Tuesday, February 7, 2012

မိမိနှင့် မိမိ ~ မကွဲမပြား ဖြစ်လျက် ရှိခြင်း ~

by Zay Ya on Tuesday, February 7, 2012 at 7:49pm
ခင်ဗျား အသိမိတ်ဆွေ တစ်ယောက်နဲ့ လေးလေးနက်နက် စကားဆို နေတဲ့ အချိန် ဆိုပါတော့ ။ ခင်ဗျား ရုတ်တရက် ~ မိမိ ဘာသာ တိတ်တဆိတ် နေချင်မိတတ်တယ်။ အဲ့ဒီ အဖြစ် ကို ခံစားမိ တာမျိုး ရှိတတ် ပါတယ်။ အဲ့ အချိန်မှာ ကိုယ့်စိတ်က ဒီလို ပြောနေရတာကို ရပ်ပစ် လိုက်ချင် မိမယ်။ ပြောနေတဲ့ စကား က တန်းလန်းကြီးရယ် ~ ဒါပေမယ့် ခင်ဗျား ရင်ထဲမှာ ချက်ချင်း ~ တိတ်တိတ်လေးပဲ နေလိုက်ချင်တော့တယ် ဆိုပါတော့။

ကျနော့အနေနဲ့ တိုက်တွန်းလိုတာက ~


အဲ့အချိန်မှာ ဘာဖြစ်နေနေ ရပ်ပစ်လိုက်ပါ။ ဘာကိုမှ ဂရုစိုက်မနေပါနဲ့ ~ ရပ်ပစ်လိုက်ပါ။ စကား မပြီးမှာ - တဖက်သူ စိတ်ထဲ အဓိပ္ပာယ် မှားယွင်းသွားမှာ - အဓိပ္ပာယ် ကောက်လွဲသွားမှာ - စသဖြင့် စိုးရွံ့မနေပါနဲ့ ~ ရပ်ပစ်လိုက်ပါ။ ဘာလို့ဆို ~ မရပ်ဘဲ ဆက်စကားပြော နေမယ် ဆိုတဲ့ အခါ  အဲ့ဒါဟာ ~  ခင်ဗျား ရင်ထဲက သဘာဝ ကို မိမိ ဘာသာ မိမိ ဆန့်ကျင် မိရက်သား ဖြစ်သွားမှာ မို့လို့ပါပဲ။

ဒါပေမယ့် အဲ့အချိန် မိမိ သန္တာန်မှာ ဝေဖန် စိစစ်တဲ့ အတွေးအမှု- ပေါ်ပေါက်လာ တတ်ပါတယ်။ စကား အကောင်း ဆိုနေရင်း ရုတ်တရက် တန်းလန်း ရပ်လိုက်တဲ့အခါ - အခြား သူတွေများ ငါ့ကို ဘယ်လို ထင်သွားမလဲ ဆိုတဲ့ အတွေးနဲ့ ခင်ဗျား လေးပင် သွားနိုင်တယ်။ တကယ်တမ်း မှာလည်း ခင်ဗျား ရုတ်တရက် စကား ရပ်လိုက်ရင် ~ တဖက်သူက နားလည်မှာ မဟုတ်ဘူးပဲ။ ဒါကို ခင်ဗျားလည်း သိပါ တယ်။ ဒါ့ကြောင့် စိတ်က ရပ်ချင်နေ ရင်တောင် ပြည့်စုံအောင် ခင်ဗျား ဆက်ပြော နေမိ ဦးမှာ။ အဲ့ အကြောင်းအရာ တစ်ခု အပေါ် စိတ်ဝင် တစား ရှိနေကြောင်း ခင်ဗျား ဆက် ဟန်ဆောင် နေဦးမှာ။ နောက်မှ သာ စကား မပြတ်ပြတ်အောင် ဖြတ်ပြီး ခင်ဗျား ဦးလှည့် ပြေးမှာ။

ဒီလို မပြောချင်ဘဲ ဆက်ပြောနေရတဲ့ အဖြစ်ကသာ  ခင်ဗျား အတွက် တကယ်စင်စစ် လေးပင်လွန်းတာ ဖြစ်ပါတယ်။ ခင်ဗျား စွမ်းအင်တွေ၊ ခင်ဗျား ရဲ့ အဖိုးတန် တဲ့ အချိန်တွေ ကို အလဟဿ ဖြုန်းတီး လွန်းရာ ကျတယ်။ ဒီလို ဆက်ပြောဖို့ မလိုအပ်နေဘူးရယ်။ အခု ဆွေးနွေးနေတဲ့ အကြောင်းကို ရပ်ထား ချင်တယ်ဗျာ လို့ ပြောလိုက်ရုံလေးပါပဲ။ ခွင့်ပြုပါဗျာ လို့ ပြောပြီး ခင်ဗျား ရင်ထဲက အတိုင်း တိတ်တိတ်နေလိုက်ရုံပဲ။



ဒီအပြုအမူဟာ ရက် အနည်းငယ်လောက်တော့ ခင်ဗျား အတွက် ၊ ခင်ဗျား မိတ်ဆွေ တွေ အတွက် ဒုက္ခများ၊ ကသိ ကအောက် နိုင်နေ ပါလိမ့်မယ်။ ဒါပေမယ့် တဖြေးဖြေး နေကြည့်ပါ ~ ခင်ဗျား ပတ်ဝန်းကျင် က လူတွေဟာ ခင်ဗျားကို နားလည် သွားပါလိမ့်မယ်။ အဲ့ အခါ ~ ဒီလို ခင်ဗျား ဘာလို့ တိတ်တိတ်လေး နေချင် သွားရတာလဲ ဆိုတဲ့ အကြောင်း ခင်ဗျား သိချင်နေမှာပဲ ~ အဲ့ဒါကို လည်း အဖြေ မရှာ ပါနဲ့ ၊ မဝေဖန်ပါနဲ့ လို့ ပြောချင်ပါတယ် ။ နောက်ပြီး ဒီလို နေလိုက်တာဟာ မကောင်းလှဘူးကွာ ~ လို့လည်း ကိုယ့်ကိုယ်ကိုယ် မပြောမိ ပါစေနဲ့ ။

အရာရာဟာ တကယ်တမ်း ~ သူ့နေရာနဲ့သူ ကောင်းမြတ်မှု ရှိပါတယ်။ မိမိ ရင်ထဲက အတိုင်း  ဖြစ်ပေါ် လာသမျှ ကို မိမိ ဘာသာ နက်နက်နဲနဲ နားလည် လက်ခံပေး နိုင်လာတယ် ဆိုတာ တွေ့ရမယ်။ ဒါဆိုရင် မိမိ ဘာသာ ထပ် တွေ့လာ ရမှာက ~ ခင်ဗျား အတွက် အရာရာဟာ ချမ်းမြေ့ စရာတွေ ချည်းသာ ဖြစ်နေတယ် ဆိုတာပဲ။

ဒီ ချမ်းမြေ့တဲ့ အဖြစ် ရှိနေတဲ့ အကြောင်းကြောင့် လဲ ခင်ဗျား ရှင်သန်မှု ကိုယ်နှိုက် ဟာ ခင်ဗျား သတိမူမူ မမူမူ ~ တိတ်တဆိတ် နေချင် မိနေ တာ ဖြစ်ပါတယ်။ အဲ့နောက် ကို မိမိက သိမှတ်ရင်း အသာလေး လိုက်သွားရုံပါ။ ခင်ဗျားရဲ့ ရင်တွင်းမှာ ဖြစ်ရှိရင် ဖြစ်ရှိတဲ့ အတိုင်း အရိပ် လို ထပ်ကျပ် ရှိနေ ပေးတာ ဟာ ~ ဘာဝနာ ဖြစ်ပါတယ်။ ခင်ဗျားရဲ့ ရှင်သန်နေမှု ကို တစ်ရံစာမျှ အလွတ်မပေးဘဲ လိုက်လံ သိ နားလည် ထားမယ်~ အဲ့ဒါလေးပါပဲ။ သူ့မှာ ဦးတည်ချက် ပန်းတိုင် မလိုဘူး ~ အဆုံးသတ် မရှိဘူးရယ် ~ ခင်ဗျား ဘဝ စင်စစ် အတိုင်း အပြည့်အဝ နားနေ ဖြေလျော့ ထားပြီး ဖြစ်နေမယ်။ ဒါကိုလည်း ခင်ဗျား သိပ် မကြာခင် မှာ ~ စတင် နားလည်သွားတော့တယ် ။

....................
~ On Meditation
....................
http://zayya.blog.com/
http://zayya.wordpress.com/
http://zayyablogger.blogspot.com/
....................

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...