သစ်ထူးလွင် သတင်းစုစည်းမှု (၈-၁၀)
သစ်ထူးလွင် |
- ထိုင်းနိုင်ငံလိပ်ကျွန်း လူသတ်မှု ထိုင်းရဲတပ်ဖွဲ့၏ စွဲချက် သက်သေ မလုံလောက်သဖြင့် ထိုင်းဗဟိုတရားရုံးက ပယ်ချ၊ စွပ်စွဲခံ မြန်မာလူငယ် နှစ်ဦးအတွက် မျှောက်လင့်ချက် ရောင်ခြည်သန်းလာ
- ရေနံတင် သင်္ဘာ ပျောက်မှု ဓားပြ လက်ချက် ဖြစ်နိုင်
- Hud hud ဆိုင်ကလုန်း သတိပေးချက် ထုတ်
- မြန်မာကိုယ်စားလှယ်အဖွဲ့ လိပ်ကျွန်းလူသတ်မှု စုံစမ်းရေး အပြီးသတ်
- မြန်မာ အလုပ်သမား အရေး ထိုင်းဝန်ကြီးချုပ်နှင့် ဆွေးနွေး ပေးရန် တောင်းဆို
- ထိုင်းရဟတ်ယာဉ်မှူးအား ရှာတွေ့ ပြီး မြန်မာရဟတ်ယာဉ်မှူးကို ကယ်တင်ရေး ကြိုးစားနေ
- အရှိန်မထိန်း နိုင်သောယာဉ် လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိ တိမ်းမှောက်၍ (၆)ဦးဒဏ်ရာရ
- အရှိန်မထိန်း နိုင်သောယာဉ်မှ ၀င်ရောက်တိုက်မိ၍ လမ်းဖြတ်ကူးသူ သေဆုံး
- တယ်လီနော ဆင်းကတ် ရန်ကုန်တွင် အောက်တိုဘာ ၁၀ ရက် ရောင်းချမည်
- အသက် ၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အဓမ္မပြုကျင့်ခံရ
- လိပ်ကျွန်းလူသတ်မှု အဓိကသက်သေ မောင်မောင်က စွပ်စွဲခံမြန်မာ ၂ဦး သတ်သည်ကို မြင်လည်းမမြင် သိလည်းမသိကြောင်း ပြောကြား
- လိပ်ကျွန်းလူသတ်မှု ထိုင်းအစိုးရသက်သေ ကိုမောင်မောင်ကို မေးမြန်းခွင့်ပြုပြီ
- လိပ်ကျွန်းလူသတ်မှု စုံစမ်းရေး ဗြိတိန်က ကူညီပေးမည်
- ဆီးရီးယားနိုင်ငံ ကိုဘာနီမြို့အနီးရှိ မြို့သုံးမြို့ကို ISIS စစ်သွေးကြွများ သိမ်းပိုက်
- စစ်ကိုင်းတိုင်းဒေသကြီး ၌ ကိုးလတာကာလအတွင်း ယာဉ်တိုက်မှုများကြောင့် သေဆုံးသူ ၂၉၀ ဦးရှိခဲ့
- ထိုင်း လူသတ်မှုစစ်တဲ့ကိစ္စ ရဲချုပ် ကာကွယ်ပြောဆို
- မြန်မာနှစ်ဦးကို နှိပ်စက်တာ မလုပ်ရဘူးလို့ ထိုင်းဆို
- ကော့တောင်ကျွန်းက လူသတ်မှု ဖြစ်ပွားခဲ့ရာ နေရာကို မြန်မာအဖွဲ့ သွားကြည့်
- အီဘိုလာပျံ့နှံ့မှုကို အီးယူ မရှောင်နိုင်တော့ဘူး -WHO
- ဓာတ်ပုံ ခိုးယူပြီး အွန်လိုင်းပေါ်တင်မှု လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုဖြစ်ဟု ဂျနီဖာပြော
- လိင်အင်္ဂါပြောင်းထားသူ အင်ဒိုနီးရှား အမျိုးသမီး အသတ်ခံရမှု ရဲတပ်ဖွဲ့ စုံစမ်း
- လယ်သမားတွေဖက်က တင်ပြချက် သဲကုန်းမြို့နယ် တရားရုံးပယ်ချ
- ဖိနပ်စက်ရုံပိုင် ပစ္စည်းတွေ လေလံတင်ရောင်းချမည်
- နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ အမေရိကန်တောင်းဆို
- ရန်ကုန်အိမ်ခြံမြေ အခွန်တိုးကောက်ဖို့ ပြင်
Posted: 08 Oct 2014 06:48 AM PDT
ထိုင်းရဲတပ်ဖွဲ့၏
အမှုစွဲဆိုရန် တင်ပြချက်ကို ထိုင်းနိုင်ငံ အစိုးရ ဥပဒေ အကြံပေး အဖွဲ့မှ
တရားစွဲတင်ရန် မလုံလောက်ဟူသော အကြောင်း ပြချက်ဖြင့် ပယ်ချ လိုက်ကြောင်း
သတင်း ရရှိသည်။
အမှုကိုပြည့်စုံ တိကျအောင်ပြန်လည် တည်ဆောက် ရမည်ဖြစ်၍ စွပ်စွဲခံရသော မြန်မာ
လူငယ်နှစ်ဦး အတွက် မျှော်လင့်ချက် ရောင်ခြည်ပင် ဖြစ်တော့သည်။
ယင်းအပြင် ယခုအခြေအနေတွင် ထိုင်းရဲတပ်ဖွဲ့က နောက်တကြိမ်အမှုမတည်ဆောက်ခင်တွင်
မြန်မာ အစိုးရအနေနှင့်
|
Posted: 08 Oct 2014 06:43 AM PDT
တောင်တရုတ်
ပင်လယ်ပြင်မှာ ပြီးခဲ့တဲ့ တပတ်က ပျောက်သွားတဲ့ ဗီယက်နမ် ရေနံတင် သင်္ဘာဟာ
ပင်လယ် ဓားပြတွေရဲ့ ဖမ်းဆီးမှုကို ခံရတာ ဖြစ်နိုင်ကြောင်း ဗီယက်နမ်
အရာရှိတွေက ပြောပါတယ်။
သင်္ဘာ ပျောက်ဆုံး နေတာဟာ ရာသီဥတုကြောင့် ဒါမှမဟုတ် စက် ချို့ယွင်းမှုကြောင့်
ဆိုတဲ့ ဖြစ်နိုင်ခြေ တွေကိုလည်း အရာရှိတွေက ပယ်ချပါတယ်။
ဗီယက်နမ် နိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ Sunrise 689 ဆိုတဲ့ သင်္ဘာဟာ
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဓာတ်ဆီ တန်ချိန် ၅
|
Posted: 08 Oct 2014 06:39 AM PDT
မြန်မာနိုင်ငံ
တောင်ဘက် ကပ္ပလီ ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ပိုမို
အားကောင်း လာပြီး ဆိုင်ကလုန်း မုန်တိုင်း အဖြစ် ဒီကနေ့ ဗုဒ္ဓဟူးနေ့
ညနေပိုင်းက ပြောင်းလဲ သွားခဲ့ပါတယ်။
ဟွဒ်ဟွဒ် Hud hud လို့ နာမည် ပေးထားတဲ့ အဲဒီ ဆိုင်ကလုန်း မုန်တိုင်းဟာ
မြန်မာနိုင်ငံ ကိုကိုးကျွန်းရဲ့ အနောက် တောင်ဘက်ကို ဗဟိုပြုနေရာက ပိုမို
အားကောင်းလာပြီး အိန္ဒိယ နိုင်ငံ ဘက်ကို ရွေ့လျား သွားလိမ့်မယ်လို့
မြန်မာနိုင်ငံ
|
Posted: 08 Oct 2014 06:32 AM PDT
ထိုင်းတောင်ပိုင်း
လိပ်ကျွန်း (ခိုတောင်ကျွန်း) က ဗြိတိန်လူမျိုး ၂ ဦး အသတ်ခံရမှုမှာ မြန်မာ
ကိုယ်စားလှယ် အဖွဲ့ဟာ စွပ်စွဲခံရသူနဲ့ အစိုးရ သက်သေကိုပါ မေးမြန်း
စစ်ဆေးခွင့် ရခဲ့ပြီး သူတို့ရဲ့ ခရီးစဉ်ကို အဆုံးသတ် လိုက်ကြပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဒုတိယအတွင်းဝန် ဦးထွန်းအေး ဦးဆောင်တဲ့
အဖွဲ့ဟာ တမြန်နေ့က တွေ့ဖို့ တောင်းဆိုပေမယ့် မရခဲ့တဲ့ အစိုးရသက်သေ
ကိုမောင်မောင်ခေါ် ကိုသန်းဆွေကိုေ
|
Posted: 08 Oct 2014 06:33 AM PDT
မြန်မာ
အစိုးရ အနေနဲ့ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံတဲ့အခါ ထိုင်းရောက် မြန်မာ
အလုပ်သမားတွေ အရေးကို ထည့်သွင်း ဆွေးနွေးဖို့ ထိုင်းရောက် မြန်မာ
အလုပ်သမား တွေက တောင်းဆို လိုက်ပါတယ်။
အောက်တိုဘာ ၉ ရက်ကနေ ၁၃ ရက်နေ့ထိ ထိုင်းဝန်ကြီးချုပ်
ဗိုလ်ချုပ်ကြီးဟောင်း ပရာယုဒ် ချန်အိုချာ မြန်မာနိုင်ငံကို
သွားရောက်ဖို့ရှိနေတာပါ။
နှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးကြတဲ့အခါ ထိုင်းရောက်
ရွှေ့ပြောင်းအ
|
Posted: 08 Oct 2014 05:19 AM PDT
“ထိုင်းရဟတ်ယာဉ်မှူးအား
ကယ်ဆယ်ပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးနေ”
ထူးဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေး အဖွဲ့သည် ဒဏ်ရာ ရရှိထားသော
ထိုင်းရဟတ်ယာဉ်မှူး Chatchawal အား ယနေ့ အောက်တိုဘာ(၈)ရက်၊ ညနေ ၅
နာရီခန့်တွင် ကယ်ဆယ်ရေး ရဟတ်ယာဉ် B3 ဖြင့် လန်ဆာထုရွာမှ ပူတာအိုသို့
အောင်မြင်စွာ ခေါ်ဆောင်နိုင်ခဲ့ပါသည်။
အဆိုပါ ထိုင်းရဟတ်ယာဉ်မှူး Chatchawal အား ယခုရောက်ရှိသော ပူတာအိုမြို့တွင်
ဒေါက်တာ အိုလီဗာနှင့်ေ
|
Posted: 08 Oct 2014 04:12 AM PDT
နေပြည်တော်၊
အောက်တိုဘာ ၈
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ ည ၈ နာရီအချိန် မန္တလေးတိုင်း ဒေသကြီး၊
ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်း၊
မိုင်တိုင်အမှတ်(၂၇၅/၇)နှင့်(
|
Posted: 08 Oct 2014 04:08 AM PDT
နေပြည်တော်၊
အောက်တိုဘာ ၈
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့ နေ့လယ် ၁၂ နာရီ ၅၀ မိနစ်အချိန်
ပဲခူးတိုင်း ဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်- မန္တလေး အမြန်လမ်း၊
မိုင်တိုင်အမှတ်(၁၃၈/၄-၅)ကြားတွ
|
Posted: 08 Oct 2014 04:04 AM PDT
နော်ဝေပိုင်
တယ်လီနော ကုမ္ပဏီက ဆင်းကတ်တွေကို စီးပွားရေး မြို့တော် ရန်ကုန်မှာ လာမယ့်
အောက်တိုဘာ ၁၀ ရက်နေ့မှာ စတင်ရောင်းချ ပေးတော့မှာ ဖြစ်ပါတယ်။
၁ မိနစ် ဖုန်းခေါ်ဆိုခ နှုန်းထားတွေက ဘယ်ဖုန်းကိုပဲခေါ်ခေါ် ၂၅ကျပ် ကုန်ကျမှာ
ဖြစ်ပြီး SMS တစောင်ကို ၁၅ ကျပ် ကျမယ်လို့ စက်တင်ဘာ ၂၅ ရက်နေ့မှာ
တယ်လီနော(မြန်မာ)က တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။
အင်တာနက်သုံးစွဲမှုက ၁ ပတ်စာ ကျပ် ၅ဝဝ ကနေ စတင်ကောက်ခံမှာ ဖြစ်ပြီး 300 Kbps
|
Posted: 08 Oct 2014 03:37 AM PDT
ရခိုင်ပြည်နယ်
သံတွဲမြို့နယ် ဇီးကုန်းကျေးရွာအုပ်စု ဇီးကုန်းကျေးရွာတွင် အသက် ၉ နှစ်
အရွယ် တတိယတန်း ကျောင်းသူ ကလေးငယ် တစ်ဦးအား အသက် ၆၁ နှစ်အရွယ် လူကြီး
တစ်ဦးက သားမယား ပြုကျင့်ခဲ့သည်ဟု သတင်း ရရှိသည်။
သံတွဲမြို့နယ် မြို့မ ရဲစခန်းမြောက်ဘက် ၄ မိုင်ခန့်အကွာတွင် တည်ရှိသော
ဇီးကုန်းကျေးရွာနေ ဒေါ် (+++) ၏ သမီးဖြစ်သူ အသက် ၉ နှစ်အရွယ်
တတိယတန်းကျောင်းသူ (+++) ကို တရွာတည်းနေ ဖြူကြီးခေါ် (ငဖြူကြီး) အသက် ၆၁
နှစ်
|
Posted: 08 Oct 2014 03:34 AM PDT
လိပ်ကျွန်း
လူသတ်မှု အဓိကမျက်မြင်ဟု ထိုင်းအစိုးရက သက်သေအဖြစ် ရွေးထားသော မောင်မောင်က
အဆိုပါ လူသတ်မှုကို မိမိအနေဖြင့် မြင်လည်းမမြင်၊ သိလည်း မသိကြောင်း
ပြောကြားသည်ဟု ထိုင်းနိုင်ငံ ရောက် မြန်မာနိုင်ငံ သားများ အသင်း တာဝန်ရှိသူ
ဦးကျော်သောင်းက News Watch ကို ပြောသည်။
ယနေ့ အောက်တိုဘာ ၈ ရက်နေ့ ထိုင်းစံတော်ချိန် နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်မှ
၁၂ နာရီ ၁၀ မိနစ်ခန့်ထိ မောင်မောင်နှင့်တွေ့ဆုံရခဲ့ခြင်
|
Posted: 08 Oct 2014 03:04 AM PDT
ထိုင်းတောင်ပိုင်း
လိပ်ကျွန်း (ခိုတောင်ကျွန်း) က ဗြိတိန်လူမျိုး ၂ ဦး အသတ်ခံရမှုမှာ
ထိုင်းအစိုးရ သက်သေအဖြစ် ထိန်းသိမ်းထားတဲ့ အသက် ၂၁ နှစ်အရွယ် ကိုမောင်မောင်
(ခေါ်) ကိုသန်းဆွေကို ထိုင်းရဲက မြန်မာသံရုံး တာဝန်ရှိသူတွေနဲ့ ဒီကနေ့မနက်
ကော့စမွီမြို့နယ်မှာ တွေ့ဆုံခွင့် ပြုပါတယ်။
ဒီတွေ့ဆုံပွဲဟာ ဒီအမှုနဲ့ ပတ်သက်လို့ ဘာသာပြန်လည်းလုပ်ပြီး ရိုက်နှက်ရာမှာ
ပါတယ်လို့ စွပ်စွဲခံရသူတဦးဖြစ်တဲ့ ကိုသားကြီးခေါ်
|
Posted: 08 Oct 2014 03:00 AM PDT
ထိုင်းနိုင်ငံတောင်ပိုင်း
လိပ်ကျွန်းလူသတ်မှု စုံစမ်းစစ်ဆေးရာမှာ ထိုင်းရဲတပ်ဖွဲ့ကို နည်းပညာ အကူအညီ
ပေးဖို့ ထိုင်းနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးမှာ ဗြိတိန်သံ အမတ်က ကမ်းလှမ်း
ခဲ့တယ်လို့ အင်္ဂလိပ်ဘာသာနဲ့ ရေးသားတဲ့ ထိုင်းသတင်းဌာန ကော့ဆောင် သတင်းက
ထုတ်ပြန်ပါတယ်။
ထိုင်းရဲတပ်ဖွဲ အကြီးအကဲနဲ့ ဗြိတိန် သံအမတ်တို့ အောက်တိုဘာ ၂ ရက်နေ့
တွေ့ဆုံရာမှာ ပစ္စည်းကိရိယာ ကျွမ်းကျင်သူနဲ့ တခြား အကူအညီ တွေပေးဖို့
|
Posted: 07 Oct 2014 08:19 PM PDT
ဒမတ်စကတ် ၊ ၈-၁၀-၂၀၁၄
ISIS အစ္စလာမ္မစ် စစ်သွေးကြွ များသည် ဆီးရီးယား မြောက်ပိုင်းရှိ အဓိက ကျသည့်
ကာ့ဒ်မြို့ကြီး တစ်မြို့ ဖြစ်သော ကိုဘာနီမြို့ အနီးရှိ မြို့သုံးမြို့ကို
သိမ်းပိုက် လိုက်ပြီ ဖြစ်ကြောင်း ဆီးရီးယား လူ့အခွင့်အရေး လေ့လာ
စောင့်ကြည့်ရေး အဖွဲ့ကြီးက အောက်တိုဘာ ၆ ရက်တွင် ပြောကြား လိုက်သည်။
အဆိုပါ ISIS အစ္စလာမ္မစ် စစ်သွေးကြွ များသည် ကိုဘာနီမြို့ အရှေ့ပိုင်းရှိ
ကာ့ဒ် ပြည်သူ့ ကာကွယ်ရေး
|
Posted: 07 Oct 2014 08:12 PM PDT
မုံရွာ ၊ ၈-၁၀-၂၀၁၄
စစ်ကိုင်းတိုင်း ဒေသကြီး ၌ ယခုနှစ် ဇန်န၀ါရီလ ၁ ရက်မှ စက်တင်ဘာလ ၃၀ ရက်အထိ
ကိုးလာတာ ကာလအတွင်း ယာဉ်တိုက်မှု များကြောင့် သေဆုံးသူ ၂၉၀ ဦး
ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးသာအေး ၏
ပြောကြားချက် အရ သိရသည်။
စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း၌ ခရိုင်မြို့ ၉ မြို့ ၊ မြို့နယ် ၃၇ ခု ၊
မြို့နယ်ခွဲ ၈ ခုရှိပြီး ကျေးရွာပေါင်း ၆၁၀၅ ရွာနှင့် ရပ်ကွက်ပေါင်း ၁၉၄၆
ရပ်ကွက် ရှိသည်။
|
Posted: 07 Oct 2014 07:49 PM PDT
ထိုင်းနိုင်ငံ ကော့တောင်းကျွန်းမှာ ဗြိတိသျှ ခရီးသွားနှစ်ယောက်ကို
သတ်ဖြတ်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ယောက်အပေါ်
ထိုင်းရဲတပ်ဖွဲ့အနေနဲ့ ခြိမ်းခြောက်အကြပ်ကိုင် အနိုင်အထက်ပြုပြီး အဓမ္မ
ဝန်ခံခိုင်း ခဲ့တာမျိုး မရှိခဲ့ကြောင်း ထိုင်းရဲချုပ်က မနေ့က ခုခံကာကွယ်
ပြောဆို ခဲ့ပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး ထိုင်းရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမေးမြန်းပုံတွေဟာ
တရားနည်းလမ်းမကျကြောင်း စွပ်စွဲပြောဆိုမှုတွေ
|
Posted: 07 Oct 2014 07:45 PM PDT
ဗြိတိန်နိုင်ငံသား နှစ်ဦးကို သတ်ပစ်ကြောင်း ဖျောက်ချက်ပေးဖို့
မြန်မာနိုင်ငံသား နှစ်ဦးကို ထိုင်းရဲက နှိပ်စက်ပြီး အတင်းဝန်ခံမှု
ပြုခိုင်းတယ်ဆိုတဲ့ ပြောဆိုမှုကို ထိုင်းရဲချုပ်က အကြောက်အကန်
ငြင်းဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံ ရဲချုပ်ကနေ ကြာရှည်တဲ့ သတင်းစာ ရှင်းလင်းပွဲ တစ်ခု
ပြုလုပ်ခဲ့ပြီး မြန်မာ ရွှေ့ပြောင်း အလုပ်သမား နှစ်ဦးရဲ့ DNA အပြင်
တခြား သက်သေ အထောက် အထားတွေ
|
Posted: 07 Oct 2014 07:46 PM PDT
ဗြိတိသျှ
လူမျိုး နှစ်ဦးကို မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေ သတ်ခဲ့တယ်လို့
ထိုင်းရဲက စွပ်စွဲနေတဲ့ ထိုင်းနိုင်ငံ ကော့တောင်ကျွန်းက အခင်းဖြစ်ပွားခဲ့ရာ
နေရာကို ရွှေ့ပြောင်း အလုပ်သမားများ ကူညီစောင့်ရှောက်ရေး အဖွဲ့နဲ့အတူ
မြန်မာသံရုံး ဝန်ထမ်းတွေ အင်္ဂါနေ့က သွားရောက်ခဲ့ပြီး ဓါတ်ပုံရိုက်၊
အချက်အလက် စုဆောင်းတာတွေ လုပ်ခဲ့ကြပါတယ်။
အခင်း ဖြစ်ပြီးတဲ့နောက်ပိုင်း ကော့တောင်ကျွန်းမှာ ရှိနေတဲ့
မြန်မာနိုင်ငံသားတွေ
|
Posted: 07 Oct 2014 07:42 PM PDT
ဥရောပတိုက်မှာ အီဘိုလာပိုး မပျံ့နှံ့အောင် လုပ်ဆောင်ဖို့
မလွယ်တော့ဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။
အာဖရိကကို မသွားပဲ စပိန် သူနာပြု တစ်ဦး ရောဂါ ကူးစက် ခံရသလို
တခြား လူလေးဦး ကိုလည်း ဆေးရုံ တင်ထားရပြီးနောက် ကမ္ဘာ့ကျန်းမာရေး
အဖွဲ့က ပြောလိုက် တာပါ။
စောင့်ကြည့် ခံရသူတွေထဲမှာ ရောဂါပိုးရှိနေတဲ့ သူနာပြုမ အပြင် သူမရဲ့
ခင်ပွန်းသည်လည်း ပါဝင်ပါတယ်။
ဒါပေမဲ့
|
Posted: 07 Oct 2014 07:39 PM PDT
သူရဲ့ကိုယ်ရေးကိုယ်တာ ဓာတ်ပုံတွေကို ဖောက်ထွင်းခိုးယူပြီး အွန်လိုင်းပေါ်
အမှုဟာ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှု မြောက်တယ်လို့ အော်စကာ ဆုရှင် ဂျနီဖာ
လော့ရင့်က ပြောပါတယ်။
တခြား ရုပ်ရှင်မင်းသမီးတွေ၊ မော်ဒယ်တွေ၊ ထင်ပေါ်ကျော်ကြားသူတွေလိုပဲ
ကိုယ်ရေးကိုယ်တာ ဓာတ်ပုံတွေ ဖော်ထွင်း ခိုးယူတာ ခံရပြီးနောက်မှာ
ပထမဆုံးအနေနဲ့ ဟမ်းဂါးဂိမ်း ဇာတ်လမ်းတွဲနဲ့ နာမည်ကျော်လာတဲ့ မင်းသမီးက
ပြောဆိုလိုက်တာပါ၊
ဒိကိစ္စအတွက်
|
Posted: 07 Oct 2014 07:37 PM PDT
သြစတြေးလျနိုင်ငံ ဘရစ်ဗိန်းမြို့မှာ အင်ဒိုနီးရှား အမျိုးသမီးတဦး
သေဆုံးမှုကို ရဲတွေက ဆက်လက်စုံစမ်း နေပါတယ်။
လိင်အင်္ဂါ ပြောင်းလဲ ထားသူ အသက် ၂၄ နှစ်အရွယ် မာယံပရာစီယိုရဲ့ အလောင်းကို
စနေနေ့ညပိုင်းမှာ အာဏာပိုင်တွေက တွေ့ရှိခဲ့ရတယ်လို့ မီဒီယာတွေမှာ
ဖော်ပြပါတယ်။
သူနဲ့ သူ့ရည်စား ကမာကက် ဗော့ကီတို့ အတူနေတဲ့ တိုက်ခန်းကို ရဲတွေ
ရောက်သွားချိန်မှာ ဗော့ကီက အနောက်တံခါးပေါက်ကနေ ထွက်ပြေးသွားတယ်လို့
အရာရှိတွေက
|
Posted: 07 Oct 2014 08:20 PM PDT
ပဲခူးတိုင်း
သဲကုန်းမြို့နယ်မှာ သိမ်းဆည်းခံထားရတဲ့ လယ်ယာမြေတွေထဲ
ဝင်ရောက်ထွန်ယက်မှုနဲ့ တရားစွဲခံထားရတဲ့ လယ်သမား ငါးဦးအမှုအတွက်
ပြည်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်နဲ့ သဲကုန်းမြို့နယ်
လွှတ်တော်ကိုယ်စားလှယ် ဦးစိုးအောင်တို့ကို သက်သေအဖြစ် စစ်ဆေးပေးဖို့
လယ်သမားတွေဖက်က တင်ပြတာကို သဲကုန်းမြို့နယ် တရားရုံးက ဒီနေ့ ပယ်ချခဲ့ပါတယ်။
အဲဒီလို ပယ်ချက်လိုက်တဲ့အတွက် ပြည်ခရိုင်တရားရုံးမှာ
|
Posted: 07 Oct 2014 08:19 PM PDT
အလုပ်သမားတွေကို နစ်နာကြေးမပေးပဲ စက်ရုံ ပိတ်လိုက်တဲ့ ရန်ကုန်တိုင်း
ဒေသကြီး လှိုင်သာယာ စက်မှုဇုန် (၃) က Master Sports ဖိနပ်စက်ရုံပိုင်
ပစ္စည်းတွေကို လေလံဆွဲဖို့ ဒီကနေ့အထိ ကြိုတင်ငွေ ကျပ်သိန်း ၁၀၀ စီ
ပေးသွင်းထားတဲ့ လုပ်ငန်းရှင်အယောက် ၅၀ ရှိတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့အတွင်းမှာရှိတဲ့ ဖိနပ်စက်ရုံ ပိုင်ရှင်တွေ အပြင်
တခြားလုပ်ငန်းရှင်တွေက မာစတာစပေါ့ ဖိနပ်စက်ရုံမှာရှိတဲ့ စက်ပစ္စည်းတွေကို
လာရောက်ေ
|
Posted: 07 Oct 2014 07:33 PM PDT
မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက်မရှိ အမြန်ဆုံး
လွှတ်ပေးဖို့ အမေရိကန်အစိုးရ အပါအ၀င် နိုင်ငံတကာ လူ့အခွင့်အရေး
လှုပ်ရှားနေတဲ့ အဖွဲ့တွေက မနေ့က တောင်းဆို လိုက်ပါတယ်။
အင်္ဂါနေ့က သမ္မတအမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တဲ့ အကျဉ်းသား ၃၀၀၀
ကျော်မှာ လက်ရှိစာရင်းတွေအရ ကုလသမဂ္ဂက လွှတ်ပေးဖို့ တောင်းဆိုထားတဲ့
နိုင်ငံရေးအကျဉ်းသား စာရင်းတွေထဲက တဦး အပါအ၀င် အမှုတွဲ ၂ ဦး၊ AAPP က
|
Posted: 07 Oct 2014 07:27 PM PDT
ရန်ကုန်တိုင်းဒေသကြီး
အတွင်း မြို့နယ် အလိုက် တစ်စတုရန်းပေ အကျယ်အဝန်း မြေကွက် ဈေးနှုန်းတွေရဲ့
တန်ဖိုး ကို အရင်ထက် တိုးပြီး သတ်မှတ်ဖို့ ရန်ကုန်တိုင်း အခွန်ဦးစီးဌာန
အိမ်ခြံမြေ ကာလတန်ဖိုး စိစစ်ရေး အဖွဲ့က ပြင်ဆင်နေပါတယ်။
ပြည်တွင်း အခွန်ဦးစီးဌာန အိမ်ခြံမြေ ကာလတန်ဖိုးစိစစ်ရေးအဖွဲ့က နေ
ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အလိုက် တစ်စတုရန်းပေ အကျယ်အဝန်း
မြေကွက်ဈေးနှုန်း တွေကို အရင်ကထက် ထက်ဝက်လောက်
|
0 comments:
Post a Comment