Sunday, September 28, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၂၈-၉)

သစ်ထူးလွင်


Posted: 28 Sep 2014 04:44 AM PDT
ဟောင်ကောင်မှာ ဒီမိုကရေစီတောင်းဆိုတဲ့ ကျောင်းသားသပိတ်ကို အာဏာပိုင်တွေက ဖြိုခွင်းဖို့ ကြိုးစားချိန်မှာ နောက်ထပ် လူထောင်ပေါင်းများစွာ စက်တင်ဘာလ ၂၇ ရက်နေ့ကစလို့ လမ်းပေါ်ထွက်လာကြ ပါတယ်။ ဒီဆန္ဒပြပွဲကတော့ မေတ္တာတရားနှင့် ငြိမ်းချမ်းရေးအတွက်စင်ထရယ်ကို သိမ်းလို့ နာမည်ပေးထားပြီး ဟောင်ကောင်မြို့လယ်ခေါင်မှာ စုရုံးနေကြတာပါ၊ လှုပ်ရှားမှုကို ခေါင်းဆောင်သူတွေဟာ ဒါဟာ ငွေရေးကြေးရေး ဘဏ္ဍာရေးလုပ်ငန်းတွေ စုရုံးတည်ရှိတဲ့
Posted: 28 Sep 2014 04:41 AM PDT
ယူကရိန်းနိုင်ငံ ဒွန်းညက်မြို့ လေဆိပ်မှာ ဆိုးဆိုးရွားရွား ပျက်စီးနေတဲ့ပုံ၊ အစိုးရစစ်တပ် စက်သေနတ်တွေနဲ့ ပစ်ခတ်ခံရပြီး ပိတ်မိနေတဲ့ပုံကို ယူကရိန်း ရုပ်မြင်သံကြား 1+1 လိုင်းက ပြသပါတယ်။ သတင်းအရ စစ်သားတွေဟာ ကာရိုဂရက် အထူးနယ်မြေက ဖြစ်ပြီး လေဆိပ်ကို မေလကတည်းက ခုခံ ကာကွယ်နေရတယ်လို့ ဆိုပါတယ်။ ဒီပုံဟာ စက်တင်ဘာလ ၂၆ ရက်နေ့ညက ခွဲထွက်ရေး သူပုန်တွေ ဒွန်းညက်လေဆိပ်ကို တိုက်ခိုက်ခဲ့တဲ့ အချိန်က ရိုက်ကူးတာပါ။
Posted: 28 Sep 2014 04:37 AM PDT
ရန်ကုန် ၊ ၂၈-၉-၂၀၁၄ မြန်မာနိုင်ငံ အတွင်းသို့ နယ်စပ်ဂိတ် များမှတစ်ဆင့် ကားတင်သွင်း ရာတွင် ယခင်ကာလ များက တင်သွင်းခွင့် ပိတ်ပင်ထား ခဲ့သည့် လုပ်ငန်းသုံး ယာဉ်များကို ယခုအခါတွင် တင်သွင်းခွင့်ပြု ပေးလိုက်ပြီ ဖြစ်ကြောင်း မော်တော်ယာဉ် တင်သွင်းခွင့် ဆိုင်ရာ ကြီးကြပ်ရေး ကော်မတီမှ သိရသည်။ နယ်စပ် ကုန်သွယ်ရေး စခန်းများမှ လက်ရှိ အချိန်တွင် တရားဝင် တင်သွင်းခွင့်ပြု ပေးထားသည့် မော်တော်ယာဉ် များမှာ Bus ၊ Truck
Posted: 27 Sep 2014 10:25 PM PDT
ဗန်းမောက် ၊ ၂၈-၉-၂၀၁၄ စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ဗန်းမောက် မြို့နယ် မင်းကုန်းကျေးရွာ အုပ်စု လိပ်စော ကျေးရွာအနီး ဝက်ခေါက် ရွှေမှော်တွင် စက်တင်ဘာ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး တရုတ် နိုင်ငံသား တစ်ဦး သေဆုံး ခဲ့သည်။ အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အတွက် အောင်ပြည့်သာ ရွှေသတ္တု တူးဖော်ရေး ကုမ္ပဏီဝင်း အတွင်းရှိ အဆောက်အအုံ ငါးလုံး၊ ဘက်ဟိုး မြေတူးယာဉ် တစ်စီး၊
Posted: 27 Sep 2014 10:22 PM PDT
ပီအာလို့ ခေါ်တဲ့ အချိုးကျ ကိုယ်စားပြုစနစ်ကို ပြည်သူ့လွှတ်တော်မှာ တင်သွင်းတဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်ကို ပုဇွန်တောင်မြို့နယ် ပြည်သူတွေက ဒီကနေ့ စက်တင်ဘာ ၂၈ ရက်နေ့မှာ ကန့်ကွက် ဆန္ဒပြသွားမှာ ဖြစ်ပါတယ်။ လူဦးရေ ၃၀၀ ပါဝင်ဖို့ ခွင့်ပြုမိန့် တောင်းထားပြီး ပုဇွန်တောင်ပန်းခြံကနေ စတင်လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇင်ဟာ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီကို
Posted: 27 Sep 2014 09:58 PM PDT
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဒုက္ခသည်စခန်းတွေက မူဆလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ စိစစ်ဆောင်ရွက်ရာမှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေရဲ့တောင်းဆိုချက်တွေကို လိုက်လျောပြီးမှ ဆောင်ရွက်ဖို့ ဘူးသီးတောင်ဒေသခံတွေနဲ့ သံဃာတော်တွေက တောင်းဆိုလိုက်ပါတယ်။ အစိုးရတာဝန်ရှိသူတွေအနေနဲ့ ရခိုင်ပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်လာသူတွေကို စိစစ်ဖော် ထုတ်နိုင်ခြင်းမရှိသေးတဲ့အတွက် ဒေသခံတွေရဲ့
Posted: 27 Sep 2014 09:49 PM PDT
မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးနဲ့ လူမှုရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ အသွင်ကူး ပြောင်းရေးတွေမှာ တိုးတက်မှုတွေ တွေ့မြင်လာရပေမယ့် တချိန်ထဲမှာလည်း ၂ဝ၁၅ ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ အရေးကြီးတဲ့ အခက်ခဲတွေကို ရင်ဆိုင်နေရဆဲလို့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားလိုက်ပါတယ်။ ကုလသမဂ္ဂ အထွေထွေညီလာခံ ကာလအတွင်း အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ
Posted: 27 Sep 2014 09:40 PM PDT
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကျွန်းသာယာကျေးရွာမှ မောင်ရွှေမြင့်ဆိုသူမှာ စစ်သားအချို့၏ နှိပ်စက်မူ ကြောင့် မျက်လုံးတစ်ဖက် ဒဏ်ရာ ရရှိသွားခဲ့သည်ဟု သိရသည်။ ယခုကဲ့သို့ နှိပ်စက်ခံရခြင်းမှာ တစ်ရွာတည်းနေ ဦးဖိုးဗာကြီးဆိုသူနှင့် သောက်စားမူးယစ်ပြီး အချင်းချင်း ရန်ဖြစ်စကားများကာ တုတ်ဆွဲ ဓါးဆွဲဖြစ်ကြရာမှ စစ်တပ်၏ ဖမ်းဆီးနှိပ်စက်ခြင်းကို ခံခဲ့ရ၍ ဖြစ်သည်ဟု စစ်တွေ ဆေးရုံကြီးတွင် ဆေးကုသမူ ခံယူရန် ရောက်ရှိနေသောေ
Posted: 27 Sep 2014 09:38 PM PDT
ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ နန်းရာကုန်းပေါ်မှာ စိတ်ကြွဆေးပြား (၄) သိန်းကျော် သိမ်းဆည်းရမိကြောင်း မြောက်ဦးရဲတပ်ဖွဲ့မှ အတည်ပြု ပြောကြားသည်။ “ နန်းရာကုန်းပေါ်ကနေ ယာဘားဆေးပြား ၄၁၂၀၀၀ (လေးသိန်း တစ်သောင်း နှစ်ထောင်)  ကို ဖမ်းဆီးမိခဲ့ပါတယ်။ တန်ဖိုးအားဖြင့် ကျပ်သိန်းပေါင်း တစ်သောင်း နှစ်ထောင် သုံးရာနဲ့ ခြောက်ဆယ် ဖိုးရှိပါတယ်” ဟု မြောက်ဦးနယ်ထိန်း တပ်ဖွဲ့ခေါင်းဆောင်က ပြောသည်။ ယင်းစိတ်ကြွဆေးပြားများ
Posted: 27 Sep 2014 09:32 PM PDT
စက်တင်ဘာ ၂၇ မန္တလေးမြို့၏ သမိုင်းဝင်တစ်ခုဖြစ်သော မြနန်းစံကျော်ေ၇ွှနန်းတော်ကြီး အတွင်း အမျိုးသမီးတစ်ချို့ မင်းတုန်းမင်းတရားကြီး ပုံတော်နှင့် မဖွယ်မရာ ဓာတ်ပုံယှဉ်တွဲရိုက်ခြင်း များ ဖေ့စ်ဘွတ်လူမှုကွန် ယက်စာမျက်နှာ များတွင် ပျံ့နှံ့လာသော ကြောင့် ပြုလုပ်ခဲ့သူအမျိုးသမီးများကို စုံစမ်းဖော်ထုတ်အရေးယူရန် ဆောင်ရွက်လျက်ရှိ ကြောင်း တိုင်းဒေသကြီး ပြန်ကြားရေးဦးစီးဋ္ဌာနမှထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ၂ ပတ်လောက်က
Posted: 27 Sep 2014 09:25 PM PDT
အင်္ဂလန်မှာ ကျင်းပမယ့် Miss World beauty 2014 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ဖို့ အတွက် အလှမယ်ရွေးချယ်တဲ့ Miss Myanmar World 2014 ပြိုင်ပွဲကို စက်တင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့မှာ ပြုလုပ်သွားပါတယ်။ Miss Myanmar World ၂၀၁၄ သရဖူကို ခါးနံပါတ် ၅ ၀ိုင်းလေးက ရရှိသွားပြီး ခါးနံပါတ် ၁၄ ခင်ရတနာဟိန်း 1st runner နဲ့ Miss Personality ၊ ခါးနံပါတ် ၁ ထက်ထက်ထွန်းက 2nd runner နဲ့
Posted: 27 Sep 2014 08:53 PM PDT
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှာ လိင်တူဆက်ဆံမှုနဲ့ ဖမ်းဆီးအရေးယူခံရရင် ကြိမ်ဒဏ်အချက် ၁၀၀ ပြစ်ဒဏ်ချဖို့ ဥပဒေပြဌာန်းခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံကနေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေး နှစ်ပေါင်း ၃၀ ကျော် ကြိုးပမ်းခဲ့ရပြီး အစ္စလာမ္မစ်ဘာသာဥပဒေကို တရားဝင်ကျင့်သုံးခွင့်ရတဲ့ အင်ဒိုနီးရှားပြည်နယ်ဖြစ်လာပါတယ်။ လိင်တူဆက်ဆံသူ ဘယ်သူမဆို ကြိမ်ဒဏ်အချက် ၁၀၀၊ ထောင်ဒဏ် ၁၀ လ ဒါမှမဟုတ် ရွှေဂရမ် တထောင်
Posted: 27 Sep 2014 07:53 PM PDT
မြိုင် စက်တင်ဘာ ၂၇ မကွေးတိုင်း ဒေသကြီး ပခုက္ကူ ခရိုင် မြိုင်မြို့နယ် လက်ယက်မကျေးရွာ၌ စက်တင်ဘာ ၂၆ ရက်က အမျိုးသား တစ်ဦး ဖုန်းပြောနေစဉ် မိုးကြိုး ပစ်သဖြင့် သေဆုံးမှု ဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ လက်ယက်မ ကျေးရွာနေ အောင်စိုး(၂၄)နှစ်သည် မိုးရွာနေစဉ် ကျေးရွာ အထက်တန်း ကျောင်း၏ မြောက်ဘက် လမ်းမပေါ်တွင် လမ်းလျှောက် ရင်း လက်ကိုင်ဖုန်းဖြင့် စကားပြောနေစဉ် လျှပ်စီးဝင်၍ ဖုန်းပေါက်ကွဲကာ ဝဲဘက်နားထင် သွေးယိုစီးဒဏ်ရာ၊
Posted: 27 Sep 2014 07:11 PM PDT
လားရှိုး စက်တင်ဘာ ၂၇ ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုး မြို့ ရပ်ကွက်(၁) နယ်မြေ(၉) နမ့်ခေါ် ရွာတွင် ဖခင်ဖြစ်သူက အလုပ်သွား ပြီးအပြန် သားနှင့်သမီး စားသောက်ရန် ယခင်နေ့စဉ် စားသောက်နေကျ မှိုနှင့်နောက်ထပ်မှို တစ်မျိုးနုတ်ယူလာပြီး ချက်စားရာမှ သားနှင့်သမီး သေဆုံးကာ ဖခင်ဖြစ်သူ အဆိပ်သင့်ပြီး လားရှိုးပြည်သူ့ ဆေးရုံကြီးသို့ အတွင်း လူနာအဖြစ် တင်ပို့ ကုသရသော ဖြစ်စဉ်တစ်ခု စက်တင်ဘာ ၂၅ ရက် က ဖြစ်ပွားခဲ့သည်။
Posted: 27 Sep 2014 07:11 PM PDT
ကရင်ပြည်နယ် မြ၀တီမြို့မှာ ဒီနေ့ မနက်ပိုင်းက ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့ပြီး ဘယ်အဖွဲ့အစည်းက ပစ်ခတ်သွားတာလဲဆိုတာကို ၀ိုင်းဝန်း အဖြေရှာနေကြတုန်းလို့ မြ၀တီမြို့က  ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် ဒီကေဘီအေ ဆက်ဆံရေးရုံးက တပ်ဖွဲ့ဝင်တယောက်ကို ဒီဗွီဘီဝိုင်းတော်သား ကိုရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။ မနက်က မြ၀တီမြို့မှာ ပစ်ခတ်မှုဖြစ်တယ်လို့ သိရပါတယ်။ ဘယ်လို ဖြစ်ကြတာပါလဲ ခင်ဗျ။ ခလ၇ ၂၄ စစ်ကားတွေက တက်လာတယ်။
Posted: 27 Sep 2014 07:05 PM PDT
လိုင်ဘေးရီးယား လက်ထောက်ကျန်းမာရေးဝန်ကြီးရဲ့ လက်ထောက်တဦး အီဘိုလာ ဗိုင်းရပ်စ်ပိုးနဲ့ သေဆုံးသွားတဲ့အတွက် လက်ထောက်ဝန်ကြီး Bernice Dahn ကိုယ်တိုင်က ရောဂါကူးစက်မှု မရှိအောင် ဟန့်တားတဲ့အနေနဲ့ သီတင်း ၃ ပတ်ကြာ သီးခြားခွဲနေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ့မှာ ရောဂါလက္ခဏာမရှိပေမယ့် ရောဂါပိုး ကူးစက်ခြင်းမရှိဘူးဆိုတာ သေချာအောင် အခုလို လုပ်ဆောင်ရခြင်းဖြစ်ကြောင်း လက်ထောက်ဝန်ကြီး Bernice Dahn က သတင်းထောက်တွေကို
Posted: 27 Sep 2014 06:55 PM PDT
ခါကာဘိုရာဇီ တောင်ထိပ်ကို တက်ရောက်ရင်း ပျောက်ဆုံးနေ တဲ့ တောင်တက်သမား နှစ်ယောက် ကို ရှာဖွေရာ မှာ အသုံးပြုနေ တဲ့ ရဟတ်ယာဉ် တစင်းဟာ စက်တင်ဘာ ၂၇ ရက် နေ့က ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေစဉ် အဆက်အသွယ်ပြတ် ပျောက်ဆုံးသွား ကြောင်း သိရပါတယ်။ ထိုင်းနိုင်ငံ Advance Aviation ကနေ ငှားရမ်း အသုံးပြုနေ တဲ့ ဒီ B4 အမျိုးအစား ရဟတ်ယာဉ် ဟာ ရှာဖွေ ကယ်ဆယ်ရေး အဖွဲ့ ရဲ့ အခြေစိုက်စခန်း တည်ရှိ တဲ့ တဟွန်ဒမ်း ကျေးရွာ ကို
Posted: 27 Sep 2014 06:53 PM PDT
ဆီးရီးယားနဲ့ အီရတ်တို့ မှာ အစ္စလာမ်မစ် အစွန်းရောက် IS အဖွဲ့ ကို လေကြောင်း တိုက်ခိုက်မှု ၁၀ ကြိမ် ထပ်မံ ပြုလုပ်ခဲ့တယ် ဆိုပြီး အမေရိကန် က ပြောပါတယ်။ အီရတ် ထဲက ပစ်မှတ် ၇ခု နဲ့ ဆီးရီးယား ထဲက ပစ်မှတ် ၃ ခုကို အဝေးကနေ ထိန်းချူပ် မောင်းနှင်တဲ့ ယာဉ်ပျံတွေ၊ တိုက်လေယာဉ် တွေ သုံးပြီး တိုက်ခိုက် ခဲ့တာမှာ ဆောက်ဒီ အာရေးဗျား၊ ဂျော်ဒန် နဲ့ ယူအေအီး နိုင်ငံတွေ ကလည်း ပူးပေါင်း ပါဝင်ခဲ့တယ် လို့ အမေရိကန် စစ်ဌာနချူပ်
Posted: 27 Sep 2014 07:13 PM PDT
စက်တင်ဘာလ ၂၅ ရက်နေ့ မနက် ၁၀ ခွဲ ခန့်တွင် ပအိုဝ်းအမျိုးသား တပ်မတော်PNA (PNO အသွင်ပြောင်းဌာနေပြည်သူ့စစ်) ထိန်းချုပ်ရာ နယ်မြေဖြစ်သော ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လယ်ခရိုင်၊ လုံးအောင်ကျေးရွာ တောင်ဘက် ခန်းမှန်းမြေပုံ LC 455957 နေရာတွင် ပအိုဝ်းအမျိုးသား တပ်မတော်(PNA)  လှုပ်ရှားနေသော စစ်ကြောင်းတစ်ခုမှ လုံးအောင်ကျေးရွာ တောင်ဘက်သို့ နယ်မြေ ရှင်းလင်းရာတွင် မသင်္ကာဖွယ် လူတစ်စုအား တွေ့ရှိခဲ့ရာ စစ်ဆေးေ
Posted: 27 Sep 2014 02:59 PM PDT
"ပျောက်ဆုံး တောင်တက်အဖွဲ့ဝင် နှစ်ဦးကို ကြိုးပမ်းရှာဖွေစဉ် ကယ်ဆယ်ရေး အဖွဲ့သို့ ရိက္ခာပို့ ရဟတ်ယာဉ်တစ်စီး အခြေစိုက်စခန်းသို့ ပျံသန်းစဉ် အဆက်အသွယ် ပြတ်တောက်သွား" ခါကာဘိုရာဇီတောင်သို့ တက်ရောက်ရင်း ပျောက်ဆုံးနေသော သဘာဝခေါ်သံ ဖောင်ဒေးရှင်း တောင်တက်အဖွဲ့ဝင် ၂ ဦးကို ရှာဖွေ ကယ်ဆယ်နေသော အဖွဲ့သို့ စက်တင်ဘာ (၂၇) ရက်နေ့တွင် ရိက္ခာပို့ သွားသည့် ထိုင်းနိုင်ငံမှ ရဟတ်ယာဉ်တစ်စီးသည် လမ်းခရီးတွင် အဆက်အသွယ်ြ
Posted: 27 Sep 2014 02:58 PM PDT
မြဝတီမြို့မှာ မနက် ၁၁နာရီ လောက်က ဖြတ်သွားတဲ့ အစိုးရ စစ်ယာဉ်တန်းကို လက်နက်ကိုင်တွေက ပစ်ခတ်ရာမှ နှစ်ဖက်ကြား တိုက်ပွဲတွေကြောင့် မြို့နေလူထု အလန့်တကြား အိုးအိမ်စွန့်ပြေးခဲ့ရပါတယ်။ ပစ်ခတ်မှုမှာ နှစ်ဖက်စလုံး ထိခိုက်ဒဏ်ရာ မရှိခဲ့ပါဘူး။ သတင်းတွေအရ အခုတိုက်ခိုက်မှုဟာ ဒီကေဘီကေ အဖွဲ့ရဲ့လက်ချက်လို့ပြောဆိုနေကြပါတယ်။ ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာမှာ ဒီကေဘီအေ ကေအင်ယူ ကေအင်အယ်လ်အေ ငြိမ်းချမ်းရေး အဖွဲ့တွေေ
Posted: 27 Sep 2014 02:56 PM PDT
ကရင်ပြည်နယ် မြဝတီမြို့မှာ အစိုးရတပ်က တပ်ဖွဲ့ဝင် အယောက်တစ်ရာ ကျော်ပါရှိတဲ့ စစ်ယာဉ်တန်းကို မြို့ အဝင်နားမှာ အမည်မသိသူတချို့က ချောင်းမြောင်း တိုက်ခိုက်တဲ့အတွက် အစိုးရ တပ်ဖက်က သေဆုံးမှု နဲ့ ဒဏ်ရာရမှုရှိတယ်လို့  မျက်မြင်တွေ ကပြောကြပြီး၊ မြို့နေပြည်သူကြားမှာလဲ အထိတ်တလန့် ဖြစ်သွား တယ်လို့ သိရပါတယ်။ မနက် ၁၁ နာရီလောက်မှာ ဖြစ်ခဲ့တဲ့ အဲဒီခြုံခိုတိုက်ခိုက် သူတွေဟာ ဘယ်အဖွဲ့ကလဲဆိုတာ မသိရသေးတဲ့ အကြောင်း မြို့ 
Posted: 27 Sep 2014 02:54 PM PDT
စနေနေ့မှာ နော်ဝေထုတ် တယ်လီနော ဖုန်းဆင်းကတ်တွေ မန္တလေး ကနေ စတင် ရောင်းချ နေပြီ ဖြစ်ပါတယ်။ မှတ်ပုံတင် ပြပြီး တကတ်ကို ၁၅ဝဝ ကျပ်နှုန်း နဲ့ ရောင်းချ ပေးနေ တာပါ။ ကြိတ်ကြိတ် တိုး အားပေးကြတာ တွေ့ရ ပါတယ်။ သုံးစွဲလို့ ကောင်းတယ်လို့ ပြောကြ ပေမယ့် အော်ရီဒူး လိုပဲ နောက်ပိုင်းမှာ သုံးစွဲရ အဆင် မပြေတာ ဖြစ်နိုင်တယ် လို့ တချို့က ယူဆ ပါတယ်။ 3 G 4 G အင်တာနက် ထိ ရဖို့ က အင်တာနက် ဂိတ်ဝေး လမ်းကြောင်း တွေ ကောင်းဖို့ ၊
Posted: 27 Sep 2014 02:26 PM PDT
စက်တင်ဘာ ၂၆ရက်၊ ၂၀၁၄ခုနှစ်။ ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ဇွဲကပင်တောင်ပေါ်သို့ ကောင်းကင်ရထား (ကေဘယ်ကား)ဖြင့် တက်နိုင်ရန် မလေးရှားနိုင်ငံမှ SMET SDA BHD ကုမ္ပဏီနှင့် စီစဉ် ဆောင်ရွက်လျှက်ရှိသည့် စီမံကိန်း အကောင် အထည် ဖော်မှုကို ရပ်ဆိုင်းလိုက်ပြီးဖြစ်ကြောင်း ဇွဲက ပင်တောင် ဆရာတော်ဘဒ္ဒ န္တကဝိဓဇ က စက်တင်ဘာလ ၂၄ရက်နေ့၌ ကေအိုင်စီသို့ မိန့်ကြားသည်။ “ဦးဇင်းတို့ အစက မလေးရှားကုမ္ပဏီနဲ့ လုပ်မယ်ပေါ့။
Posted: 27 Sep 2014 02:17 PM PDT
ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မီးရှို့မှုတွေနဲ့ ဆက်နွယ်ပြီး ဆင်ခေါင်းရွာသား ကိုဇော်ဇော်ထွန်းကို သံတွဲခရိုင်တရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း အမိန့်ချမှတ်လိုက်ပြီး ဆင်ခေါင်း၊ သပြုချိုင်နဲ့ ညောင်ခြေထောက်ကျေးရွာက ဒေသခံ ၉ ဦးကို ထောင်ဒဏ် ၅ နှစ်စီ အသီးသီးချမှတ်လိုက်ပါတယ်။ စက်တင်ဘာလ ၂၄ ရက်နေ့က နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့အပေါ် အထက်တရားရုံးအဆင့်ဆင့်ကို

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...