All Backup ဆော့ဖ်ဝဲ အသုံးပြုပုံ
by Moenge Aung on Thursday, February 23, 2012 at 10:01am ·
Internet Journal
ဒီတစ်ပတ်မှာလည်း All Backup စနစ်ရဲ့ ကျန်ရှိနေတဲ့ အချက်တွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ All Backup ဆော့ဖ်ဝဲဟာ Android OS ဖုန်းတွေအတွက် အသုံးတည့်တဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်တဲ့အပြင် ဖုန်းအတွက်လည်း လေးလံစေခြင်း မရှိဘဲ အဆင်ပြေပြေ အသုံးပြုနိုင်တဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲထဲမှာ နောက်ထပ် ကျန်ရှိနေတဲ့ စနစ်နှစ်ခု ရှိပါသေးတယ်။ အဲဒါကတော့ Cloud Services ဆိုတဲ့ စနစ်ပဲ ဖြစ်ပါတယ်။
ဒီစနစ်ကတော့ ရာသီဥတု အခြေအနေတွေကို တွဲဖက်ကြည့်ရှု မှတ်သားနိုင်ပြီး ကိုယ့်ရဲ့ Data စနစ်တွေကို အွန်လိုင်းပေါ်မှာ ဖြစ်စေ ကိုယ့်ရဲ့ Gmail, Email အစရှိတဲ့ အကောင့်တွေထဲမှာ သွားပြီး မှတ်သားထားနိုင်တဲ့ စနစ်တစ်ခုလို့ ဆိုရမှာပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ဒေတာ အချက်အလက်တွေကို အွန်လိုင်းပေါ်ကနေ သိမ်းဆည်းပေးတဲ့ စနစ်တစ်ခုပါပဲ။
ဒါကြောင့် ဒီစနစ်က ပြည်တွင်းမှာ အသုံးပြုဖို့ မလွယ်ကူနိုင်ပါဘူး။ နောက်ထပ် ကျန်ရှိသေးတဲ့ စနစ်တစ်ခုကတော့ Application ဆိုတဲ့ စနစ်ပဲ ဖြစ်ပါတယ်။ ဒီစနစ်ကတော့ ပြီးခဲ့တဲ့ အပတ်တွေက ဖော်ပြပေးခဲ့တဲ့ Application တွေကို Backup လုပ်တဲ့ စနစ်နဲ့ ဆင်တူပါတယ်။ ဒီစနစ်ထဲမှာတော့ Backup, Restore နဲ့ Manage ဆိုတဲ့ စနစ်သုံးခုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Backup ဆိုတဲ့ စနစ်ထဲမှာတော့ ဖုန်းထဲမှာ ရှိနေတဲ့ Application Software တွေကို Backup လုပ်နိုင်ပါတယ်။ ဖုန်းထဲမှာ ထည့်သွင်ထားတဲ့ ဆော့ဖ်ဝဲတွေ အားလုံးကို မြင်တွေ့ရမှာ ဖြစ်ပြီး ကိုယ်က သိမ်းဆည်းမှတ်သား ထားချင်တဲ့ Backup လုပ်ချင်တဲ့ ဆော့ဖ်ဝဲတွေကို အမှတ်အသားလေးတွေ Select လုပ်ပြီး Backup လုပ်နိုင်ပါတယ်။
Restore ဆိုတဲ့ စနစ်ကတော့ ဖုန်းထဲမှာ ကိုယ် Backup လုပ်ထားတဲ့ ဆော့ဖ်ဝဲတွေကို ဖုန်းထဲမှာ ပျောက်ပျက်သွားခဲ့တယ် ဆိုရင် ပြန်ပြီးတော့ Restore ပြုလုပ်နိုင်တဲ့စနစ် ဖြစ်ပါတယ်။ ဒါကလည်း ကိုယ်က Backup လုပ်ထားမှပဲ ပြန်ပြီး Restore စနစ်ကို အသုံးပြုနိုင်မှာပါ။ Backup မလုပ်ထားပဲနဲ့တော့ ပြန်လည် ရှာဖွေပြီး Restore မပြုလုပ်နိုင်ပါဘူး။ Restore ပြုလုပ်မယ် ဆိုရင်လည်း ကိုယ်က ဘယ်ဆော့ဖ်ဝဲကိုပဲ ပြန်ယူမယ်၊ ဘယ်ဟာတွေကိုတော့ ချန်ထားခဲ့မယ် ဆိုတာကို ရွေးချယ်နိုင်ပါတယ်။
နောက်ထပ် စနစ်တစ်ခု ဖြစ်တဲ့ Manage ဆိုတဲ့ စနစ်ကတော့ ကိုယ့်ရဲ့ ဆော့ဖ်ဝဲတွေကို Manage ပြုလုပ်နိုင်တဲ့ စနစ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကတော့ Backup စနစ်နဲ့ ချိတ်ဆက်ထားပါတယ်။ ဖုန်းထဲမှာရှိနေတဲ့ ဆော့ဖ်ဝတွေကို Manage လုပ်တာမျိုး မဟုတ်ပဲ ကိုယ်ကိုယ်တိုင် ဖုန်းထဲမှာ Backup ပြုလုပ်ထားတဲ့ ဆော့ဖ်ဝဲတွေကို Manage ပြုလုပ်တဲ့စနစ်ပဲ ဖြစ်ပါတယ်။ Backup လုပ်ထားတဲ့ဖိုင် မရှိဘူးဆိုရင်တော့ ဒီစနစ်ကလည်း အသုံးပြုလို့ရမှာ မဟုတ်ပါဘူး။ Android OS ဖုန်းတွေအတွက် ဖုန်းထဲက ဒေတာ အချက်အလက်တွေကို မပျောက်ပျက်သွားအောင် ထိန်းသိမ်းထားနိုင်တဲ့ ဆော့ဖ်ဝဲလေးပဲ ဖြစ်ပါတယ်။
ကိုသက်
0 comments:
Post a Comment