သစ်ထူးလွင် သတင်းစုစည်းမှု (၂-၁၀)
သစ်ထူးလွင် |
- ဒုကာချုပ်ညွှန်ကြားချက်ဖြင့် SSPP/SSA အား အစိုးရတပ် စတင်တိုက်ခိုက်
- ယဉ်ကျေးမှုဝန်ကြီး ပြောဆိုမှုအပေါ် မွန်သမိုင်း သုတေသန အသင်း ကန့်ကွက်ရန် စီစဉ်နေ
- POND'S အလှကုန်ပစ္စည်းသစ် မိတ်ဆက်ဟုဆိုကာ လိုက်လံလိမ်လည်ရောင်းချနေ
- ကေအဲန်ယူတပ် KNLA နှင့် အစိုးရစစ်တပ် ပစ်ခတ်မှု ထပ်မံဖြစ်ပွား
- Facebook က ၄င်း၏မူဝါဒ အပြောင်းအလဲအပေါ် ကြေငြာချက်ထုတ် တောင်းပန်
- ကမ္ဘောဇဘဏ် ငွေလွှဲခ ထက်ဝက်လျှော့ချ
- ဟောင်ကောင်ကျောင်းသားများ ဆန္ဒပြရင်းစာလေ့လာ
- သဲတောင်တွင် သဲများတင်နေစဉ် သဲမြေများပြိုကျ၍ သုံးဦး ဒဏ်ရာရရှိ၊ နှစ် ဦးသေဆုံး
- ပြင်သစ်နိုင်ငံသား ကို ခေါင်းဖြတ် ကွပ်မျက်မှုတွင် ပါဝင်ခဲ့သည်ဟု ယူဆရသူများကို အယ်လ်ဂျီးရီးယား ဖော်ထုတ်နိုင်ခဲ့
-
ဆိုင်ကယ်(၂)စီး မျက်နှာချင်းဆိုင်တိုက်မိခဲ့သြ
ဖင့် (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ - လမ်းဖြတ်ကူးစဉ် ယာဉ်တိုက်ခံရသဖြင့် သေဆုံး
- အစိုးရနှင့် ရှမ်းပြည်တပ်မတော်မြောက်ပိုင်း တိုက်ပွဲပြင်းထန်
- ဟောင်ကောင်ဆန္ဒပြသူများ အစိုးရ အင်တာနက်ဖြတ်ပါက စိုးရိမ်စရာမလို
- ၂၀၀၈၊၂၀၁၀ ခုနှစ် လူဦးရေစာရင်းတွေနဲ့ မသက်ဆိုင်ကြောင်း လ၀ကဌာန ရှင်းလင်း
- ယာဉ်သုံးစီးဆက်တိုက် တိုက်မှူဖြစ်ပွား
- သမ္မတ ဦးသိန်းစိန်ကို တကိုယ်တော်ဆန္ဒပြသူ ဖမ်းဆီးခံရ
- ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ရေကြောင်းရဲတပ်ဖွဲ့တွေ တိုးချဲ့ချထားမည်
- ပြည်သူယုံကြည်အားကိုးလာအောင် ဆောင်ရွက်ဖို့ ရဲချုပ် တိုက်တွန်း
- ရန်ကုန်တွင် အလှကုန်နှင့်ဆေးဝါးအတုများ ရောင်းချ
- Homsမြို့ စာသင်ကျောင်းမှာ ဗုံးပေါက်၊ ကျောင်းသား ၄၀ ကျော်သေဆုံး
- ကလေးငယ် ၅ ဦးမှာ အီဘိုလာပိုးရှိမရှိ ကန်က စောင့်ကြည့်နေ
- ဆွဲကြိုးချ သေဆုံး
- (၂၆) နှစ်အကြာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
- မြဝတီမှာ အခြေအနေ ပုံမှန် ပြန်ဖြစ်လာပြီလို့ အာဏာပိုင်တွေပြော
- ဟာ့ဂ်ျဝတ်ပြုသူများကို လက်ခံပြင်ဆင်ရေး ဆော်ဒီတွင် လုံခြုံရေးတိုးမြှင့်
Posted: 02 Oct 2014 03:30 AM PDT
အောက်တိုဘာ
၂ ရက် ၂၀၁၄
တာ့ဖာဆောင် တပ်စခန်းအား တိုက် ခိုက်သိမ်းပိုက်ရန် ဒုတိယ တပ်မတော် ကာကွယ်ရေး
ဦးစီးချုပ် ညွှန်ကြားချက်ဖြင့် ယနေ့(၂ ၊၁၀ ၊၂၀၁၄) နံနက် ၀၅ နာရီ မိနစ် ၄၀
အချိန်က စတင်ပစ်ခတ် တိုက်ခိုက်ကြောင်း သိရသည်။
လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ)
လက်အောက် ခံ နှင့် ခိုလမ်မြို့ အခြေ စိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချု
|
Posted: 02 Oct 2014 03:24 AM PDT
ယဉ်ကျေးမှု
ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအေးမြင့်ကြူ က မွန်ဓမ္မစေတီ ခေါင်းလောင်း
မရှိဟု ပြောဆိုခဲ့သည့် အပေါ် မွန်သမိုင်း သုတေသန အသင်းက ကန့်ကွက်ရန်
စီစဉ်နေသည်ဟု ၄င်းအသင်းမှ အတွင်းရေးမှူး နိုင်ရဲဇော်က လွတ်လပ်သောမွန်
သတင်းအေဂျင်စီ (IMNA) သို့ပြောသည်။
နိုင်ရဲဇော်က “ဝန်ကြီးတစ်ယောက်အနေနဲ့ ဒီလို လက်လွတ်စပယ် မပြောသင့်ဘူး၊
ခေါင်းလောင်း မရှိဘူးလို့ ဆိုလိုချင်သလား၊ ငဇင်းကာ မသယ်သွားဘူးလို့
ပြောချင်သလား၊
|
Posted: 02 Oct 2014 03:17 AM PDT
POND'S
အလှကုန် ပစ္စည်းသစ်မိတ် ဆက် ကိုယ်စားလှယ်ရှာ သည်ဟု ဆိုကာ ဈေးနှုန်း
ကြီးမြင့်စွာဖြင့် ရပ်ကွက်များ အတွင်းရှိ အလှကုန် ပစ္စည်း အရောင်း
ဆိုင်များတွင် လိမ်လည် ရောင်းချ နေကြောင်း ၀ယ်ယူ မိသူများက News Watch
ဂျာနယ်သို့ ပြောသည်။
အဆိုပါ ကုန်ပစ္စည်းများကို တာမွေ၊ သာကေတ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ မ
ရမ်းကုန်းမြို့နယ်များတွင် ငွေကြေး သိန်းဂဏန်းနှင့် ချီ၍ လိမ်လည်
ရောင်းချနေခြင်း ဖြစ်ကြောင်း လိမ်လည်ခံခဲ့ရသည့်
|
Posted: 02 Oct 2014 03:14 AM PDT
အောက်တိုဘာ ၂ရက်၊ ၂၀၁၄ခုနှစ်။
ပဲခူးတိုင်းရှိ ကရင်အမျိုးသား အစည်းအရုံး(ကေအဲန်ယူ) ထိန်းချုပ်နယ်မြေ
တပ်မဟာ(၃)၊ မုန်းမြို့နယ် မောနဲလမ်း၌ ယမန်နေ့နံနက် ၁၁နာရီခွဲတွင်
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း(၈)မှ
တပ်ဖွဲ့ဝင်အချို့နှင့် မြန်မာ အစိုးရစစ်တပ် တို့အကြား ပစ်ခတ်မှု တစ်ရပ်
ထပ်မံ ဖြစ်ပွား ခဲ့သည်ဟု သိရသည်။
မြန်မာအစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ်(စကခ-၁၀)
|
Posted: 02 Oct 2014 02:58 AM PDT
အသုံးပြုသူများ
အနေဖြင့် လူမှုကွန်ရက်ပေါ်တွင် နာမည်အမှန်ဖြင့်သာ အသုံးပြု ရန်
လိုအပ်ကြောင်း မူဝါဒချ မှတ်လိုက်ခြင်းနှင့် ပတ်သက်၍ နားလည်မှု လွဲမှား
သွားခဲ့ခြင်းသာ ဖြစ်ကြောင်း Facebook က ကြေငြာချက် ထုတ် တောင်းပန် လိုက်
သည်။ လွန်ခဲ့သည့်လက မူဝါဒဆိုင်ရာ အပြောင်း အလဲပြုလုပ် ရန် စတင်ခဲ့ သည်။
ယင်းနှင့်ပတ်သက်၍ လိင်တူဆွဲဆောင်မှုရှိသည့် အမျိုးသမီးများ၊ Gay များ၊
ကျား/မ နှစ်မျိုးလုံးကို ဆွဲဆောင်မှုရှိသူများနှင့်
|
Posted: 02 Oct 2014 02:55 AM PDT
ကမ္ဘောဇ
ဘဏ်ဟာ သူ့ရဲ့ ငွေလွှဲခတွေကို အရင်က ကျပ် တစ်သိန်း ငွေ ၁၀၀ ကျပ်နှုန်း
ကောက်ခံ နေရာကနေ အောက်တိုဘာ ၂ ရက်နေ့ကစပြီး ကျပ် ၁ သိန်းကို ငွေကျပ် ၅၀
နှုန်းပဲ ကောက်ခံ တော့မယ်လို့ ထုတ်ပြန် ကြေညာ လိုက်ပါတယ်။ ဒါဟာ ငွေလွှဲခ ကို
ထက်ဝက်တိတိ လျှော့ချ လိုက်တာလည်း ဖြစ်ပါ တယ်။
ဒီအတွက် ကမ္ဘောဇဘဏ် အသုံးပြုသူတွေဟာ အရင်က ငွေ ၁၀ သိန်း လွှဲမယ်ဆိုရင်
ငွေလွှဲခ ကျပ် ၁၀၀၀၊ ဆက်သွယ်ခ ကျပ် ၅၀၀၊ စုစုပေါင်း ကျပ် ၁၅၀၀ ပေးနေရာကနေ
အခု ေ
|
Posted: 02 Oct 2014 02:53 AM PDT
ဟောင်ကောင်
ရှိ ဒီမိုကရေစီ ရရှိရေး ဆန္ဒပြပွဲတွင် ပါဝင်နေကြသည့် ကျောင်းသား
ကျောင်းသူများသည် ဆန္ဒပြပွဲကြောင့် မိမိတို့၏ သင်ခန်းစာများကို အထိအခိုက်
မခံဘဲ ငြိမ်းချမ်းစွာ ဆန္ဒပြနေချိန်တွင် စာလေ့လာနေကြ ကြောင်း သိရသည်။
ဟောင်ကောင်တွင် လွတ်လပ်သော ရွေးကောက်ပွဲကျင်းပပေးရန် စက်တင်ဘာ ၂၂
ရက်နေ့မှစ၍ ကျောင်းသား ကျောင်းသူများဦးဆောင်ကာ ဆန္ဒထုတ်ဖော်နေကြ
ခြင်းဖြစ်သည်။
တရုတ်အစိုးရသည် လက်ရှိအချိန်တွင် တစ်နိုင်ငံ
|
Posted: 02 Oct 2014 02:48 AM PDT
ဒီးမော့ဆို
အောက်တိုဘာ ၂
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် မြို့မအုပ်စု အတွင်းရှိ သဘာဝ သဲတောင်တွင်
အောက်တိုဘာ ၁ ရက် မွန်းလွှဲ ၂ နာရီ ၁၅ မီနစ်အချိန်ခန့်က ယာဉ်ပေါ်သို့
သဲများတင်နေစဉ် ရုတ်တရက် သဲမြေများ ပြိုကျ၍ နှစ်ဦးသေဆုံး သုံးဦး
ဒဏ်ရာရရှိကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁ ရက် မွန်းလွှဲ ၂ နာရီ ၁၅ မီနစ်အချိန်ခန့်က
ဦး-----(၂၄)နှစ်၊ သီဟ (၁၈)နှစ်၊ ဦး----(၃၅)နှစ်၊ ဦး---------(၂၃)နှစ်နှင့်
ဦး--------(၃၅
|
Posted: 02 Oct 2014 02:39 AM PDT
အယ်လ်ဂျီးရီးယားစ်
၊ ၂-၁၀-၂၀၁၄
အယ်လ်ဂျီးရီးယား နိုင်ငံတွင် ပြင်သစ် နိုင်ငံသား ခရီးသွား ဧည့်သည်
တစ်ဦးကို ပြန်ပေးဆွဲ၍ ခေါင်းဖြတ် ကွပ်မျက်မှုတွင် ပါဝင်ခဲ့သည်ဟု ယူဆ
ရသူများကို ၄င်းနိုင်ငံရှိ စုံစမ်း စစ်ဆေးရေးမှူး များက ဖော်ထုတ်
နိုင်ခဲ့ကြောင်း တရားရေး ဝန်ကြီးဌာန က စက်တင်ဘာ ၃ဝ ရက်တွင် ပြောကြား
ခဲ့သည်။
အယ်လ်ဂျီးရီးယားနိုင်ငံအရှေ့ပို
|
Posted: 02 Oct 2014 02:38 AM PDT
ရန်ကုန်၊
အောက်တိုဘာ ၂
၁.၁၀.၂၀၁၄ ရက်နေ့ ၁၉၄၅ အချိန် မင်္ဂလာဒုံမြို့နယ်၊ ရန်ုကုန်- ပြည်ကားလမ်း
တပ်မတော်ဆေး တက္ကသိုလ်(မင်္ဂလာဒုံ)၊ ဂိတ်(၁)အနီးတွင် ထောက်ကြန့်ဘက်မှ
ရန်ကုန်ဘက်သို့ မောင်းနှင်သူ (စုံစမ်းဆဲ)စီးနင်းလာသည့် LUOJIA-110
ဆိုင်ကယ်နှင့် မျက်နှာချင်းဆိုင်မှ မင်္ဂလာဒုံမြို့နယ်နေ ကိုကျော်ဇင်အေး
(၃၂)နှစ် မောင်းနှင် လာသည့် ၁၉ယ/---- KENBO-110 ဆိုင်ကယ်တို့ လမ်းလယ်တွင်
မျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီ
|
Posted: 02 Oct 2014 02:36 AM PDT
ရန်ကုန်၊
အောက်တိုဘာ ၂
၁.၁၀.၂၀၁၄ ရက်နေ့ ၂၀၀၀ အချိန်ခန့်တွင် ပန်းဘဲတန်းမြို့နယ်၊ အလံပြဘုရား
လမ်းအတိုင်း မြောက်မှ တောင်သို့ ယာဉ်မောင်း ကိုနိုင်လင်း (၂၃)နှစ်
မောင်းနှင်လာသော CC ---- ပရိုမီယိုဆလွန်း မီးခိုးရောင်အငှားယာဉ်သည်
မီးရထားဂုံးကျော် တံတား အဆင်း အရောက် အရှေ့မှနောက်သို့ လမ်းဖြတ်ကူးသူ
ဒဂုံမြို့နယ်နေ မအိဖြိုးသင်း၊ (၂၃)နှစ်အား ၀င်တိုက်မိခဲ့ပါသည်။
ယာဉ်တိုက်မှုကြောင့် မအိဖြိုးသင်းတွင် ယာနားထင်နှင့်
|
Posted: 02 Oct 2014 02:34 AM PDT
ရှမ်းပြည်နယ်
ကျေးသီးမြို့နယ် တာဖာဆောင် ဒေသမှာ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း၊
ရှမ်းပြည် တိုးတက်ရေး ပါတီ (SSA/SSPP) လက်အောက်ခံ တပ်တွေနဲ့ အစိုးရ
တပ်တွေ အကြား တိုက်ပွဲတွေ ပြန်ဖြစ်နေ ပါတယ်။
ဒီကနေ့မနက် အစောပိုင်း ၅ နာရီခွဲလောက် ကစတင်ပြီး တိုက်ပွဲတွေ အနည်းဆုံး ၅
ကြိမ်လောက် ဖြစ်ပွားခဲ့တယ်လို့ ရှမ်းပြည်တပ်မတော်မြောက် ပိုင်း ပြောခွင့်ရ
ဗိုလ်မှူးကြီး ခွန်ဆိုင်း က ဒီဗွီဘီကို ပြောပါတယ်။
|
Posted: 02 Oct 2014 02:31 AM PDT
ဟောင်ကောင်
ဆန္ဒပြပွဲမှာ ပါဝင်နေတဲ့ သူတွေက တရုတ် အစိုးရရဲ့ အင်တာနက်၊ ဖုန်းလိုင်းတွေ
ဖြတ်တောက် ရင်လည်း စိုးရိမ်စရာ မလိုဘဲ အချင်းချင်း အပြန်အလှန် မက်ဆေ့ခ်ျ
ပေးပို့နိုင်မှာ ဖြစ်ပါတယ်။
ဖုန်းလိုင်း အင်တာနက်လိုင်းတွေ မရှိရင်လည်း ချိတ်ဆက်ကွန်ရက် ကနေတဆင့်
မက်ဆေ့ခ်ျ ပေးပို့နိုင်မယ့် ဖိုင်းယားချတ်( Fire Chat) ဆော့ဝဲလ်ကို
အသုံးပြုနေလို့ ဖြစ်ပါတယ်။
ဖိုင်းယားချတ်ဟာ အိုင်အိုအက်စ်နဲ့ အက်ဒရိုက် အပလီကေးရှင်းစနစ်
|
Posted: 01 Oct 2014 10:19 PM PDT
၂၀၁၀
ရွေးကောက်ပွဲနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ စာအုပ်မှာပါတဲ့
လူဦးရေကိန်းဂဏန်းတွေဟာ မိမိတို့ ကောက်ခံခဲ့တာ မဟုတ်ဘူးလို့ လူဝင်မှု
ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာနက ဒီကနေ့ ပြောကြား လိုက်ပါတယ်။
ဒီနေ့ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြည်သူ့အင်အား
ဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးမြင့်ကြိုင်က-
"ဒီ ၂၀၁၀ ရွေးကောက်ပွဲတုန်းက မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာရှ
|
Posted: 01 Oct 2014 10:15 PM PDT
လက်ပံတန်း
အောက်တိုဘာ ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ရန်ကုန်-ပြည်လမ်း
ကားလမ်းမိုင်တိုင် အမှတ် (၈၉/၀) နှင့် (၈၉/၁) အကြား သစ်တော်ရုံးရှေ့၊
ကျေးနီ ရွာအနီးတွင် စက်တင်ဘာ (၃၀) ရက်နေ့ နေ့လည် (၁)နာရီ အချိန်ခန့်
ယာဉ်တိုက် မှု ဖြစ်ပွားကြောင်း သတင်းအရ ကျွန်းကလေး ရဲမှူးဒုရဲအုပ်
သန့်ဇော်ထွေး တာဝန် မှူး စိန်မောင်မြင့်နှင့် အဖွဲ့သည် သက်သေ ကွမ်းခြံအုပ်စု
အုပ်ချုပ်ရေးမှူး ဦးတင်မျိုးဆွေ၊
|
Posted: 01 Oct 2014 10:08 PM PDT
အောက်တိုဘာ
၂ ရက်နေ့က ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားရေး အဖွဲ ခေါင်းဆောင်
ဦးထင်ကျော် ကို ကျောက်တံတားမြို့နယ် တရားရုံးမှာ ရုံးထုတ်စဉ်
တကိုယ်တော် ဆန္ဒပြတဲ့ မစိန်ထွေးကို ကျောက်တံတား ရဲစခန်းက ဖမ်းဆီး
ခေါ်ဆောင်သွား ပါတယ်။
သူဟာ သမ္မတဦးသိန်းစိန်ကို နာဇီလို့ ရေးထားတဲ့ပိုစတာကို ကျောက်တံတား
တရားရုံးရှေ့မှာ ကိုင်ဆောင်ကာ တကိုယ်တော်ဆန္ဒပြခဲ့ပြီး စာတွေလည်း
ဝေခဲ့ပါတယ်။
အဲလို
|
Posted: 01 Oct 2014 10:05 PM PDT
ရခိုင်ပြည်နယ်
တည်ငြိမ် အေးချမ်းရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး အတွက် မြန်မာနဲ့
ဘင်္ဂလားဒေ့ရှ် နယ်စပ် တစ်လျှောက်မှာ ရေကြောင်း ရဲတပ်ဖွဲ့တွေ
တိုးချဲ့ဖွဲ့စည်းသွားမှာ ဖြစ်ကြောင်း ရခိုင်ပြည်နယ် တည်ငြိမ်
အေးချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်
|
Posted: 01 Oct 2014 10:03 PM PDT
မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့ အနေနဲ့ အများ ပြည်သူရဲ့ ယုံကြည်အားကိုးမှု ရရှိအောင်
ဆောင်ရွက်ဖို့ လိုအပ် ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက တိုက်တွန်း ပြောကြား လိုက်ပါတယ်။
လူ့အဖွဲ့အစည်း အုပ်စုတွေ အကြား ဘက်မလိုက်ဘဲ ဒီမိုကရေစီ စနစ်နဲ့အညီ
ပြည်သူတွေရဲ့ ယုံကြည်မှု ရအောင် ဆောင်ရွက်ကြဖို့ ပြည်ထောင်စုဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ဒီနေ့ နေပြည်တော် သင်္ဂဟဟိုတယ်မှာ
|
Posted: 01 Oct 2014 09:54 PM PDT
ရန်ကုန်မြို့မှာ
အလှကုန်နဲ့ ဆေးဝါးအတုတွေကို ကုမ္ပဏီဝန်ထမ်း အယောင်ဆောင်ပြီး လိမ်လည်
ရောင်းချတာတွေ ပြုလုပ်နေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ နေသူတွေက ဒီဗွီဘီကို
ပြောပါတယ်။
အခုရက်ပိုင်းအတွင်းမှာ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ တာမွေနဲ့
သာကေတမြို့နယ်တွေမှာ ကားတစီးနဲ့အတူ အရောင်းဝန်ထမ်းတွေဟာ ဆေးဆိုင်နဲ့
စတိုးဆိုင်တွေကို ၀င်ရောက်ပြီး ကုန်ပစ္စည်းသစ် မိတ်ဆက်ဖို့
အကြောင်းပြချက်နဲ့ လာရောက်ရောင်းချတာ ဖြစ်ပါတယ်။
ပြန်လည်
|
Posted: 01 Oct 2014 09:16 PM PDT
ဆီးရီးယားနိုင်ငံ
Homs မြို့မှာ ဗုံးနှစ်လုံး ပေါက်ကွဲခဲ့ရာက ကလေးငယ် အယောက်ပေါင်း
၃၀ ကျော် သေဆုံးခဲ့တယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
စာသင်ကျောင်း တစ်ကျောင်းမှာ ဗုံးပေါက်ကွဲခဲတာကြောင့် ကလေးတွေသေဆုံးမှု
များတာ ဖြစ်တယ်လို့ အေဘီစီ သတင်းထောက် Matthew Carney က
သတင်းပေးပို့ထားပါတယ်။
အသေခံ ဗုံးဖောက် ခွဲရေးသမား တစ်ဦးက ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီလူဟာ
ဗုံးတစ်လုံးကို ကျောင်းရဲ့
|
Posted: 01 Oct 2014 09:14 PM PDT
အမေရိကန်နိုင်ငံမှာ
လိုင်ဘေးရီးယားနိုင်ငံက ပြန်လည်ရောက်ရှိလာပြီး အီဘိုလာ ရောဂါပိုး
ခံစားရသူ လူတစ်ဦးကနေ ရောဂါ ကူးစက်ခံ ရနိုင်တယ်လို့ ယူဆရတဲ့
ကလေးငယ်တချို့ကို ကျန်းမာရေး အာဏာပိုင်တွေက စောင့်ကြည့် စစ်ဆေးမှု
လုပ်နေပါတယ်။
Taxas ပြည်နယ် Dallas မြို့က ကလေးငယ် ၅ ဦးကို ကျောင်းမတက်စေပဲ ၂၁
ရက်ကြာ ကျန်းမာရေး အာ ဏာ ပိုင် တွေ က စောင့် ကြည့် မှာ
ဖြစ်ပါတယ်။
အဲဒီ ကလေးငယ်
|
Posted: 01 Oct 2014 08:45 PM PDT
မင်္ဂလာဒုံ
စက်တင်ဘာလ ၁
ရန်ကုန်တိုင်း ဒေသကြီး ၊ မြောက်ပိုင်း ခရိုင် ၊မင်္ဂလာဒုံမြို့နယ၊် ၂/က
ရပ်ကွက် ပိတောက်လမ်း အမှတ် ( - ) နေအိမ်တွင် အမျိုးသား အသက် (၁၅) နှစ်
န၀မတန်း ကျောင်းသား တစ်ဦး စက်တင်ဘာ ၃၀ ရက်နေ့ ၁၁း၃၀ အချိန်က ဆွဲကြိုးချ
သေဆုံးကြောင်း သတင်း ရရှိပါသည်။
အခင်းဖြစ် နေအိမ်သို့ စခန်းမှူး ဒုရဲမှူး ၀င်းမြင့်၊ နယ်ထိန်း အရာရှိ
ဒုရဲအုပ် ကျော်မင်းစိုး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ရွှေမြင်၊
|
Posted: 01 Oct 2014 08:34 PM PDT
ဒီတပတ်
မြန်မာ့ မျက်မှောက် ရေးရာ ဆွေးနွေးခန်း အစီအစဉ်မှာ ပြည်သူလူထူရဲ့ တခဲနက်
ထောက်ခံ အားပေးမှုနဲ့ ပေါ်ထွက်လာ ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ
အခက်အခဲ မျိုးစုံကိုဖြတ်သန်းရင်း ၂၆ နှစ်တာကာလကို ကျော်လွန်လာ ခဲ့ပါပြီ၊
ဒီမိုကရေစီ ရရှိရေးဆိုတဲ့ အဓိကရည်မှန်းချက်ကို ရောက်ရှိမဲ့ အလားအလာ
ဘယ်လောက်ထိ နီးကပ်လာ စေခဲ့ပြီလဲ၊ ဘယ်လို အားနည်းလျက်တွေ ရှိနေသလဲဆိုတာ NLD
ဗဟိုလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန် ကို
|
Posted: 01 Oct 2014 08:26 PM PDT
မဲဆောက်နဲ့
မြဝတီ နှစ်နိုင်ငံ နယ်စပ်မြို့တွေ အကြားမှာ ခရီးသွား လုပ်ငန်း
တိုးမြှင့်ဖို့ အတွက် အားကစား၊ ယဉ်ကျေးမှု၊ ကျန်းမာ ရေးနဲ့ သဘာဝ ပတ်ဝန်းကျင်
ထိန်းသိမ်းရေး တွေမှာ ပူးပေါင်း ဆောင်ရွက်ရေးနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ
တာ့ခ်နဲ့ မြန်မာနိုင်ငံ မြဝတီ ခရိုင် အုပ်ချုပ်ရေးမှုးတွေ အကြား
အောက်တိုဘာလ ၁ရက်နေ့က မြဝတီမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။
မြဝတီမြို့ အခြေအနေဟာ လုပ်ငန်းတွေ အားလုံး လုပ်ဆောင်ဖို့
|
Posted: 01 Oct 2014 08:23 PM PDT
သန်းနဲ့ချီတဲ့
အစ္စလာမ်ဘာသာဝင် ၀တ်ပြု သူတွေကို မက္ကာမြို့မှာ လက်ခံရေး ပြင်ဆင်တဲ့ အနေနဲ့
ဆော်ဒီ အာရေဗျနိုင်ငံ တလွှား လုံခြုံရေးကို အဆင့်မြင့် တပ်လှန့်
ထားပါတယ်။
မက္ကာနဲ့ ဂျက်ဒါမြို့ကို ဆက်သွယ်ထားတဲ့လမ်းမှာတော့ လုံခြုံရေးအရာရှိတွေက
သင့်တော်တဲ့ ခွင့်ပြုချက်ပါတဲ့သူတွေကိုပဲ ဝင်ခွင့်ပေးဖို့ ကားတွေကို
စစ်ဆေးပါတယ်။
ခွင့်ပြုချက်မပါတဲ့လူတွေကိုတော
|
0 comments:
Post a Comment