computer crazy
တစ်ခါက လင်မယားနှစ်ယောက်တွင် ယောက်ျား ဖြစ်သူက
computer crazy။ အဲ့ဒါနဲ့ မိန်းမဖြစ်တဲ့သူက သူ့ကို ကွန်ပျူတာလောက်တောင် အလေးမထားဘူးဆိုပီး စကားအချေအတင်များကြပါလေရော။ များလဲ များချင်စရာဘဲ။ သူ့ယောကျာ်း ပြန်ဖြေတဲ့ပုံကိုက

မိန်းမ။ ။ ရှင်က ကျွန်မကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့တောင် မထင်ဘူး။
ယောက်ျား။ ။ Set Default
မိန်းမ။ ။ ကျွန်မကို အင်္ကျီလှလှလေးဝယ်ပေးမယ်ဆိုပြီး အခု မမှတ်မိတော့ဘူးလား။
ယောက်ျား။ ။ Bad command or file name
မိန်းမ။ ။ ရှင်နဲ့ ကျွန်မ ရုပ်ရှင်အတူတူ သွားမကြည့်တာလည်း ကြာပြီ။ ဒီကွန်ပျူတာရှေ့မှာပဲ အချိန်ဖြုန်းနေတာပဲ။ နောက်တစ်ပတ်ကျရင်တော့ ရုပ်ရှင်သွားကြည့်ကြမယ်။
ယောက်ျား။ ။ Drive not ready
မိန်းမ။ ။ ထမင်းလက်ဆုံမစားရတာလဲ ကြာပြီ။ လင်နဲ့ မယား ထမင်းလေးတော့ အတူတူစားချင်တာပေါ့လို့။
ယောက်ျား။ ။ Access denied
မိန်းမ။ ။ ကျွန်မအမေကတောင် ယောက်ျားအပေါ်မှာ ဒီလောက်အလျှော့ပေးရမလားဆိုပြီး ကျွန်မကို ဆူနေပြီ။
ယောက်ျား။ ။ Divide Over Flow
မိန်းမ။ ။ ရှင်စဉ်းစားကြည့်စမ်း။ ကျွန်မတို့ အိမ်ထောင်သက် ဘယ်လောက် ရှိပြီလဲဆိုတာ။
ယောက်ျား။ ။ Not enough memory
မိန်းမ။ ။ ကဲ အခုဆိုရင် ကျွန်မအမေ၊ ရှင့်ယောက္ခမက ရှင့်ကို အနိုင်ယူတဲ့ နည်းလမ်းတွေ သင်ပေးဖို့ ကျွန်မတို့အိမ်ကို ၂ လ ၃ လ လောက် လာနေမယ်တဲ့။
ယောက်ျား။ ။ Insufficient disk space
ယောကျာ်းပြန်ဖြေပုံတွေ ကြားပီး မိန်းမက အနားမှာရှိတဲ့ ပန်းကန်နဲ့ ယောက်ျားကို လှမ်းပစ်လိုက်ရာ နဖူးသို့ တိုက်ရိုက်ထိလေတော့သည်။ ဒီအချိန်မှာ ယောက်ျားက Now Save to turn off your computer လို့ အားရပါးရအော်ပြီး လဲကျသွားပါလေတော့သည်။
မှ - (lattwebawchitthu.wordpress.com)

0 comments:
Post a Comment