Thursday, February 9, 2012

ဆံပင်ဆိုးဆေးစွန်းခြင်းကိုဖယ်ရှားနိုင်သောနည်းများ

by Moenge Aung on Friday, February 10, 2012 at 9:19am ·

အမျိုးသမီးအများစုဟာ ဆံသားကို အရောင်မဆိုးပဲ မနေတတ်ကြပါဖူး။ အသက်ကြီးရင်လည်း ဆံပင်ဖြူလို့၊ အသက်ငယ်ရင်လည်း လှချင်လို့
ဆံပင်ကို ဆေးဆိုးတတ်ကြပါတယ်။ ဒီလိုမျိုး ဆေးဆိုးပြီးရင်လည်း နဖူး၊ နား၊ နားထင်တွေ ပေါ်မှ ဆိုးဆေးတွေ ပေကျန်နေခဲ့ရင်လည်း
စိတ်အနှောက်အယှက်ဖြစ်စရာ ဖြစ်နေပါတယ်။ စွန်းထင်းကျန်နေတဲ့ ဆေးတွေကို ဆပ်ပြာ၊ ရေတို့နဲ့လည်း ဖယ်ရှားလို့မရပါဖူး။

""ဆံပင်ဆေးဆိုးတော့မယ်ဆိုရင် နဖူး၊ နားရွက် စတာတွေကို အဝတ်စတစ်ခုနဲ့ ပတ်ပြီး အကာအကွယ်ပေးထားပါ။ ဆံပင်အစပ်နား
လေးတွေကိုလည်း ဘော်ဒီလိုးရှင်းလူးပေးထားပါ။ ဒီလိုမျိုးအကာအကွယ်တွေနဲ့ ဆေးဆိုးမယ်ဆိုရင်တော့ အရောင်စွန်းကျန်နေမှုကနေ
 ကင်းဝင်းနိုင်မှာဖြစ်ပါတယ်။""ဒီလိုမျိုးအကာအကွယ်တွေမလုပ်မိလို့ စွန်းထင်းသွားတယ်ဆိုရင်လည်း -------"၁-    အပြင်းစားဆိုးဆေး
မဟုတ်ဖူးဆိုရင် ရေနွေးနွေးလေးစွတ်ပြီး အဝတ်လျှော်ဆပ်ပြာမှုန့်နဲ့ ချွတ်ပေးပါ။"၂-    ရေနံဂျယ်လီကလည်း ထိရောက်တဲ့အစွန်းချွတ်
ဆေးတစ်ခုပါပဲ။ စွန်းတဲ့နေရာပေါ် နည်းနည်းလေးသုတ်လိမ်းလိုက်ပြီး တစ်ညလောက်ထားလိုက်ပါ။ မနက်ဆေးကြောသန့်စင်လိုက်ရင်
 ပျောက်ကင်းသွားမှာဖြစ်ပါတယ်။"၃-    သွားတိုက်ဆေးနဲ့ အစွန်းချွတ်လို့လည်းရပါတယ်။ သွားတိုက်ဆေးအနည်းငယ်ကို စွန်းထင်းတဲ့နေရာမှာ
 သုတ်လိမ်းပေးပါ။ သွားတိုက်ဆေးဟာ အန္တရာယ်ကင်းတဲ့အရာဖြစ်တာကြောင့် အသားအရေပေါ်ကို လုံးဝထိခိုက်မှု မဖြစ်စေပဲ အစွန်းကို
ပျောက်ကင်းသွားစေမှာဖြစ်ပါတယ်။"၄-    လက်သည်းဆိုးဆေး ချွတ်ဆေးကိုလည်း ဆံပင်ဆိုးဆေးကို ဖယ်ရှားဖို့လည်း သုံးလို့ရပါတယ်။
သုံးတဲ့အခါမှာ မျက်လုံးနဲ့ နီးတဲ့နေရာတွေကို ချွတ်လို့မရပါဖူး။ ပမာဏနည်းနည်းပဲသုံးရပါမယ်။ ဂွမ်းစလေးနဲ့ လက်သည်းဆိုးဆေးချွတ်ဆေးကို
ယူပြီး ဆံပင်ဆိုးဆေးတွေပေနေတဲ့နေရာကိုပွတ်ပေးပါ။ အကြာကြီးပွတ်ပေးလို့မရပါဖူး။"၅-    မုန့်ဖုတ်ဆော်ဒါနဲ့ ပန်းကန်ဆေးဆပ်ပြာရည်ကို
ယူပြီး အစွန်းချွတ်လို့လည်းရပါတယ်။ ဆော်ဒါမှုန့်နဲ့ ဆပ်ပြာရည်ကို ဆတူရောစပ်ပြီး ဆံပင်ဆိုးဆေးစွန်းထင်းတဲ့နေရာကို ပွတ်သပ်ပေးပါ။
""တကယ်လို့ အထက်ပါဖော်ပြခဲ့တဲ့ဟာတွေက တစ်ခုမှ အရာမထင်၊ အသုံးမဝင်ဖူးဆိုရင်တော့ အလှပစ္စည်းရောင်းဆိုင်ကနေ
Hairdyeremover တစ်ဗူးကိုသာ ဝယ်လိုက်ပါတော့။ (အိန္ဒိယတိုင်းမ်)"

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...