Friday, September 19, 2014

"ဖိနပ်လေး တစ်ရန် အကြောင်း"

Thanlay Ko's photo.

Photo: "ဖိနပ်လေး တစ်ရန် အကြောင်း"

မန္တလေးမှာ နေတုန်းက...
လူကြီးတစ်ယောက်ရဲ့ တိုက်တစ်တိုက်ကို ဆောက်ပေးနေတုန်း၊ အမြန်ပြီးချင်တော့ ညပိုင်းတွေပါ အချိန်ပိုဆင်းပေးရတယ်။
တစ်ည...
Site ထဲ နေရာအနှံ့ လျှောက်ကြည့်ရင်း အခန်းတစ်ခုရဲ့ အပေါက်ဝမှာ သားရေဖိနပ်လေး တစ်ရန်တွေ့တယ်၊
ဘယ်သူလဲလို့ ကြည့်လိုက်တော့ သူငယ်ချင်း အင်ဂျင်နီယာ။
သူက အခန်းပါကေးခင်းထားတာကို စစ်နေတာ၊ အခန်းက ပါကေးခင်းထားတာမို့ ဖိနပ်ကို အပြင်မှာ ချွတ်ထားခဲ့တာလေ။

ဒါနဲ့..
ကိုယ်ကလည်း နောက်တတ်တဲ့လူဆိုတော့ သူမသိအောင် ဖိနပ်လေးကို အသာမပြီး၊ မိလ္လာပိုက်တွေ ဆင်းတဲ့ Dark Line ထဲက ချောင်လေးတစ်ချောင်မှာ ဖွက်ထားလိုက်တယ်။
ပြီးတော့ မသိချင်ယောင်ဆောင်ပြီး အောက်ကို အသာဆင်းသွားတယ်။

တော်တော်လေးကြာတော့ ကိုယ်တော်ချော ခြေတုံးလုံးနဲ့ ဆင်းချလာတယ်။
မသိချင်ယောင်ဆောင်ပြီး မေးတာပေါ့... ...

"ဟကောင်... ဖိနပ်က ဘယ်ရောက်လို့တုန်း"
"သိပါဘူးကွာ... အခန်းပေါက်ချွတ်ထားခဲ့တာ ပြန်ထွက်လာတော့ မရှိတော့ဘူး၊  ခွေးများချီသွားသလား"
 
ငင်... တေဘီ မနေတတ်တော့ ခွေးဖြစ်ဘီ

"ဘယ်ကခွေးက တိုက်ပေါ်တက်လို့တုန်း၊ တစ်ယောက်ယောက် ဖွက်ထားတာနေမှာ"
"ဟုတ်မှာပေါ့၊ ဖွက်တဲ့ကောင်တွေ့လို့ကတော့ နရင်းချည်းဆွဲရိုက်ပစ်မယ်၊ ဟွင်း နောက်စရာရှားလို့"

ဟိုက်ခ်ျ... သူ ဂယ်ကြီး ဒေါကန်နေတာဟ။ ချော့မှ... ...

"လာကွာ၊ ဘယ်နားပျောက်တာတုန်း၊ ငါပါ ကူရှာပေးမယ်"
"အပေါ်ထပ်က အိပ်ခန်း အမှတ် ၃ မှာ ပျောက်တာ"

ဆိုပြီး ၂ယောက်သား အပေါ်ထပ် ပြန်တက်လာတယ်။
သူ့ရှေ့မှာတော့ ဟိုနားဒီနား ရှာချင်ယောင်ဆောင်ရတာပေါ့။
ပြီးတော့မှ မယောင်မလည်နဲ့ ကိုယ်ဖွက်ထားတဲ့ Dark Line ထဲက နေရာကို လက်နဲ့ လှမ်းနှိုက်လိုက်တယ်၊ မတော်တဆ တွေ့တဲ့ပုံမျိုး ဖမ်းရမှာကိုး... ...
ဒါပေမယ့်.. ...
ဟိုက်... တောက်ကျိုးနဲ၊ ငါဖွက်ထားတဲ့ ဖိနပ် မရှိတော့ပါလား
တွားဘီ၊ ဘယ် မတာကောင်များ မ, သွားပါလိမ့်
သူခိုးလက်က သူဝှက်လုပြီ။
ကိုယ့်အပြစ်နဲ့ကိုယ်ဆိုတော့ ဝန်မခံရဲဘူး၊ သူက ဂယ်ဒေါကန်နေတာကြီး အီး

စိတ်ထဲ မကျေနပ်လို့....
အလုပ်သမားတွေဆီက ဓာတ်မီးတစ်လက်တောင်းပြီး Dark Line ထဲ မီးထိုးရှာတယ်။
ကိုယ်ထားတဲ့နေရာကနေများ အောက်ပြုတ်ပျက်ကျလေ သလားပေါ့။
မရှိဘူးဗျ။
အလုပ်သမားတစ်ယောက်ယောက် တွေ့လို့ ပံ့သကူပစ်ထားတယ်များ မှတ်ပြီး မ,သွားလားမသိ။
'ငါ ဒီနားမှာ ဖွက်ထားတဲ့ ဖိနပ် ဘယ်ကောင်ယူလဲ' ...လို့ကလည်း မေးလို့ မဖြစ်။
ကိုယ့်မှာ ဇောချွေးတွေ ဘာတွေ ပြန်လာတယ်။
ပြာသလူးခတ်ပြီး အိနြေ္ဒပျက်နေတဲ့ ကိုယ့်ကိုကြည့်ပြီး ဟိုကောင်ကလည်း မှုန်ကုပ်ကုပ်နဲ့လူကို ရှိုးနေတယ်။
အမငီး... ရိပ်များရိပ်မိတွားလား မတိဘူး။

ခဏနေတော့...
ဆရာသမားက လက်လျှော့သွားတဲ့ပုံနဲ့ ပြောတယ်... ...

"လာပါကွာ၊ ရှာမနေတော့ဘူး၊ လဘက်ရည်ဆိုင် သွားရအောင်"
"ငင်... မင်းမှာ ဖိနပ်မှ မပါတာ ဘယ်လို သွားမလဲ"

"ဖိနပ်တစ်ရန် အပိုရှိပါသေးတယ်ကွ"
"ငင်... အပိုတစ်ရန်ထားတယ်?? ၊ ဘယ်လိုကြီးလဲ"

ကိုယ် နားမလည်ဘူး ဖြစ်နေတယ်၊ ဖိနပ်က အပိုထားရိုး ထုံးစံမှ မရှိတာကိုး.... ...
အဲဒီတော့ ကိုယ်တော်ချောက အခန်းထဲက ဘီရိုအောက်ကနေ သားရေဖိနပ်တစ်ရန်ကို ဆွဲထုတ်လိုက်ရင်း ပြောတယ်... ...

"အမျှော်အမြင်ကြီးရတာပေါ့ကွာ၊ မင်းတို့လို ဖိနပ်ဖွက်တတ်တဲ့ ကောင်တွေနဲ့တွေ့ရင် ဒုက္ခရောက်နိုင်တယ်ဆိုတာ ကြိုတွေးမိလို့ တစ်ရန် အပိုဆောင်ထားတာ ငီး ငီး ငီး"

သူထုတ်လာတဲ့ ဖိနပ်ကို ကြည့်လိုက်တော့ ခုနက သူပျောက်တယ်ဆိုတဲ့ ဖိနပ်ကြီး
ဟင်... ခွေးမတား... တပတ်ပြန်ရိုက်တာ ကြည့်စမ်း

သူ့ကြည့်လိုက်တော့ ပြုံးဖြီးဖြီးနဲ့ ပြောတယ်... ...

"မင်း တော်တော်ခေါင်းခြောက်သွားသလားကွ ဟမ်၊ ဒီ Site မှာ င့ါဖိနပ်ကို ယူရဲတဲ့ကောင် မင်းကလွဲလို့ မရှိဘူးဆိုတာ ပျောက်သွားကတည်းက ငါသိတယ်၊ မင်းကလည်း ယူတာ မဟုတ်ဘူး၊ ဖွက်မှာဆိုတာလည်း ငါသိတယ်၊ မင်း ဖွက်ရင်လည်း နီးနီးနားနား Dark Line ထဲမှာ ဖွက်မယ်ဆိုတာလည်း ငါတွေးမိတယ်၊ ဒ့ါကြောင့် င့ါဖိနပ်ကို ငါပြန်ရှာတွေ့တော့ ပြန်ဖွက်ထားခဲ့ပြီး မင်းကို ပညာ ပြန်ပေးတာ"
"ငင်... တေနာ... လာခဲ့ နင့်ကို အရှင် မထားဘူး"
"ငွီး ငွီး ငွီး... ပြေးဘီ... "

အေဘေး... ဆားပုလင်းနှင်းမောင်များ ဝင်စားလေသလား။

သင်္ခန်းစာ = တခါတလေ မထင်မှတ်တဲ့ တုန့်ပြန်မှုတွေဟာ လူကို အရူးတစ်ပိုင်း ဖြစ်သွားစေနိုင်တယ်

သန်၎ကို - ပေါက်ကရရေးသည်။
https://www.facebook.com/thanlayko

မန္တလေးမှာ နေတုန်းက...
လူကြီးတစ်ယောက်ရဲ့ တိုက်တစ်တိုက်ကို ဆောက်ပေးနေတုန်း၊ အမြန်ပြီးချင်တော့ ညပိုင်းတွေပါ အချိန်ပိုဆင်းပေးရတယ်။ တစ်ည...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...