Monday, February 6, 2012

အကိုပြောပြတဲ့ အမေ့အကြောင်း


မင်းငယ်ငယ်က
ကျောမှာဘုကြီးတွေ အဆက်မပြတ်ပေါက်လို့
ထိုင်မဟုတ် အိပ်မဟုတ်နဲ့
ကျော်ဖြတ်ခဲ့ရတဲ့ ညပေါင်းများစွာ မင်းမှတ်မိလား …


မင်းကိုမွေးပြီး
နို့မထွက်တော့တဲ့ အမေက
ကုလားခြင်းဆွဲနို့ဆီကို
ဝေးဝေးတစ်ခါ သွားဝယ်ပေးခဲ့ရတာတွေ၊
တစ်လုံး တစ်ကျပ်ဆယ့်ငါးပြားပေမဲ့
ဖြစ်အောင်စီမံခဲ့တဲ့ အမေ့စိတ်ဓါတ်နဲ့ သတ္တိက
တကယ့်စံပြ ညီလေး …

မင်းညဘက် အိပ်ပျော်နေတာကို ကြည့်ပြီး
ကောက်ကြောင်းပန်းချှီဆွဲခဲ့တဲ့
ငါ့ ပန်းချီခတ်ညံ့ညံ့ကို
တူလွန်းလို့ဆိုပြီး
ကြံဖန်ချီးကျူးခဲ့တာ မမေ့ဘူးကွာ။

မင်းက အဖေနဲ့တူတယ်လေကွာ
အမေက အကိုဆွဲတဲ့မင်းပုံဟာ
တို့အဖေနဲ့ တူလွန်းလို့ တဲ့ …

အမေနဲ့အကိုက
လက်တွဲခဲ့ရတယ်လေကွာ …
မင်းတို့ငယ်ငယ်
ကြိုးကြာကွင်း၊ စန်းကလေး
ညောင်လေးပင်ပတ်ပတ်လည်က ရွာတွေမှာ
ဆန်နဲ့ ဟင်းသီဟင်းရွက်
ရောင်းတစ်ဝက်၊ လဲတစ်ဝက်လုပ်ခဲ့တုံးက
အကိုကအမေ့ အရံအင်အား … ။


ပေါ်ထွန်းမြိုင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...