အဲသည့် အိမ်ကို ကျနော် ပြန်မလာတော့ဘူး မေမေ...
by Augustine Nge on Wednesday, February 8, 2012 at 6:12pm ·
နိုင်ငံကျော် ကဗျာဆရာမ တယောက်က ကျနော့်ကို မေးတယ်...
တခြားလူတွေတောင် အိမ်ပြန်လာကြပြီ...
ဘယ်တော့ အိမ်ပြန်လာမှာလဲ - တဲ့... ...
မေမေ... မရှိတော့တဲ့ အိမ်ဟာ
ကျနော့်အတွက် အိမ်ဖြစ်ပါ့ဦးမလား...
အဲသည့် အိမ်ကို ကျနော် ပြန်မလာတော့ဘူး မေမေ...
အိမ်မှန်ရင်
အချိန်တန် အိမ် မပြန်တတ်တဲ့ သားတွေကို
ကြိုနေတဲ့ အမေ...
ရှိရပေမပေါ့...
မေမေ... မရှိတော့တဲ့ အိမ်ဟာ
ကျနော့်အတွက် အိမ်ဖြစ်ပါ့ဦးမလား...
အဲသည့် အိမ်ကို ကျနော် ပြန်မလာတော့ဘူး မေမေ...
(atn)
0 comments:
Post a Comment