Thursday, October 2, 2014

ခတ်ဟောင်း ၊ ခေတ်သစ် ဖြတ်လေး ဖြတ်


ခေတ်ဟောင်း ဖြတ်လေး ဖြတ်
၁ ။ ရန်သူ အင်အား ဖြည့်တဲ့ လမ်းကြောင်း ဖြတ်
၂ ။ ဆက်သွယ်ရေး ဖြတ်
၃ ။ သတင်း ဖြတ်
၎ ။ အစားအသောက် ရိက္ခာ ဖြတ်

ခေတ်သစ် ဖြတ်လေး ဖြတ်
၁ ။ လက်နက်ကိုင် ၊ ဒီမိုကရေစီ ၊ နိုင်ငံရေး အင်အား အဖွဲ့အစည်းကို ဖြတ်တယ် ။
၂ ။ အင်တာနက် ၊ သတင်း မီဒီယာ ၊ ဖုံး ဆက်သွယ်ရေးကို ဖြတ်တယ် ။
၃ ။ ပြည်ပ နိုင်ငံရဲ့ အကူအညီကို နဝတ ဘက်ကို ရအောင် ယူပြီး ပြည်တွင်း ပြည်ပ ဒီမိုကရေစီ အင်းအားကို ဖြတ်တယ် ။

၎ ။ ပြည်ပ ဒီမိုကရေစီ အဖွဲ့အစည်း အင်းအားစုအား ဝင်ရောက်ခြင်း ( ပညာရေး ၊ ကျန်မာရေး ၊ စားဝတ်နေရေး ၊ လူမှုရေး ( ဆင်းရဲသား ပပျောက်ရေး ) )ကို ဖြတ်တယ် ။ ၁ ။ လက်နက်ကိုင် ၊ ဒီမိုကရေစီ ၊ နိုင်ငံရေး အင်အား အဖွဲ့အစည်းကို ဖြတ်တယ် ။
( က ) လက်နက်ကိုင် အဖွဲ့အစည်း အင်းအားစုကို စစ်ပွဲများ ဖန်တီး ၊ အပစ်အခတ် ရပ်စဲရေး ၊ ဒုက္ခသည်တွေ ဖန်တီးပြီး ဖြတ်တယ် ။
ဤကဲ့သို့ လုပ်ဆောင်ခြင်းကြောင့် နောင်တွင် ဖယ်ဒရယ် ဒီမိုကရေစီ အင်အားစု လက်နက်ကိုင် အဖွဲ့အစည်းများပေါ်၌ အယုံအကြည် ကင်းမဲ့ပြီး နောက်ထပ် ပေါ်ပေါက် နိုင်ရန် အခွင့်အရေး နည်းပါး သွားနိုင်သည် ။ ပျက်စီး ပျောက်ပစ် သွားနိုင်သည် ။
( ခ ) ဒီမိုကရေးစီ အဖွဲ့အစည်း အင်းအားစုကို နေရာ ပေး ၊ ပစ္စည်း ပေးပြီး ဖြတ်တယ် ။
ဒီမိုကရေစီ အဖွဲ့အစည်း အင်အားစု ခေါင်ဆောင်းများကို နေရာ ပေး ၊ ပစ္စည်း ပေး စည်းရုံးခြင်းဖြင့် အာဏာရှင် လက်အောက်သို့ ရောက်ပြီး ဒီမိုကရေစီ အဖွဲ့အစည်း အင်အားစု အချင်းချင်း ပဋိပက္ခ ဖြစ်ကာ ပျက်စီး ပျောက်ကွယ် သွားနိုင်သည် ။
( ဂ ) နိုင်ငံရေး အဖွဲ့အစည်း အင်အားစုကို လုပ်ပိုင် ခွင့် ၊ ငွေ ပေးပြီး ဖြတ်တယ် ။
နိုင်ငံရေး အဖွဲ့အစည်း အင်အားစုကို လုပ်ပိုင် ခွင့် ပေးခြင်း ၊ ရင်းနှီး မြှုပ်နှုံမှု ပေးခြင်းဖြင့် အာဏာရှင် လက်အောက်တွင် လက်ကိုင်တုတ် အဖွဲ့အစည်း ဖြစ်သွား နိုင်သည် ။
၂ ။ အင်တာနက် ၊ သတင်း မီဒီယာ ၊ ဖုံး ဆက်သွယ်ရေးကို ဖြတ်တယ် ။
( က ) အင်တာနက် နှေးခြင်း ၊ ဖြတ်ခြင်းကြောင့် တိုင်းရင်းသား ပြည်သူ များကို အမှန်သတင်း အမှောင် ချခြင် ၊ အမှား သတင်း များကို လိုအပ် သလို အာဏာရှင်များက ဖန်တီး ကြသည် ။
( ခ ) သတင်း မီဒီယာ ဆောင်ရွက်သူ များကို ဖမ်းဆီး ထောင်ချခြင်း ၊ လုပ်ဆောင်မှု များကို ပိတ်ဆို့ ဖြတ်တောက်ခြင်း တို့ကြောင့် တိုင်းရင်းသား ပြည်သူများ အသိတွေ ၊ အမြင်တွေ ၊ အမှန်တွေ ၊ ဗဟုသုတ ပညာများကို ဖြတ်တောက် ပစ်သည် ။
( ဂ ) ဖုံး ဆက်သွယ်ရေးကို ဖြတ်တောက်ခြင်း ၊ ခိုးယူ နားထောင်ခြင်းဖြင့် စီးပွားရေး ၊ နိုင်ငံတကာ ဆက်သွယ်ရေး ၊ ပညာရေး ၊ နိုင်ငံရေး ၊ လူမှုရေးတို့ကို ပျက်စီး ဖြတ်တောက် ပစ်သည် ။
၃ ။ ပြည်ပ နိုင်ငံရဲ့ အကူအညီကို နဝတ ဘက်ကို ရအောင် ယူပြီး ပြည်တွင်း ပြည်ပ ဒီမိုကရေစီ အင်းအားကို ဖြတ်တယ် ။
( က ) ပြည်ပ နိုင်ငံရဲ့ အကူအညီများကို လမ်းဖွင့် ပေးခြင်းဖြင့် တိုင်းရင်းသား ပြည်သူများနှင့် တိုင်းပြည် အတွက် အကျိုး မရှိပဲ ခရိုနီ စစ်အာဏာရှင်များ၏ ပြည်ပ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်ရှင်များသာ အကျိုး ဖြစ်ထွန်း သွားသည် ။
နိုင်ငံတော်၏ ခိုးယူထားသော ငွေကြေးများ အလွယ်တကူ ရောက်ရှိသည် ။ ပြည်တွင်း၌ လယ်ယာမြေ ပဋိပက္ခများ ၊ အိမ် ၊ မြေ နှင့် လယ်သမား ၊ အလုပ်သမား ပြသနာများ ပိုမို ဖြစ်ပွားမည် ။ အလွယ်ဆုံး အိမ်ဖော် တင်သွင်သော လုပ်ငန်းဖြင့် နိုင်ငံခြား ဝင်ငွေ ရှာသည် ။
( ခ ) ပြည်တွင်း ပြည်ပ ဒီမိုကရေစီ အဖွဲ့အစည်း အင်းအားစုများမှာ နိုင်ငံခြား အကူအညီများနှင့် လုပ်ပိုင်ခွင့် ၊ ရပိုင်ခွင့် အားလုံး ဆုံးရှူံး သွားသည် ။ မိမိတို့ တည်ဆောက် ထားသော နိုင်ငံခြား အကူအညီများ အားလုံး စစ်အာဏာရှင် လက်ထဲသို့ အပ်နှံ လိုက်ရသည် ။ စစ်အာဏာရှင်က ပြည်တွင်း ပြည်ပ ဒီမိုကရေစီ အဖွဲ့အစည်း အင်းအားစုများနှင့် စေတနာရှင် ကူညီ သူများကို မြန်မာနိုင်ငံ အတွင်းရှိသော ပြသနာ ပေါင်းစုံ အားလုံးကို အဖိုးအခ ပေးခဲ့သည် ။
လုပ်ပိုင်ခွင့် အတိအကျ မရှိသဖြင့် နာမည်ပျက် ၊ အကျိုးမဲ့အောင် လုပ်သွား ခဲ့သည် ။
၎ ။ ပြည်ပ ဒီမိုကရေစီ အဖွဲ့အစည်း အင်းအားစုအား ဝင်ရောက်ခြင်း ( ပညာရေး ၊ ကျန်မာရေး ၊ စားဝတ်နေရေး ၊ လူမှုရေး ( ဆင်းရဲသား ပပျောက်ရေး ) )ကို ဖြတ်တယ် ။
( က ) ပြည်ပ ဒီမိုကရေစီ အဖွဲ့အစည်း အင်းအားစုများကို ပညာရှင်များ ၊ နားလည် ကျွမ်းကျင်သော လုပ်ငန်းရှင်များအား ပိတ်ဆို့ တားဆီး ၊ လုပ်ပိုင်ခွင့် ဖြတ်တောက်ခြင်းဖြင့် စစ်အာဏာရှင်၏ မှားယွင်းသော လုပ်ရပ် အကျိုး စီးပွားများကို ကာကွယ် ထားသည် ။
တိုင်းရင်းသား ပြည်သူများ အတွက် အကျိုး စီးပွားများ ဆုံးရှုံး ကြရသည် ။
( ခ ) တိုင်းရင်းသား ပြည်သူများ၏ ပညာရေး ၊ ကျန်မာရေး ၊ စားဝတ်နေရေး ၊ လူမှုရေး ( ဆင်းရဲသား ပပျောက်ရေး )များစွာ ဆုံးရှုံး နစ်နာသည် ။
ဤသည် ခေတ်သစ် ဖြတ်လေး ဖြတ်၏ နည်းအသစ်များ ဖြစ်သည် ။
တိုင်းပြည် ပြောင်းလဲပြုပြင်ရေး ၊ ဖယ်ဒရယ် ဒီမိုကရေစီ ထွန်းကားရေး အတွက် ပြည်တွင်း ပြည်ပ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို တိကျသော ပူးပေါင်း ဆောင်ရွက် လုပ်ပိုင်ခွင့် ပေးရမည် ။

BY - Oo Aung ၊ Zawzaw Zaw

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...