Sunday, September 28, 2014

ဘဝမှာ ပျော်ရွှင်စရာ မိသားစု ဘဝလေး ပိုင်ဆိုင်စေရန်



ဘဝမှာ ပျော်ရွှင်စရာ မိသားစု ဘဝလေး ပိုင်ဆိုင်စေရန်ပျော်ရွှင်စရာကောင်သော မိသားစု ဘဝလေးတွေကို ပိုင်ဆိုင်စေရန် ဒီစာလေးကို ရေးသား လိုက်ရပါတယ်။ လူတစ်ယောက် အတွက် စိတ်ချမ်းသာဖို့ ဆိုတာ အဓိကကျသော အခန်းကဏ္ဍ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ချမ်းသာဖို့ကို ဦးစားပေးပြီး နေထိုင်သင့်ပါတယ်။


(၁) လိုချင်တက်မက် မှုတွေကို တတ်နိုင်သလောက် လျော့ချပေးပါ
ယနေ့ခေတ်ဟာ လူတွေအတွက် လိုချင်စရာတွေ များပြားလှတဲ့ ခေတ်ဖြစ်ပါတယ်။ ဒါကြောင့် လိုချင်တာကို မရတဲ့ အခါမှာ မိမိပဲ စိတ်ဆင်းရဲ ရပါလိမ့်မယ်။ မိမိအတွက် တကယ်လိုအပ်မယ် ထင်တဲ့ အရာများကိုသာ ဖြည့်စွမ်းပါ။ သို့မှသာ စိတ်ချမ်း သာပါလိမ့်မယ်။


(၂) စိတ်ဆင်းရဲစေမည့် ကိစ္စမျိုးတွေကို တတ်နိုင်သလောက် ရှောင်ပါ
မိမိအတွက် စိတ်ဆင်းရဲစေမည့် အလုပ်မျိုးတွေကို တတ်နိုင်ရင် ရှောင်ကြဉ်ပြီး လုပ်စေချင်ပါတယ်။ တစ်ခါတစ်လေ ငွေများများရမယ့် စိတ်ဆင်းရဲရတဲ့ အလုပ်မျိုးတွေကို ကြုံလာရတတ်ပါတယ်။ အဲဒီအခါမှာ အရာရာကို ငွေကိုချဉ်းပဲ ဦးစားမပေးပါနဲ့။


(၃) ဆွေးနွေးတိုင်ပင်လိုက်ပါ
စိတ်ထဲမှာ မွမ်းကျပ်ပြီး အဖြေထုတ်ရခက်တဲ့ ကိစ္စမျိုးတွေ ပေါ်လာရင် ဇနီး၊ ခင်ပွန်း၊ မိတ်ဆွေ၊ သူငယ်ချင်း၊ ယုံကြည်အားကိုးတဲ့သူ အစရှိသော သူတို့ထံကို တိုင်ပင်ခြင်းဟာ မိမိရဲ့ စိတ်မွမ်းကျပ်မှုတွေကို လျော့ချပေးနိုင် ပါလိမ့်မယ်။


(၄) စိတ်ကိုပျော်ရွှင်စေမည့် နေရာများသို့ သွားပါ
တစ်နှစ်မှာ တစ်ကြိမ်လောက် ဖြစ်ဖြစ် ခရီးထွက်လိုက်ပါ။ ဘာလို့လဲဆိုတော့ အလုပ်ခွင်ထဲမှာ အမြဲတန်းလုပ်နေရတဲ့ အတွက် စိတ်ထဲတွင် ငြီးငွေ့မှုတွေကို ခံစားရနိုင်ပါတယ်။ ခရီးထွက် လိုက်ခြင်း အားဖြင့် အတွေးအခေါ်အသစ်တွေ ထွက်လာနိုင်တဲ့ အပြင် မိမိ၏ စိတ်ကိုလည်း တစ်မျိုးတစ်ဖုံ ပြောင်းလဲ စေနိုင်ပါလိမ့်မယ်။


(၅) အားကစားကို တတ်နိုင်သလောက် လိုက်စားပါ
မိမိတို့အိမ်မှာ ဖြစ်နိုင်ရန် အားကစားလုပ်ဖို့ အတွက် နေရာတစ်ခုလောက် ထားရှိပေးရင် အကောင်းဆုံးပါ။ ကျန်းမာရေးဟာ မိသားစု တစ်စုလုံးအတွက် အရေးကြီးသော ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ အားကစားများကို တစ်မိသားစုလုံး လိုက်စားပါက ရောဂါများကင်းဝေကာ ပျော်ရွှင်စရာ ကောင်းသော မိသားစု ဘဝလေးကို ပိုင်ဆိုင် နိုင်ပါလိမ့်မယ်။


https://www.facebook.com/profile.php?id=100004819780806

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...