ရွာထိပ်က မုဆိုးမဒေါ်စန်း ဈေးရောင်းပုံက
by Ko Thaung on Monday, February 6, 2012 at 1:05pm
ရွာတစ်ရွာမှာ မစန်းဆိုတဲ့ မုဆိုးမတစ်ယောက် ရှိတယ်တဲ့၊ သူ့ယောက်ျား ကိုတုတ်ကြီးသေတော့ မစန်းက အရွယ်ရှိတုန်း၊ လှပနေတုန်း၊ဒါပေမယ့်ဒေါ်စန်းမှာ ဘာအရင်းအနှီးမှ မကျန်ခဲ့ရှာပါဘူး၊ အရွယ်နဲ့ခန္ဓာကိုယ် အချိုးကျကျ လှနေတာလေးပဲ ကျန်ခဲ့တဲ့ မစန်းဟာ တစ်ရက်တော့ ရွာထိပ်မှာကုန်စုံဆိုင် ထောင်ပါသတဲ့၊ငွေရင်းငွေနှီး မရှိဘူးဆိုပေမယ့် သူ့ရဲ့ကုန်စုံဆိုင်ကြီးဟာ အကြီးကြီးပဲတဲ့၊ အဲဒီမှာ သူ့ရွာကလူတွေက အံ့သြကြတာပေါ့၊ သူကိုလည်းမေးကြတာပေါ့ ဟဲ့မစန်း နင် ဘယ်ကငွေတွေနဲ့ ဆိုင်ထောင်တာလဲဆိုတော့ မစန်းကပြောတယ်တဲ့..ဒါက ပညာပဲတဲ့..တစ်ရွာလုံးအံ့သြနေတာပေါ့..
ဒီလိုနဲ့ နှစ်နှစ်လောက်ကြာတော့.မစန်း လင်ကောင်မပေါ်ပဲ ကလေးမွေးတော့မှ ရွာခံတွေက သြော်မစန်းရဲ့ ပညာဆိုတာက အခြေအနေနဲ့ နေရာကိုပြောတာကိုး..တဲ့၊မြန်မာ့ဆက်သွယ်ရေးရဲ့ ပညာဆိုတာကလည်း.. မုဆိုးမမစန်းဈေးရောင်းသလိုပါပဲ၊ အရင်းအနှီးကလည်း နေရာနဲ့လူပဲရှိတာပါ၊
မြန်မာ့ဆက်သွယ်ရေးကြီး အလုပ်လုပ်ပုံက ရွာထိပ်ကမုဆိုးမဒေါ်စန်း.ဈေးရောင်း သလိုပါပဲ....(ဟာဂျူလီ.ကသာ)......မြန်မာဆက်သွယ်ရေးက ပုဂ္ဂိုလ်ကျော်တွေက လုပ်ချလိုက်ပြန်ပါပြီ.သစ်ထူးလွင် ၀က်ဆိုက်ထဲမှာပါ၊ ထုံးစံနဲ့အညီပေါ့ဗျာ၊ တာဝါတိုင်တွေ ဘယ်နှတိုင်ထောင်ထားပါပြီပေါ့ဗျာ၊ ဘယ်နှစ်လောက်ဆို ဈေးကို ဘယ်လောက်ချနိုင်ပါပြီတွေ.အခြေခံပါအဆောက်အဦတွေ ဘယ်လောက်လုပ်ထားပါပြီဆိုတာတွေပေါ့ဗျာ. ကြာတော့ ဆက်သွယ်ရေးက ထောင်ထားတဲ့ တာဝါတိုင်တွေ အကြောင်းမောင်ဂျူတို့လူထုတွေအလွှတ်
တောင်ရနေပါပြီ.
မောင်ဂျူမေးချင်တာရှိပါတယ်.မြန်မာ့ဆက်သွယ်ရေးကဒီလောက်ကြီး အလုပ် လုပ်နေတော့ ပြည်သူလူထုတွေ ဖုန်းဆက်သွယ်ရတာအဆင်ပြေသွားပြီလ
ားခင်ဗျာ..NO NO NO ဖြေစရာ မလိုပါဘူးခင်ဗျာ၊( လူထုက ဖြေပါလိမ့်မယ်..)...
.မြန်မာ့ဆက်သွယ်ရေးနဲ့ပါတ်သက်ပြီးမောင်ဂျူထို့ ကသာမြို့ကလူတွေ မိအေး(၅)ခါနာခဲ့ရပုံလေး ကြုံလို့ပြောပြချင်ပါသေးတယ်၊မောင်ဂျူတို့မြို့မှာ အော်တိုတယ်လီဖုန်းတွေစတင် တပ်ဆင်မယ်ဆိုတော့ ဆက်သွယ်ရေးတာဝါတိုင်ထောင်ခတွေ ပစ္စည်းကရိယာဖိုးတွေ.ဘုတ်ခုံဖိုးတွေ မြို့ကပဲကျခံရပါတယ်..၊ဘုတ်ခုံဖိုးက အသစ်ဖိုး ကျခံရတာပါ၊ အဲ ဘုတ်ခုံလာဆင်ပေးတော့ ဘုတ်ခုံက အဟောင်းကြီး..ဒိုင်ခွက်မှာ ၇ှိတဲ့ လက်ကွက်တွေမှာတောင် နံပါတ်တွေ ကမပေါ်တော့ဘူး။စုံစမ်းကြည့်တော့ မိုးညှင်းမြို့က ဘုတ်ခုံအဟောင်းကို ဖြုတ်လာတာတဲ့၊သုံးမကောင်းလို့..သုံးမရလို့ မိုးညှင်းမှာ ကိုယ်ထူကိုယ်ထ ဘုတ်ခုံအသစ်ဝယ်ပြီးတပ်ကြတော့ ဒီအဟောင်းကို ကသာမှာ လာတပ်ပေးတာတဲ့၊အဲဒါနဲ့ မောင်ဂျူက မြို့တာဝန်ရှိသူကို မေးမိပါတယ်၊ကျွန်တော်တို့က ဘုတ်ခုံအသစ်ဖိုးပေးရပြီး ဘာကြောင့် အဟောင်းလာတပ်ပေးရတာလဲဆိုတော့ တာဝန်ရှိသူက ဖြေပါတယ်.. အဲဒါကတော့ ၀န်ကြီးသွားမေးရမှာပါပဲတဲ့၊၀န်ကြီး အမိန့်နဲ့ လုပ်ရတာဆိုပဲ..ဒီတော့ မောင်ဂျူတွေးကြည့်မိပါတယ်၊ငါတို့ပေးလိုက်ရတဲ့ ဘုတ်ခုံအသစ်ဖိုး ဘယ်များရောက်သွားသလဲပေါ့နော့၊အဲ မကြာပါဘူး၊အော်တိုတယ်လီဖုန်းဖွင့်ပွဲလုပ်ပါတယ်၊သတင်းစာတွေမှာလည်း ကသာမြို့ အော်တိုတယ်လီဖုန်းဖွင့်ပွဲလုပ်တယ်ပေါ့၊နိုင်ငံတော်က အကုန်အကျခံပြီး လုပ်ဆောင်ခဲ့တာပါပေါ့၊ကိုယ့်မြို့က ဖုန်းလိုချင်သူတွေကိုယ့်ငွေနဲ့တ
ပ်ဆင်ရတဲ့ ကိစ္စမှာ အသစ်အစား အဟောင်းလည်း လာတပ်ပေးသေးတယ်၊နိုင်ငံတော်က အကုန်အကျခံရပါတယ်က ပြောသေးတယ်၊
အဲဒါအပြင် အဲဒီ ဘုတ်ခုံမှာ ဖုန်းတပ်ရဖို့ လာတ်ငွေက ပေးရသေးတယ်.. ဒါတွေဟာ ဟိုးး အရင်ခေတ်ကပါ၊ ဒါပေမယ့် ဒါတွေဟာ ဘာကြာသေးလို့လဲ ဗျာ..
0 comments:
Post a Comment