Friday, February 10, 2012

မကြာခဏ လမ်းခွဲပြတ်စဲရတတ်သူများ အဆင်ပြေစေမည့် အရည်အချင်းခုနှစ်ရပ်

by Moenge Aung on Friday, February 10, 2012 at 5:43pm ·

Good Health Originally posted 

ချစ်သက်တမ်းကို ကြာကြာမတည်ဆောက်နိုင်ဘဲ မကြာခဏ လမ်းခွဲပြတ်စဲနေရတာကြောင့် စိတ်မကောင်း ဖြစ်နေသလား။  အသည်းကွဲဝေဒနာကို ကုစားနိုင်ဖို့ မကြာခဏ အချစ်သစ်နဲ့ အစားထိုးနေရသလား။ အဆင်ပြေချောမွေ့တဲ့ ချစ်ခရီးလမ်းကို ချစ်သူနဲ့ လက်တွဲပြီး လျှောက်လှမ်းလိုပါသလား။ “သင်ရဲ့ ကိုယ်ရည်ကိုယ်သွေးက ဘယ်လိုပဲ ဖြစ်နေဖြစ်နေ၊ သင့်အရည်အချင်းတွေကို ကောင်းမွန်လာအောင် မြှင့်တင်နိုင်တယ်” ဆိုရင် သင်တို့ရဲ့ ပေါင်းသင်းဆက်ဆံရေးက ပိုမိုကောင်းမွန်လာမှာ ဖြစ်ပါတယ်။


၁)  ဆက်သွယ်မှု
သင့်ချစ်သူရဲ့ ပြောစကားကို ဂရုစိုက်ပြီး နားထောင်တာ၊ သင့်အတွေးတွေနဲ့ သင့်ခံစားချက်တွေကို ရိုးရိုးသားသား ပြောပြတာ၊ သင့်ချစ်သူ အားတက်လာအောင် အားပေးနိုင်တာ၊ သူရဲ့ အပြစ်တွေကို အပြုသဘောဆောင်တဲ့ သဘောမျိုးနဲ့ ဝေဖန်ပေးတာတွေက သင်တို့နှစ်ဦးရဲ့ သံယောဇဉ်ကို ပိုမိုတိုးပွားလာစေတဲ့ အရည်အချင်း တစ်ရပ်ပဲ ဖြစ်ပါတယ်။

၂)  ပဋိပက္ခဖြေရှင်းနည်း
ပဋိပက္ခတစ်ခုကို ဖြေရှင်းတော့မယ်ဆိုရင် လက်ရှိ အခြေအနေကိုပဲ အာရုံစိုက်ပြီး ဖြေရှင်းပါ။ ဖြစ်ပြီးသွားတဲ့ ကိစ္စဖြစ်နေရင် (သူ့အပြစ် ဖြစ်နေပါက) ခွင့်လွှတ်မလား ဒါမှမဟုတ် (သင့်အပြစ် ဖြစ်နေပါက) တောင်းပန်မလားစတဲ့ ဖြေရှင်းနည်းကို စဉ်းစားပါ။ နောက်တစ်ကြိမ် ထပ်မဖြစ်ခဲ့ရင် ဘယ်လို ဆုံးဖြတ်မယ်ဆိုတဲ့ အဖြေတစ်ခုပါ ရှိနေပါစေ။

၃)  ချစ်သူအကြောင်း မှတ်သားနိုင်စွမ်း
သင့်ချစ်သူရဲ့ ရှပ်အင်္ကျီ အရွယ်အစားက ဘယ်လောက်လဲ ဒါမှမဟုတ် သူစီးတဲ့ ဖိနပ်နံပါတ်က ဘယ်လောက်လဲ၊ သူအကြိုက်ဆုံး အစားအသောက်က ဘာလဲ။ ဒီအချက်တွေကို သင်သိပါရဲ့လား။ သင့်ချစ်သူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သိနေတာက သူ့အပေါ်သင်ဘယ်လောက်အထိ ဂရုစိုက်တယ်ဆိုတာကို ပြသရာ ရောက်ပါတယ်။ သင့်အပေါ်ကို သံယောဇဉ် ပိုတွယ်စေမယ့် အရည်အချင်း တစ်ရပ်လည်း ဖြစ်နေပါတယ်။

၎)  ဘဝအရည်အချင်းများ
အရေးပေါ်နာမကျန်းမှုအတွက် အစီအစဉ်ရှိသလား။ သင်ဟာ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပြီး ကြံ့ခိုင်သန်စွမ်းမှု ရှိအောင် ကြိုးစားနေထိုင်ရဲ့လား။ လူတွေဟာ သူတို့ဘဝအဖော်တွေကို ဘဝတစ်သက်တာ ရိုးမြေကျ  လက်တွဲ သွားနိုင်မယ့်သူတွေ ဖြစ်လိုကြပါတယ်။ ဒါကြောင့် ကျန်းမာရေး ကောင်းမွန်ပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တဲ့ ချစ်သူကိုပဲ ဘဝအဖော်အဖြစ် ရွေးချယ်လေ့ရှိတာ များတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။
၅)  ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း
ကိုယ့်စိတ်ကို ထိန်းချုပ်နိုင်စွမ်းရှိပြီး ကိုယ့်အားသာချက်ကို အသုံးချတတ်ကာ အားနည်းချက်ကို ကျော်လွှားနိုင်သူဟာ ဘဝမှာ အောင်မြင်လေ့ ရှိကြပါတယ်။ သူတို့က အခက်အခဲ၊ အနှောင့်အယှက်တွေကို အပြုသဘောဆောင်တဲ့ နည်းနဲ့ ဖြေရှင်းနိုင်ပြီး ရည်မှန်းချက်ပန်းတိုင် ရောက်တဲ့အထိ အလုပ်ကိုလည်း ကြိုးစား လုပ်ကိုင်တတ်ကြပါတယ်။ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါးနဲ့ အပျော်အပါးတွေကိုလည်း စိတ်ကို ထိန်းချုပ်တဲ့နည်းနဲ့ ရှောင်ရှားနိုင်ကြပါတယ်။

၆)  စိတ်ကူးယဉ်တတ်သော ချစ်စိတ်
တစ်ခါတစ်ရံမှာ ကိုယ်ချစ်တဲ့သူကို စိတ်လှုပ်ရှားသွားအောင် လုပ်တတ်တာကလည်း ချစ်သက်တမ်း ရှည်သူတွေရဲ့အရည်အချင်း တစ်ရပ်ပါပဲ။ ပျင်းရိငြီးငွေ့ဖွယ် ကောင်းတဲ့ ချစ်ခရီးလမ်း မဖြစ်အောင် စိတ်ကူးယဉ်ဆန်တဲ့ လက်ဆောင်တွေနဲ့ အကြင်နာပေးတာမျိုးပါ။

၇)  စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်စွမ်း
စိတ်ဖိစီးမှုကို တွန်းလှန်နိုင်ဖို့ အသက်ပြင်းပြင်း ရှူတာ၊ တရားထိုင်တာ စတဲ့နည်းတွေကို အသုံးပြုရမယ်ဆိုတာ သင်သိပါသလား။ သင့်အနေနဲ့ စိတ်ဖိစီးမှုကို ရင်ဆိုင်ဖြေရှင်းနိုင်လေလေ၊ သင့်ချစ်သူအပေါ်ပိုပြီး အထောက်အပံ့ ပြုနိုင်လေလေ ဖြစ်ပါလိမ့်မယ်။ ဒါဆိုရင် သင့်ချစ်သူရဲ့ ယုံကြည်ကိုးစားမှုကိုပါ ရရှိလာမှာပါ။

ကေအမ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...