Thursday, March 24, 2011

"ခွေးဋီကာ အဖွင့်".



ဦးအလံမလှဲ

ပဏာမ စကား

“ကိုတူမောင်ရေ။ ဒီကနေ့ ဦးလေးကြီး ပြောချင်တာက `ခွေးလား လူလား´.. ဟဲ..ဟဲ..”
“အကြံအဖန်တွေလား..ဦးလေးကြီး ရဲ့”
“ဟုတ်ပါ့..ကိုတူမောင်။ တချို့က ကိုယ့်ကိုယ်ကို.. ခွေးလား..လူလား..ရယ်လို့ ခွဲခွဲခြားခြား ကွဲကွဲပြားပြားမသိကြဘူး။
ကြံကြံဖန်ဖန်တွေကို အကြံအဖန်လုပ်ပြီးပြောမှ အလွယ်သဘောပေါက်ကြတာ။ ကဲ.. များတကာအလွယ်သဘော
ပေါက်စေဖို့ ဦးလေးကြီးနဲ့ကိုတူမောင်.. နှစ်ပါးသွားကြစို့..”

ဤသို့ဦးလေးကြီးက အစချီ၍ ကိုတူမောင်နှင့်အတူ အတိုင်အဖောက်လုပ်ပြီး `ခွေးဋီကာ´ကို အနက်ဖွင့်ဆိုကြသည်။


(၁)
“ဟောဒီလိုပါ.. ကိုတူမောင်။ ခွေးဆိုတာ..ကိုယ့်သခင်, စား, ၀ါး, မျို, ဆို့, နေတာကိုမြင်ရင် မျှော်တယ်။ သွားရည်ကျတယ်။
တခါတခါ နှုတ်ခမ်းနှစ်ခုစလုံးကို လျှာနဲ့လျက်ပြီး သွားရည်ကိုသိမ်းတယ်။ အဲဒါ.. ဗိုလ်ချုပ်ကြီးများ မတော်မတရားသူဌေးဖြစ်ပြီး စည်းစိမ်ယစ်နေတာကို ဗိုလ်ချုပ်လေးများ ငေးမောအားကျနေတာနဲ့ မတူဘူးလား..ဟဲ..ဟဲ..။”

“ဟာ..ဦးလေးကြီးကလုပ်ပြီ.. ဟဲ..ဟဲ..”


(၂)
“ပြောရဦးမယ်.. ကိုတူမောင်။ ခွေးဆိုတာ.. သခင်က အရိုးအရွင်းစားကြွင်းစားကျန်ကို ပစ်ကျွေးလိုက်ရင် အဲ.. အငမ်းမရ..ပြေးဟပ်ပြီးစားတယ်။ အကပ်အသပ်လေးတောင်မှ မချန်ဘူး။ လျှာနဲ့လျက်တယ်။ ခွေးအချင်းချင်းလည်း အစာလုရင်း သွားဖြဲပြီး တဟင်းဟင်းနဲ့ ရန်စောင်တယ်။ ဒါက.. ဗိုလ်ချုပ်ကြီးများ စားပိုးနင့်အောင်အ၀အပြဲစားပြီးလို့ ပစ်ကျွေးလိုက်တဲ့ မ၀ရေစာအကြွင်းအကျန်ကို ဗိုလ်ချုပ်လေးများ.. သူ့ထက်ငါ.. လုယက်စားကြသလို..ပါ့။ လုယက်စားရင်း ဗိုလ်ချုပ်လေးများ အချင်းချင်းမာန်ဖီကြသလို..ပါ့။ ကဲ..ဘယ့်နှယ်လဲ..ဟဲ..ဟဲ”

“ဒါလည်း..ဟုတ်တာပါပဲ..ဟဲ..ဟဲ..”

(၃)
“ခွေးဆိုတာ..ဟဲ..ဟဲ.. သခင်ကမျက်ရိပ်ပြလိုက်တာနဲ့ တွေ့သမျှကိုဟိန်းတယ်။ ဟောက်တယ်။ ဟောင်တယ်။ ကိုက်တယ်။
ဒါက.. ဗိုလ်ချုပ်ကြီးများ အမိန့်ပေးလိုက်တဲ့အတိုင်း တပ်မှူးတပ်သားတွေ၊ လက်ကိုင်ဒုတ်လက်ပါးစေ, စွမ်းအားရှင်တွေ၊
ကြံ့တွေ, ဖွတ်တွေ, ပဒတ်တွေ, မိုက်ရူးရဲတွေ..ဟဲ..ဟဲ.. သခင်အားရ..ကျွန်ပါးဝကြသလို..ပါ့

“မှန်လိုက်လေ..ဦးလေးကြီး.ရေ့”

(၄)
“ခွေးဆိုတာ..ခွေးပါပဲ။ သခင်က ရှူးတိုက်ပြီး အမိန့်ပေးလိုက်ရင် ဟင်း..မဆင်မခြင်ဝုန်းဒိုင်းကြဲပြီ။ သံဃာ, ကိုရင်, သီလရှင်ကိုတောင်မရှောင်ဘူး။ ကိုက်ပြီဆိုရင်လား၊ သေတဲ့အထိကိုက်တယ်။ ဒါက..သိုဟန်ဘွားသန်းရွှေ အမိန့်ပေးလိုက်တာကို ဗိုလ်ချုပ်တွေ၊ တပ်မှူးတပ်သားတွေက ဓမ္မအမိန့်လား၊ အဓမ္မအမိန့်လားဆိုတာ မစိစစ်။ ဘုရားရဲ့သားသမီးများကို ဓါတ်တိုင်မှာကြိုးတုပ်ပြီးရိုက်သလိုပါ့..ဟင်း..။ သံဃာကို တုတ်နဲ့ ရိုက်သလိုပေါ့၊
သေနတ်နဲ့ပစ်သလိုပါ့..ဟား..”

“သိုဟန်ဘွားသန်းရွှေ.. လုပ်လိုက်မှဖြင့် သောက်ရမ်းကြီးပဲ..ကန်တော့..ကန်တော့..”

(၅)
“ပြောရဦးမယ်..ကိုတူမောင်။ ခွေးဆိုတာ.. အရှက်အကြောက်ရယ်မရှိ။ လူရှေ့သူရှေ့ရယ်မရှောင်။ ကြုံရာမှာဘာသာဘာဝ
တော်သလင်းဇာတ်ခင်းတယ်။ ဒါဟာ..သန်းရွှေရဲ့ မုဒိမ်းကိုလက်နက်သဖွယ်သုံးတဲ့ပေါ်လစီကြောင့် ရှေ့တန်းရောက် သူ့စစ်တပ်တွေ တိုင်းရင်းသား ဒေသခံ အမျိုးသမီးတွေ အပေါ် ပြုကျင့်ကြသလိုပေါ့”

“ဦးလေးကြီး..ရေ့။ ကိုတူမောင်က သားသမီးချင်းစာနာလို့ ဒီအကြောင်းကို လူသိရှင်ကြား မပြောချင်ပါဘူး။ မပြောခဲ့ပါဘူး။
ဒါပေမယ့်..သန်းရွှေကြီးက သင်ခန်းစားမယူ တရားမကျပဲ ရှေ့ဆက်ရမ်းနေလို့ သတိပေးရတော့မယ်။
ဗျို့..ကိုသန်းရွှေ..။ ဟိုတခါ..ခင်ဗျားကြီးဝဋ်လည်ခဲ့တာကို ပြန်ပြီးသတိရလိုက်စမ်း”

အပိတ်စကား

ဦးလေးကြီးက`ခွေးဋီကာ´ကို ပိတ်တော့မည်။

“ကဲ..ကိုတူမောင်။ ပြောခဲ့တဲ့စရိုက်လက္ခဏာတွေကို ယှဉ်ကြည့်လိုက်..။ ခွေး..ရယ်၊ သန်းရွှေနဲ့ သူ့လက်ပါးစေ, ပါးကွက်သားတွေ…ရယ်၊ ဘာကွာသလဲ..ဟဲ..ဟဲ..”

ကိုတူမောင်က သံနေသံထား နဘေထပ်ဖြင့် အဖြေညှပ်လိုက်သည်။

“ဘာမျှမကွာ.. ဘာဆိုဘာမျှမကွာ..။ ဦးလေးကြီး..ခင်ဗျာ..”

ဒီတော့..ဦးလေးကြီးက “ဟိုက်..ရှားပါး” တဲ့..။ ။


 အောက်ပါလင့်မှ ကူးယူဖေါ်ပြပါသည်။
http://www.irrawaddyblog.com/

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...