Friday, March 18, 2011

ဆရာတော် ဦးဇောတိက ရဲ့ ''ဒေါသနည်းအောင်နေနည်း''

by Elizabeth Ranin on Friday, March 18, 2011 at 11:13pm

အရေးမကြီးတဲ့ ရပိုင်ခွင့်တချို့ကို မရမကရအောင် မလုပ်ပါနဲ့။ သူ့ထက် အရေးကြီးတဲ့ ကိစ္စတွေကို အချိန်ပေးပါ။ မဖြစ်လောက်တဲ့ ကိစ္စလေးကိုမရမက လုပ်ရင်းနဲ့ အဆင်မပြေ ဖြစ်ရရင် အချိန်ကုန်လူပန်းပြီးတစ်ခြားပိုပြီး အကျိုးရှိ တဲ့အလုပ်ပျက်တာပဲ အဖတ်တင်မယ်။
တစ်ထောင်ဖိုး ရအောင်လုပ်ရင်း အချိန်ကုန်မယ့်အစား တစ်သိန်းဖိုး ရအောင် လုပ်ပါ။ ကိုယ့်အချိန်နဲ့ ကိုယ့်အင်အားကို ပိုပြီးအကျိုးများမယ့် နေရာ မှာ
သုံးပါ။ အသေးအမွှား ရပိုင်ခွင့်ကို အချိန်ကုန်ခံပြီး မရမကရအောင် လုပ်နေရင်
ကိုယ့်စိတ်ထားပါ နိမ့်ကျသွားမယ်။

ဘာမှအရေးမကြီးတဲ့ ကိစ္စလေးတွေက တစ်ခါတစ်လေ ကိုယ့်ကိုအကြီး အကျယ်ဒေါသဖြစ် သွားစေတာမျိုး
ကြုံရတတ်တယ်။နောက်မှစိတ်အေးသွား တဲ့အခါ ဒီလောက်အသေးအဖွား ကိစ္စလေးလောက်နဲ့
ဣနြေ္ဒသိက္ခာမဲ့သွား လောက်အောင်ဒေါသဖြစ်မိတဲ့အတွက် ကိုယ့်ကိုယ်ကို အံ့သြမိတာ၊
ရှက်တာ ကြုံဘူးမှာပါ။
အဲ့ဒါမျိုး မဖြစ်အောင် သတိထားပါ။ တစ်ရာတန်လောက် ကိစ္စကြောင့်ဒေါသဖြစ်နေရင် တစ်သိန်းတန်လောက် ကိစ္စမှာလစ်ဟင်း သွားနိုင်တယ်။သိပ်ပင်ပန်းလွန်းတဲ့အခါမှာလည်း စိတ်မရှည်ဘူး။ ဒါကြောင့် ပင်ပန်းလွန်း
သွားတာမျိုး မဖြစ်အောင်စီစဉ်ပါ။ မလွဲသာ မရှောင်သာ ပင်ပန်းလွန်းတဲ့
အခြေအနေကို ကြုံရရင် စကားများများမပြောပါနဲ့။ ကိုယ့်လုပ်ဖော်ကိုင်ဖက် တွေ
ကိုလည်း ပြောစရာရှိတာကို နောက်မှအေးအေးဆေးဆေး ပြောမယ် ဆိုတဲ့ အကြောင်း
မှာထားပြီး အနားယူပါ။
ဘယ်သူ့ကိုမှ အလွန်အကျွံအလိုမလိုက်ပါနဲ့။ အလိုလိုက်လွန်းရင် ကြာလေ ပိုပြီးအလိုက်မသိလေ ဖြစ်တတ်တယ်။ အလိုလိုက်တာများလေ အဲ့သည့်လူက ရတာနဲ့
မကျေနပ်လေ ဖြစ်တတ်တယ်။ကြာရင်မတတ်နိုင် တဲ့ အတိုင်းအတာရောက် အောင်
တောင်းဆိုလာမယ်။ အဲ့ဒိအခါမှာစိတ်တိုမယ်။ ဆက်ဆံရေး အဆင်မပြေဖြစ်မယ်၊
စိတ်ဆင်းရဲရမယ်။
သူတစ်ပါးရဲ့ရိုင်းဆိုင်းတဲ့အမူအရာ၊ အဆင့်အတန်းနိမ့်တဲ့ အမူအရာ ကြောင့် ကိုယ့်မှာ ဒေါသယမ်းအိုး မပေါက် အောင်သတိထားပါ။ (ယခုခေတ်မှာလူတော်တော်များများဟာ ကိုယ်အမူအရာယဉ်ကျေး သိမ်မွေ့ မှု့ကို အလေး မထားကြဘူး။
ယဉ်ကျေးတဲ့သူဖြစ်ရတာကို တန်းဖိုးထားတဲ့စိတ် ၊
ဂုဏ်ယူတဲ့စိတ်မျိုးကိုမွေးပေးရမယ်။ လူငယ်တစ် ချို့ဟာ ရိုင်းစိုင်းတဲ့ အမူအရာမျိုးကို လုပ်ပြတဲ့ဗီဒီယိုတို့ကို ကြည့်ပြီးတော့ အတုယူမှားကြတယ်။)
တစ်ယောက်ကို
တစ်ယောက် အထင်လွဲနေလို့ စိတ်ဆင်းရဲရတာ တော်တော် များပါတယ်။ ဒါကြောင့်
အထင်လွဲစ ရာ မဖြစ်အောင် သတိထား သင့်တယ်။ တစ်ယောက် နဲ့ တစ်ယောက်
အထင်လွဲတာမျိုး မဖြစ်အောင် တတ်နိုင်သလောက် ကြိုတင်စဉ်းစားပြီး ရှင်းထားပါ။ ပြောသင့် တာ တွေကို ကြိုကြို တင်တင်ပြောထားပါ။ သိလောက်ပါတယ် လို့တွေးပြီးမှ
တစ်ဖက်ကမသိ လို့ မလုပ်တာမျိုး ကြုံရတဲ့အခါ သိရက်နဲ့ တမင်မလုပ်ပေးတာလို့တွေးပြီးစိတ်ဆိုး မိတတ်တယ်။
လူတစ်ယောက်နဲ့ လူတစ်ယောက် စရိုက်မတူဘူး။ ဖြတ်သန်းလာရတဲ့ ဘ၀အတွေ့အကြုံ မတူဘူး။ ဒါကြောင့် အခြေ အနေတစ်ခုကို မြင်ပုံခံစားပုံအဓိပ္ပါယ်ကောက်ပုံမတူဘူး။ ကိုယ်မြင် သလို သူလည်းမြင်မယ်လို့ ပုံသေမတွေးပါနဲ့။ ငါ မြင်သလို မမြင်ရကောင်းလားဆိုပြီး စိတ်မဆိုး ပါနဲ့။ စိတ်ရှည် ရှည်ထားပြီး ရှင်းပြပါ။
အလုပ်တစ်ခုကို ခိုင်းတဲ့အခါမှာ တတ်နိုင်သလောက် လိုအပ်သမျှ အချက် အလက်တွေကို ပြည့်ပြည့်စုံစုံပေးပါ။ ခဏခဏ ကိုယ့်ဆီကိုလာပြီးမေးမနေရအောင် ကြိုကြိုတင်တင် ပြောပြ ပေးထားပါ။ ကိုယ်က ရာထူးကြီး ကြီးလေလေ အောင်မြင်လေလေ ကိုယ့်ဆီက အကူအညီ တောင်းမည့်သူတွေအခွင့်အရေး တောင်းမည့်သူတွေ များလာလေပဲ။ တစ်ခါတစ်လေ အဲ့ဒိ လူတွေ
ကြောင့်စိတ်အနှောက်အယှက် အများကြီး ဖြစ်ရ တတ်တယ်။ လူတွေရဲ့ ကောင်းတဲ့
အချက်လေးတွေကို မကြာမကြာတွေးပါ။
အထူးသဖြင့် လူတစ်ယောက် ကို မကျေမနပ်ဖြစ် နေရင် သူ့အကြောင်း ကောင်းတာလေး တွေ တွေးဖြစ်အောင်တွေးပါ။
ဘယ်လိုအလုပ်မျိုးပဲဖြစ်ဖြစ် ပြိုင်ဖက်ရှိပါတယ်။ ပြိုင်ဖက်တွေ အပေါ်မှာ
မနာလိုတဲ့စိတ်ဖြစ်တတ်တယ်။ ဒေါသစိတ် ဖြစ်တတ်တယ်။
ပြိုင်ဖက်တွေက ကိုယ့်ကို ဒုက္ခပေးနေတယ်လို တွေးတတ်တယ်။ တစ်ကယ်လည်း ဒုက္ခပေးတတ် ပါတယ်။ ရေရှည်မှာ အဆင်ပြေချင်ရင် ပြိုင်ဖက်တွေကြောင့် စိတ်တိုရတာ
ဒေါသဖြစ်ရတာ နဲချင်ရင် ပြိုင်ဖက်တွေ အပေါ်မှာ သဘောထားကြီးကြီးထားပါ။
ပြိုင်ဖက်ရှိတာ ကောင်းတယ်လို့ သဘောထားပါ ပြိုင်ဖက်တွေကိုလည်းကိုယ်တတ်နိုင်တဲ့ အကူအညီပေးပါ။ အလုပ်လုပ်တာ ငွေရဖို့တစ်ခုတည်း အတွက် မဟုတ်ပါဘူး။ စိတ်ချမ်းသာဖို့၊ မိတ်ဆွေကောင်းများဖို့၊ ကိုယ့်အလုပ်နဲ့ လူ့အသိုင်းအ၀ိုင်းကို အကျိုးပြုဖို့၊ ကိုယ့်အရည်အချင်း တွေကို သုံးရဖို့၊
ပါရမီ ဖြည့်ဖို့ဆိုတဲ့ ရည်ရွယ်ချက် လေးတွေလည်းပါမှ လေးနက်မယ်။ အဓိပ္ပါယ်
ရှိမယ်။ ကျေနပ်မှုရှိမယ်။
အသွားရှိရင် အပြန်ရှိတတ်တယ်လို့ သဘောထား ရမယ်ဆိုရင် ကိုယ့်ဘက် က အသွား ရှိပေမယ့် သူ့ဖက်က အပြန်မရှိတဲ့ အခါ
ဒေါသဖြစ် တတ်တယ်။ စိတ်ပျက်တတ်တယ်။ ဒါကြောင့် ဒေါသဖြစ်တာ နည်းချင်ရင်၊
စိတ်ညစ်ရတာ ၊ စိတ်ပျက်ရတာနည်းချင်ရင် အသွားရှိတိုင်း အပြန်မရှိနိုင်ဘူး
ဆိုတာကို မမေ့ပါနဲ့။ကိုယ်တတ်နိုင်တဲ့အခါ ဘာမှပြန်မမျှော်လင့်ပဲ ကူညီလိုက်
ပါ။
အခုပြောတဲ့အချက်တွေဟာ သိပြီးသားတွေပဲ များမယ်ထင်ပါတယ်။ သိပြီသားပေမယ့် မေ့နေတတ်လို့ သတိပေးတဲ့ အနေနဲ့ ပြောပြတာပါ။ ဆက်ပြီးတော့
စဉ်းစားပါ။ ကိုယ့်ဒေါသကို ကိုယ်သိပြီးတော့ ထိန်းသိမ်းနိုင်တဲ့ သူ
၊ရင့်ကျက်တဲ့သူ၊ အကျိုးရှိတဲ့အလုပ်တွေကို များများလုပ်နိုင်ပြီး စိတ်ကျေနပ်
မှု့ရတဲ့သူတွေ ဖြစ်ကြပါစေ။</span>
ငါဟာမင်းရဲ့ သက်ရှိမှတ်ပုံတင် တစ်ခုပါကွဲ့၊
ဟောဒီကောင်ရဲ့ရင်ဘတ်မှာ မင်းလက်ဗွေရာရှိတယ်လေ….
(မှတ်ပုံတင်တစ်ခုက
သူ့ပိုင်ရှင်ကို လိုက်ရှာနေပုံ
အို….လူတွေကို ပြောပြရင်တောင်
ယုံနိုင်စရာ မရှိပါဘူးကွဲ့)
ငါဆိုတဲ့ကောင်ကလည်း၊ မင်းအတွက်နဲ့
သူများတံတွေးခွက်ထဲ ရောက်ရင်တောင်
ပက်လက်တော့ အမျောခံမှာ မဟုတ်ဘူး၊
မင်းဆီကို လက်ပစ်ကူးပြီး လာခဲ့မယ်......

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...