Monday, April 4, 2011
စစ်ရေးအရ မြန်မာပြည်ကို ၀င်ရောက်စွက်ဖက်ရန် တောင်းဆိုခြင်းနဲ့ပတ်သက်၍ ကိုထွန်းအောင်ကျော်ရဲ့ တုန့်ပြန်မှု
ကိုဝင်းမောင်
ဗမာလို ကွန်ပြူတာမှာ စာမရိုက်တတ်သေးလို နောက်ကျတာခွင့်လွှတ်စေချင်တယ်၊ အနောက်နိုင်ငံမှာနေလို မအားဘူးဆိုပေမဲ့ ခုလိုစာရှည်ရှည်ရေးနိုင်တာက ခင်ဗျားအတော်ပြောချင်နေပုံရတယ်လို ယူဆပါတယ်။ ကျွန်တော့်လုပ်ရပ်ကို အသိအမှတ်ပြုတယ်ဆိုလို ကျေးဇူးတင်ပါတယ်။
နိုင်ငံခြားတပ်တွေဝင်ရောက်ဘို့ တောင်းဆိုတာကိုလူမျိုးစုအဖွဲ့ အစည်းတွေက Initiate လုပ်တယ်ဆိုရင် ပိုကောင်းတာပေါ့လို ခင်ဗျားက ရေးတဲ့အတွက်ရယ်၊ သူတို့ က တကယ်စစ်တိုက်နေတဲ့သူတွေကိုး၊ သူတို က စတင်တယ်ဆိုရင် ပိုပြီး သဘာဝကျတာပေါ့လို ဆိုတာတွေဟာ လူမျိုးစုတွေ အကြောင်းခင်းဗျားသိပုံမပေါ်ဘူး ဆိုတာထင်ရှားနေပါတယ်၊ သူတို့ ရဲ့ သဘောထားကို အရင်တီးခေါက်ကြည့်ပါအုံးလို့ ပြောပါရစေ၊ နောက်ပြီး ဆရာကြီးလုပ်ပြီး ဒီကိစ္စကို တဦးတည်းသဘောနဲ့ တင်တယ်ထင်လို့ ခင်ဗျားကောက်ချက်ချတာဘဲဖြစ်လိမ် မယ်၊ ဒီစာမတင်ခင်လူမျိုးစု ခေါင်းဆောင်တချို့ နဲ့ အတူ ၈၈ မျိုးဆက်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ကြတယ်၊ သူတို က Petition လုပ်ပါလို့ တာဝန်ပေးလို ကျွန်တော်ရေးတင်လိုက်တာဖြစ်တယ်၊ ဆရာကြီးလုပ်တယ်လို ခင်ဗျား ထင်တာမှားနေပြီ။
နောက်တခုက သီပေါမင်းပါတော်မူတာ အင်္ဂလိပ်က ကြက်ကလေးငှက်ကလေးလိုဖမ်းသွားခဲ့တာအများအသိ၊ ဒါပေမဲ့ ကျွန်တော်ပြောတဲ့အထဲမှာ အင်္ဂလိပ်သိမ်းပိုက်တာမှန်တယ် ဒီမိုကရေစီပေးဘို့ သိမ်းပိုက်တာဖြစ်တယ် ဆိုတာလုံးဝမပါဘူး၊ အင်္ဂလိပ်သိမ်းတာကိုထောက်ခံတာ ဘာမှမပါသလို အင်္ဂလိပ်က ဗမာပြည်ကြီးကို ဂုတ်သွေးစုပ် သစ်တောတွေ၊ ရေနံတွေထုတ် ယူသွားခဲ့တာကို  လူတိုင်းသိတယ် ရှင်းပြနေစရာမလိုဘူး။ ခင်ဗျားက အများသိပြီးသားတွေကိုရှင်းပြနေပြီး ကျွန်တော်ဘာကို ဆိုလိုတယ်ဆိုတာကို မသိတာလား ခင်ဗျားအမြင်ကို ရှင်းပြချင်နေတာလား မေးစရာဖြစ်လာတယ်။ ကျွန်တော်ဆိုလိုတာက ဗမာပြည်မှာ အစိုးရ ပြောင်းခဲ့တာတွေကြည့်ရင် သီပေါကစပြီးပေါ့ဗျာ -
() အင်္ဂလိပ် ၀င်တိုက်လို့ အစိုးရပြောင်းသွားတယ်
() ဂျပန်ဝင်လို့ တခါပြောင်းတယ်
() အင်္ဂလိပ်နဲ့ မဟာမိတ်တွေဝင်လို့ တခါပြောင်းတယ်
အဲဒီအပြောင်းအလဲတွေဟာ နိုင်ငံခြားတပ်တွေဝင်လို့ ပြောင်းတာဖြစ်တယ်။ အင်္ဂလိပ်က ကိုလိုနီပြုတာ၊ ဂျပန်ကရက်စက်တာ လူတိုင်းသိတယ် ရှင်းပြနေစရာမလိုဘူး။ ဗိုလ်ချုပ်တို့ ဂျပန်ခေါ်လာပြီး အင်္ဂလိပ်ကိုချတာ ဗိုလ်ချုပ်တို့ ညံ့လို့ လား၊ ဒါ ခင်ဗျားစကားအတိုင်းမေးလိုက်တာဘဲ ကိုယ်ကရန်သူကို တိုက်ဖို အင်အားမရှိရင် နိုင်ငံခြားတပ် အကူအညီတောင်သင့်တောင်းရမှာဘဲဗျ၊ ကိုယ်ကညံ့လို့ မဟုတ်ဘူး၊ တိုင်းပြည်လွတ်လပ်ချင်လို့ ၊ ခင်ဗျားလို ကိုယ်ကညံ့ရာကျမျာစိုးလို မတောင်းချင်ရင် ဘာမှဖြစ်မလာဘူး၊ မဖြစ်လာတော့မှ လူညံ့တွေလို အပြောခံရမှာ၊ ရှင်းတယ်နော်။
နောက်တခုက အင်္ဂလိပ်လို Petition မှာ လက်မှတ်ထိုးတဲ့လူ (၈၁၆) ယောက်ရှိသွားပြီ၊
http://www.change.org/petitions/we-want-military-intervention-on-burma#?opt_new=f&opt_fb=t
ဗမာလိုမှာက နောက်ကျမှ တင်တဲ့အတွက် (၇၈) ယောက်ဘဲရသေးတယ်၊
http://www.PetitionOnline.com/99hag99/petition.html
ဘာဘဲဖြစ်ဖြစ် ကျွန်တော်က ကိုယ်လုပ်သင့် တယ်ထင်တာကို လုပ်တဲ့အတွက် ထောက်ခံတဲ့လူတွေပေါ်လာတာဘဲ၊ ခင်ဗျားအနေနဲ ခင်ဗျားယုံကြည်ရာကို တင်ပြသင့်တယ်၊ လက်တွေ့  ကွင်းဆင်းလုပ်ကြည့်တဲ့အခါ ခင်ဗျားအတွေးအခေါ်ပေါ်မှာ လူဘယ်လောက် ထောက်ခံတယ်ဆိုသိရမှာပါ။
ဗိုလ်နေ၀င်းအဏာသိမ်းတာ ၁၉၅၈ - ၁၉၆၀ အိမ်စောင့်အစိုးရလုပ်ခဲ့တဲ့အရှိန်နဲ အာဏာရခဲ့တာကိုပြန်ယူလိုက် တာဘဲ၊ တကယ်တော့ အစိုးရပြောင်းသွားတာ လက်ရှိ ဦးနုအစိုးရက လွယ်လွယ်ကူကူပေးလိုက်တာကြောင့် ဖြစ်တယ်၊ နောက်တခုက ၁၉၈၈ မှာ စောမောင်စစ်အစိုးရတက်လာတာ အစိုးရပြောင်း တယ်  လို့  ယူဆရင်မှားတယ်၊  ယနေ့ သိန်းစိန် အစိုးရကို သန်းရွှေက တင်ပေးလိုက်တာလိုဘဲ  အတူတူနဲ အနူနူပါဘဲ။
ခင်ဗျားပြောသလို နိုင်ငံခြားတပ်ဝင်လာလို ပြည်သူတွေသေမှာစိုးရင် အခုကော တဖြုတ်ဖြုတ်သေမနေဘူးလား၊ စဉ်းစားပါအုံးဗျား၊ ဘုန်းကြီးတွေ နိုင်ငံခြားတပ်ဝင်လာမှာ မလိုလားဘူးဆိုတာ ခင်ဗျားအနေနဲ ဘယ်လိုသက်သေပြနိုင်သလဲ၊ ဗမာဘုန်းကြီးတွေ ကမ္ဘာစစ်ဖြစ်တော့ သင်္ဃန်းချွတ်ပြီး ရဲဘော်သုံးကျိတ်ထဲမှာ ပါတဲ့သူတောင်ရှိတယ်၊ ဒေါ်စုလိုလူမျိုးက နိုင်ငံခြားတပ်ဝင်လာပါလို့ ပြောရအောင် တကယ်ပြည်သူတွေ ကိုသတ်လာရင် သူ့ အဖေလိုအကူအညီတောင်းရင် တောင်းနိုင်တာပါဘဲ။ ဖက်ဆစ်တပ်ကိုတောင် ဗိုလ်ချုပ်က ခေါ်ရဲသေးတာ၊ ကျွန်တော်တို့ က ဘာလို့ ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးလေးစားတဲ့ အနောက်နိုင်ငံက တပ် တွေကို မခေါ်ရဲ ရမှာလဲ?
ခင်ဗျားက မူဆင်ဘာသာဝင်ဖြစ်နေသလားမသိဘူး ဘာဖြစ်လို့ လဲဆိုတော့ မူဆလင် အစွန်းရောက်စိတ်ရှိတဲ့ လူတွေဟာ အနောက်နိုင်ငံက တပ်တွေဝင်လာမှာ သိပ်မုန်းတယ် လိုလားဘူး၊ ပြည်သူတွေသေသေ၊ အနောက် ဒီမိုကရေစီ စံနစ်ထက် သူတို့ ရဲ့ ဘာသာ ကမ္ဘာလွှမ်းမိုးရေး၊ အခြားဘာသာတွေပျောက်ကွယ်ရေးကိုသာ စိတ်ဝင်စားကြလို့ ဖြစ်တယ်၊ ကျွန်တော်ဆိုလိုတာက အစွန်းရောက်တွေကိုပြောတာ၊ တော်ကြာလေသံကြား ဖမ်းတရားနာပြီး မူဆလင်အားလုံးနဲ့ ရန်တိုက်ပေးမှာစိုးလို့ ရှင်းပြတာပါ၊ ကျွန်တော့် အချစ်ဆုံးသူငယ်ချင်းက မူဆလင်ဘဲ ဒါပေမဲ့ အစွန်းမရောက်ဘူး၊ အခြားဘာသာကိုလေးစားတယ်၊ အဲဒီလိုလူတွေကို မဆိုလိုဘူး။
နောက်ဆုံးအနေနဲ့ က ခင်ဗျားအနေနဲ့ လူတွေသေကြေမှာစိုးလို ကျွန်တော်တို နိုင်ငံမှာ နိုင်ငံခြားတပ်တွေ ၀င်ရောက်လာတာကို လက်မခံနိုင်ဘူး၊ အဲဒါကို ကြိုက်ရင်လက်မှတ်ထိုး ကြပါလို Petition လုပ်ကြည့်ရင် ခင်ဗျား အမြင်ကို လူဘယ်လောက်လက်ခံသလဲဆိုတာသိလာမှာပါ။ ကျွန်တော့်အနေနဲ့ ကတော့ ဗိုလ်ချုပ် တို ဆုံးဖြတ်သလိုဘဲ လွတ်လပ်ရေးရဘို့ အတွက် နိုင်ငံခြားတပ် (UN ဆုံးဖြတ်ချက်နဲ တပ်တွေကို ပြောတာ၊ တရုတ်နိုင်ငံက တပ်တွေကို  မဆိုလိုဘူး  တခါတည်း တရုတ်ကျွန်ဖြစ်သွားမယ်) တွေ မြန်မြန်ဝင်လေကောင်း လေဘဲ၊ အဲဒါကို သိက္ခာကျတယ်၊ မိမိကိုယ်ကို ညံ့တယ်လို့ လဲ မထင်ဘူး။
တကယ်လို့ နိုင်ငံခြားတပ်တွေဝင်ခဲ့ရင် အခုတပ်မတော်ထဲမှာရှိတဲ့ မျိုးချစ်တပ်မတော်သားတွေနဲ ပြည်သူ တွေဟာ အဲဒီတပ်တွေကို အီရတ်မှာရှီအာမူဆလင်တွေလို ကျေးဇူးမကန်းဘဲ ငါတို့ ဒုက္ခတွင်းက ကယ်တင်မဲ့ တပ်တွေလို လက်ကမ်းကြိုဆိုမှာ အမှန်ဘဲလို့ ယုံကြည်တယ်၊ ၀င်တာနဲ တပ်မတော်တွင်းမှာပြိုကွဲမှာဘဲ ပြည်တွင်း စစ်တောင်ကြာမယ် မထင်ဘူး၊ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာ နိုင်ငံဖြစ်တယ် ဗုဒ္ဓဘာသာ ဘုန်းကြီးတွေဟာ နိုင်ငံရေးအမြင်ရှိတယ်၊ မူဆလင်တရားဟောဆရာတွေလို အာဏာမယူဘူး ယူပိုင်ခွင့်လဲမရှိဘူး အခု petition မှာ ဘုန်းကြီးဘယ်နှစ်ပါးလက်မှတ်ထိုးသလဲခင်ဗျားသိလား?
လေးစားစွာဖြင့်
ထွန်းအောင်ကျော်
ဧပြီလ () ရက် ၂၀၁၁ ခုနှစ်
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...