Thursday, October 2, 2014

ဇာတ်

အထူးအဆန်းတွေ များလွန်းတော့
ထူးဆန်းတာတွေ ဟုန်သွားကြတော့တယ်။
ဗိုက်ထဲမှာ အစာမရှိလည်း
ဘာဂါစားပြတဲ့ ကုလားဟာသကားတွေနဲ့
ဘဝမှာ ပျော်တတ်လာမိတယ်။

အရူးတစ်ယောက်
လမ်းမပေါ်က ရွှံ့ အိုင်တစ်ခုမှာ
ငါးမျှားနေတာမြင်ရင်တောင်
ရယ်ရင်း ပြုံးရင်း ကြည်နူးမိပ...။

စိတ္တဇသမားတွေ စိတ်ရောဂါကုနေတဲ့ဒေသပါဆိုမှ
ငါတို့ ဘာကို အသည်းကွဲရမှာလဲ။
ညီမလေးရေ...
အဆင်ပြေသလို ပျော်ပါ...
လူ့အဖြစ်ကို အကောင်းမြင်ပါ
ရပ်ကွက်ဘုရားပွဲမှာ
မိုးပျံပူပေါင်းတွေလွှတ်တာတွေ့ရင်
မိုးပေါ်မော့ရင်း လက်ခုပ်တီးပါ။
ဘဝရဲ့ ပျော်ရွှင်မှုဆိုတာ
ဒါပဲတဲ့ ကွယ်တို့။ ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...