ငြင်းပယ်ခြင်း မြားတစင်း
သုညကို ကိုးနဲ့စားလို့
အဆက်မပြတ်ထွက်လာမယ့် သုညတွေအတွက်
ထပ်တကြိမ်ပြောပါရစေ
သူဖြူရင် ကိုယ်မဲ
ရက်စ် မဟုတ်ရင် နိုး
အယူအဆမျိုးကို
လုံးဝ ငြင်းပယ်ပြီ ဖြစ်ပါကြောင်း …
မတူရန်သူ ကျင့်ကြံသူတွေကိုလည်း
စာရင်းသွင်း အသိအမှတ် မပြုတော့ပါကြောင်း …
စွပ်စွဲခံရသူတိုင်း
တရားခံ မဟုတ်ကြသလို
တရားလိုတိုင်းလည်း မရိုးသားနိုင်ကြ့ 
အယောင်ဆောင်တာလား၊ မျောနေတာလား
အနေချောင်လို့လား၊ လမ်းကြုံလို့လား
ကမ်းကုန်လို့လား၊ အခွင့်သာလို့လား
သတ်မှတ်ချက်နဲ့ ကိုက်ညီလျှက်
စဉ်းစားသင့် မေးသင့်လျှက်
အမေးခက်ခက်
မမေးဖြစ်တဲ့ မေးခွန်းမျာ့း့ 
မြားပိုင်ရှင်ဆိုသူတို့ရေ
ပစ်မှတ်ကိုထိမယ့်မြား
အသွားရှိရမယ်
အဆိပ်ရှိရမယ်
လားရာသိရမယ့့် 
ထိရုံ ရောက်ရုံအားနဲ့ဆို
မိုင်တထောင်က ပစ်တဲ့မြား
ပန်းနဲ့ပေါက်တယ် ထင်မယ်ပ
ရီတာပေါ့လို့ ဆိုမယ်ပ ။ ။
လူဗိုလ်
0 comments:
Post a Comment