အင်မတန် အောက်တန်းကျခဲ့ဘူးသော ဖြစ်ရပ်များ
ဘာကြောင့်မှန်းမသိ ဒီကိစ္စနှစ်ခုကို အမြဲမှတ်မိနေတယ်
ကိုယ်ကမသေခင် ထုတ်ပြောထားမှ မှတ်မိနေတုံး
၁၉၅၃မှာမွေးတယ် လေးတန်းကိုအရောက်မှာ ကိစ္စတစ်ခုဖြစ်တယ်

အိမ်ကကျနော့်ကို ကစားစရာ အဘိုးတန်တွေ ၀ယ်မပေးနိုင်ပေမဲ့ အများနဲ့ ကစားရတဲ့ ဘော်လုံးကိုတော့ အမြဲ အသက်အရွယ်နဲ့လိုက်အောင် ၀ယ်ပေးတယ်
ဒီခေတ်ကလေးတွေကရီမယ် ကျနော်တို့ ခေတ်က ဘောလုံးအင်မတန်ရှားတယ်၊ ဘောလုံးရှိတဲ့ ကလေးဟာ ကန်တာ တော်တော် မတော်တော် အသင်းထဲမှာပါတော့ပဲ၊ သူအားတဲ့အချိန်ကိုစောင့်ပြီး လူလတ်တွေပါ ကစားကြရတယ်။
အဲဒီညနေ အိမ်ရှေ့ ကွက်လပ်မှာ ကစားကြတယ်၊ ကျနော်တို့ ခြံထဲမှာပဲ စိန်မြင့်ဆိုတဲ့ သူငယ်ခြင်းတစ်ယောက်ရှိတယ်၊ ကျနော်က ရွယ်တူကစားဖေါ်သူငယ်ခြင်းတွေက ဆယ်တန်းအောင်တဲ့အထိ ကျနော်နဲ့ အတန်း လေးတန်းလာက် ကွာတယ်၊ သူဘောလုံးကန်ရင် ညစ်တတ်တယ်၊ လူကသာ ငယ်သေးတာ
နောက်ကနေ ကျနော့်ကို ခြေထိုးခံလိုက်တာ ကျနော် လဲကျသွားတယ်
ဟဲဘယ်ရမလဲ စိန်မြင့်ညစ်တယ် ထွက်ဆိုပြီး ဘောလုံးပိုင်ရှင် အာဏာနဲ့ ထွက်ခိုင်းလိုက်တယ်၊ ဟိုကောင်လဲ ထွက်သွားရှာတယ်၊ လူကြီးတွေကတော့ ဘာမှ မပြောကြပါဘူး
နောက်တစ်ခု ဒါက အနုပညာနဲ့ဆိုင်တယ်
တက္ကသိုလ်မှာ စန္ဒယားခန်းမှာ ကျနော်ထိုင်တီးနေတယ်၊ ကျနော်တို့ ဒီအချန်းထဲကိုဝင်ဖို့ အတော်ကျိုးစားခဲ့ကြရတာ၊ နောက် အပြင်လူတွေပေးမတီးနဲ့လို့ တော့ RC တာဝန်ခံတွေက ပြောထားတာတော့ရှိတယ်
အခန်းထဲကို ကျောင်းသားတစ်ယောက် ၀င်လာပြီး ကျနော်တီးနေတာကိုနားထောင်နေတယ်၊ မနေ့ က ပြန်တီးဖြစ်တဲ့ ရွှေရင်ဘောင် ငွေရင်ဘောင်၊ ပတ္တလျားလက်ကွက်တွေနဲ့ ပဲ တီးတာပါ
ပြီးသွားတဲ့အခါ သူထလာတယ်၊ ကောင်းတယ်အကိုလို့ ပြောတယ် နောက်ကျနော် ရွှေဘိုဆောင်ကပါတဲ့၊ စန္ဒယားတီးလို့ ရမလားတဲ့
အမှန်တော့ အဲဒီအချိန်မှာ စန္ဒယားဆရာတွေ သိမ်းသွင်းနေရတဲ့အချိန်ပါ၊ ဒါပေမဲ့ ကျနော် ခွင့်ပြုဘို့ အနေမိတယ်၊ ဘယ်သူမှလဲရှိတာမဟုတ်၊ ကိုယ့်ကိုပဲ သော့ပေးထားပြီး တီးခွင့်ပေးထားတဲ့ လူကြီးတွေမှာစကားကို သွားထင့်နေတယ်
ဘယ်လိုအကြောင်းပြချက်ပေးလိုက်မိ မှန်းတောင်မသိဘူး သူကတော့ ရီရီမောမောပါပဲ ပြန်သွားတယ်
မောင်ကိုတစ်ယောက် အဲဒီကိစ္စနှစ်ခုကို ခုထိ မကျေနပ်နိုင်ဘူး ကိုယ့်ကိုယ်ကို ငါ့ အတ္တစိတ်က အတော်များခဲ့တာပဲ၊ မ၀ံ့ဝရဲစိတ်လား အတ္တစိတ်လား
ကဲဗျာ
ဒီခေတ်ကလေးတွေကရီမယ် ကျနော်တို့ ခေတ်က ဘောလုံးအင်မတန်ရှားတယ်၊ ဘောလုံးရှိတဲ့ ကလေးဟာ ကန်တာ တော်တော် မတော်တော် အသင်းထဲမှာပါတော့ပဲ၊ သူအားတဲ့အချိန်ကိုစောင့်ပြီး လူလတ်တွေပါ ကစားကြရတယ်။
အဲဒီညနေ အိမ်ရှေ့ ကွက်လပ်မှာ ကစားကြတယ်၊ ကျနော်တို့ ခြံထဲမှာပဲ စိန်မြင့်ဆိုတဲ့ သူငယ်ခြင်းတစ်ယောက်ရှိတယ်၊ ကျနော်က ရွယ်တူကစားဖေါ်သူငယ်ခြင်းတွေက ဆယ်တန်းအောင်တဲ့အထိ ကျနော်နဲ့ အတန်း လေးတန်းလာက် ကွာတယ်၊ သူဘောလုံးကန်ရင် ညစ်တတ်တယ်၊ လူကသာ ငယ်သေးတာ
နောက်ကနေ ကျနော့်ကို ခြေထိုးခံလိုက်တာ ကျနော် လဲကျသွားတယ်
ဟဲဘယ်ရမလဲ စိန်မြင့်ညစ်တယ် ထွက်ဆိုပြီး ဘောလုံးပိုင်ရှင် အာဏာနဲ့ ထွက်ခိုင်းလိုက်တယ်၊ ဟိုကောင်လဲ ထွက်သွားရှာတယ်၊ လူကြီးတွေကတော့ ဘာမှ မပြောကြပါဘူး
နောက်တစ်ခု ဒါက အနုပညာနဲ့ဆိုင်တယ်
တက္ကသိုလ်မှာ စန္ဒယားခန်းမှာ ကျနော်ထိုင်တီးနေတယ်၊ ကျနော်တို့ ဒီအချန်းထဲကိုဝင်ဖို့ အတော်ကျိုးစားခဲ့ကြရတာ၊ နောက် အပြင်လူတွေပေးမတီးနဲ့လို့ တော့ RC တာဝန်ခံတွေက ပြောထားတာတော့ရှိတယ်
အခန်းထဲကို ကျောင်းသားတစ်ယောက် ၀င်လာပြီး ကျနော်တီးနေတာကိုနားထောင်နေတယ်၊
ပြီးသွားတဲ့အခါ သူထလာတယ်၊ ကောင်းတယ်အကိုလို့ ပြောတယ် နောက်ကျနော် ရွှေဘိုဆောင်ကပါတဲ့၊ စန္ဒယားတီးလို့ ရမလားတဲ့
အမှန်တော့ အဲဒီအချိန်မှာ စန္ဒယားဆရာတွေ သိမ်းသွင်းနေရတဲ့အချိန်ပါ၊ ဒါပေမဲ့ ကျနော် ခွင့်ပြုဘို့ အနေမိတယ်၊ ဘယ်သူမှလဲရှိတာမဟုတ်၊ ကိုယ့်ကိုပဲ သော့ပေးထားပြီး တီးခွင့်ပေးထားတဲ့ လူကြီးတွေမှာစကားကို သွားထင့်နေတယ်
ဘယ်လိုအကြောင်းပြချက်ပေးလိုက်မိ
မောင်ကိုတစ်ယောက် အဲဒီကိစ္စနှစ်ခုကို ခုထိ မကျေနပ်နိုင်ဘူး ကိုယ့်ကိုယ်ကို ငါ့ အတ္တစိတ်က အတော်များခဲ့တာပဲ၊ မ၀ံ့ဝရဲစိတ်လား အတ္တစိတ်လား
ကဲဗျာ
0 comments:
Post a Comment