Wednesday, September 24, 2014

#‎ကွာလှ‬ တစ်လက်မပေါ့ကွာ


28. နိုင်ငံပေါင်းစုံက ကျောင်းသားတွေဟာ ကျောင်းကြီးတစ်ကျောင်းမှာ စုပြီး ပညာတော်သင်အနေနဲ့
နေကြပါတယ်။ ဂျပန်၊ အမေရိကန်၊ ရုရှား၊ မြန်မာနဲ့ တစ်ခြားနိုင်ငံတွေ အများကြီးပေါ့။ တစ်နေ့မှာ
ကျောင်းသားတွေဟာ ကိုယ့်နိုင်ငံမှာ ဘယ်အရာတွေ တိုးတက်နေလည်း ဆိုတာကို အပြိုင်အဆိုင်
ပြောဖြစ်ကြပါတယ်။ ဂျပန်ကျောင်းသားလေးက စပြောပါတယ်။
ဂျပန်။ ငါတို့တိုင်းပြည်မှာ ကားပဲ ထုတ်ထုတ် ကွန်ပျူတာပဲ ထုတ်ထုတ် လူတွေကို မသုံးတော့ဘူး
စက်ရုပ်တွေနဲ့ပဲ အလုပ် လုပ်တာကွ။


အဲဒီတော့ ကျန်တဲ့ ကျောင်းသားတွေက ၀ိုင်းပြီး မေးကြတာပေါ့။ မင်းတို့ဟာက ဟုတ်ရဲ့လားကွာ
စက်ရုပ်တွေနဲ့ အလုပ်လုပ်တော့ လူတွေလောက် ဘယ်တိကျမလဲ လွဲချော်တာတွေ ဘာတွေ ရှိမှာပေါ့
လို့ မေးတော့ ဂျပန်လေးက ပြန်ဖြေသတဲ့ ကွာလှ တစ်လက်မပေါ့။ ဒါနဲ့ပဲ ရုရှားကျောင်းသားလေးက
ဆက် ကြွားပြန်သတဲ့။
ရုရှား။ ငါတို့တိုင်းပြည်ကတော့ လက်နက်ဆန်းတွေကို တစ်ခုပြီး တစ်ခု ထွင်နေတာပဲကွ။ ဒါပေမဲ့
ခုနောက်ဆုံးထွင်ထားတဲ့ လက်နက်တစ်ခုဆိုရင် ကြိုက်တဲ့နေရာက ပစ်မှတ်ကို ရွေးပြီး ပစ်နိုင်တယ်ကွ
အဲဒီတော့ ကျန်တဲ့ လူတွေက စောဒကတက်တော့ ရုရှားလေးက ပြန်ပြောတာကတော့ ကွာလှ
တစ်လက်မပေါ့ကွာ။ အလှည့်ကျ ပြောရတာဆိုတော့ အခုအလှည့်က မြန်မာလေး အလှည့်
ဖြစ်လာပါတယ်။ မြန်မာကျောင်းသားလေးလည်း သူများလို ကြွားချင်တာပေါ့ ဒါပေမဲ့ ဘာကို
ကြွားရမလဲဆိုတာ စဉ်းစားလို့ မရဘူးဖြစ်နေတယ်လေ။ ဒါပေမဲ့ တို့မြန်မာတွေက ဖြတ်ထိုးဥာဏ်
သိပ်ကောင်းတာကို သူတို့ မသိကြဘူးလေ။ မြန်မာလေးက အားကျမခံ ပြန်ကြွားလိုက်ပါတယ်။
မြန်မာ။ ငါတို့ မြန်မာမိန်းကလေးတွေ ကလေးမွေးရင် ဖင် ကနေမွေးတာကွ ကျန်တဲ့ ကျောင်းသား
တွေက ဟာ မင်းဟာက မဖြစ်နိုင်ပါဘူးကွာ လို့ ဆိုတော့ မြန်မာလေးကလည်း အေးဆေးပဲ ပြန်ပြော
လိုက်ပါတယ်။ ကွာလှ တစ်လက်မပေါ့ကွာတဲ့ ။
‪#‎မဟော်မျိုးမင်းကို‬

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...