Wednesday, February 1, 2012

ဖေ့ဘွှတ်မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဖိုးသိကြား တင်သွင်းသောအဆို ပယ်ချခံရခြင်း

by ဖိုး သိကြား on Wednesday, February 1, 2012 at 12:04pm


ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် အင်တာနက်တိုင်းဒေသကြီးဖေ့ဘွတ်မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဖိုးသိကြားမှ

"ယခုအခါတွင် နိုင်ငံတစ်နိုင်ငံမှ နိုင်ငံသားတို့၏ အသိပညာ၊ ဗဟုသုတ ကြွယ်ဝဖို့အတွက် သတင်း
နည်းပညာ မီဒီယာဆက်သွယ်ရေး ကဏ္ဍမှာ လွန်စွာအရေးကြီးပါကြောင်း။  ပြည်တွင်း၌သာမက
ပြည်ပတွင်ပါ ဖြစ်ပျက်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေ၊ အကြောင်းအရာ၊
သတင်း အချက်အလက်များကို အချိန်နဲ့တပြေးညီ တိကျမှန်ကန်စွာ သိရှိနိုင်ရန်အတွက် ဆက်သွယ်
ရေး ကွန်ယက်များကို တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သင့်ပါကြောင်း။


သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် လက်ရှိ ကျင့်သုံးနေသော ပက်ကျိ-Speed နှင့် လိပ်-Connection
Internet Line များကို ပြောင်းလဲ၍ တိုးတက်ကောင်းမွန်စေမည့် နည်းလမ်းများနှင့် အစားထိုး
ဆောင်ရွက်သင့်ကြောင်း" အဆိုကို တင်သွင်းရာ...

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်တဦးမှ " ကိုယ်စားလှယ် ဖိုးသိကြား
တင်သွင်းသော အဆိုမှာ လက်ရှိအစိုးရ၏ ကျင့်သုံးနေသော မူဝါဒနှင့် ကိုက်ညီမှု မရှိသေးပါကြောင်း။

ထို့ပြင် အခြား စားရမည့်.. အဲလေ.. အခြား ဦးစားပေးရမည့် ကိစ္စများ ရှိနေပါသဖြင့် လက်ရှိ အနေ
အထားတွင် ယင်းအဆိုကို လက်ခံစဉ်းစား မပေးနိုင်သေးကြောင်း" ပြောကြားပြီး ဖေ့ဘွတ် မဲဆန္ဒနယ်မှ
ကိုယ်စားလှယ် ဖိုးသိကြား တင်သွင်းသာ အဆိုကို ဖွတ်တော်မှ.. အဲ... လွှတ်တော်မှ ပယ်ချလိုက်ပါသည်..။

ဝမ်းနည်းပါ၏...။
ဖိုးသိကြား (ကိုယ်စားလှယ်...အင်တာနက် တိုင်းဒေသကြီး၊ ဖေ့ဘွတ်မဲဆန္ဒနယ်)



အားလုံးကို ချစ်ခင်လေးစားသော....ဖိုးသိကြား (01/02/2012)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...