Wednesday, September 24, 2014

ပထဝီဝင်နိုင်ငံရေး အပေါ် အားပြှိုင်မှုများ၊

အာရှအလယ်ပိုင်းဒေသ နိုင်ငံတခုဖြစ်တဲ့ Kyrgyzstan နိုင်ငံဆိုတာ အမေရိကန်ပြည်ထောင်စုအတွက် အရေးပါခဲ့တဲ့နိုင်ငံတခုဖြစ်တယ်။ စက်တင်ဘာ (၁၁) ရက်တိုက်ခိုက်မှုအပြီးမှာ နေတိုးစစ်အုပ်စု နဲ့ အမေရိကန်ပြည်ထောင်စုက အာဖကန်နစ္စတန် စစ်ပွဲကို ဆင်နွဲဖို့အတွက် ကာဂျစ်စတန်နိုင်ငံရဲ့ Manas လေတပ်စခန်းကို အသုံးပြုခွင့်ရခဲ့တယ်။
တကယ်တော့ အဲ့ဒီကာလတုံးက ရုရှားသမ္မတ ပူတင် နဲ့ အမေရိကန်သမ္မတ ဂျော့ဘုရှ် ရဲ့ ဆက်ဆံရေးတွေက သိပ်ကောင်းခဲ့တယ်။ ရုရှားတွေကလည်း စက်တင်ဘာ (၁၁) တိုက်ခိုက်မှုအပေါ် အမေရိကန်ပြည်ထောင်စု နဲ့အတူတူရပ်တည်ခဲ့တယ်။ သူတို့ရဲ့ လမ်းကြောင်းတွေကို အသုံးပြုဖို့ခွင့်ပေးခဲ့တယ်။

ကာဂျစ်စတန် နိုင်ငံဆိုတာ တခါတုံးက ဆိုဗီယက်ပြည်ထောင်စု အတွင်းမှာ ရှိတဲ့ နိုင်ငံတခုဖြစ်တယ်။ NATO စစ်အင်အား (၅.၃) သန်းနီးပါး အခြေစိုက်ရခွင့်ရှိတဲ့ နိုင်ငံဖြစ်တယ်။
ဒါပေမယ့် ၂၀၀၃ အီရတ်စစ်ပွဲမှာတော့ ရုရှား နဲ့ အမေရိကန်ပြည်ထောင်စု အကြီးအကျယ်သဘောထားကွဲတော့တယ်။ အီရတ်စစ်ပွဲ နဲ့ အတူ ဥရောပမှာ တရိပ်ရိပ်တက်လာတဲ့ နေတိုးစစ်အုပ်စု ရဲ့ ခြေလှမ်းတွေကို ရုရှားခေါင်းဆောင် ပူတင်ကလည်းသတိပေးခဲ့တယ်။
ပူတင် ရဲ့ ပထမဆုံးတုန့်ပြန်မှုတွေထဲမှာ
ကာဂျစ်စတန်နိုင်ငံရဲ့ လေတပ်အခြေစိုက်စခန်းလည်း ပါတယ်။
တကယ်တော့ ရုရှားရဲ့ စီးပွားရေးအရ လွှမ်းမိုးမှုက အရှေ့ဥရောပနိုင်ငံတွေမှာသာမက၊ အာရှအလယ်ပိုင်းတွေမှာလည်း ရှိနေတယ်။
ကာဂျစ်စတန်နိုင်ငံက အမေရိကန်ပြည်ထောင်စု နဲ့ နေတိုးစစ်အုပ်စုတွေ အခြေစိုက်ရာ မန်းနက်စ် လေတပ်စခန်းကို ပိတ်ပစ်တော့မယ် လို့ ကြေငြာတဲ့ အခါ၊ အမေရိကန်ပြည်ထောင်စု အနေနဲ့ တနှစ် (၁၇.၄) သန်း ငှားရမ်းခ ပေးနေရာက တနှစ် ကို ဒေါ်လာ သန်း (၆၀) ကျော်ပေးပြီး ဆက်လက်သုံးစွဲခွင့်ရဖို့ တောင်းဆိုခဲ့ရတယ်။ ကာဂျစ်စတန်နိုင်ငံက ဆက်လက် တပ်စွဲခွင့်ပေးခဲ့တယ်။
ပူတင်ကလည်း ပထဝီဝင်နိုင်ငံရေးကို သိသလို၊
ဆိုဗီယက်လက်အောက်ခံနိုင်ငံတွေ ဖြစ်ခဲ့ဘူး တဲ့ အာရှအလယ်ပိုင်းဒေသတွေကိုလည်း ရှရှားရဲ့ လွှမ်းမိုးမှုစက်ဝိုင်းထဲကနေ ထွက်သွားလို့မရအောင် လုပ်ခဲ့တယ်။
ရုရှားအစိုးရရဲ့ စွမ်းအင်ကော်ပိုရေးရှင်းတွေကို အကြီးအကျယ် မြှုပ်နှံစေတယ်။
လက်နက် အရောင်းအဝယ်တွေကို မြှုင့်တင်ပြီး၊ ကာဂျစ်စတန် ရဲ့ ကာကွယ်ရေးဆိုင်ရာ နည်းပညာတွေကို ကူညီပေးတယ်။
ယူကရိန်း ကျူးကျော်မှု နဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု နဲ့ ထိပ်တိုက်ရင်ဆိုင်တဲ့ပွဲမှာ၊ ပူတင်က NATO စစ်အုပ်စုကို ပညာပြတဲ့ အနေနဲ့၊ ကာဂျစ်စတန် ဖဲ ကို သုံးကစားလိုက်တယ်။
ကာဂျစ်စတန် ရဲ့ ရုရှားအပေါ်ပေးဆပ်ရမယ့် သန်း (၅၀၀) ဘိုး အကြွေးတွေကို လျှော်ပစ်လိုက်တယ်။
ကာဂျစ်စတန်ကလည်း ရဲဘော်ရဲဘက်ပီသကြောင်း ပြသတဲ့ အနေနဲ့၊ NATO စစ်အုပ်စု အသုံးပြုနေတဲ့၊ သူ့ရဲ့ Manas လေတပ်စခန်းကို 2014 July မှာ ပိတ်ပစ်လိုက်တယ်။
အာဖကန် စစ်ပွဲကို ဆက်လက်သွားချင်တဲ့သူတွေအတွက် မန်းနက်လေတပ်စခန်း ပိတ်ပစ်ခံလိုက်ရခြင်းဟာ အကြီးအကျယ် ဆုံးရှုံးမှုတခုဖြစ်တယ်။
ယူကရိန်းမှာတော့ ရုရှားစစ်တပ်ရဲ့ ကျူးကျော်မှုတွေကို တားဆီးနိုင်စွမ်းမရှိသလို၊
ဘောလတစ် နိုင်ငံတွေဆီမှာလည်း စစ်ရဲ့ အငွေ့အသက်တွေကို မြင်နေရတယ်။ ရုရှားပါလီမန်ကတော့
"နို င်ငံအသီးသီးမှာ နေထိုင်နေတဲ့ ရုရှားလူမျိုးတွေ အပေါ် ခြိမ်းခြောက်လာမယ် ဆိုရင် ရုရှားပြည်ထောင်စု အနေနဲ့ လက်တုန့်ပြန်ဖို့ အသင့်ပဲ" လို့
တရားဝင် ကြေငြာထားလေရဲ့။ ဒီလို ကြေငြာချက်မျိုးကို ဟစ်တလာ လက်ထက်မှာတုံးကလည်း ဂျာမဏီ နိုင်ငံက လုပ်ခဲ့ဘူးတယ်။
ပထဝီဝင်နိုင်ငံရေး အပေါ် အားပြှိုင်မှုများ၊
နာဇီလက်သစ်များနှင့် ကျွန်တော်တို့ ရင်ဆိုင်ရမည့် စစ်ပွဲများ
သမိုင်းကွင်းစက်တွေ အောက်မှာ လူတွေရဲ့ ရည်မှန်းချက်တွေက မှေးမှိန်မသွား ---

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...