Friday, September 26, 2014

ဆုတောင်း

တစ်ခါတုန်းက မြို့ငယ်လေးတစ်မြို့ဟာ ရေလွှမ်းမိုးမှုအခြေအနေနဲ့ကြုံတွေ
့နေရတယ် ။ မြို့သူမြို့သားတွေ အားလုံး အဲဒီမြို့လေးကို စွန့်ခွာသွားကြပေမယ့် လူတစ်ယောက်ကတော့ ကျန်နေခဲ့တယ် ။ အဲဒီလူကပြောတယ် “ ဘုရားသ ခင်က ငါ့ကိုကယ်မှာပါ ငါသူ့ကိုယုံကြည်တယ် ”
ဒီလိုနဲ့ မြို့လေးထဲ ကို ရေတွေတဖြည်းဖြည်းမြင့်တက်လာတယ် ။ အဲဒီအချိန်မှာ ကယ် ဆယ်ရေး မော်တော် ယာဉ်တစ်ဦးရောက်လာပြီး အဲဒီလူကို ကယ်ဆယ်ဖို့လုပ်တယ် ။ ဒါပေမယ့် အဲဒီလူက ငြင်း ဆန်လိုက်ပြီး “ ဘုရားသခင်က ငါ့ကို ကယ်လိမ့်မယ် ငါ့သူ့ကိုယုံကြည်တယ် ” လို့ပဲပြောလိုက်တယ် ။ သူဟာ တိုက်ခေါင် မိုးပေါ်အထိတက်သွားလိုက်တယ် ။ ရေတွေကလည်းမြို့ထဲကို မြုပ်လုနီးနီးတက်လာပါပြီ ။

လှေတစ်စီးရောက်လာပြီး အဲဒီလူကိုကယ်ဖို့လုပ်တယ် ။ နောက်တစ်ကြိမ်း သူက ထပ်ငြင်းလိုက်ပြီး “ ငါဘုရားသခင် ကိုယုံတယ် သူငါ့ကိုကယ်လိမ့်မယ် ” လို့ပဲ အထပ်ထပ်ရွတ်နေတော့တယ် ။ ရေတွေက တအား ကိုမြင့်တက်လာပါပြီ သူဟာ အမိုးထိပ်စွန်းလေးကိုရောက်လာခဲ့တယ် ။ အဲဒီအချိန်မှာပဲ ရဟတ်ယာဉ် တစ်စင်းရောက်လာပြီး သူ့ကိုကယ်ဖို့လုပ်ပါတယ် ။ သူက ထပ်ငြင်းလိုက်ပြန်တယ် ။ “ ငါ့ကို ဘုရားသခင် ကယ်မှာ ပါ ငါဘုရားသခင်ကိုယုံကြည်တယ် ”
နောက်ဆုံး သူ ရေနစ်ပြီး သေသွားခဲ့ရတယ် ။ သူဟာ သေပြီးတဲ့နောက် ဘုရားသခင်နဲ့တွေ့တဲ့အခါ ဘုရားသခင်ကို ဒေါသတကြီးမေးခဲ့တယ် ။ “ ကျွန်တော်ခင်ဗျားကို အရမ်းကို ယုံကြည်ခဲ့တယ် ဒါပေမယ့် ဘာကြောင့် ကျွန်တော့်ဆုတောင်းမှုတွေကို လစ်လျှုရှုထားရပါသလဲ ကျွန်တော့်ကို ဘာကြောင့်ရေနစ်သေစေ ရတာလဲ ” အဲဒီအခါ ဘုရားသခင်က ပြန်ဖြေတယ် “ မင်းကို ငါကယ်ဆယ် ဖို့ မော်တော် ယာဉ်တစ်စီးရယ် လှေတစ်စီးရယ် ရဟတ်ယာဉ်တစ်စီးရယ်ကို ငါ ပို့ခဲ့တာပဲ မင်းဘာလို့ ငြင်ဆန်ခဲ့တာလဲ ” တဲ့ ။
----------------------------------------------
စောင့်မျှော်ခြင်း ၊ မျှော်ကိုးခြင်း နဲ့ ဆုတောင်းခြင်းဆိုတဲ့အရာတွေထက် လက်တွေ့လုပ်ဆောင်ခြင်း ၊ ပြင်ဆင်ခြင်းနဲ့ ကြံစည်တွေးတောခြင်းတို့က ပိုပြီး ထိရောက်တယ် ။ ယုံကြည်မှုဆိုတာ အခြေအနေနဲ့အချိန်အခါပေါ်မူတည်ပြီး အကျိုးအကြောင်းတွေကို ဆင်ခြင်သုံးသပ်နိုင်ရမယ် ။ ဘ၀မှာ ဆုတောင်းနေယုံ တစ်ခုတည်းနဲ့ ဘာမှဖြစ်မလာနိုင်ဘူး လက်တွေ့ကျတဲ့လုပ်ဆောင်မှုတွေကမှသာ ကိုယ့်ရဲ့ လွတ်လမ်းကို ဖော်ဆောင်စေတယ် ။


သက်တန့်ချို

your mind?

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...