Wednesday, February 1, 2012

“လူပိန်းရဲ့ တစ်ကြောင်းတည်းသော အတွေး”

Naing Min

    အခုတလော စာဖတ်ရင်တောင် လူပိန်းတို့ ရိုးရိုးမဖတ်တတ်တော့ဘူး။ အဲ့တော့ ကင်းမြှီးကောက်ထောင်ပြီး ဖတ်သလားလို့ ပရိတ်သတ်ကြီးက တွေးအုံးမယ်။ အမှန်က လူပိန်း စာတစ်ကြောင်း ဖတ်တိုင်း ပေါက်တတ်ကရတွေ တွေးတွေးလာတာဗျ။ အမှန်က လူပိန်းက လူပိန်းအလုပ် လုပ်ရမှာလေ။ ခုတော့ဗျာ...မင်းခိုက်စိုးစန်ရဲ့ စာအုပ်က အတွေးတွေလွှမ်းမိုးလာတယ် ထင်ပါရဲ့။ ဘယ်စာဖတ်ဖတ် တမျှော်တခေါ် တွေးလိုက်တာ လူပိန်းတို့ စာတစ်ပုဒ်ကို ဖတ်မိလိုက်ရင်
မိုးကို ချုပ်ပါလေရော။
ဒီတော့ သက်ရောက်မှုတွေက ငှားဖတ်တဲ့ စာအုပ်လေးအတွက် ရက်တိုးခတွေ ပေးလေရောပေါ့ဗျာ။ အင်း...အဲ့ဒါပြောတာပေါ့။ လူပိန်းတို့ကတော့ ပိုက်ဆံကုန်ဖို့ဆို ကြံဖန်ပြီးကို ပိန်းတာ...ပိန်းတာ။

   အမှန်တကယ်က ကိုယ်နဲ့ ဘာဆိုင်တာမှတ်လို့။ သူ့ဘာသာသူ အတွေးအခေါ်ကောင်းလို့ တွေးရင်းရေး တာကို ဒီငတိလူပိန်းက သွားခြေရာတိုင်းချင်သေးတယ်။ ဆင်ခြေရာနဲ့ ပုရွက်ဆိတ်ခြေရာလို ကွာချင်တိုင်း ကွာပေါ့ဗျာ။

   ဘာပဲပြောပြော လူပိန်း တွေးထားတဲ့အကြောင်းတွေကိုတော့ ပရိသတ်ကို ဖောက်သည်ချရအုံးမှာပဲ။ ဒီဖောက်သည်ချ
ဖို့လည်း လူပိန်းဘာလုပ်ရတယ်မှတ်လဲ။ ရလာတဲ့ မုန့်ဖိုးလေးကို အင်တာနက်ဆိုင်ထိုင်ဖို့ မန်ဘာသွင်းရတာပေါ့။ ကိုယ့်မှာ
ပါလာတဲ့ ဖွတ်ကလိဒင်္ဂါးလေးတွေ ပျောက်မှ လူပိန်းတို့က စာတစ်ပုဒ်တင်လို့်ပြီးတာလေ။ အဲ့ဒါကြောင့် ပြောတာပေါ့။ အိမ်
က လူတွေဆို နင့်ဝါသနာကတော့ မွဲဆေးဖော်နည်းပဲတဲ့။ ကြပ်ကြပ်တာလုပ် နောက်ဆုံး ခရုဆံကျွတ်ဖြစ်မှ အမလေး
မတနဲ့တဲ့။ ဖြစ်ဖြစ်ပေါ့ဗျာ။ ၀ါသနာကို ဘယ်သူက တားလို့ရတာမှတ်လို့။ ဟုတ်ဘူးလား ပရိသတ်တို့ရေ။


   လျှာရှည်တိုင်း လျှောက်ပြောနေတာ လိုရင်းကို မရောက်တော့ဘူး။ အဟဲ...အဲ့တော့လည်း သည်းခံကြပါအုံးနော်။
လူပိန်းဖတ်မိတဲ့ စာကြောင်းလေးကို လူပိန်းဘယ်လိုတွေးလဲဆိုတာ ခုပဲ ချရေးတော့မယ်။ ရင်တွေ ခုန်နေပြီလား။ ဒါဆို
မသေသေးဘူး။ အဲမှားပြန်ပြီး။ လူပိန်းရဲ့ ကြောက်ခမန်းလိလိ အတွေးတွေကို မြင်ယောင်နေကြတဲ့ ပရိသတ် စိတ်လှုပ်
ရှားနေလားလို့ မေးတာပါ။


   လူပိန်းက သူများတွေလို စာတစ်ပုဒ်တောင် ဖတ်စရာမလိုပဘဲ တစ်ကြောင်းတည်းနဲ့တင် တွေးမိပုံ ပြောရအုံးမယ်။
အာလုံး လက်အုပ်ကလေးတွေ ချီကြ။ အဲ တရားပွဲနဲ့ မှားကုန်ပြန်ပြီ။ လူပိန်း ဖတ်ဖူးတဲ့ စာတစ်ကြောင်းပါ။ အဲ့ဒီစာကြောင်း
က ကျွဲနိုင်နွားနိုင်တဲ့။ အဲ့ဒီမှာ စဉ်းစားမိတာက ကျွဲဖြစ်ဖြစ် နွားဖြစ်ဖြစ် တစ်ကောင်နဲ့ တစ်ကောင် အပြိုင်အဆိုင် တိုက်ပွဲ
ဖြစ်တဲ့အခါ ရှုံးသွားတဲ့ကောင်က ပြေးသွားတယ်လေ။ နိုင်တဲ့ကောင်ကတော့ နောက်မှာကျန်ခဲ့တာပေါ့။ အဲ့ဒီကိစ္စနဲ့
ပတ်သက်ပြီး လူပိန်း လက်တွေ့ အသုံးချတာ အဆင်မပြေဘူးဗျ။


   အဆင်မပြေတဲ့ အကြောင်း ပြောရအုံးမယ်။ လူပိန်းတို့ လမ်းထဲမှာ ဒီဇင်ဘာဆို အပြေးပြိုင်ပွဲ ရှိတယ်လေ။ အဲ့ဒီမှာပေါ့
လူပိန်းလည်း ဖတ်ထားတဲ့နည်းကို အသုံးချပြီး လက်တွေ့ ၀င်နွှဲတာပေါ့။ အဲ့ဒီမှာ ပြိုင်ပွဲစတော့ သူများတွေက ဒီနည်းလမ်း
ကို မသိတော့ အနိုင်ရအောင်ဆိုပြီး အားသွန်ခွန်စိုက် ပြေးကြတယ်လေ။ လူပိန်းတို့ကတော့ ကျွဲနိုင်နွားနိုင်နည်း သိထား
တော့ သူတို့ ဘယ်လိုလိုပြေးပြေး ကိုယ်ကတော့ အေးဆေးပဲ။ ခြေတစ်လှမ်းတောင် ယောင်လို့ မတိုးဘူး။ ပါးပါးလေး နှပ်
နေတာပေါ့။ ပြိုင်ပွဲကြီး ပြီးဆုံးတော့ ဆုလည်း ပေးရော အရင်ဆုံး ပန်းဝင်တဲ့သူကို သူတို့က ဆုပေးကြတယ်လေ။ အမှန်
က လူပိန်း ကျွဲနိုင်နွားနိုင်အရဆို အနိုင်ရခဲ့တာပဲဟာ။ လူပိန်းကို ပေးသင့်တာပေါ့။ ခုတော့ ဒါ သက်သက် လုပ်တာဗျာ။
ဘယ်လိုဗျာ... ကျွဲနိုင်နွားနိုင်နည်းအရ ဘိတ်ချေးရတဲ့သူကိုမှ ပထမပေးတာ ဒါလာဘ်ထိုးထားလို့ပဲဖြစ်မယ်။ အဲ့လိုလုပ်
စားတာကို လူပိန်းက ဘယ်ခံမလဲဗျ။  ဒိုင်လူကြီးနဲ့ ဆုပေးတဲ့သူတွေကို သွားတက်ပြောတာပေါ့။ အဲ့ဒီတော့ အောက်က
ပရိသတ်က ဒီကောင် ဆေးမသောက်ရသေးဘူးဆိုပြီး လှောင်ကြတယ်ဗျာ။ အဲ့ဒါပြောတာပေါ့။ ဒီလူတွေ စာပေဖတ်မှု
အားနည်းကျတော့ ဒီနည်းလမ်းကို ဘယ်သိပေါ့မလဲ။ သည်းခံ...သည်းခံဆိုပြီး လူပိန်းနောက်ဆုတ် လာခဲ့ပါတယ်။


   ဘာပဲပြောပြော လူပိန်း သူတို့အားလုံးကို ခွင့်လွှတ်လိုက်ပါတယ်။ ဆုမရလို့လည်း လူပိန်း မွဲမသွားပါဘူး။ ရမှ မရတာ
ကိုး။ ပညာရှိဆိုတာ ဗလာနံတွေနဲ့ ပြိုင်ငြင်းလို့ ဘယ်ဖြစ်ပေါ့မလဲ။ ကိုယ်စိတ်ကိုယ်ပဲ လျှော့လိုက်ရတာပေါ့။ အဲ့ဒီမှာ
လူပိန်းပေးချင်တဲ့ အတွေးလေးကတော့ တစ်ခါတရံ၌ မနိုင်၍ သည်းခံခြင်းသည် မင်္ဂလာပဲ မဟုတ်ပါတကား
ပရိသတ်ကြီးတို့။


စေပိုင်ထွဋ်(ပုသိမ်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...