မြန်မာ့လူ့အဖွဲ့အစည်း၊ ဒီမိုကရေစီနှင့် ဘာကြောင့် ဘယ်လို
လူဗိုလ်
မြန်မာ့လူ့အဖွဲ့အစည်းတွင် ဒီမိုကရေစီကိုတိတိကျကျ တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသည်မှာ အနှစ်၂၀ ပင် ကျော်လွန်ခဲ့ပေပြီ။ သို့သော် ဒီမိုကရေစီအငွေ့အသက်များကိုကား မည်သည့်နယ်ပယ်တွင်မှာမှ ရှာမတွေ့နိုင် သေးသလို အခြေခံကျင့်စဉ်များကို ကျင့်သုံးနေနိုင်သည့် နေရာ၊ အဖွဲ့အစည်းများမှာလည်း ရှားရှားပါးပါး။ ဒီမိုကရေစီနိုင်ငံဟုခေါ်တွင်လောက်စရာ အင်္ဂါရပ် အနေနဲ့မူကာ့း့  ။
သို့ဆိုလျှင် မြန်မာ့လူအဖွဲ့အစည်းသည် ဒီမိုကရေစီနှင့် မထိုက်တန်၍ပေလား။ မည်သို့သောအကြောင်းများကြောင့် နည်းဆိုသည်များမှာ မေးမြန်းချင်စရာ၊ ဆွေးနွေးချင်စရာ မေးခွန်းများဖြစ်လာပါသည်။ အကြမ်းဖျင်းဆိုနိုင်သည်မှာ စစ်အစိုးရ၏ ဖိနှိပ်မမျြိုးစုံနှင့် အုပ်ချုပ်မညြံ့ဖျင်းခြင်းကြောင့်ဟုပင်။ ငြင်းဆိုစရာမရှိလှသော်လည်း ပြည့်စုံသည်ဟုကား မဆိုနိုင်ပေ။ သဘော တရားအရဆိုလျှင် အကြောင်းကြောင့်အကျိုးဖြစ်သည်ဆိုသော်လည်း အကြောင်းအချင်းအရာတခုတည်းကြောင့် အကျိုးဖြစ်ထွန်းမှုတခုတည်းသာ ထွက်ပေါ်ရမည်ဟု ပုံသေမတွက်ဆနိုင်သလို အကျိုးဖြစ်ထွန်းမတြရပ်သည် အကြောင်းချင်းရာ တခုတည်း ပေါ်တွင်သာ အခြေခံရမည်ဟု ကံသေကံမ မပြောနိုင်ပေ။ ထို့ကြောင့်ပင် ဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှုအားမကောင်းခြင်း (သို့) ဒီမိုကရေစီအခြေမတည်နိုင်ခြင်း များသည် စစ်အစိုးရကြောင့်ဟူသော အကြောင်းပြချက်တခုတည်းနှင့် မခိုင်လုံနိုင်ပေ။ အခြားအခြားသော အကြောင်းအရာများသည်လည်း ပါဝင်ပတ်သက်နိုင်သေးပေသည်။ ဖြစ်တန်ချေများကိုခြေရာကောက်ကြည့်ရာဝယ် အောက်ပါအချက်များမှာ စဉ်းစားစရာများ ဖြစ်လာနိုင်ပါသည်။
၁။ မြန်မာ့ယဉ်ကျေးမြ ဓလေ့ထုံးစံများနှင့် ကိုက်ညီဟပ်စပ်မမြရှိ၍လား။
၂။ မြန်မာပြည်သူများသည် ဒီမိုကရေစီအပေါ် ယုံကြည်သက်ဝင်မှုများ အားမကောင်းမစစ်မှန်ကြသေး၍လား။ ၃။ မြန်မာ့သမိုင်းစဉ်တလျှောက် ဒီမိုကရေစီယဉ်ကျေးမှုဆိုသည်နှင့် စိမ်းလွန်းနေ၍လား။
၎။ ဒီမိုကရေစီသဘောသဘာဝများကို သိရှိနားလည်မြှုအားမကောင်းကြသေး၍လား။
၅။ နားလည်ကြသည့်တိုင် ကျင့်ကြံအကောင်အထည်ဖော်ဆောင်မှုများ အားမကောင်းကြ၍လား။
၆။ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် ပညာပေးမှုအခြေအနေများ အားနည်းခဲ့ကြ၍လား။
၇။ ဖြတ်သန်းခဲ့ပြီးအခြေအနေများအပေါ်တွင် မှန်ကန်သည့်သုံးသပ်မှုများ မပြုနိုင်ကြ၍လားဆိုသည့် အခြားစဉ်းစားစရာများလည်း ရှိနိုင်ပါသည်။ သို့မှသာတရားမျှတမြ၍ ရေရှည်အကျိုးဖြစ်ထွန်းမကြိုလည်း ထောက်ကူနိုင်ပါမည်။
ဤနေရာတွင် ဆရာ(ဦး) ကျော်ဝင်း၏ တော်လှန်းရေးနှင့်ကစားခြင်း ဆောင်းပါးမှ မာရ်နတ်ကို ဖယ်ရှား ယုံနှင့် ခေတ်ကိုမဆောက်နိုင် ဆိုသည့် စကားကိုတွေးဆမိပါသည်။ မာရ်နတ် ဖယ်ရှားရေးလုပ်ငန်းစဉ်တခုတည်းဖြင့် အနှစ် ၂၀ ကျော်တိုင်ခဲ့ပေပြီ။ မိမိတို့သည် ဒီမိုကရေစီပြောင်းလဲမကြို လိုလားနေကြသူများမှန်လျှင် ပြောင်းလဲနိုင်ရေးနည်းလမ်း မှန်သမျှကို ကျင့်သုံး နိုင်ဖို့လိုပမည်ဟုယူဆပါသည်။ တရွေ့ရွေ့ပြောင်းလဲခြင်း၊ အရှိန်အဟုန်ဖြင့်ပြောင်းလဲခြင်းစသည့် နည်းလမ်းများရှိနိုင်သလို၊ အနုနည်းဖြင့်ပြောင်းလဲခြင်း၊ အကြမ်းနည်းဖြင့်ပြောင်းလဲခြင်းများလည်းရှိနိုင်ပါသည်။ သို့ရာတွင် ပြောင်းလဲလိုသူများအချင်းချင်း သူ့နည်းကောင်းသည်၊ ကိုယ်နည်းကောင်းသည်ဆပြီးပြိုင်ပွဲဝင်နေဖို့မသင့်ပါ။ မပြောင်းလဲလိုသူတို့သာ အကျိုးဖြစ်ထွန်းစေ နိုင်ပါသည်။ သေချာသည့်အချက်မှာ နည်းနာပေါင်းစုံလိုနေပါသည်။ ဆန့်ကျင်ဖက်မဖြစ်စေနိုင်ပါ။ တခုနှင့်တခု အချိတ်အဆက် ရှိလျှင်၊ အပေးအယူရှိလျှင်ပင် ပို၍ခရီးတွင်နိုင်ပါမည်။ စစ်အစိုးရပြုတ်ကျပြီးလည်း ဒီမိုကရေစီပညာပေးမှုများ လိုနေဦးမည် ဖြစ်သလို၊ စစ်အစိုးရဖြုတ်ချရေးခရီးစဉ်တွင်လည်း လိုအပ်နိုင်ပါသည်။ ထိပ်တိုက်တွေ့စရာအကြောင်းမရှိနိုင်ပါ။ သို့အတွက် တခုပြီးမှ တခုသွားဖို့လိုသည်ဟု အငြင်းပွားနေဖို့လည်းမလိုပါ။ မည်သည့်ပညာပေးမှုမျိုးးမဆို ရေရှည်သဘောဆောင်သဖြင့် နောက်ကျ သည်ဟူ၍ အဖြစ်မခံပဲ ဖြစ်နိုင်သမျှစောစော အကောင်အထည်ဖေါ်နိုင်လေ အကျိုးးထူးမည်သာ။ ဆိုလိုသည်မှာ ဘုံတူညီမှုတွင် စုစည်းနိုင်ကြ၍ မတူညီမှုများတွင် တဦးတဖွဲ့ချင်းစီ၏ လိုအပ်ချက်များကို အပြန်အလှန် ကူညီဖြည့်စွမ်းကြခြင်းဖြင့် ပန်းတိုင်ကို ချီတက်သင့်ကြပါပြီ။ အထက်ဆိုခဲ့ပါမေးခွန်း ၇ သွယ်ကို မိမိအမြင်ဖြင့် မိတ်ဆက်ကြည့်ပါမည်။ လက်ခံမှုရှိခြင်း၊ မရှိခြင်းမှာ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ပင်ဖြစ်ပါသည်။ စိတ်ကျေနပ်မှုမရှိပါက မိမိအယူအဆ၊ အမြင်များကို လွတ်လပ်စွာ ဖွင့်ဆိုနိုင်၊ ကွဲလွဲနိုင်ကြပါသည်။ ၄င်းတို့သည်ပင် ဒီမိုကရေစီ၏အနှစ်သာရများဖြစ်နေပြီး ဒီမိုကရေစီဖြစ်ထွန်းတည်ရှိရေးအတွက် တွန်းအားများကိုဖြစ်စေနိုင်ပါသည်။
၁။ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် ကိုက်ညီဟပ်စပ်မမြရှိ၍လား။ Yes No ဖြေရမည့်မေးခွန်းဟုမထင်ပါ။ အချို့အခြေအနေများမှာကိုက်ညီ၍၊ အချို့မှာ ဆန့်ကျင်ဖက်၊ အဟန့် အတားများလည်း ဖြစ်နေနိုင်ပါသည်။ မည်သည့်အရာများက ကိုက်ညီပြီး၊ မည်သည်တို့က ဆန့်ကျင်၍ အဟန့်အတားဖြစ်နေကြောင်းတို့ကိုသာ ခွဲခြားစီစစ်နိုင်ဖို့လိုပါသည်။ အဟန့်အတားများကို ဖယ်ရှာနိုင်ဖို့ ကြိုးစားခြင်းသည်သာအဓိပ္ပါယ်ရှိ၍ အကျိုး ဖြစ်စေနိုင်ပါမည်။ အလွယ်တကူယုံကြည်မှုများ၊ စနစ်တကျလေ့လာမှုကို မခုံမင်မှုများ၊ မတူရန်သူအမြင်များ၊ အချိန်နှင့် စည်းစံနစ်အပေါ်တွင် မလေးနက်မှုများ၊ အသိစိတ်အရတာဝန်ယူခြင်းတွင် အားနည်းမှုများ၊ ခေါင်းဆောင်များအပေါ်တွင် မှီခိုလွန်းမှုများ၊ အပြောင်းအလဲကို မသိမသာ ငြင်းဆန်နေမှုများသည် မြန်မာ့ဒီမိုကရေစီရေအတွက် အဟန့်အတားဖြစ်နေပါသည်။
၂။ မြန်မာပြည်သူများသည် ဒီမိုကရေစီအပေါ် ယုံကြည်သက်ဝင်မှုများ အားမကောင်း၊ မစစ်မှန်ကြသေး၍လား။ ယုံကြည်သက်ဝင်မသြည် ရည်မှန်းချက်အောင်မြင်စေရေး၏သော့ချက်ဟု ပြောစမှတ်ပြုကြပါသည်။ သို့သော်မည်သို့ သောယုံကြည်မှုမျိုးလဲ၊ မည်မျှလောက်ရှိသောယုံကြည်မှုမျိုးလဲ ဆိုသည်မှာ စဉ်းစားသုံးသပ်စရာဖြစ်လာပါသည်။ ဥပမာအားဖြင့် အများယုံ၍ လိုက်ယုံကြည်ခြင်းလား၊ အခြေအနေတခုခု၏ပံ့ပိုးမှုကြောင့်လား၊ တကယ့်ခံစားမှု ဆင်ခြင်တုံတရားများမှ ပေါ်ထွက် လာသော ယုံကြည်ခြင်းများလားဆိုသည်ကို ဆန်းစစ်ကြည့်ဖို့လိုပါပြီ။ မိမိယုံကြည်မှုအားကောင်း၊ မကောင်း။ စစ်မစစ်ကို ကိုယ်တိုင်စစ်ဆေးဖို့လိုပါပြီ။ သူတပါး၏ယုံကည်မှုအပေါ်လက်ညိုးထိုး အချိန်ဖြုန်းနေဖို့မလိုတော့ပါ။ မိမိဘယ်လောက်ယုံကြည်မှု အားကောင်းမကောင်းကို ဒီမိုကရေစီရေးအတွက် ကာယကံ၊ ၀ဇိကံ၊ မနောကံတို့ဖြင့် မည်မျှအထိ၊ လုပ်နိုင်၊ လုပ်နေ၊ လုပ်ခဲ့ပြီလဲဆိုသည်များနှင့် မညှာမတာတိုင်းတာသင့်ကြပါပြီ။ ဒီမိုကရေစီဖြင့်သာ မြန်မာပြည်သည် အမှန်တကယ်တိုးတက်ပါမည်ဟု ယုံကြည်ပါပြီလော။ ဒီမိုကရေစီနှင့်ထိုက်တန်ပါပြီဟု ယုံကြည်ပါပြီလော။ ဒီမိုကရေစီ၏မည်သို့သော အနှစ်သာရများကို ယုံ ကြည်ခြင်းဖြစ်ပါသလဲ။ စစ်အစိုးရမှလွဲလျှင် မြန်မာအမျိုးသားတိုင်း (ဒီမိုကရက်ဆိုသူတိုင်း) ဒီမိုကရေစီစံတွေနှင့် ကိုက်ညီနေကြပါပြီလား။ အနည်းဆုံးယုံကြည်မှုအနည်း၊ အများသည်လည်း အောင်မြင်မှုအတွက် အဖြေပေးနိုင်ပါမည်။
၃။ မြန်မာ့သမိုင်းစဉ်တလျှောက် ဒီမိုကရေစီိယဉ်ကျေးမဆြိုသည်နှင့် စိမ်းလွန်းနေ၍လား။ ဒီမိုကရေစီနိုင်ငံကြီးဟုပင် ခံယူနေသော အမေရိကန်နိုင်ငံသည်ပင် ဒီမိုကရေစီဆိုသည်ကို လွန်ခဲ့သော နှစ်ပေါင်း (၂၀၀) ကျော်ကတည်းက ကျင့်သုံးနေခဲ့ကြခြင်းဖြစ်သည်ကို သတိထားဖို့လိုပါသည်။ စတင်ချိန်မှာ ဒီမိုကရေစီအခွင့်အရေးများ ပြည့်စုံသေးခြင်းမရှိ၊ အားမကောင်းသေးဟုဆိုနိုင်သော်လည်း ထိုအခြေအနေသည် မိမိတို့မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေထက် သာလွန်နေသည်ဆိုသည်ကိုကားမငြင်းနိုင်။ ဆိုလိုသည်မှာ အမေရိကန်ဒီမိုကရေစီကို အားကျနေယုံသာမက ၄င်းတို့၏ ဒီမိုကရေစီယဉ်ကျေးမှု ဖြစ်တည်မှုကာလနှင့် ပညာပေးတည်ဆောက်မှုကိုလည်း ထည့်တွက်ဖို့လိုကြောင်း သတိပေးလိုရင်းဖြစ်ပါသည်။ မိမိတို့၏ ဒီမိုကရေစီယဉ်ကျေးမှု အခြေအနေများကိုလည်း ဆန်းစစ်ကြည့်နိုင်ခြင်းဖြင့် လိုအပ်သည့်ကွက်လပ်များကို ပိုမိုမြင်လွယ်မည်ဟုယူဆပါသည်။ မြန်မာ့သမိုင်းစတင်ချိန်ကတည်းက ပဒေသရာဇ်အာဏာရှင်များနှင့်ချည်းသာ အသားကျခဲ့ကြရ၍ ကိုလိုနီခေတ်အဆက်ဆက်မှာလည်း ဒီမိုကရေစီဆိုသည်နှင့် နီးစပ်ခွင့်မရခဲ့ဖူးပါ။ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်မျှ လောက်သာ ဒီမိုကရေစီဆိုသည်နှင့် မြည်းစမ်းခွင့်ရှိခဲ့ဖူးသည်ဟု ပြောနိုင်ပေမည်။ ဒါတောင်မှ နိုင်ငံရေးအသိုင်းအ၀ိုင်းနှင့် မြို့ပြလောက်တွင်သာ …။ အများစုမှာ ပဒေသရာဇ်၊ နယ်ချဲ့နှင့် စစ်အာဏာရှင်တို့၏ အမိန့်ပေးခိုင်းစေမှုများကြားတွင်သာ …။ ခိုင်းမှ တာဝန်ကျေလုပ်ကိုင်တတ်သည့် ယဉ်ကျေးမှုက မသိမသာလွှမ်းမိုးနေကြပေသေးသည်။ ထိုသို့ဆိုသဖြင့် ပြည်သူတရပ်လုံးကို စော်ကား သလိုဖြစ်သွားနိုင်သော်လည်း အစစ်အမှန်ကိုသိမြင်စေလိုသဖြင့် တင်ပြရခြင်းမျှသာ။ တာဝန်ရှိသူများ၏ မကျေပွန်မှုများကြောင့်ဆိုသည်ကို မြင်သာစေလို၍ဖြစ်ပါသည်။ အပြုအမူ၊ ဓလေ့စရိုက်များမှတဆင့် ယဉ်ကျေးမှုဟူသည် ဖြစ်ပေါ်လာသည်ဖြစ်၍ မိမိ ကိုယ်တိုင်ဖြစ်စေ၊ သက်ဆိုင်ရာအဖွဲ့အစည်းများ အနေဖြင့်ဖြစ်စေ မည်သို့ပြုမူဆောင်ရွက်သင့်သည် ဆိုသည်ကို သတိထားနိုင်စေရန် ရည်ရွယ်ပါသည်။
၎။ ဒီမိုကရေစီသဘောသဘာဝများကို သိရှိနားလည်မှု အားမကောင်းကြ၍လား။ ဒီမိုကရေစီကိုချစ်မြတ်နိုးသူတိုင်း ဒီမိုကရေစီဘာလဲ၊ ဘယ်လဲဆိုသည်ကိုတော့သိသင့်ကြပါသည်။ ပညာရှင်အဆင့် မဟုတ်တောင်မှ ဒီမိုကရေစီ၏ သဘောသဘာဝများနှင့် အားနည်းချက်၊ အားသာချက်များကို လေ့လာသိမြင်ထားမှသာ လက်တွေ့အသုံးချနိုင်ပေမည်။ အနည်းဆုံး မြန်မာနိုင်ငံသည် မည်သည့်ဒီမိုကရေစီ အမျိုးအစားနှင့် သင့်တော်သည်။ ဒီမိုကရေစီ ကျင့်စဉ်တွင် မည်သည့်အရာများက အဓိကကျသည်။ ဒီမိုကရေစီစိတ်ဓါတ်ဆိုသည်မှာ မည်သည့်အရာများဖြစ်၍ မည်သည့် အချက်များကိုတော့ ရှောင်ရှားသင့်သည် စသည့်အခြေခံလောက်ကိုတော့ လူတိုင်းသိသင့်ပါသည်။ လွတ်လပ်ခွင့်ကိုသာ မြင်တတ်ပြီး လိုက်နာရမည့် စည်းမျဉ်း၊ ဥပဒေများကိုဘေးဖယ်ထား၍မရနိုင်ပါ။ အခွင့်အရေးနှင့်တာဝန်ကို တွဲမြင်တတ်၊ ကျင့်ကြံ နိုင်အောင် ပညာပေးမှုများ ရှိသင့်နေပါပြီ။ လူတိုင်းသိနိုင်အောင်လည်း သက်ဆိုင်ရာတာဝန်ရှိသူများမှ ဖန်တီးပေးဖို့ လိုပါသည်။ အနည်းဆုံး ဒီမိုကရေစီနှင့်ပတ်သက်၍ မြန်မာလိုလေ့လာလိုသူများ ပြည့်ပြည့်စုံစုံလေ့လာနိုင်ရန် ဖန်တီပေးထားသော ၀က်ဆိုဒ်တခုတော့ အနည်းဆုံးရှိသင့်နေပေပြီ။ သို့မှသာ ကိုယ်စီးမည့်မြင်းကို အထီး၊ အမ ခွဲခြားနိုင်ကြပါမည်။
၅။ နားလည်ကြသည့်တိုင် ကျင့်ကြံအကောင်အထည်ဖော်ဆောင်မှုများ အားမကောင်းကြ၍လား။ ဒီမိုကရေစီဆိုသည်ကို သိကြပြီဆိုရုံနှင့် ကျေနပ်နေ၍မရပါ။ လက်တွေ့မပါသောအသိသည် ရေထဲ အရုပ်ရေးသည့်နယ်။ ဒီမိုကရေစီသဘောသဘာဝမှာ ပုဂ္ဂလိကသဘောကို အခြေခံသော်လည်း အစုအဖွဲ့ သဘောလှုပ်ရှားမှုများကို ပိုမိုစောင်းပေးလေ့ရှိသဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ အလေ့အထများ၊ စည်းမျဉ်း ဥပဒေသများကို လိုက်နာဆောင်ရွက်တတ်သည့် အလေ့အထများနှင့် ထိစပ်ယဉ်ပါးနေဖို့လိုပေသည်။ သင်းကွဲ အလေ့အထများ၊ အုပ်စုစွဲအမြင်များကျင့်သုံးနေသမျှ ဒီမိုကရေစီကို မည်မျှပင်သိမြင်နေသူဖြစ်ပါစေ ဒီမိုကရက်ကောင်းတယောက်မဖြစ်နိုင်သလို၊ ဒီမိုကရေစီနိုင်ငံဖြစ်တည်ရေးကို စွမ်းဆောင်နေသူဟုလည်း မပြောနိုင်ပါ။ နေရာတကာ ဒီမိုကရေစီဟုဆိုကာ အခွင့်အရေးတောင်းဆိုရုံလောက်သာသိခြင်း၊ ဒီမိုကရေစီနှင့် ဗျူရိုကရေစီကို ကွဲကွဲပြားပြားမသိခြင်းနှင့် ခွဲခွဲခြားခြား မကျင့်သုံးတတ်ခြင်းများကြောင့်လည်း နိဂုံးမကောင်းသည့်ရလဒ်များကို ခံစားရနိုင်ပေမည်။
၆။ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် ပညာပေးမအြခြေအနေများ အားနည်းခဲ့ကြ၍လား။ သိပြီးမကျင့်လျှင် အကျိုးမများနိုင်သကဲ့သို့၊ မသိပဲကျင့်လျှင်လည်း အန္တရာယ်ရှိနိုင်ပါသည်။ သို့အတွက် သိနားလည်ခြင်းဆိုသည်မှာ အခရာဖြစ်လာပါသည်။ မိမိတို့မြန်မာနိုင်ငံသားများအနေနှင့် ဒီမိုကရေစီနှင့်ပတ်သက်သော အမွေအနှစ်ဟူသည်မှာ အရှားပါဆုံးဖြစ်နိုင်ပေသည်။ ဆိုလိုသည်မှာ မိမိတို့ဘ၀ပတ်ဝန်းကျင်တွင် လေ့လာစရာ ဒီမိုကရေစီအလေ့အထများ မရှိ၊ စာအုပ်စာတမ်းများ၊ မှတ်တမ်းများမရှိ၊ သင်ကြားပေးမည့် ကျောင်းများ၊ သင်တန်းများ၊ ကျူရှင်များမရှိ။ ၀က်ဆိုက်များ၊ ဘလောက်များမရှိ။ အစိုးရကိုယ်တိုင်ကလည်း ပိတ်ပင်ထား။ ဤသို့ဆိုလျှင် မည်သည့်နည်းများဖြင့် လေ့လာကြရမည်နည်း။ မည်သည့်နေရာများမှ လေ့လာကြရမည်နည်း။ မည်သည့်အဖွဲ့အစည်းများ (သို့မဟုတ်) မည်သူတွေကိုအားကိုးအားထားပြုကြရမည်နည်း။ မည်သူတွေကို စံနမူနာယူကြရမည်နည်း။
၇။ ဖြတ်သန်းပြီး အခြေအနေမှန်များအပေါ်တွင် မှန်ကန်သည့်သုံးသပ်မှုများ မပြုနိုင်ခဲ့ကြ၍လား။ နောက်ဆုံး ရှိသမျှ၊ ဖြစ်သမျှ လက်ရှိကာလကိုပဲ အကောင်းမြင်ဝါဒလက်ကိုင်ထားပါလို့ အလိုတော်အတိုင်း သွားကြမည်လားဆိုသည်မှာ မမေးဖြစ်ကြသည့်မေးခွန်းများပါ။ တကယ်တမ်းအစီအစဉ်ရှိရှိ၊ ရည်မှန်းချက်ရှိရှိ အကောင်အထည်ဖေါ်ဆောင်ရွက်နေကြရိုးမှန်လျှင် စစ်မှန်သောသုံးသပ်မတြော့ရှိဖို့လိုပေမည်။ မည်သည့် အရာများအားနည်းခဲ့၍၊ မည်သည့်အရာများ လိုအပ်နေသနည်း။ မည်သူတွေမှာတာဝန်ရှိ၍ မည်သို့ပြုပြင်ကြမည်နည်း။ မည်သည့်သင်ခန်းစာများယူ၍ မည်သို့ ဆက်လက်ချီတက်ကြမည်နည်း။ ဤသို့ဖြင့် နောင်အနှစ် (၂၀၀) သို့ရောက်သည့်တိုင် လက်ရှိအမေရိကား၏ ဒီမိုကရေစီအနေအထား အမွေမျိုးကို ပေးနိုင်ပါမည်လား။ လွန်ခဲ့သည့် အနှစ် (၂၀၀) ကျော်က အမေရိကား၏ ဒီမိုကရေစီအဆင့်ကိုများ မျှော်လင့်နိုင်ပါပြီလား။ မိမိတို့ဒီမိုကရေစီတော်လှန်ရေးသည် ဗြိတိသျှတော်လှန်ရေး၊ ဖက်ဆစ်တော်လှန်ရေးများ ကဲ့သို့ နောင်မျိုးဆက်အတွက် အမွေကောင်းများကို ချန်ထားနိုင်ပါမလား။ အသိအမှတ်ပြုနိုင်လောက်သော မည်သည့်အမွေကို ချန်ထားခဲ့ကြမည်နည်း။ ဒီမိုကရေစီအမွေကို မည်သည့်အရာများပေးခဲ့ကြမည်နည်း။ ရှစ်လေးလုံးသမိုင်းကို မြန်မာ့သမိုင်းစာမျက်နှာတွင် မည်ကဲ့သို့ကဗျည်းထိုးခံရမည်ဟု မျှော်လင့်ထားပါနည်း။
သမိုင်းကို လူများကရေးခဲ့ကြသည်ဆိုလျှင် မြန်မာနိုင်ငံသားများသည် လူညံ့၊ လူဖျင်းများချည်း မဟုတ် ကြပါ။ မည်သည့်အတွက်ကြောင့်မအောင်မြင်သေးသည်၊ မည်သည့်အရာများ လိုအပ်နေသေးသည်ကို အာဃာတအစွဲကင်းကင်းဖြင့် သုံးသပ်ဆင်ခြင်ကြ၍ လက်ချင်းဆက်၊ ကျောချင်းကပ်သင့်ပြီဖြစ်ပါကြောင်း။

0 comments:
Post a Comment