Saturday, September 27, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၂၇-၉)

သစ်ထူးလွင်


Posted: 27 Sep 2014 04:43 AM PDT
လမ်းကြုံတဲ့ Road Map  ဒီပဲယင်းအရေးခင်းဖြစ်ပြီး ၂ လခန့်အကြာ သြဂုတ်လထဲမှာတော့ အော်စလိုရုံးချုပ်ကနေ ထိုင်းနိုင်ငံဆီ တာဝန်အရ ခရီးသွားဖို့ကိစ္စတခုပေါ်လာပါတယ်။ တာဝန်ပေါ်လာတယ်ဆိုတာက အဲဒီကာလက သူများ တွေပြောသလို လိုက်ပြောကြည့်တာပါ။ တကယ်ကတော့ နိုင်ငံတော်စရိတ်နဲ့ခရီးသွားချင်လို့ ကိုယ့်ဘာ သာထွင်လိုက်တဲ့ တာဝန်မျိုးသာဖြစ်ပါတယ်။ အော်စလိုကနေ ဘန်ကောက်ကို ကိုယ့်စရိတ်နဲ့ကိုယ် သွားလည်မယ်ဆို ကုန်ကျစရိတ်က ဘယ်နည်းပါ့မလဲ။
Posted: 27 Sep 2014 04:25 AM PDT
ရန်ကုန်၊ စက်တင်ဘာ ၂၇ ၁၈.၉.၂၀၁၄ ရက်နေ့ ၁၂၃၀ အချိန်ခန့်တွင် သန်လျင်မြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သန်လျင် မြို့နယ်၊ ပြည်သူ့ဆေးရုံနှင့် သီဟဒီပအားကစားကွင်း လမ်းသွယ်တွင် သန်လျင်မြို့နယ်နေ အောင်ဆန်းဦး၊ ဝေယံအောင်နှင့် သန်းထွန်းလေးတို့(၃)ဦးအား ဆိုင်ကယ်(၁)စီးနှင့် မသင်္ကာဖွယ်တွေ့ရှိသဖြင့် သန်လျင်မြို့မရဲစခန်း(ပ)၆၀၂/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၈၀/၅၄ ဖြင့် အမှုဖွင့်လှစ် စစ်ဆေးခဲ့ရာ အဆိုပါဆိုင်ကယ်အား
Posted: 27 Sep 2014 04:16 AM PDT
ရန်ကုန်၊ စက်တင်ဘာ ၂၇ ၂၆.၉.၂၀၁၄ ရက်နေ့ ၁၃၀၀ အချိန်တွင် ရွှေပြည်သာမြို့နယ်၊ လှော်ကား နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် အမျိုးသားတစ်ဦး ဓါတ်လိုက်ခံရသဖြင့် ရွှေပြည်သာဆေးရုံသို့ ပို့အပ်ကုသစဉ် သေဆုံးသွား ကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ရွှေပြည်သာမြို့နယ်နေ လျှပ်စစ်နေ့စား ၀န်ထမ်း ကိုကျော်သူရအောင်၊ (၂၇)နှစ်ဖြစ်ပြီး ယာတံတောင်နှင့် လက်မောင်း ပေါက်ပြဲ၊ ၀ဲဘက်ရင်အုံ
Posted: 27 Sep 2014 04:08 AM PDT
လူထုရဲ့တခဲနက်ဆန့်ကျင့်မှုကို ဖြစ်စေခဲ့တဲ့ အုပ်စုဖွဲ့ အဓမ္မကျင့်မှု ဖြစ်ပြီးတဲ့နောက် အာဖန်အမျိုးသား ၅ ဦးကို သေဒဏ်ချမှတ်လိုက်ပါပြီ။ သြဂုတ်လက ကဘူးလ်မြို့ကို ပြန်လာတဲ့ အမျိုးသမီး ၄ ဦးကို တိုက်ခိုက်ခဲ့တဲ့ အတွက် သူတို့မှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရလို့ပါပဲ။ ကျန်အမျိုးသား ၂ ဦးကိုတော့ ဒီသီတင်းပတ်မှာပဲ အယူခံတရားရုံး က ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခဲ့ပါတယ်။ ဂါရောဝါဇိရိ ပေးပို့တဲ့သတင်းအရ အာဖဂန်မှာ
Posted: 27 Sep 2014 04:01 AM PDT
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်မှ ဘင်္ဂလီကျေးရွာသား တစ်ဦးအား တောင်ပေါ်သူ အမျိုးသမီး ကျောင်းဆရာငယ် တစ်ဦးအပေါ် အဓမ္မပြုကျင့်မူဖြင့် မောင်တောခရိုင် တရားရုံးက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်သည်ဟု သိရသည်။ “ ဒီလ ၂၄ ရက်နေ့က မောင်တောခရိုင် တရားရုံးက ချမှတ်လိုက်တာပါ။ ပုဒ်မ ၃၇၆ မုဒိမ်းမူနဲ့ ထောင်ချလိုက်တာပါ” ဟု မောင်တောမြို့မှ ရှေ့နေတစ်ဦးဖြစ်သူ ဦးကျော်ဝင်းက ဆိုသည်။ ထောင်ချခံရသူမှာ
Posted: 27 Sep 2014 04:31 AM PDT
စက်တင်ဘာ ၂၇ရက်၊ ၂၀၁၄ခုနှစ်။ မြ၀တီမြို့ပြင်ရှိ အောင်မြေရွှေဘို ရပ်ကွက်တွင် ယနေ့ ၁၁နာရီခန့်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုတစ်ခု အချိန်ပိုင်းဖြစ်ပွားခဲ့သည် ဟု မြို့ခံလူထု၏ ပြောပြချက်များအရ သိရသည်။ မြို့ခံ အမျိုးသမီးတစ်ဦးက “တိုက်ပွဲဖြစ်တာက အောင်မြေရွှေဘိုရပ်ကွက်နားက မချောလေးကုန်းမှာတဲ့။ အဲဒီမှာက စစ်တပ်ကော၊ ဘီဂျီအက်ဖ်ကော ရှိတယ်လေ။ အခုတော့ ငြိမ်သွားပြီ။ ဒါပေမဲ့ စစ်တပ်က မြို့ပြင်ထွက်မဲ့လမ်းကို နေ့လည်ပိုင်းက
Posted: 27 Sep 2014 03:47 AM PDT
ဝန်ကြီးချုပ်ကဲ့သို့ အာဏာအများကြီး ရထားသူတစ်ဦးဟာ စိတ်ဆတ်ရင်၊ စိတ်နောက်ကိုယ်ပါ လုပ်မိရင် နိုင်ငံမှာ ဘေးဥပါဒ် အန္တရာယ်တွေ အများကြီး ပေါ်လာနိုင်တယ်ဆိုတာ သဘောပေါက် တဲ့ နေ့ကစပြီး မိမိ ကိုယ်ကို မိမိပြုပြင်ခဲ့ပုံကို ဦးနုက ထည့်သွင်းပြောကြား . . . ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ နိုင်ငံတကာရှိ ဒီမိုကရေစီ အစိုးရများသည် သူတို့၏ အသက်သခင် ကျေးဇူး ရှင် ပြည်သူများကို အလုပ်အကျွေး ပြုရာတွင်
Posted: 27 Sep 2014 03:44 AM PDT
သမ္မတအိုဘားမား၏ နိုင်ငံခြားဆက်ဆံရေး Brand အသစ် (New brand of foreign Relations) သည့် အာဆီယံ နိုင်ငံပေါင်း ၁၁နိုင်ငံ ရှိသည့် အထဲတွင် ချောမောပြေပြစ်သည့် အမျိုး သမီးခေါင်းဆောင် များရှိသည့် ထိုင်းနိုင်ငံနှင့် မြန်မာနှစ်နိုင်ငံတည်းကိုသာ အထူးထား ကျင့်သုံးနေသည်လား၊ သမ္မတဘားရက် အိုဘားမားပဲ သိမည်ဖြစ်သည် . . . ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ယခင်အပတ်မှအဆက် ယခုမိမိတို့ ပထမအကြိမ်ြ
Posted: 27 Sep 2014 03:43 AM PDT
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီတည်ထောင်ခြင်း ၂၆နှစ်ပြည့် အခန်းအနားကို ရန်ကုန်၊ ရွှေဂုံတိုင်က အဖွဲ့ချုပ်ရုံးခန်းမှာ ကျင်းပပြုလုပ်ခဲ့ပြီး အဖွဲ့ချုပ်ရဲ့ သဘောထား ကြေညာချက် တစောင်လည်း ထုတ်ပြန်ခဲ့ ပါတယ်။ အဖွဲ့ချုပ် ၂၆ နှစ်ပြည့် အခမ်းအနားကို ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခြင်းမရှိဘဲ နာယကဦးတင်ဦးပဲ တက်ရောက်ပြီး မိန့်ခွန်းပြောခဲ့ပါတယ်။ အခမ်းအနားကို နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ
Posted: 27 Sep 2014 12:28 AM PDT
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အား ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင်ဖွဲ့စည်းခဲ့ပြီး ၂၇ ရက်နေ့တွင် မှတ်ပုံတင်ခဲ့သည်မှာ ယနေ့ဆိုလျှင် ၂၆ နှစ်ပြည့်မြောက်ခဲ့ပေပြီ။ အဖွဲ့ချုပ်စတင် မွေးဖွားခြင်း နှစ်ပတ်လည် အခမ်းအနားအား ယနေ့ နံနက် ၁၀နာရီတွင် အဖွဲ့ချုပ်ရုံးချုပ်တွင် စည်ကားစွာ ကျင်းပခဲ့ပြီး အဖွဲ့ဝင်များ၊သံတမန်များ၊ မိတ်ဖက်နိုင်ငံရေး ပါတီများ၊ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း
Posted: 27 Sep 2014 12:12 AM PDT
ထိုင်းမြန်မာ နယ်စပ် မြ၀တီမြို့မှာ အစိုးရစစ်တပ်၊ ရဲတပ်ဖွဲ့၊ နယ်ခြားစောင့် တပ်တို့ ပါဝင်တဲ့ ပူးပေါင်း တပ်ဖွဲ့များနှင့် ကေအန်အယ်အေ ငြိမ်းချမ်းရေး ကောင်စီတို့ စက်တင်ဘာလ ၂၇ ရက်နေ့ မနက် ၁၁ ကျော်က ပစ်ခတ်မှု ဖြစ်ပွား ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပွားမှုကြောင့် စာသင်ကျောင်းတချို့ ပိတ်လိုက်ပြီး မြို့ခံလူထုတချို့ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။ မြန်မာအစိုးရစစ်တပ်မှ မြ၀တီမြို့ပေါ်ရှိ နေရာတချို့တွင်
Posted: 26 Sep 2014 11:57 PM PDT
ကမ္ဘာကျော် ဒစ်စနေ(Disney) ကာတွန်း ဇာတ်ကောင်များ ဖြစ်သော မစ်ကီမောက်စ် (Mickey Mouse)နှင့် မီနီမောက်စ် (Minnie Mouse) ဇာတ်ကောင် ကာတွန်းရုပ်များ အဖြစ် အရုပ်ထဲတွင် လူဝင်ထားသည့် ကာတွန်း အရုပ်များနှင့် ရန်ကုန်တိုင်း ဒေသကြီး၊ စည်ပင်သာယာရေး ၀န်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဌ မြို့တော်ဝန် ဦးလှမြင့်တို့ ယနေ့ စက်တင်ဘာ ၂၇ ရက်နေ့ နံနက် ၇ နာရီခွဲခန့်က မြို့တော်ခန်းမအနီး မဟာဗန္ဓုလပန်းခြံတွင်ေ
Posted: 26 Sep 2014 11:51 PM PDT
စစ်အစိုးရလက်ထက်က အတည်ပြုဖွဲ့စည်းပေးခဲ့သည့် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင် နိုင်လျှင် ရခိုင်အမျိုးသားပါတီ၏ရည်မှန်းချက်နှင့် အမျိုးသားရပိုင်ခွင့်များကိုမရနိုင်ကြောင်း ရခိုင်အမျိုး သားပါတီ ခေါင်းဆောင်များက ပြောကြားသည်။ စက်တင်ဘာလ ၂၅ ရက်နေ့၊ နံနက် ၉ နာရီက ရခိုင်ပြည်နယ်၊ သံတွဲမြို့ပေါ်ရှိ လေးမျက်နှာ ဓမ္မာရုံတွင် ပြုလုပ်သော ပထမအကြိမ် ရခိုင်အမျိုးသားပါတီ(Arakan National Party-ANP) ညီလာခံ ဖွင့်ပွဲ၌
Posted: 26 Sep 2014 11:47 PM PDT
ပြည်တွင်းငြိမ်းချမ်ရေး တည်ဆောက်မှု ဖြစ်စဉ်မှာ ပြည်သူလူထု ပါဝင်မှု ရှိလာရန် ကရင်နီအမျိုးသား တိုးတတ်ရေး ပါတီ-KNPP မှ လူထုနှင့် တွေ့ဆုံပွဲ ပြုလုပ်မည့် အစီအစဉ်သည် လူထုဘက်က အမှန်တကယ်လိုလား နေသည့် ဆန္ဒကိုဖြည့်စည်း လိုက်ခြင်းဖြစ်သည်ဟု လူငယ်ငယ်များ အဖွဲ့က ဆိုသည်။ စက်တင်ဘာလ ၂၅ရက်နေ့က လွိုင်ကော်မြို့ ထေးတမရပ်ကွက် မော့ဒူဒီးဘိုးဟို ခန်းမတွင်KNPP မှလူထုတွေ့ဆုံပွဲ ပြင်ဆင်ရေး
Posted: 26 Sep 2014 11:29 PM PDT
“”ဒီပဋိပက္ခ ဖြစ်တာတွေကို ကြီးတဲ့အမှုငယ်အောင်၊ ငယ်တဲ့အမှု ပလပ်အောင် လုပ်ဖို့ဆိုပြီး အစိုးရဆိုတာကို လူတွေက တင်မြှောက်ခဲ့တယ်။ တင်မြှောက် တုန်းကတော့ လူတွေပဲ။ ဒါပေမဲ့ နောက်ကျတော့ လူ့အထက် ရောက် သထက်ရောက်ပြီး လူတွေအထဲက ပေါ်ခဲ့တဲ့ အစိုးရဟာ မိုးကျရွှေကိုယ် ဘ၀သို့ ရောက်သွားတယ် . . .”” ဗိုလ်ချုပ်အောင်ဆန်း ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ (ဖြတ်သန်းခဲ့ရသော သတင်းထောက်ဘ၀ အတွေ့အကြုံ)
Posted: 26 Sep 2014 11:27 PM PDT
မော်လမြိုင်ကျွန်း စက်တင်ဘာ ၂၆ ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ် ကျွန်းသာယာကျေးရွာနေ ကိုလှထူး၏ လိုင်းဖုန်းအမှတ် ဝ၉၄၉ ....သို့ ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာအခွန်ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် ထိုသူ၏ ကိုယ်ရေးအရာရှိဟု ပြောဆိုသူနှစ်ဦးက စက်တင်ဘာ ၂ဝ ရက် ညနေ ၄ နာရီ ခန့်က ဖုန်းဆက်ပြီး အကြီးအကဲ၏ လမ်းညွှန်ချက်အရ ဖုန်းနံပါတ်ပေါင်း ၂ဝဝဝ ကျော်ကို ကံစမ်းမဲနှိုက်ရာတွင် သုံးကြိမ်စလုံး ကိုလှထူး၏ ဖုန်းနံ
Posted: 26 Sep 2014 11:27 PM PDT
ဟောင်ကောင်မှာ ဒီမိုကရေစီ ထောက်ခံတဲ့ကျောင်းသားတွေက အစိုးရရုံးချုပ်ကို ၀င်စီးဖို့ ကြိုးစားစဉ်မှာ ရဲအဖွဲ့နဲ့ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။ ဟောင်ကောင်ကို ဒီမိုကရေစီအပြည့်အ၀ပေးဖို့ တောင်းဆိုတဲ့ ဆန္ဒပြသမားတွေကို ရဲက ငရုတ်ကောင်းရည်တွေကိုနဲ့ ပက်ပြီး လူစုခွဲပါတယ်။ အခု ထိပ်တိုက်တွေ့မှုဟာ သြဂုတ်လက ဟောင်ကောင်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ တရုတ်ကွန်မြူနစ်ပါတီက ဆုံးဖြတ်တဲ့နောက် အပြင်းထန်ဆုံး ဆန္ဒပြပွဲဖြစ်ပါတယ်။
Posted: 26 Sep 2014 10:23 PM PDT
နိုင်ငံရေးလောက၌ သမ္မတအုပ်ချုပ်သောစနစ်တွင် လွှတ်တော် ဖျက်သိမ်းနိုင်ခွင့်ရှိသော အခြေခံ ဥပဒေသည် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေသာ မြင်ဖူးသည်… ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ နိဒါန်း ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း(၁၁)၊ ပုဒ်မ ၄၁၀မှ ပုဒ်မ ၄၃၂အထိ ခေါက်ခေါက်ခါခါ (အပြန်အ လှန်) နည်းပေါင်းစုံဖြင့် လေ့လာကြည့် ရှုပြီး စီးသောအခါ ဤဆောင်းပါးကို (အား)ပြည်သူသို့သိစေရန် တင်ပြ ရေး သား
Posted: 26 Sep 2014 10:20 PM PDT
ထိုင်း မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေက လူဦးရေ ၂၃ ယောက်ပါဝင်တဲ့ မိသားစုငါးစုဟာ တတိယနိုင်ငံမှာ အခြေချနေထိုင်ရေးအစီအစဉ်အရ ဂျပန်နိုင်ငံ တိုကျိုမြို့ကို သောကြာနေ့ညနေပိုင်းက ရောက်ရှိခဲ့ကြပါတယ်။ ကရင်တိုင်းရင်းသားတွေ အများစုပါဝင်တဲ့ အဲဒီ ၂၃ ယောက်အသုတ်ဟာ ဂျပန်နိုင်ငံ အစီအစဉ်အတွက် နောက်ဆုံးအသုတ်ဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံသား ဒုက္ခသည်တွေ ဂျပန်နိုင်ငံကို ရွှေ့ပြောင်းနေထိုင်ရေးအစီအစဉ်ကို ၂ဝ၁ဝြ
Posted: 26 Sep 2014 08:21 PM PDT
မြန်မာနိုင်ငံမှာ ဆက်သွယ်ရေး အော်ပရေတာ လိုင်စင်ရထားတဲ့ တယ်လီနော မြန်မာ ကုမ္ပဏီက ဆင်းကတ်တွေကို စက်တင်ဘာလ ၂၇ ရက်နေ့ မန္တလေးမှာ စတင်ရောင်းချပေးတော့မှာဖြစ်ပါတယ်။ ဆင်းကတ်တခုကို ကျပ် ၁၅၀၀ ရောင်းချမှာဖြစ်ပြီး ဘယ်ဖုန်းမဆို ခေါ်ဆိုခ ၁ မိနစ်ကို ၂၅  ကျပ် သတ်မှတ်ထားပြီး ပထမဆုံးအသုံးပြုသူတွေ အတွက် မိနစ် ၂၀ အခမဲ့ ပြောဆိုခွင့်ပေး ထားသလို ၁ လအတွင်း အင်တာနက် အခမဲ့ အသုံးပြုခွင့်ပေးထားတယ်လို့ တယ်လီနော (မြန်မာ)ြေ
Posted: 26 Sep 2014 07:31 PM PDT
ရန်ကုန် စက်တင်ဘာ ၂၆ ရန်ကုန်တိုင်း ဒေသကြီး လှိုင် သာယာမြို့နယ်၌ ၂ဝ၁၄ ခုနှစ်တွင် ကျူးကျော် ဆောက်လုပ် နေထိုင်မှု အမြင့်ဆုံး ရောက်ရှိလျက်ရှိရာ ချောင်းကျူး၊ မြောင်းကျူး၊ လမ်းနယ်ကျူးများ အနက် အမှတ်(၃) ရပ်ကွက် အပိုင်(၂) သာယာကုန်း ချောင်းနံဘေး လေဘာကုန်း တံတားအနီးရှိ ဂက်စ်ပိုက်လိုင်းပေါ်တွင် စားသောက်ဆိုင် နှင့်တဲများ အစီအရီ ဆောက်လုပ် နေထိုင်လျက်ရှိသည်။ ၎င်းတို့သည် အမှိုက်များကို ပိုက်လိုင်းအနီးနှင့်
Posted: 26 Sep 2014 07:28 PM PDT
ရန်ကုန် စက်တင်ဘာ ၂၆ တိုင်းရင်းသားလူမျိုးများနေထိုင်သည့် နယ်စပ်ဒေသများအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် စက်မှုဇုန်လုပ်ငန်းများကို ပိုမိုတိုးချဲ့ကာ လုပ်ကိုင်ခွင့်ပြုသွားရန် ရည်ရွယ်ထားကြောင်း ရင်းနှီးမြှုပ်နှံ မှုကော်မရှင်ထံမှသိရှိရသည်။ ကျေးလက်နှင့်နယ်စပ်ဒေသများအတွင်း စီးပွားရေးလုပ်ငန်းများ တစ်ခုချင်းအလိုက် လုပ်ကိုင်ဆောင်ရွက်ရန်အတွက် အခြေခံအဆောက်အအုံများဖြစ်သည့် လျှပ်စစ်ဓာတ်အား၊
Posted: 26 Sep 2014 07:05 PM PDT
သီရိလင်္ကာ နိုင်ငံမှာ စက်တင်ဘာလ ၂၈ ရက်မှာ ကျင်းပမယ့် သံဃာ့ ကောင်စီ အစည်းအဝေး တခုကို မန္တလေးမြို့ မစိုးရိမ်တိုက်က ဆရာတော် ဦးဝီရသူ ကို တက်ဖို့ ဖိတ်ကြား ထားရာမှာ ဦးဝီရသူကို သီရိလင်္ကာ ကို လာခွင့် မပေးဖို့ သီရိလင်္ကာ မွတ်ဆလင် ကောင်စီက ကန့်ကွက် လိုက်ပါတယ်။ ဦးဝီရသူကို အစည်းအဝေး တက်ဖို့ သီရိလင်္ကာ နိုင်ငံက သဘောထား တင်းမာတဲ့ ရဟန်းတော် အဖွဲ့ ဖြစ်တဲ့ Bodu Bala Sena အဖွဲ့က ဖိတ်ကြား ခဲ့တာ ဖြစ်ပါတယ်။
Posted: 26 Sep 2014 07:01 PM PDT
အမေရိကန် စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Martin Dempsey က လေကြောင်း တိုက်ခိုက်မှုတွေ ကြောင့် IS အစ္စလာမစ် နိုင်ငံ လက်နက်ကိုင်အဖွဲ့အပေါ် ထိခိုက်မှုတွေ ရှိမှာ ဖြစ်ပေမယ့် လေကြောင်း တိုက်ခိုက်မှု တခု တည်းနဲ့တင် အနိုင်တိုက်ဖို့ မလုံလောက်ဖူးလို့ သတိပေး ပြောကြားလိုက်ပါတယ်။ အီရတ်နဲ့ ဆီးရီးယားမှာ ရှိတဲ့ IS လက်နက်ကိုင်တွေကို အနိုင်တိုက်ဖို့ နိုင်ငံရေး နည်းလမ်းအရရော၊ မြေပြင် တိုက်ခိုက်မှုပါ လိုမယ်လို့ ဆိုပါတယ်။
Posted: 26 Sep 2014 06:56 PM PDT
မြန်မာနိုင်ငံတွင်း  ပြုပြင်ပြောင်းလဲမှုတွေ တိုးတက်လာတာကြောင့် အားရကျေနပ်စရာဖြစ်တယ်လို့ ဆိုပေမယ့် ရခိုင်ပြည်နယ်နဲ့ အခြား မြန်မာနိုင်ငံနေရာ အချို့မှာရှိနေတဲ့ လူမှုအသိုင်းအ၀ိုင်းအကြား အထူးသဖြင့် ဗုဒ္ဓဘာသာဝင်တွေနဲ့ မူဆလင်တွေအကြား တင်းမာမှုဟာ အတော်လေး စိုးရိမ်မကင်းဖြစ်စရာ အခြေအနေရှိနေတုန်းပဲလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထောက်ပြပြောဆိုခဲ့ပါတယ်။ သောကြာနေ့ ညနေပိုင်း နယူးယောက် ကုလသမဂ္ဂ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...