Tuesday, September 2, 2014

Three Refuges, & 2 Suttras

သရဏဂုံ (၃)ပါး (သို့မဟုတ်) ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ် ယုံကြည်တဲ့ ကိစ္စကို ဘယ်လိုပြောရင် ရမလဲ။ လူတွေရဲ. စိတ်ထဲမှာ အကြွင်းမဲ့ ယုံကြည်ခြင်း ဒါမှမဟုတ်ရင် ယုံကြည်တယ် ဆိုရုံလေး စသည်ဖြင့် ပြောရရင်ခက်ခဲ ပါလိမ့်မယ်။ ကိုယ်တိုင်လုပ်မှ ကိုယ်တိုင်ဖြစ်မယ် ကိုယ်တိုင် ခံစားရမယ် ဆိုတဲ့ “ကံ ကံဧ။် အကျိုး” ဆိုတာ ဗုဒ္ဒလည်း သင်ကြားခဲ့တယ်။ လူအတော်များများလည်း ယုံကြည်ကြတယ်။

ယုံကြည်မှု. အကြောင်းကို ကာလာမသုတ္တန်မှာ ဗုဒ္ဒသင်ကြားဆုံးမ ထားခဲ့တာက ဒီလိုပါ။ အနှစ်ချုပ် အချက် (၁၀) ချက်ရှိတယ်။

(၁) တစ်ဆင့်စကားပြောလာသောစကားကို မယုံနဲ့အုံး။
(၂) ကောလဟာလ စကားကိုလည်း မယုံနဲ့အုံး။

(၃) စာအုပ်ထဲက ပြောတဲ့အတိုင်းလည်း မယုံနဲ့အုံး။
(၄) အစဉ်အလာ ဘိုးဘွားစဉ်ဆက်စကားကိုလည်း မယုံနဲ့အုံး။
(၅) ဟိုနည်း၊ ဒီနည်း ကူးချပြီးလည်း မယုံနဲ့အုံး။
(၆) အတွေးကောင်းတိုင်း မှန်တယ်ဆိုပြီးလည်း မယုံနဲ့အုံး။
(၇) ယုတ္တိများနဲ့ ဆင်ခြေပေးတိုင်းလည်း မယုံနဲ့အုံး။
(၈) ငါ့အယူဝါဒ မှန်တယ်ဆိုပြီးလည်း မယုံနဲ့အုံး။
(၉) လေးစားကြည်ညိုထိုက်သောသူ ပြောတိုင်းလည်း မယုံနဲ့အုံး။
(၁၀) ငါ့ဆရာပြောတိုင်းလည်း အားလုံးမှန်ပြီလို့ မယုံနဲ့အုံး။
မည်သည့် အယူဝါဒဖြစ်စေ ကိုယ်တိုင်သာလျှင် သိအောင်လုပ်ကြ၊ ကိုယ်တိုင် လက်တွေ့ လုပ်ကြည့်လျှင် မှားမှန်ဆိုးကောင်း သိမြင်ပြီးမှ လက်ခံယုံကြည် ကျင့်သုံးရန် ဖြစ်ပေသည်။

ကာလာမသုတ္တန်ကို ကိုင်ထားပြီး သရဏဂုံ (၃)ပါး သို့မဟုတ် ရတနာသုံးပါး ကိုးကွယ်ဆည်းကပ် ယုံကြည်မှု. အကြောင်းကို ပြောရရင် ယုံကြည်တယ် ဆိုရုံလောက်နဲ့တင် မလုံလောက်ပါဘူး။ သရဏဂုံ (၃)ပါးကို ကိုယ်တိုင် သိနေမှ နားလည်သဘောပေါက် နေမှဖြစ်မှာပါ။ ဒါကြောင့် သရဏဂုံ(၃)ပါး ထဲကနေ လေ့လာနားလည်နိုင်တဲ့ အဓိက အချက်ကို ချဉ်းကပ်လေ့လာ ရမှာပါ။ အဓိကအားဖြင့်  ဗုဒ္ဒဆိုဆုံးမခဲ့တဲ့ သင်ကြားပြသခဲ့တဲ့ ဓမ္မတွေကို လေ့လာရမှာ ဖြစ်ပါတယ်။ ဗုဒ္ဒဆုံးမခဲ့တာတွေကို အမှားအမှန် အကြောင်းအကျိုး အကောင်းအဆိုး သိအောင် လေ့လာသုံးသပ် ကြည့်ရမှာပါ။ သို့သော်လည်း ဗုဒ္ဒက လူတွေအတွက် လမ်းကြောင်းတွေ ချမှတ်ပေး ခဲ့ပါတယ်။ လှူတန်းခြင်း(ဒါန)၊ သီလ (ကိုယ်ကျင့်တရားနဲ့ သက်ဆိုင်ရာ သတ်မှတ်ချက် .. ငါးပါး၊ ၈ပါး၊ ၁၀ပါး၊ သံဃာတွေအတွက် ဆိုရင် ၂၂၇ သွယ်သော သိက္ခာပုဒ်)၊ ဘာဝနာ (ကျင့်ကြံ ကြိုးစား အားထုတ်ခြင်း) စတာတွေကို ဗုဒ္ဒဘာသာဝင်တွေ နားလည် ထားကြပါတယ်။

အလှူအတန်း ဒါနတွေ ပြု.လုပ်မယ်။ မည်သည့်ဘာသာ မည်သည့်လူမျိုး မည်သည့် တိုင်းပြည်က လူတွေမဆို အလှူအတန်းတွေ ပြု.လုပ်ကြပါတယ်။ ဒါန အပိုင်းနဲ့ ပတ်သတ်ရင် ဗုဒ္ဒဘာသာဝင် ဖြစ်ဖြစ် အခြားဘာသာဝင်ဖြစ်ဖြစ် တက်တက်ကြွကြွ လုပ်ဆောင်တတ်ကြပါတယ်။ သီလ (ကျင့်ဝတ်) အပိုင်းမှာ ဆိုရင်လည်း ဘာသာတိုင်းမှာ သတ်မှတ်ထားတဲ့ စံသတ်မှတ် ချက်တွေရှိပါတယ်။ အခြားဘာသာတွေနဲ့ ကွဲပြားခြားနားမှု.ကျတော့ ဘာဝနာ (ကျင့်ကြံ အားထုတ်ခြင်း)မှာ မတူပါဘူး။ ဘာဝနာ အပိုင်းမှာတော့ ခက်ခဲမှု.တွေ အများကြီး ရှိနေတယ်ဆိုတာ လက်တွေ့ လူတွေရဲ. အပြောအဆို စိတ်ခံစားမှု.တွေကို ကြည့်ရင် သိနိုင်ပါလိမ့်မယ်။ ခန့်မှန်းအကဲဖြတ်ချက် အရတော့ ဗုဒ္ဒဘာသာဝင်လို့ ဆိုထားတဲ့ လူတွေ ၁၀၀၀ (တစ်ထောင်)မှာ တစ်ဦးလောက်တောင် အားထုတ် လေ့လာတာကို သိပ်မတွေ့ပါဘူး။

သရဏဂုံနဲ့ ပတ်သတ်ပြီး လေ့လာမယ်ဆိုရင် ဗုဒ္ဒဆုံးမခဲ့တဲ့ စာတွေကို ပထမဆုံးလေ့လာမယ်။ စိတ်နဲ့ ကြံစည်တွေးတောပြီး ကိုယ့်အတွက် အကျိုးရှိနိုင်မလား အကျိုးမဲ့နိုင်မလား ဆိုတာ ဆင်ခြင်ဆုံးဖြတ် ကြည့်မယ်။ ဒီလိုနည်းနဲ့ ပထမဆုံး ချဉ်းကပ် လေ့လာနိုင်မှ အဆင်ပြေနိုင်မယ် ထင်ပါတယ်။ လောကမှာ ရှိတယ် လူတွေအတော်များများ သေပြီးတဲ့ နောက်ဘ၀ တမလွန်ဘ၀ကို စိတ်ဝင်စား တတ်ကြပါတယ်။ သေပြီးရင် ဘာဆက်ဖြစ်မလဲ ဆိုတာတွေ ဆုံးဖြတ် စိတ်ကူးလို့မရတဲ့ အကြောင်း အရာတွေပါ။

ဗုဒ္ဒက သေပြီးတဲ့အခါ နောက်ဘ၀တွေ၊ မသေခင်/ အသက်ရှင်နေစဉ် (ရှေးဘ၀) အကြောင်းတွေကိုနဲ့ ပတ်သတ်ပြီး လုံးဝမဆုံးမ ခဲ့ပါဘူး။ ဗုဒ္ဓ္ဒရဲ. တရားတော်တွေထဲမှာ စူဠမာလုတျသုတ် ဆိုတာရှိပါတယ်။ မာလုတျပုတ္တ ဆိုတဲ့ ရဟန်းတော်တစ်ပါးက ဗုဒ္ဓ္ဒကိုမေးခွန်း ဆယ်ခု မေးလျှောက်တယ်။ အကယ်လို့ ဗုဒ္ဓက အဲ့ဒီမေးခွန်း ၁၀ ခုကို မဖြေခဲ့ရင် သာသနာတော်ကနေ လူထွက်တော့မယ် လို့ကြံစည်ပြီး မေးမြန်းတာပါ။ မေးခွန်းတွေကတော့
၁. လောကဆိုတာ တည်မြဲလား
၂. လောကဆိုတာ မမြဲဘူးလား
၃. လောကဆိုတာ အဆုံးရှိလား
၎. လောကဆိုတာ အဆုံးမရှိဘူးလား
၅. အတ္တလိပ်ပြာနဲ့ ခန္ဒာကိုယ်က တခြားစီပဲလား
၆. အတ္တလိပ်ပြာနဲ့ ခန္ဒာကိုယ်က အတူတူပဲလား
၇. သတ္တ၀ါတွေဟာ သေပြီးရင် နောင်ဘ၀ ဖြစ်လား
၈. သတ္တ၀ါတွေဟာ သေပြီးရင် နောင်ဘ၀ မဖြစ်ဘူးလား
၉. သတ္တ၀ါတွေဟာ သေပြီးရင် နောင်ဘ၀ ဖြစ်တာလည်း ရှိတယ် မဖြစ်တာလည်း ရှိတယ် ဆိုတဲ့သဘောလား
၁၀.သတ္တ၀ါတွေဟာ သေပြီးရင် နောင်ဘ၀ ဖြစ်တာလည်း မရှိသလို မဖြစ်တာလည်း မရှိဘူး ဆိုတဲ့ သဘောလား စသည်ဖြင့်….။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၆၀၀ က မေးတဲ့မေးခွန်း (၁၀) ခုကို ဗုဒ္ဓက တိတိကျကျ လုံးဝကို မဖြေခဲ့ပါဘူး။ မာလုတျပုတ္တရဟန်းကို မေးခွန်းတွေရဲ. အဖြေအစား မေးခွန်းပြန်မေးပြီး ရှင်းပြခဲ့တယ်။ ရင်ဝကို မြှားမှန်သောသူသည် မျှားဧ။်လားရာကို အရင်ဆုံး စူးစမ်းကြည့်မှာလား အစချီတဲ့ မေးခွန်းနဲ့ ရှင်းပြခဲ့တယ်။ လူတွေရဲ. တွေးခေါ်ကြံဆမှု. အလွန်ဖြစ်နေတဲ့ တမလွန်ဘ၀ ကိစ္စကို လူတွေအနေနဲ့ တွေးတောကြံစည်နေရင် အလကားပဲ ဆိုတဲ့ သဘောမျိုးပါ။

သရဏဂုံ (၃)ပါး၊ ကာလာမသုတ္တန်နဲ့ စူဠမာလုတျသုတ္တန် ရေးထားတဲ့ အကြောင်းအရာ (၃) ခုစလုံးကို အစပြန်ကောက်ရရင် ဘယ်လို သရဏဂုံ တည်မှာလဲ။ ဘယ်လိုယုံကြည် ကိုးကွယ်မှာလဲ၊ တမလွန်ဘ၀ ဆိုတာဘယ်လိုမျိုးလဲ ဆိုတဲ့ မေးခွန်းတွေ စိတ်ကူးထဲမှာ ရှုတ်ထွေးနေ ပါလိမ့်မယ်။ ဧဟိပသိကော - လာလှည့် ရှု.လှည့် ဆိုတဲ့ ဗုဒ္ဒရဲ. စကားအဆုံးအမနဲ့ ဆိုရင် လက်တွေ့ အနေနဲ့ ဗုဒ္ဒစာပေတွေကို လေ့လာမယ်။ ကိုယ်တိုင်ကျင့်ကြံ အားထုတ်မယ် ဆိုရင် ရှုတ်ထွေးနေတဲ့ စိတ်ကူးအတွေးတွေကို ရှင်းလင်းဖို. ဆုံမှတ်တစ်ခုတော့ ရလာမယ်လို့ ထင်ပါတယ်။ ဗုဒ္ဒဘာသာဝင်လို့ ဆိုတဲ့သာမန် ကျွန်တော်တို.တွေ အတွက်တော့ သမုတိ သရဏဂုံ ဆိုတာမျိုးပဲ တည်ဆောက် မိရက်သား ဖြစ်မှာပါ။ အဆုံးစွန်းအထိ အကြွင်းမဲ့ သရဏဂုံ တည်နေဖို့ အတွက်မှာတော့ လက်တွေ့ ကျင့်ကြံ အားထုတ်ဖို့ ဆိုတဲ့ လမ်းကြောင်းတစ်ခုထဲ ရှိနေပါလိမ့်မယ်။


PS- တအားအမြင့်ကြီးတွေ ဖြစ်နေတယ်ဆိုပြီး စိတ်ရှုတ်ထွေးသွားတဲ့ မိတ်ဆွေတစ်ယောက်အတွက် စိတ်ရှည်လက်ရှည် ရှင်းပြပြီး ရေးသားမိလိုက်တာပါ။ ဆွဲဆောင်ခြင်းနဲ့ ဗုဒ္ဒဘာသာကို ယုံကြည်လို့ မရပါဘူး။ ကိုယ်တိုင် လုပ်ရမယ့်အလုပ်တွေ ကိုယ်တိုင် ခံစားရမယ့် အကျိုးအကြောင်း တွေနဲ့ ဗုဒ္ဒတရားတော်တွေ ဖြစ်ပါတယ်။

Soe Htet
10:21PM, Sat,
30th August,2014,
Myanmar.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...