Saturday, March 5, 2011

အပ်နှင့်ထွင်ခြင်း

ဖွတ်
ပဒပ်
ယုန်ငယ်အပေါင်းကို နိုင်
ပိုင်သတော်မူပါသော
အိုဘယ့်အရှင် ကေသရာဇာဆိုသူအပေါင်းတို့ ...


အသင်တို့နိုင်
ပိုင်သတော်မူပါသော
တိရိစ္တာန်တို့၏ ကောင်းကျိုးကို
တခါတရံလောက်များ
စွမ်းဆောင်တော် မူဖူးပါရဲံလား။

အသင်တို့ကိုယ်မှ မစင်ကို
တခါတရံလောက်များ
သန့်စင်တော် မူဖူးပါရဲ့လား။

အဟိတ်တိရိစ္တာန်တို့၏အရှင် သခင်အဖြစ်မှသည်
သတ္တ၀ါအပေါင်းတို့၏ ယုံကြည်ခိုကိုးရာ
အရှင်သခင်အဖြစ်ကို
တကြိမ်တခါလောက်များ
မြင်မက်တော်မူဖူးပါရဲ့လား။

သို့တည်းမဟုတ်
နေမြဲအဖြစ်ကိုသာ
စုံမက်တော် မူနေပါပြီလား။    ။

လူဗိုလ်
၀၂ ၊ ၉  ၊ ၁၀

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...