Friday, September 19, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၁၉-၉)

သစ်ထူးလွင်


Posted: 19 Sep 2014 07:26 AM PDT
ဗြိတိန်ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်တဲ့ GlaxoSmithKline ကို တရုတ်တရားရုံး တခုက ဒဏ်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၉၀ ချမှတ်လိုက်ပါတယ်။ ဒါ့အပြင် သူတို့ထုတ်တဲ့ဆေးတွေကို သုံးဖို့ ဆရာဝန်တွေနဲ့ ဆေးရုံတွေကို လာဘ်ထိုးတယ်ဆိုပြီး ကုမ္ပဏီ ရဲ့ ဗြိတိန်နိုင်ငံသား တရုတ်နိုင်ငံဆိုင်ရာ မန်နေဂျာနဲ့ တခြားလူတွေကိုလည်း ထောင်ဒဏ်တွေ ချမှတ်လိုက်ပါတယ်။ ဟူနန်းပြည်နယ်၊ Changsha မြို့ တရားရုံးက ဒီကနေ့ ချမှတ်လိုက်တဲ့ဒဏ်ငွေဟာ
Posted: 19 Sep 2014 07:24 AM PDT
နှစ်ပေါင်း ၃၀၀ ကျော် ဗြိတိန်နိုင်ငံနဲ့ ပူးတွဲတည်ရှိလာတဲ့ စကော့တလန်နယ်ကို သီးခြားခွဲမထွက်ဘဲ ဒီအတိုင်း ဆက်နေသွားမယ် လို့ သမိုင်းဝင် လူထုဆန္ဒ ခံယူပွဲကနေ မဲပေး ဆုံးဖြတ်လိုက်ကြပါတယ်။ စကော့တလန် မဲဆန္ဒနယ် ၃၂ ခုက မဲတွေကို ရေတွက်ပြီးတဲ့နောက် ဗြိတိန်နဲ့အတူတွဲပြီး ဆက်နေချင်တဲ့မဲအရေအတွက် ၅၅.၃% နဲ့ ခွဲထွက်ချင်တဲ့ မဲအရေအတွက် ၄၄.၇% အသီးသီးရတာကြောင့် နဂိုခန့်မှန်းထားတာထက် ကွာခြားချက်ပိုများပါတယ်။ မဲဆန္ဒရှင်တွေရဲ့
Posted: 19 Sep 2014 07:08 AM PDT
လှိုင်သာယာ စက်မှုဇုန် မစတာ စပေါ့ ဖိနပ် စက်ရုံ ပဋိပက္ခ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့နဲ့ ညွှန်ချုပ်တို့က မမှန်ကန်တဲ့ သတင်းစာ ရှင်းလင်းပွဲကို လုပ်ခဲ့တယ်လို့ ကာယကံရှင် အလုပ်သမားတွေက ပြောဆို လိုက်ပါ တယ်။ ဒီ သတင်းကို ဥာဏ်ကြီးက ပေးပို့ထားတာပါ။ DVB TV - 19.09.2014 ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ 
Posted: 19 Sep 2014 06:32 AM PDT
အီရတ် နိုင်ငံမှာ ရှိတဲ့ IS အစ္စလာမ္မစ် တပ်တွေကို ပြင်သစ် တိုက်လေယာဉ် တွေက ပထမဆုံး အကြိမ် လေကြောင်း တိုက်ခိုက် မှုတွေ စတင် လိုက်တယ်လို့ ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်းဒ်က ပြောပါတယ်။ အီရတ် အရှေ့မြောက်ပိုင်းက IS တပ် စခန်းတွေကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး နောက်ထပ်လည်း ဆက်လက် တိုက်ခိုက် သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ယူအေအီး နိုင်ငံမှာ အခြေစိုက်တဲ့ ပြင်သစ် တိုက်လေယာဉ်တွေဟာ ပြီးခဲ့တဲ့ တနင်္လာနေ့
Posted: 19 Sep 2014 04:01 AM PDT
စကော့တလန်ကို ယူကေနိုင်ငံထဲကနေ ခွဲထွက်သင့်မသင့် ဆန္ဒခံယူပွဲလုပ်ရာမှာ ယူကေထဲမှာပဲ ဆက်နေဖို့ စကော့တလန် လူထုက မဲပေး ဆုံးဖြတ်ခဲ့ကြပါတယ်။ စကော့တလန် ပြည်သူတွေက လွတ်လပ်ရေးမယူဖို့ ဆုံးဖြတ်ခဲ့ကြပြီ။ သမိုင်းဝင်လူထု ဆန္ဒခံယူပွဲမှာ စကော့တလန်ရဲ့ ဒေသန္တရနယ်မြေ ၃၂ ခုအထဲက ၃၁ ခုမှာ မဲတွေ ရေတွက်ပြီးချိန်မှာ ယူကေထဲမှာ ဆက် တွဲနေရေး ဘက်က မဲ ၅၅ ရာခိုင်နှုန်းရခဲ့ပြီး ခွဲထွက်လို့ လွတ်လပ်ရေးယူမယ့် ဘက်က မဲ ၄၅
Posted: 19 Sep 2014 03:51 AM PDT
အမေရိကန်နိုင်ငံ ဖလော်ရီဒါ ပြည်နယ်တွင် အသက် ၅၁ နှစ်အရွယ် အမျိုးသား တဦးဟာ သူ့သမီးနဲ့ မြေး ၆ ဦးကို သေနတ်နဲ့ ပစ်သတ်အပြီး သူ့ကိုယ်သူ သတ်သေမှု စက်တင်ဘာ ၁၈ ရက်နေ့က ဖြစ်ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဒွန်စပိရစ်လို့ အာဏာပိုင်တွေက သိထားတဲ့ သံသယရှိသူဟာ ၉၁၁ အရေးပေါ်ဖုန်းကို ခေါ်ခဲ့အပြီး အခင်းဖြစ်ရာကို ငြိမ်ဝပ်ပိပြားရေးအရာရှိတွေ ရောက်လာချိန်မှာ သူကိုယ်သူ သတ်သေခဲ့တာပါ။ သက်ဆိုင်ရာက
Posted: 19 Sep 2014 03:46 AM PDT
စက်တင်ဘာလ ၁၉ ရက် ၂၀၁၄ သျှမ်းပြည်အရှေ့ပိုင်း ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် စက်တင်ဘာလ ၁၇ ရက်ညက တညလုံးမိုးရွာ သွန်းမှုကြောင့် ၁၈ ရက်တနေ့လုံး ဒုတိယအကြိမ် ရေကြီးမှု ဖြစ်ပွါးခဲ့ပါသည်။ “ပထမတကြိမ်ရေမြုပ်ခံရတဲ့ပစ္စည်းတွေ ရှင်းလို့ မပြီးသေးဘူး။ ခုတခေါက် ရေထပ်ကြီးနေတော့ ဒီနှစ်တော့အရှုံးပေါ်ပြီ။ အရင်တခေါက်က ရေစိုပစ္စည်းတွေကို မူရင်းဈေးတဝက်လျှော့ရောင်းရတာလေ။ ဒီတခေါက်က အရင်တခေါက်ထက်ရေပိုများတယ်” ဟု
Posted: 19 Sep 2014 03:38 AM PDT
ကြံ့ခိုင်ရေး ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းသားပိုင် ကုမ္ပဏီအား နာမည်ကောင်းရှိသည့် ကုမ္ပဏီဟု ထည့်သွင်းဖြေကြား အခုတောင် ရေတွေ တက်လာပြီလို့ ပြောကြတယ်၊ စိုးရိမ်ကြတယ်။ နိုင်ငံခြား သားတွေကလည်း လာနေတယ်။ စစ်တပ်တွေကလည်း တော်တော်လုံခြုံရေး ယူထားတယ် … ဘာတစ်ခုမှ မပြောနိုင်သေးဘူးဆိုတဲ့ အနေ အထားတွေ ဖြစ်နေတယ်။ မေးခွန်း ငါးခုရှိတဲ့အထဲမှာ ပထမ တစ်ခုအနေနဲ့ စီမံကိန်း ဘယ်လိုအဆင့် ရောက်ပြီလဲ ဆိုတာကိုပဲ ဖြေနိုင်တယ်။
Posted: 19 Sep 2014 03:40 AM PDT
ဝန်ကြီးဟောင်း ဦးအောင်သောင်းသား ပိုင်သည့် IGE ကုမ္ဗဏီက တည်ဆောက်မည့် သံလွင်မြစ်ပေါ်တွင် စက်တပ်ဆင်အား ၇၀၀၀ မဂ္ဂါဝပ်ရှိသည့် မိုင်းတုံရေအား လျှပ်စစ်စီမံကိန်း (တာဆန်း)နှင့်ပတ်သက်၍ ကွန်ဟိန်းမဲဆန်္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဝါနု၏ မေးမြန်းချက်ကို အစိုးရက ထိမ်ချန်ဖြေကြား ခဲ့ကြောင်း သိရသည်။ “ကျွန်မက မေးခွန်း(၅)ချက်မေးခဲ့တာ။ ကျွန်မမေးခွန်းကို နံပါတ်(က)တခုလောက်ပဲဖြေတယ်လို့ သဘောထားလို့ရတယ်။
Posted: 19 Sep 2014 03:32 AM PDT
စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့က နည်းပညာ တက္ကသိုလ်မှာ ကျောင်းသူ ကျောင်းသားတွေ စာမေးပွဲ ဖြေဆိုထားတဲ့ အဖြေလွှာတွေ ဖောက်ထွင်း ဖျက်ဆီး ခံခဲ့ရပြီးနောက် တက္ကသိုလ်အာဏာပိုင်တွေက စာမေးပွဲ ပြန်စစ်ဆေးမှာကို ကျောင်းသားတွေက လက်မခံဘဲ  ကန့်ကွက်နေကြပါတယ်။ ကလေးနည်းပညာတက္ကသိုလ်က ကျောင်းအုပ်ကြီးရုံးခန်းမှာထားတဲ့  အဖြေလွှာတွေကို စက်တင်ဘာလ ၁၇ ရက်နေ့ညက   ဖောက်ထွင်း ဖျက်ဆီးခံခဲ့ရတာလို့  စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့
Posted: 19 Sep 2014 04:15 AM PDT
ကရင်ပြည်နယ် မြ၀တီမြို့မှာ ဒီကနေ့ မနက်အစောပိုင်းက လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှု ဖြစ်ပွားပြီး ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (ဒီကေဘီအေ) တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီကနေ့ မနက် ၁ နာရီလောက်က မြ၀တီမြို့ ကြံခင်းလမ်းမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ အခင်းဖြစ်ပွားပုံကတော့ ဒီကေဘီအေတပ်ဖွဲ့က ဗိုလ်လင်းနိုင်ဆိုသူက အရက်မူးပြီး ကားမောင်းရာက ရပ်ထားတဲ့ကားတွေကို လိုက်တိုက်မိတဲ့အတွက်ေ
Posted: 19 Sep 2014 03:27 AM PDT
စက်တင်ဘာ ၁၉ ရက် ၂၀၁၄ နမ့်ခမ်းမြို့နယ်အုပ်ချုပ်ရေး အထောက်အကူပြု ကော်မတီအဖွဲ့ဝင် ပုဂ္ဂိုလ်တဦး၏ နေအိမ်အား မော် တော် ဆိုင်ကယ်သမားက ယမန်နေ့ညက လက်ပစ်ဗုံးတလုံး ပစ်ထည့်ရာ တဦးဒဏ်ရာ ရရှိသွားသည်ဟု ဆိုသည်။ စက်တင်ဘာ ၁၈ ရက် ည ၈.၃၅ နာရီက အဖွဲ့အစည်း နှင့် အမည်မသိ ဆိုင်ကယ်သမား ၂ ဦးက နမ့်ခမ်း မြို့ နောက်ဇန့်ရပ်ကွက် ပြည်ထောင်စုလမ်းမပေါ် နေထိုင်သူ နမ့်ခမ်းမြို့အုပ်ချုပ်ရေး အထောက်အကူ ပြုကော်မတီဝင်
Posted: 18 Sep 2014 10:16 PM PDT
စဥ့်ကူး ၊ ၁၉-၉-၂၀၁၄ မန္တလေးတိုင်း ဒေသကြီး စဥ့်ကူးမြို့နယ် ရှောက်ပင်ရိုး ကျေးရွာအုပ်စု၊ နွယ်ရုံ၊ ကျည်တောက်ပေါက်၊ ရေမျက် နှင့် ကံပြိုကျေးရွာ တို့တွင် စက်တင်ဘာ ၁၇ ရက်ညက ထူးကဲစွာ ရွာသွန်းသည့် မိုးကြောင့် တစ်ဖက်ယပ်ဆည် ကျိုးပေါက်ပြီး ရေကြီး နစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ရာ ကားလမ်းပေါ် ရေကျော်ပြီး မန္တလေး - မိုးကုတ် သွား ခရီးသည်တင် ကားများ သွားလာမှု ရပ်ဆိုင်း ခဲ့ကြောင်း သိရသည်။ အဆိုပါ မိုးကြောင့် ယခင်
Posted: 18 Sep 2014 09:38 PM PDT
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ နောင်ဇန့်ရပ်ကွက်မှာ စက်တင်ဘာ ၁၈ ရက်နေ့ ညက ဗုံးပေါက်ကွဲလို့ လူ ၁ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဗုံးကွဲနေရာဟာ ကျားဖြူပါတီရဲ့ နမ့်ခမ်းမြို့နယ် အလုပ်အမှုဆောင် စိုင်းအောင်ဝင်းရဲ့ အိမ်ရှေ့မှာ ဖြစ်ပြီး သူရဲ့ ယောက်ဖဖြစ်သူ စိုင်းညွန့်မောင် ခေါ် စိုင်းအိုက်က ဒဏ်ရာရပြီး နမ့်ခမ်းဆေးရုံကြီးမှာ တင်ထားရတယ်လို့ စိုင်းအောင်ဝင်းက ဒီဗွီဘီကို ပြောပါတယ်။ “မနေ့ညက ၈ နာရီခွဲပြီး ၅
Posted: 18 Sep 2014 09:34 PM PDT
ကျန်းမာရေး ၀န်ကြီးဌာနနှင့် ကမ္ဘာကျန်းမာရေး အဖွဲ့ WHO တို့မှ ရခိုင်ပြည်နယ်အတွင်း  ဂျပန် ဦးနှောက်ရောင် ရောဂါ ကာကွယ်ဆေးများ အခမဲ့ ထိုးပေးမည်ဟု ထုတ်ဖေါ်ပြောကြား ထားသော်လည်း လက်တွေ့တွင် အကောင်အထည်ဖေါ် ဆောင်ရွက်ခြင်း မရှိသေးသဖြင့် ဒေသခံများအနေဖြင့် ၎င်းတို့၏ အစီအစဉ်ဖြင့် ၎င်းတို့ ကာကွယ်ဆေးများ ထိုးနေကြရသည်။ ကလေးငယ် အနည်းဆုံး ၁ဝ ဦးထက် မနည်းသေဆုံးမူ မြင့်မားစေခဲ့သော ရခိုင်ပြည်နယ် အတွင်း ဂျပန်
Posted: 18 Sep 2014 09:23 PM PDT
ISIS ​အဖွဲ့ကနေ ​နောက်ဗီဒီယို ​အသစ် ​တစ်ခုကို ​ပြသလိုက်ပြီး ​အဲဒီ ​ဗီဒီယိုထဲမှာ ​ဖမ်းဆီးခံထားရတဲ့ ​ဗြိတိန် ​သတင်းသမား ​John ​Cantlie ​က ​စကားပြောထားတဲ့ ​ပုံ ​ဖြစ်ပါတယ်။ အဲဒီဗီဒီယိုထဲမှာတော့ ​ရုပ်မြင်သံကြား ​အစီအစဉ်ထဲက ​စကားပြော ​အစီအစဉ်တွေမှာလို ​စားပွဲခုံတွေ ​ချထားပြီး ​အဲဒီ ​ဗီဒီယိုထဲမှာတော့ ​အဆိုပါ ​ဗြိတိန်နိုင်ငံသားက ​ISIS ​အ ​စ္စ ​လာမ် ​မစ် ​နိုင်ငံ ​တည် ​ထောင် ​သူတွေအပေါ် ​လူတွေ ​အမြင်မှားေ
Posted: 18 Sep 2014 09:20 PM PDT
သြစတြေးလျနိုင်ငံသား ​ခံယူထားတဲ့ ​အာဖဂန်လူမျိုးတွေဟာ ​သြစတြေးလျမှာ ​နေထိုင်သူတွေကို ​ကြုံရာကျပန်း ​ဖမ်းဆီးမှုတွေလုပ်ပြီး ​လည်လှီးသတ်ဖြတ်ဖို့ ​ISIS ​စစ်သွေးကြွအဖွဲ့ကို ​ထောက်ခံသူတွေက ​ကြံစည်နေတယ်လို့ ​သြစတြေးလျ ​အာဏာပိုင်တွေက ​ပြောပါတယ်။ အဲဒီလို ​သတင်းတွေကြောင့် ​မနေ့တုန်းကပဲ ​သြစတြေးလျနိုင်ငံ ​မြောက်ပိုင်း ​Brisbane၊ ​Logan ​မြို့နဲ့ ​အရှေ့ပိုင်းက ​ဆစ်ဒနီမြို့ရှိ ​နေအိမ်တချို့ကို ​ဝင်စီးခဲ့ပါတယ်။
Posted: 18 Sep 2014 09:15 PM PDT
မန္တလေးတိုင်း စဥ့်ကူးမြို့နယ် ရေမြတ်ကျေးရွာ၊ ကျည်တောက်ပေါက်၊ နွယ်ရုံနဲ့ ရှောက်ပင်ရိုး တလျှောက်မှာ စက်တင်ဘာ ၁၈ ရက်နေ့ မနက်အစောပိုင်း ၂ နာရီကျော်လောက်က မိုးများပြီး ရေကြီးမှုကြောင့် အိမ်ခြေ ၃၀၀ ၀န်းကျင် ထိခိုက်ပျက်စီးပြီး လူ ၁၀၀၀ ၀န်းကျင် အကူညီတွေ လိုအပ်နေပါတယ်။ ရေမြတ်ကျေးရွာမှာ အိမ်ခြေ ၂၃၇ လုံး ထိခိုက်ပျက်စီးပြီး အဲ့ဒီထဲမှာ အိမ် ၅၃ လုံးမှာ သဲနှုန်း တွေနဲ့ ဖုံးအုပ်ခံလိုက်ရလိုက်ပါတယ်
Posted: 18 Sep 2014 07:54 PM PDT
စက်တင်ဘာ - ၁၉ - ၂၀၁၄  ယနေ့နံနက် ၂ နာရီခန့်က မြ၀တီမြို့ ကြံခင်းလမ်းတွင် မြန်မာစစ်တပ်နှင့် DKBA ပစ်ခတ်မှု ဖြစ်ပွားရာ DKBA တပ်ရင်း (၉၁၀)မှ ဗိုလ်လင်းနိုင် သေဆုံးပြီး ကျန်တဦး ဒဏ်ရာ ပြင်းထန်စွာရရှိပြီး မြ၀တီ ဆေးရုံ အရေးပေါ်ဌာနတွင် ရောက်ရှိနေသည်ဟု DKBA တပ်မှူးတဦး ကပြောသည်။ ပစ်ခတ်မှုကို အသေးစိတ် စုံစမ်းမှုများ ပြုလုပ်နေပြီး လုံးဝလက်မခံနိုင်သည့် ဖြစ်ရပ်ဖြစ်သည်ဟု DKBA တပ်မှူးကြီး တဦးကပြောပြီးြ
Posted: 18 Sep 2014 07:39 PM PDT
မန္တလေးတိုင်း စဉ့်ကူးမြို့နယ် နွယ်ရုံရွာ အနောက်ဘက်က ရေမျက်ရွာမှာ တောင်ကျရေ လျှံပြီး ရွာကို သဲဖုံးသွားခဲ့ရာမှာ လူသေဆုံးမှု အထိ ရှိခဲ့ပါတယ်။ မနက် ၂နာရီလောက်မှာ မိုးရွာအပြီး တောင်ကျရေ လျှံခဲ့ရာကနေ သဲတွေပါ ပါလာပြီး တရွာလုံးကို သဲဖုံးသွားခဲ့ကြောင်း၊ အိမ်ခြေ တရာလောက်ရှိတဲ့ အဲဒီ ရွာမှာ အိမ်ခြေ ၃ပုံ ၂ပုံလောက် လုံးဝ ပျက်စီးသွားကြောင်း ဒေသခံ အမျိုးသမီးတဦးက ဘီဘီစီကို ပြောပါတယ်။ ချောင်းဖျား ဆည်ပိတ်ေ
Posted: 18 Sep 2014 07:37 PM PDT
Islamic State အစ္စလာမ် စစ်သွေးကြွ အဖွဲ့တွေဟာ တင့်ကားတွေရဲ့ အကူအညီနဲ့ တူရကီနိုင်ငံ နယ်စပ်အနီး ဆီးရီးယားနိုင်ငံအတွင်းက Kurd လူမျိုးစုတွေရဲ့ ကျေးရွာပေါင်း ၂၁ ရွာကို လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သိမ်းပိုက်နိုင်ခဲ့တာကြောင့် ဒေသအတွင်းက နယ်မြေအများအပြားကို သိမ်းပိုက်လာနေတဲ့ အစ္စလာမ် စစ်သွေးကြွတွေက လက်စားချေ သတ်ဖြတ်မှုတွေ ပြုလုပ်လာမှာ စိုးတဲ့အတွက် ဒေသခံရွာသားတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။
Posted: 18 Sep 2014 07:34 PM PDT
အီဘိုလာ ဗိုင်းရပ်စ်ရောဂါပိုးဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းချောက်နေတဲ့ အရာဖြစ်တယ်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ကြေညာလိုက်တဲ့ အချိန်မှာပဲ Guinea နိုင်ငံ အရှေ့တောင်ပိုင်းမှာ အီဘိုလာ ပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ အဖွဲ့ဝင်တွေ သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။ Guinea နိုင်ငံ အရှေ့တောင်ပိုင်းက Wome မြို့မှာ ပညာပေး လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့အဖွဲ့က ဒေသခံ ကျန်းမာရေးဝန်ထမ်း ၇ ဦးနဲ့
Posted: 18 Sep 2014 07:32 PM PDT
ရန်ကုန်၊ စက်တင်ဘာ ၁၆ အစိုးရ အခြေစိုက်ရာ နေပြည်တော်၌ ရန်ကုန်မြို့ရှိ လေးဆူ ဓာတ်ပုံ ရွှေတိဂုံ စေတီတော် အတိုင်း ပုံစံတူ တည်ထား ကိုးကွယ်ထားသည့် ဥပ္ပါတသန္တိ စေတီတော် ရင်ပြင်၌ ရေစိမ့်ထွက်မှု ဖြစ်ပေါ် နေသည့်အတွက် အစိုးရ လူကြီးပိုင်း များအတွင်း စိတ်မကောင်းမှု ဖြစ်ပေါ်နေကြောင်း အဆိုပါ စေတီတော် ဂေါပကအဖွဲ့ဝင် တစ်ဦးက မြန်မာ သံတော်ဆင့်သို့ ပြောသည်။ အဆိုပါ စေတီတော် ရင်ပြင်၌ ရေစိမ့်ထွက်မှုမှာ စက်တင်ဘာလ ၈ ရက်နေ့ကြ
Posted: 18 Sep 2014 07:27 PM PDT
အီဘိုလာ ရောဂါကို နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ထိခိုက်စေတဲ့ အန္တရာယ် တခု အဖြစ် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက ထုတ်ဖော်ကြေညာလိုက်ပါတယ်။ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဝင် ၁၅နိုင်ငံရဲ့ အရေးပေါ် အစည်းအဝေးကနေ တညီတညွတ်တည်း အတည်ပြုလိုက်တဲ့ ဆုံးဖြတ် ပြဌာန်းချက်ထဲမှာ ကမ္ဘာ့ နိုင်ငံ အားလုံးအနေနဲ့ အနောက် အာဖရိက ဒေသက အီဘိုလာ ရောဂါ ဖြစ်ပွားနေတဲ့ နိုင်ငံတွေကို အကူအညီတွေ အမြန်ဆုံး ပေးဖို့ကိုလည်းေ
Posted: 18 Sep 2014 07:25 PM PDT
UK နိုင်ငံထဲကနေ စကော့တလန် ပြည်နယ် ခွဲထွက်ရေး မထွက်ရေး လူထု ဆန္ဒမဲတွေ စတင် ရေတွက်နေပြီ ဖြစ်ရာမှာ မကြာခင် နာရီပိုင်းအတွင်း မဲရလဒ် ထွက်လာတော့မှာပါ။ စုစုပေါင်း ၃၂နယ်ထဲက ပထမဆုံးဝင်လာတဲ့ Clackmannanshire နယ်ရလဒ်ကတော့ ယူကေမှာ ဆက်နေမယ်လို့ အဖြေထွက်လာပါတယ် မဲလာပေးသူ အရေအတွက် များပြားခဲ့ပြီး ဒါဟာ ဒီမိုကရေစီအတွက် အတုယူစရာနေ့ တနေ့ ဖြစ်တယ်လို့ နိုင်ငံရေး သမားတွေက ဖော်ညွှန်း ပြောဆိုခဲ့ကြပါတယ်။ စကော့တလန်ြ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...