Monday, September 29, 2014

တူမှမတူတာ



မြန်မာနိုင်ငံရှိ ပုဂ္ဂလိက အရောင်းစင်တာတစ်ခုတွင် လုံခြုံရေးဝန်ထမ်းတစ်ဦးမှာ ဆိုင်ပိုင်ရှင်သူဌေးတစ်ဦးနှင့်အတူ ဓာတ်လှေခါးထဲတွင် မီးပျက်၍ ပိတ်မိနေ၏။ နောက်ဆုံးမှ ပြန်သူများဖြစ်သောကြောင့် အကူအညီတောင်းရန်မလွယ်ကူပေ။ ဒါ့ပြင် နောက်ရက်မှစ၍ အရောင်းစင်တာ တစ်ခုလုံး သီတင်းကျွတ် ၅ ရက် ပိတ်မည်ဖြစ်သည်။ အရေးပေါ်ခလုပ်ကို နှိပ်သော်လည်း အလုပ်မလုပ်သဖြင့် စိတ်ဓာတ်ကျသွား၏။
ဤအခြေအနေတွင် အောက်စီဂျင်အခဲအခက်ကြောင့် ၂ ရက် ၃ ရက်လောက်ကြာလျှင် အသက်ပါသေဆုံးနိုင်သည်။ ၂ ယောက်စလုံး မထင်မှတ်ဘဲ လတ်တလောဖြစ်ပွားခဲ့သော ချီလီနိုင်ငံမိုင်းတွင်းပိတ်မိသော အလုပ်သမားများ အဖြစ်အပျက်ကို တွေးမိပြီး မဆီမဆိုင်ပျော်ရွှင်သွားသည်။ နောက် ၂ ၊ ၃ ရက်အကြာ ကယ်ဆယ်ရေးဝန်ထမ်းများ သူတို့ကိုလာကယ်ပီး သူတို့လွတ်မြောက်လာသောအခါ လူတကာက ဝိုင်းဝန်း ကြိုဆိုဂုဏ်ပြုကြမည့်အပြင် လူတကာမှပေးသော အကျိုးခံစားခွင့်များလဲရမည်စသဖြင့် တွေးရင်း အရေးပေါ်ကယ်တင်ရေးကို ဆက်သွယ်နိုင်လျှင် အဆင်ပြေပြီဟု စဉ်းစားပြီး ဆက်သွယ်ရေးအတွက် တိုင်ပင်ကြသည်။ သူဌေးက လက်ထဲရှိ GSM ဖုန်းကိုကြည့်လိုက်သည်။ Service Signal လုံးဝမမိ။ ဟန်မပျက်ဘဲ ခါးကြားတွင်ချိတ်ထားသော ၅သိန်းတန် ဖုန်းကိုထုတ်၍ ကြည့်လိုက်သည်။ service signal အပြည့်။ လုံခြုံရေးဝန်ထမ်းကို မချိပြုံးပြုံးပြလိုက်ပြီး မီးသတ်ကို ဖုန်းလှမ်းခေါ်လိုက်သည် "လူကြီးမင်း၏ ဖုန်းသည် သတ်မှတ်ဧရိယာ ကျော်လွန်နေသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်" စိတ်ဓာတ်မကျသေးဘဲ နောက်ထပ် ကန်းရိုးတန်းဖုန်းကို ထပ်ထုတ်ပြီးခေါ်လိုက်သည်။ လိုင်းဝင်သည်။ သူပြောတာ ကိုယ်မကြား၊ ကိုယ်ပြောတာလည်း သူကြားပုံမရ။ "မကြားရဘူး"ဟုပြောလိုက်သော အသံတစ်ခုသာ ကောင်းကောင်းကြားလိုက်ရပြီး ဖုန်းကျသွားသည်။ ထို့နောက် ဖုန်းလိုင်းလုံးဝမဝင်တော့။ မျှော်လင့်ချက်မရှိသလောက် ဖြစ်နေချိန်တွင် ခေတ်မီသော လုံခြုံရေးဝန်ထမ်းက သူဌေးထံမှ iphone ကိုမြင်၍ internet ဖြင့် ဆက်သွယ်အကူအညီတောင်းကြည့်ရန် အကြံပေးသည်။ အကြံပေးသည့်အတိုင်း အိုင်ဖုန်းဖြင့် အင်တာနက်ချိတ်ကြည့်ရာ လိုင်းမိသည်။ ၂ယောက်လုံး ပျော်သွားသည်။ နည်းပညာရဲ့ အကျိုးကျေးဇူးတွေပဲ။ နောက် ၃ရက်အကြာ ကယ်ဆယ်ရေးအဖွဲ့များ ဓာတ်လှေခါးကို ဖွင့်ထုတ် ကယ်ဆယ်ခဲ့သော်လည်း နှစ်ဦးစလုံးအသက်ရှူကြပ်ပြီး သေဆုံးနှင့်လေပြီ။ သေဆုံးသူတို့အနီးတဝိုက်တွင် ဟန်းဆက်၎လုံးကိုတွေ့ရပြီး ၄င်းတို့အနက် အိုင်ဖုန်းတွင် Gmail pageမှာ loadingဆိုပီး အ၀ိုင်းလေး လည်နေသည်ကို တွေ့ရှိရလေသတည်းးးးးးးးးးးးးးးးးး
ဟီးဟီး ကော်ပီနော်.....

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...