အားလုံးအတွက် ပညာရေး ( အပိုင်း ၁ )
ဒီဂြိုဟ်ကမ္ဘာကို လူတွေရောက်တာ သမိုင်းအချိန်အရ ပြောရလျှင် သိပ်မကြာသေးပါဘူး။ Planet Earth လို့ ခေါ်တဲ့ ကျွန်မတို့ရဲ့ ဂြိုဟ်ကမ္ဘာလေး စဖြစ်ပေါ်လာတာကို evolutionary time န့ ယှဉ်ပြောရလျင် ပိုတောင်မကြာဘူးလို့ ဆိုရမယ်။ မဖြစ် စလောက်သော လက်တစ်ဖျောက်မျှသော အချိန်လိ...ု့တောင် တင်စားပြောလို့ရတယ်။ လူဖြစ်စဉ်ကို ပြောရမယ်ဆိုလျှင် Primate တွေ ဖယ်ထားပြီး Homo sapiens က စမယ်ဆိုရင်တောင် သမိုင်းအချိန်နဲ့ ပြောရလျှင် ဘာမှမရှိသေးပါ။ ကနဦးလူ(H.sap) ကနေ စပြီး နောက်ဖြစ်လာတဲ့ တိုးတက်မှုအစဉ်ကို ကြည့်လျှင် အထူးသဖြင့် အခြား သက်ရှိတွေနဲ့ နှိုင်းလျှင် လူတွေရဲ့ တိုးတက်ဖွံ့ဖြိုးလာမှုကတော့ အံ့မခန်းလို့ ပြောရတော့မယ်။
လူရဲ့အောက်က တစ်ဆင့်လို့ ပြောရမည့် သက်ရှိနဲ့ဆို ကွာချင်တိုင်း ကွာသွားတယ်။ လူနဲ့အခြားသက်ရှိတွေနဲ့ ကွာဟမှု(gap)ကတော့ အချိန်နဲ့အလိုက် ကြီးသထက်ကြီးလာလို့ လူဟာလောကရဲ့ အထွတ်အထိပ်ကို ရောက်နေပါသလားလို့ ထင်ရဖွယ် ရှိတယ်။ ဒါကမှန်ပါတယ်။ ဒါပေမဲ့ ဒီအချက်ကိုပဲ အလွန်အမင်း အသားပေးပြီး မာနထောင်လွှားကာ အားလုံးသော အရာတို့ဟာ အရေးစိုက်စရာ မလိုတဲ့ ပမွှားတွေပါလားလို့ အထင်ရှိသူတွေလဲ ဒီလောကမှာ မနည်းပါဘူး။ အထူးသဖြင့် အင်အားကြီးနိုင်ငံ၊ သြဇာတိက္ကမကြီးတဲ့ နိုင်ငံနဲ့ အချို့သော (အာဏာရှင်) လူတွေဟာ ဒီလို မဖွယ်မရာ စိတ်ထားမျိုး ရှိတတ်ကြတယ်။ ဒါတွေကတော့ ဒီဂြိုဟ်ကမ္ဘာ ပျက်စီးရာပျက်စီးကြောင်းလမ်းကိုလူဦးနှောက်ဟာ တဖြည်းဖြည်းပဲ ကြီးထွားလာတာပါ။ အစ ပထမတော့ တကယ်ပဲ ဖြည်းနှေးစွာ ကြီးလာခဲ့တာ။ လွန်ခဲ့တဲ့အနှစ် (၅၀၀၀၀၀) နဲ့ (၂၀၀၀၀၀) ကြားမှာတော့ ဦးနှောက်ရဲ့ ကြီးထွားမှုဟာ သိသာထူးကဲ ဖြစ်လာပါတယ်။ အဲဒီအချိန်မှာ လူတွေဟာ လက်နဲ့ခြေ သုံးတာ ပိုများပိုထိရောက်ပြီး စကားပြောတာလဲ စခဲ့တယ်။ ဘာသာစကားရဲ့ အစလို့ ဆိုနိုင်တယ်။ ဦးနှောက်မှာ "motor speech area" စကားပြောတာနဲ့ ပတ်သက်တဲ့ ရုပ်ပိုင်းလှုပ်ရှားမှုနဲ့ ဆိုင်သော ဧရိယာနယ်ပယ်လို့ သတ် မှတ်ထားတာ ရှိတယ်။ အဲဒီနေရာဟာ အဲဒီအချိန်လောက်ကစပြီး ဖြစ်လာပြီး ကြီးထွားလာတယ်လို့ ထင်ရတယ်။ ဒီလို ဘာသာစကား (language) ကို တီထွင်နိုင်တာဟာ လူသားတွေအတွက် အရေးကြီး အကျိုးသက်ရောက်မှု အရှိဆုံး၊ လူဆိုတဲ့ လောကသားတွေရဲ့ ရှေ့ရေးအောင်မြင်မှုကို အပေးနိုင်ဆုံးသော တီထွင်မှုကြီးလို့ သတ်မှတ်ရပါလိမ့်မယ်။ အရင်ထဲက အခြေအနေအလိုက် ပြောင်းလဲနိုင်မှုနဲ့ မီးစင်ကြည့်ပြီး ကနိုင်လောက်အောင် ဉာဏ်သစ် ထုတ်နိုင်တာတွေ ရှိလာတဲ့ လူသား တွေဟာ အခုလို ဘာသာစကား တီထွင်ပြီး သုံးပြုလာတော့ တိုးတက်မှုအဟုန်ဟာ တစ်ရှိန်ထိုး တက်သွားပြန်တယ်။ adaptable စကားပြောရာကနေ စာရေးတာကို တီထွင်တယ်။ ပြီးနောက် ဒီအရေးအသားတွေကို လွယ်ကူမြန်ဆန်စွာ ဖြန့်ချိနိုင်ဖို့ နည်းပညာတွေ ရှာတယ်။ ရရှိထားတဲ့ အသိအတတ်နဲ့ အတွေ့အကြုံတွေ၊ ဒါတွေကပေးတဲ့ သင်ခန်းစာတွေနဲ့ ရင့်ကျက်တဲ့ နှလုံးသားနဲ့ ဦးနှောက်ကို သုံးပြီးတော့ ကောက်ချက်ချလိုက်တဲ့ သဘောထား အယူအဆတွေ ဖြစ်တယ်။ ဒါတွေဟာ လူတစ်ဦး ဘ၀တစ်လျှောက် နေရေး လောကအပေါ် ရှုမြင်ခြင်းတို့မှာ တန်ဖိုးပြည့်ဝတဲ့ အဆင့်မြင့် တွေးခေါ်မြော်မြင်မှု ဖြစ်လို့ အင်မတန် အရာရောက်တဲ့ အရည်အသွေးပါ။
ဒီလိုနဲ့ပဲ ပုံနှိပ်ခြင်းကို သုံးလာတယ်။ ဒီတစ်ခါကြတော့ အသိတွေ၊ ပညာတွေ တိုးတက်တာဟာ ကျယ်ပြန့်သထက် ကျယ်ပြန့်ပြီး နောက်ဆုံး အိုင်တီ (IT) ခေတ်မှာတော့ အတောမသတ် အဆုံးမရှိလို့တောင် ဆိုနိုင်ပါပြီ။ ဒီဖြစ်ချက် - ဘာသာစကား တီထွင်နိုင်ခြင်းကတော့ 'ပညာ' ရဲ့ အစပါပဲ။ ဒါကြောင့်မို့လဲ လူသားတွေရဲ့ တိုးတက်မှုဟာ ပညာ 'ရှိ' လာလို့ ပညာကို အသုံးချနိုင်လို့ သတ္တုချနိုင်ပါတယ်။ ဒီတော့ အသိပညာ၊ အတတ်ပညာဆိုတာ လူသားအားလုံး တစ်ဦးချင်းဖြစ်ဖြစ်၊ တစ်နိုင်ငံအတွက် ဖြစ်ဖြစ်၊ လူလောကတစ်ခုလုံးအတွက်ဖြစ်ဖြစ် အရေးကြီးသထက် ကြီးလာတာ တွေ့ရပါတယ်။ မျက်မှောက်မြန်မာနဲ့ ပညာရေး လူတွေပိုင်ဆိုင်တဲ့ အဖိုးထိုက် ရတနာတွေထဲမှာ ပညာနဲ့ပညာရေးဟာ တန်ဖိုးအရှိဆုံး၊ လူတွေကို အကူညီပေးနိုင်ဆုံး၊ ထက်မြက်ဆုံး၊ တန်ခိုးအရှိန် အကြီးမားဆုံး၊ ဒါ့ကြောင့် အရေးကြီးဆုံးဆိုတာ ထာဝစဉ်မှန်တဲ့အကြောင်း ဆိုပေမယ့် အခုခေတ်မှာတော့ ပိုလို့မှန်နေပါသေးတော့တယ်။ ပညာတတ်မှုရဲ့ တန်ခိုးအာဏာနဲ့ ဘ၀ရဲ့ ဘက်စုံမှာ သက်ရောက်တဲ့ သြဇာနဲ့လွှမ်းမိုးမှုဟာလည်း ၁၀-၁၅ နှစ်နဲ့တောင် မတူတော့ပါဘူး။ အရှိန်အ၀ါ ပိုတက်လာပါပြီ။ ပညာတတ်သူနဲ့ မတတ်သူ၊ နည်းပညာပိုင်းမှာ ကျွမ်းကျင်သူနဲ့ မကျွမ်းကျင်သူရဲ့ ဘ၀နောင်ရေးဟာ တကယ်ကွာသွားတယ်။ ပညာမတတ်၊ ကျွမ်းကျင်မှု (technology)မှာ မကျွမ်းဆိုတဲ့ သူတွေကတော့ လူ့အလွှာရဲ့ အောက်ဆုံးကနေ အထက်တက်လာဖို့ သိပ်မမြင်ဘူး။ ဒါလူတိုင်းအသိ ဖြစ်မှာပါ။ ဒီဖြစ်ရပ်ရဲ့ အခြေခံအကြာင်းကတော့ ကမ္ဘာမှာ သိစရာ၊ မှတ်စရာ၊ တတ်စရာတွေ နေ့မခြား တိုးပွားနေတာနဲ့ ဒီတိုးတက်မှုတွေ၊ ပညာအသိတွေကို ဘ၀အတွေ့၊ ကိုယ်တွေ့၊ လက်တွေ့မှာ အသုံးချနိုင်အောင် အချိန်မီ အကောင်အထည်ဖော်ပေး၊ တီထွင်ပေးနေတာ တစ်ကြောင်းကြောင့် ဖြစ်တယ်။
အခု ကမ္ဘာ ဂလိုဘယ်လိုင်ဇေးရှင်း ကမ္ဘာမှာ လူမှုအဖွဲ့အစည်းရဲ့ ကဏ္ဍပေါင်းစုံ၊ လူမှုရေး၊ နေ့စဉ် သွားလာနေထိုင်ရေး၊ စီးပွားရေး(economy)၊ နိုင်ငံရေး ... တို့မှာ ချောမွေ့အောင်မြင်ဖို့အရေး (knowledge) ပညာရေးအပေါ်မှာ တည်နေတယ်။ ဒီအသိပညာ(knowledge)ကို အခြေခံပြီး လိုအပ်လာတဲ့ ပြောင်းလဲပြုပြင်စရာတွေကိုလည်း လုပ်ပေးရပါမယ်။ ယဉ်ကျေးမှု အစဉ်အလာနဲ့ လူနေမှု စရိုက်ဟန်ပန်(lifestyle) ဆိုတာကလဲ(knowledge-based) ပညာအရင်းခံ ဖြစ်ရပ်တစ်ခုပါ။ တိုးပွားပြောင်းလဲလာတဲ့ အကြောင်းအခြင်းအရာကနေ တစ်ဆင့်ခံပြီး ဖြစ်ထွန်းလာတာတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့် လူ့အဖွဲ့အစည်းရှိ လူအားလုံးတို့ဟာ အသိပညာ တိုးပွားကြီးလာမှု၊ ချဲ့ထွင် ကျယ်ပြန့်လာမှုနဲ့ မသက်ဆိုင် မပတ်သက်ပါဘူးလို့ ပြောနိုင်သူ ဘယ်သူမှ မရှိတော့ပါဘူး။ အခု(ဂလိုဘယ်လိုင်ဇေးရှင်း)အခါ သမယမှာ လူတွေရဲ့ တွေးခေါ်အယူအဆနဲ့ ရည်မှန်းချက်၊ ဒီရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့ နည်းဗျူဟာနဲ့ နည်းပရိယာယ်တွေကလည်း တစ်သမတ်တည်းလို ဖြစ်လာတယ်။ ဘယ်သူမှ တစ်ကိုယ်တော် သီးခြားလုပ်နေလို့ သိပ်မဖြစ်တော့ဘူး။ "steamline" ရေစီးကြောင်းထဲ မ၀င်လို့ကတော့ နောက်ကျကျန်ရစ်ခဲ့ဖို့ပဲ ရှိတော့တယ်။ အခုလို ဒုန်းစိုင်း အပြိုင်ပြေးနေရတဲ့ လောကမှ ကျန်ခဲ့တယ်ဆိုတာ ကျဆုံးခြင်းပဲ၊ ရှုံးနိမ့်ခြင်းပဲ။ (thinking)တွေးခေါ်မှု၊ (reasoning) ကျိုးကြောင်းဆီလျော်စွာ တွေးခေါ်နိုင်မှု၊ (logical deduction) အဆင့်လိုက် အဓိပ္ပာယ်ရှိရှိ ယုတ္တိတန်တန် တွေးခေါ်ကောက်ချက်ချနိုင်ခြင်း၊ ပုစ္ဆာအကြီးအသေးကို ဖြေရှင်းနိုင်စွမ်းရှိခြင်း၊ (problem solving)ပညာနဲ့ယှဉ်တဲ့ မှန်ကန်တဲ့ အဆုံးအဖြတ် မျိုးပေးနိုင်ခြင်း (decision making)တို့ဟာ အဆင့်မြင့်ပညာ သင်တန်းကို အောင်မြင်ပြီးသူတွေ ရှိသင့်ရှိထိုက်တဲ့ အရည်အသွေးတွေပါ . . . တိုးတက်ဖွံ့ဖြိုးမှု အစီအစဉ် (Development) တိုင်းပြည်ကြီးပွားချမ်းသာလာမှု အခြေအနေမှာ မြန်မာဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့တောင်
အသေးစိတ် လိုက်ကြည့်လျှင်တော့ တက်ခနိုလိုဂျီ (technology) စိုးမိုးတဲ့ (ဂလိုဘယ်လိုင်ဇေးရှင်း) လောကမှာ တက်ခနိုလိုဂျီကို ပိုင်သူ၊ တတ်သူ၊ အဆင့်မြင့်သူဟာ သာသွားတာပဲ။ နောက်ပိုင်းမှာတော့ သိပ္ပံနဲ့နည်းပညာ အပြန်အလှန် အကျိုးပြုနေတဲ့ အသိပညာနယ်ပယ်ဟာ ကြီးသထက်ကြီး ကျယ်သထက်ကျယ် ဖြစ်လာတယ်။ ပညာတွေက သင်လို့မဆုံးဘူး၊ ဒီပညာတွေကို တတ်အောင်လုပ်နိုင်သူတွေ နည်းလာတယ်။ ဒီမှာ အခုခေတ် လူငယ်လူလတ်ပိုင်းတွေအတွက် တွေးစရာပမာ ပုစ္ဆာတစ်ခု ပေါ်ခဲ့တယ်။ ယခုခေတ်၊ ရှေ့ခေတ်အခါရဲ့ လောကအလယ်မှာ လူကြီး(adult)လုပ်ရမယ့် သက်တမ်းက လူတွေအတွက်တော့(future) အနာဂတ်ပဲ။ အနာဂတ်မှာ ချင့်ချိန်ခွဲခြားစိတ်ဖြာလုပ်ပြ
(Eleven Media မှကူးယူဖော်ပြသည်)
0 comments:
Post a Comment