့သူ လည်း ရုတ်တရက် တုန်လှုပ် သွားပါတယ်။ သူ မေးတာ ကို ဒီလို ထလာပြီး ဖြေမယ် လို့ မထင် ထားဘူး။ ရင်းဇိုက် က အဲ့ဒီ လူ အနား ကို ရောက်လာတယ်။ ချက်ချင်းပဲ လည်မျို ကို ဖမ်းကိုင်ပြီး ညှစ်လိုက်တယ်။ ဖိ ညှစ်တယ်။ လည်မျိုကို အား တင်းတင်း ဖိညှစ် ထား တာကြောင့် အညှစ် ခံရတဲ့ ဟိုလူ ခမျာမှာ မျက်လုံးက ပြူးထွက် လာပါတယ်။ ဒါပေမယ့် ရင်းဇိုက်က ဆက်ညှစ် ထားတုန်းပဲ ။ ပြောလိုက်တယ်။ "ခင်ဗျား ဘယ်သူလဲ။ မျက်လုံး ပိတ်ထားလိုက်ပါ" အဲ့ဒီလူ လည်း မျက်လုံး မှိတ် လိုက်တယ်။ လည်မျို ကတော့ ညှစ်ထားရက်ပဲ ~ ရင်းဇိုက်က ထပ်မေးတယ်။ "ခင်ဗျား ဘယ်သူလဲ။ အခု ဘယ်သူလဲ" ။
အဲ့သည် ခဏ ~ အညှစ် ခံရတဲ့သူ လည်း မျက်လုံး ပြန်ဖွင့် လာတယ်။ ပြီးတော့ ရင်းဇိုက် လက်က ရုန်းထွက်တယ်။ နှစ်နှစ် ခြိုက်ခြိုက် ရယ်ပါတော့တယ်။"ဆရာသခင်။ ဆရာဟာ ကျနော် မေးတဲ့ အသက် ဝိညာဉ် အကြောင်း အပြည့်အစုံ ဖြေကြား ခဲ့ပြီးပါပြီ။ ကျနော် နားလည် ပါပြီ"။
ရင်းဇိုက် ရဲ့ အပြုအမူဟာ လတ်တလော အသုံးချ လိုက်တဲ့ အရာ တစ်ခု သက်သက်သာ ဖြစ်ပါတယ်။ အသက်ဝိညာဉ်က ဘာလဲ လို့ မေးတိုင်း ဒီလို ပုံစံ ဖြေလို့တော့ မရဘူးရယ် ~ ဒါ့ကြောင့် အခြား လူတစ်ယောက် က ရင်းဇိုက်ကို ဒီအကြောင်း မေးခဲ့ပါတယ်။ "ဘယ်သူ လာမေးမေး ခင်ဗျား အဲ့လို ပုံစံနဲ့ ပဲ ဖြေမှာလား" ။
ရင်းဇိုက်က ပြန်ပြောတယ်။
"သူ အဆင်သင့်ရှိနေတယ်။ ဒါ့ကြောင့် အခုခဏ အတွင်း - ဒီလို လုပ်ရပါတယ်။ သူ ကျုပ် ကို မေးတာက ~ သူ့အသိနဲ့ ညှိနှိုင်းဖို့၊ စစ်ကြော ဖို့၊ မေးခွန်း ပြန်ထုတ်ဖို့ for a question's sake အနေနဲ့ မေးနေတာ မဟုတ်ဘူး။ သူ တကယ် သိချင် လို့ကို မေးနေတာရယ်။ ဒါ့ကြောင့် သူ အဆင်သင့် ရှိနေပြီးသား ဖြစ်ပါတယ်။ တကယ် မေးနေတယ်။
ဒါ့ကြောင့် သူ မေးတဲ့ မေးခွန်း ကလည်း သေရေး ရှင်ရေး ပြဿနာ တစ်ခု လို ဖြစ်သွားတယ်။ သူ့ မေးခွန်းကို ကြည့်ကြည့်ပါ။ အသက် ဝိညာဉ် ( Soul ) ဆိုတာ ဘာလဲ ~ တဲ့။ ဟုတ်တယ်ဟုတ်။ အဲ့ဒီ အတွက် သူ့ရင်တွင်းမှာ အဖြေပြည့်ဝ သိနိုင်ဖို့ အကြောင်း ပြည့်စုံ ပါတယ်။ သူအခု လက်ရှိ ရှင်သန် နေတာ ကိုသာ တွေဝေ သံသယ ရှိနေမိရုံလေး ဖြစ်နေတယ် ။ အဲ့အတွက်လည်း သူ မေးတဲ့မေးခွန်းက "ဘဝ ဆိုတာ ဘာလဲ" လို့ မေးတယ် ။ ဒါဟာ အတူတူပဲ မဟုတ်လား။
ဒီမေးခွန်း အတွက် ကျုပ်က အဆိုအမိန့် စကားတွေ သုံးပြီး အဓိပ္ပာယ် ပြည့်အောင် ဘယ်လို ဖြေဖြေ ~ သူ့အတွက် အဖြေစင်စစ် ဖြစ်လာမှာ မဟုတ်ဘူး။ သူ့ကို လက်တွေ့ ချက်ချင်း မြင်သာအောင် ကူညီမှကို ဖြစ်ပါလိမ့်မယ်။ အဲ့ဒါကြောင့်ပဲ"
တကယ်လို့ အဲ့ဒီ မေးခွန်း ထုတ်တဲ့သူ နေရာမှာ ခင်ဗျား ဆိုပါတော့။ ခင်ဗျား လည်မျိုကို ရင်းဇိုက်က အသည်းအသန် ရုန်းမရအောင် ညှစ်ထားပြီ ဆိုရင် ခင်ဗျား ဘာဖြစ်မလဲ။ ကျိန်းသေတာက အဲ့ဒီ ခဏ ~ ခင်ဗျား အနာဂတ် အကြောင်း တွေးမနေ နိုင်တော့ဘူး မဟုတ်လား ။ ခင်ဗျား အတိတ်အကြောင်း လည်း ပြန်မကြည့် နေနိုင် တော့ဘူးရယ်။ စင်စစ် အခု ခင်ဗျား လည်မျို အစ်လို့ မျက်လုံးပြူး ထွက်လာပြီပဲ။ အခုခဏ အတွင်း ခင်ဗျား အသည်းအသန် ရုန်းကန် ဖို့သာ ရှိတော့တယ်။
စင်စစ် အခု ခဏ ပစ္စုပ္ပန် ဒီနေရာလေးမှာသာ ခင်ဗျား ရှိနေပါတယ်။ ဒီ အချိန် လေး အတွင်း ခင်ဗျား ဇီဝိန် ချုပ်သွားနိုင်တယ် ။ ဒီ အချိန် ဟာ ခင်ဗျား အတွက် သေရေး ရှင်ရေး အရေးကြီး နေတဲ့ ခဏတာ အချိန် ဖြစ်နေတယ်။ အဲ့သည် ခဏ ခင်ဗျား စိတ်သန္တာန် အတွင်း ~ ခပ်နက်နက် တိုးဝင် ကြည့်တဲ့အခါ ခင်ဗျား ဘယ်သူ ဆိုတာ သိနိုင်ပါတယ်။ မိမိကိုယ်ကိုယ် ရှုမြင်ထားတဲ့ ယခင် အမြင်တွေ အကုန်လုံး အသွင်ပြောင်း သွားပါလိမ့်မယ်။ မိမိရဲ့ ရှင်သန်မှုဟာ ~ အခု အချိန်လေး တည့်တည့် အပေါ်မှာ တိတိပပ ထင်ရှား ရှင်သန် နေကြောင်း တွေ့ ရတော့တယ်။
စင်စစ် ယခု ပစ္စုပ္ပန် တည့်တည့် အပေါ် ~ ခဏတိုင်း မပြတ် ~ သိ ( ဝါ ) တည် နေတဲ့ အခါ - ခင်ဗျား သန္တာန် အတွင်း အချိန်ကာလ သတ်မှတ် ချက် ကုန်ဆုံး သွားတယ်။ ( ကုန်ဆုံးသွားတယ် ဆိုတဲ့ စကားက လိုအပ်နေပါတယ်။ စင်စစ် ၊ အချိန်ကာလ သတ်မှတ်ချက် မရှိကြောင်း ကောင်းကောင်း သိသွားတယ် လို့ ပြောရပါလိမ့်မယ်။ ) ခင်ဗျား ရှင်သန်နေတဲ့ ယခု ဘဝဟာ အတိတ် မရှိ~ အနာဂတ် မရှိ ။ ဒါ့ကြောင့် ပစ္စုပ္ပန် ဆိုတာ လည်း စင်စစ် မရှိကြောင်း "သိ" တယ်။ (ဝါ ) အချိန်ကာလ ဆိုတဲ့ အညွှန်းဘောင် မရှိကြောင်း ကိုယ်တိုင် ကိုယ်ကျ အသိ သက်သက် သာ ရှိတော့ တယ်။ ဒါဟာ စိတ်ကူး နဲ့ ၊ အတွေးနဲ့ ~ တွေးခေါ်ကြည့်လို့ မရကြောင်း သတိပြု မိဖို့ လိုပါမယ်။ မိမိသန္တာန် အတွင်း စင်စစ် ထွင်းဖောက် ဝင်နိုင်မှသာ ဖြစ်ပါတယ်။
ဒါ့ကြောင့် သန္တိ၊ ချမ်းမြေ့မှု၊ ချုပ်ငြိမ်းမှု ဆိုတာ ဟာ "သိမြင်ခြင်း သက်သက်" နဲ့ အနက် အဓိပ္ပာယ် ထပ်တူ ပဲလို့ ဆရာ့ဆရာ အများ ဆိုလေ့ ရှိကြပါတယ် ။ ဒီ "အသိ" သက်သက်ဟာ အကြောင်းအချက် ၊ အသိ သညာ၊ ဗဟုသုတ၊ ဝါဒ၊ ဒဿန တွေနဲ့ မပတ်သက်ဘူး။ "အခု၊ ဒီနေရာ၊ ဒါ" ကို သိရင် "အားလုံး" ကို သိတယ်။ ( တနည်း ) What is all is THIS! ~ "အခု၊ ဒီနေရာ၊ ဒါ" သာလျှင် "အားလုံး" ဖြစ်ပါတယ်။
..................
Just Be. That's Enough.
...................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
..................
0 comments:
Post a Comment