Tuesday, September 30, 2014

သစ်ထူးလွင် သတင်းစုစည်းမှု (၃၀-၉)

သစ်ထူးလွင်


Posted: 30 Sep 2014 05:03 AM PDT
ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တဦးကို အဓမ္မပြုကျင်မှုနဲ့ တရားစွဲခံရတဲ့ တပ်မတော်သားတဦးကို မူဆယ်ခရိုင်တရားရုံးမှာ အောက်တိုဘာ ၁ ရက်နေ့ ရုံးထုတ်စစ်ဆေးဖို့ရှိပါတယ်။ ကွတ်ခိုင်မြို့နယ် နန့်ကွတ်ကျေးရွာမှာ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်ကို နယ်မြေခံတပ်ရင်းက တပ်သား အောင်ဘိုဘိုဆိုသူက မေလ ၁၆ ရက်နေ့မှာ အဓမ္မပြုကျင့်တယ်လို့ တရားလိုတွေဘက်က တရားစွဲထားတဲ့အမှု ဖြစ်ပါတယ်။
Posted: 30 Sep 2014 05:01 AM PDT
အီရန်နိုင်ငံတွင် မိမိအား မုဒိန်းပြုကျင့်ရန်ကြိုးပမ်းခဲ့သူအား သတ်ခဲ့သည့် အမျိုးသမီးတဦး ယနေ့တွင် ကွက်မျက်ခံရဖွယ်ရှိနေသည်။ အသက် ၂၆နှစ်ရှိ ရေဟာနားဂျက်ဘရီဆိုသူ အမျိုးသမီးသည် အီရန်ထောက်လှမ်းရေးဝန်ကြီးဌာန၏ ၀န်ထမ်းဟောင်းဖြစ်သူ မော်တီဇာအဗ္ဗဒိုလာလီဆာဘန်ဒီ ဆိုသူကို ၎င်းအား အဓ္ဓမပြုကျင့်ရန် ကြိုးစားခဲ့သည်ဟုဆိုကာ သတ်ခဲ့သောကြောင့် ၂၀၀၇ခုနှစ်က ဖမ်းဆီးခံခဲ့ရသည်။ ၂၀၀၉ ခုနှစ်တွင် တီဟီရန်တရားရုံတခုက သူမအားေ
Posted: 30 Sep 2014 05:01 AM PDT
ဂျာမနီနိုင်ငံ မြူးနစ်မြို့၌ ကျင်းပသော Oktoberfest ဘီယာပွဲတော်၌ ဗြိတိန်နိုင်ငံသားတဦး အဓ္ဓမပြုကျင့်ခံခဲ့ရကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောသည်။ အသက် ၂၄နှစ်ရှိ ခရီးသွားဧည့်သည်သည် စနေနေ့ညက ပွဲတော်ကျင်းပရာနေရာနှင့် ဆက်စပ်လျက်ရှိသော ချုံများအကြား ဆီးသွားနေစဉ် ယင်းကဲ့သို့ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။ သူစိမ်းယောက်ျားတဦးက ယင်းဗြိတိန်နိုင်ငံသားထံ ချည်းကပ်လာပြီး ၎င်းနှင့် ကာမဆက်ဆံလိုကြောင်း ရှင်းလင်းပြတ်သားစွာ
Posted: 30 Sep 2014 04:07 AM PDT
ကရင်ပြည်နယ် ဘားအံမြို့နယ်  ၀ဲကရင်ကျေးရွာအနီး  စက်တင်ဘာလ ၂၉ ရက်နေ့က လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ပတ်ခတ်မှုကြောင့်  အရပ်သား ၂  ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ကရင်ပြည်နယ် မြိုင်ကြီးငူဒေသ မီးဇိုင်းတောင်အနီးမှာ  စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်နဲ့ အစိုးရတပ်တို့ အကြား ပစ်ခတ်တိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ဘားအံအခြစိုက် တပ်မ ၂၂ က စစ်ယာဉ်တန်းနဲ့
Posted: 30 Sep 2014 02:35 AM PDT
မြေနုကျွန်းနယ်နိမိတ် သတ်မှတ်နိုင်ရေး ဆန္ဒဖော်ထုတ်ပွဲကို သက္ကယ်ကျွန်းကျေးရွာ ဒေသခံ ကိုင်းတောင်သူတွေ ဦးဆောင်ပြီး  စက်တင်ဘာ ၂၉ ရက်နေ့က ဇလွန်မြို့မှာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ် သက္ကယ်ကျွန်းကျေးရွာအုပ်စုနဲ့ ရန်ကုန်တိုင်း ဒေသကြီး တိုက်ကြီးမြို့နယ် ရေပေါ်သောင်ကျေး ရွာအုပ်စု အကြား ဧရာဝတီမြစ်ရိုးအ တွင်း ပေါ်ထွန်းလာတဲ့ မြေနုကျွန်းနဲ့ ပတ်သက်ပြီး နယ်မြေ သတ်မှတ်ပေးဖို့ ဆန္ဒပြကြတာပါ။
Posted: 30 Sep 2014 02:12 AM PDT
ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) နှင့် တပ်မတော် တပ်ဖွဲ့ တို့အကြား စက်တင်ဘာလ ၂၇ ရက်နေ့ မြဝတီမြို့၌ ပစ်ခတ်မှု ဖြစ်ပွား ခဲ့ခြင်း၏ အကျိုးဆက် စီးပွားရေးနှင့် နေထိုင်မှု ဘဝ ရိုက်ခတ်မှု များကို မြဝတီ မြို့ခံ အခြေခံ လူတန်း စားများ ပိုမို ခံရကြောင်း မြဝတီမြို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် မြဝတီမြို့ စီးပွာရေး လုပ်ငန်းရှင် များက ပြောသည်။ “ကုန်သည်တွေ လုပ်ငန်းရှင်တွေ ငွေရှင် ကြေးရှင် တွေကို
Posted: 30 Sep 2014 01:46 AM PDT
ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ် တို့၌ ဒေသခံ ပြည်သူများ အကြား မူးယစ်ဆေးဝါး သုံးစွဲမှု ပိုမို များပြား လာနေ သဖြင့် ပြည်နယ် ဒေသခံ လူငယ် ကွန်ယက် အဖွဲ့ များမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှု တစ်ရပ်အား ယနေ့၌ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် များ၌ လုပ်ဆောင် ခဲ့ကြ သည်ဟု ဒေသခံ လူငယ်ကွန်ယက် အဖွဲ့ ခေါင်းဆောင် များမှ ပြောသည်။ ကချင်ပြည်နယ်ရှိ ဖားကန့် ကျောက်တွင်း ဒေသ၌ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကား
Posted: 30 Sep 2014 01:02 AM PDT
စက်တင်ဘာ ၃၀ ရက် ၂၀၁၄ သျှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးများ ပေါများပြီး တမျိုးသားလုံး၏ ရန်သူဖြစ်လာသောကြောင့် လူထုတောင်းဆိုချက်အရ SSPP/SSA မှ အထူးစီမံချက်ဖြင့် တိုက်ဖျက်သွားမည်ဖြစ်ပြီး ပတ်သက်ဆက် နွယ်သူများအား ကြီးလေးသည့်ပစ်ဒဏ်ပေးသွားမည်ဟု ပြောသည်။ မူစယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ မိုင်းရယ်၊ ကျေးသီး မြို့နယ် အတွင်းနေ ဒေသခံ များ တောင်းဆိုချက်ကြောင့် မူးယစ်ဆေးဝါးများ၊
Posted: 30 Sep 2014 12:57 AM PDT
အထက်အညာ ဒေသများ၌ ထန်းတက်လုပ်သား ရှားပါးလာခြင်း နှင့် ထန်းလျက် ဈေးနှုန်းများ ကျဆင်းခြင်း များကြောင့် ထန်းတော ပိုင်ရှင်များသည် တွက်ခြေကိုက်မှု မရှိသဖြင့် ထန်းတော လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်ခြင်း မရှိသလောက် နည်းပါး လာကြသည်။ ထို့ကြောင့် ထန်းပင်များကို ဒေသအတွင်း နေအိမ် အဆောက်အအုံများ ဆောက်လုပ်ရန် သစ်အဖြစ် အသုံးပြုမှု များပြားလာကြောင်း နွားထိုးကြီးမြို့နယ် ထန်းခွမြောက်ရွာ နေ ထန်းတောပိုင်ရှင်
Posted: 30 Sep 2014 12:54 AM PDT
မြိတ် ၊ ၃၀-၉-၂၀၁၄ တနင်္သာရီတိုင်း ဒေသကြီးအတွင်း ကမ်းရိုးတန်း ဒေသ တစ်လျှောက် ထားဝယ် - မြိတ် - ကော့သောင်း အသွား အပြန် ခရီးစဉ်များကို ပြေးဆွဲ ပေးသော ဟိုင်ဖိုင်၊ ဖော်ကျူး နှင့် ဧရာနဒီ စသည့် ခေတ်မီ ရှပ်ပြေး အမြန်ရေယာဉ် လိုင်းများသည် မုန်တိုင်း သတင်းများ၊ ရာသီဥတု အခြေအနေများ အရ မိုးရာသီကာလ ဇွန်လမှ စ၍ ခရီးစဉ်များ ရပ်နား ထားရာမှ အောက်တိုဘာ ၁ ရက်မှ စတင်ကာ နံနက် ၈ နာရီတွင် မြိတ် - ကော့သောင်း ခရီးစဉ်နှင့်
Posted: 30 Sep 2014 12:40 AM PDT
ကနေဒါနိုင်ငံသား တဦးဟာ တရုတ် ကျောင်းသား တဦးကို သတ်ဖြတ် အပိုင်းပိုင်း ခုတ်ထစ်ပြီး သူ့ကိုယ်ခန္ဓာ အစိတ်အပိုင်း တွေကို စာတိုက်ကနေ ကနေဒါ နိုင်ငံရေး ပါတီတွေနဲ့ ကျောင်းတွေဆီကို ပေးပို့ခဲ့ကြောင်း စက်တင်ဘာ ၂၉ ရက်နေ့က တရားရုံးမှာ ဝန်ခံ လိုက်ပါတယ်။ ဒါပေမယ့် သူ့ရှေ့နေကတော့ အမှုသည်ဟာ စိတ်ဝေဒနာတမျိုးကို ခံစားနေရလို့ ရာဇဝတ်မှုအတွက် တာဝန်မရှိဘူးလို့ ခုခံလျှောက်လဲခဲ့ပါတယ်။ အစိုးရရှေ့နေကတော့ အသက်
Posted: 30 Sep 2014 12:37 AM PDT
နိုင်ငံရေး ပါတီမရှိဘဲ ဒီမိုကရေစီ နိုင်ငံရေး လုပ်လို့ မရကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ စက်တင်ဘာ ၂၉ ရက်နေ့က ပြည်သူ့ လွှတ်တော်ကို ရန်ကုန် နိုင်ငံရေး ခေါင်းဆောင်မှု သင်တန်း အပတ်စဉ် ၈ က သင်တန်းသူ သင်တန်းသားတွေ လာရောက် လေ့လာတုန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြား လိုက်တာပါ။ “နိုင်ငံရေးပါတီဆိုတာ အခုခေတ်မှာ လိုအပ်လို့ ရှိရတာ။
Posted: 29 Sep 2014 07:44 PM PDT
အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ညာဟု က အီရန်ဟာ အစ္စလာမ္မစ် နိုင်ငံ တပ်တွေ ထက် ပိုပြီး ကမ္ဘာကို ခြိမ်းခြောက် နိုင်တယ်လို့ ပြောကြား လိုက်ပါတယ်။ အီရန်သာ အဏုမြူ ဗုံး လုပ်နိုင်ပြီ ဆိုရင် ဟန်လုပ် ထားတဲ့ အပြုံးတွေ ပျောက်ကွယ် သွားလိမ့်မယ်လို့ ကုလ သမဂ္ဂ အထွေထွေ ညီလာခံမှာ မစ္စတာ နေတန်ညာဟုက ပြောကြား ခဲ့တာ ဖြစ်ပါတယ်။ IS အစ္စလာမ္မစ် တပ်တွေကို ချေမှုန်း ပြီး အဏုမြူ အင်အားကို တည်ဆောက် နေတဲ့ အီရန် ကို ချန်ထားခဲ့မယ်
Posted: 29 Sep 2014 07:41 PM PDT
ဟောင်ကောင်မှာ သောင်းနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ အစိုးရက တရုတ်နိုင်ငံပိုင် နေမြေအတွင်းမှာရှိတဲ့  လမ်းမတွေ ပေါ်ကနေ ဖယ်ရှားပေးဖို့ တောင်းဆိုထားတာကို အံတုပြီး ဆက်လက် ဆန္ဒပြနေကြပါတယ်။ တရုတ်အစိုးရကလည်း ပြည်ပကနေ ၀င်ရောက် စွက်ဖက်မှုမလုပ်ကြဖို့ သတိပေးထားပါတယ်။ တနင်္လာနေ့ နေ့လည်ပိုင်း ရဲတပ်ဖွဲ့ဝင်တွေ ဆုတ်ခွာမသွားခင် ဟောင်ကောင်ရဲ့ စီးပွားရေး အချက်အချာဒေသအတွင်း ဆန္ဒပြနေကြသူတွေကို ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ ဆက်တိုက်
Posted: 29 Sep 2014 07:38 PM PDT
ဟောင်ကောင် ကျောင်းသူ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲ ဟာ ပြီးခဲ့တဲ့ တနဂင်္နွေနေ့ ည ဘက်က ရဲ အဖွဲ့မှ လူစုကွဲအောင် မျက်ရည်ယို ဓာတ်ငွေ့ လက်နက် နဲ့ ပစ်ခတ် ဖြိုခွင်းတဲ့ နောက်ပိုင်း မှာ ပြည်သူလူထု နဲ့ အလုပ်သမား တွေ ပါ ပါဝင် ဆန္ဒ ပြတဲ့ အကြောင်း City University of Hong Kong က မြန်မာကျောင်းသား ကိုရှင်းသန့် က ဘီဘီစီ ကို ပြောပါတယ်။ ကျောင်းသားတွေ ဟာ ဟောင်ကောင် မြို့ လည်ခေါင် ကို စီးထားတဲ့ အတွက် ဘဏ်တိုက်တွေ၊ေ
Posted: 29 Sep 2014 07:36 PM PDT
ဟောင်ကောင်မြို့ရဲ့ ​အချက်အခြာကျတဲ့ ​နေရာမှာ ​ဆန္ဒမပြဖို့ ​အာဏာပိုင်တွေက ​ပြောဆိုထားတဲ့ကြားကပဲ ​သောင်းနဲ့ချီတဲ့ ​ဟောင်ကောင်ပြည်သူတွေက ​အာဏာ ​ဖီဆန်တဲ့အနေနဲ့ ​ဆက်လက် ​ဆန္ဒပြပိတ်ဆို့မှုတွေ ​ပြုလုပ်နေကြပါတယ်။ အခုဆိုရင် ​ဆန္ဒပြလူအုပ်ကြီးဟာ ​စီးပွားရေး ​အချက်အခြာကျတဲ့ ​နေရာတွေမှာသာ ​ဆန္ဒပြကြတာ ​မဟုတ်တော့ပဲ ​ရှော့ပင်း ​ကုန်တိုက်ရှိရာနဲ့ ​လူနေထိုင်ရာ ​နေရာတွေအထိ ​တိုးချဲ့ပြီး ​ဆန္ဒပြ ​နေကြပါတယ်။
Posted: 29 Sep 2014 07:35 PM PDT
ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ မြန်မာနိုင်ငံ ခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံ ကိုယ်စား မိန့်ခွန်း ပြောကြား ခဲ့တာမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အဓိက စိုးရိမ်မကင်း ဖြစ်နေ တာတွေကို အတော်များများ ဖြေရှင်း ပေးနိုင်ခဲ့ပြီ ဖြစ်တဲ့ အတွက် လူ့အခွင့်အရေး ကောင်စီနဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးရဲ့ တတိယကော်မတီတို့ရဲ့ အစီအစဉ်မှာ ထည့်သွင်းထားဖို့ မလိုအပ်တော့ဘူးလို့ အပြည့်အဝယုံကြည်တဲ့အကြောင်းြေ
Posted: 29 Sep 2014 07:32 PM PDT
မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေဟာ တိုးတက်နေပြီ ဖြစ်တဲ့ အတွက် ဒီကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ အစီအစဉ်ထဲမှာ ဆက်ပြီး ထည့်သွင်း ဆွေးနွေးဖို့ မသင့်တော့ဘူးလို့ မြန်မာနိုင်ငံ ခြားရေး ၀န်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောလိုက်ပါတယ်။ ဒါ့အပြင် ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးနိုင်ငံအဆင့် သတ်မှတ်ထားတာကနေ ပယ်ဖျက်ဖို့အတွက် စတင်လုပ်နေပြီလို့လည်း ဦးဝဏ္ဏမောင်လွင်က ပြောပါတယ်။ စက်တင်ဘာလ ၂၉  ရက်၊ တနင်္လာနေ့က ၆၉  
Posted: 29 Sep 2014 07:28 PM PDT
မြန်မာနိုင်ငံတွင်းက နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့အစည်း (အိုင်အန်ဂျီအို) မှာ အလုပ်လုပ်ကိုင် နေသူတွေ အနေနဲ့ ၀င်ငွေခွန် ပေးဆောင်ကြဖို့ ပြည်တွင်း အခွန်ဦးစီး ဌာနက တိုက်တွန်း လိုက်ပါတယ်။ ဘာသာရေး၊ ကုသိုလ်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ ဆင်းရဲနွမ်းပါးသူတွေကို ကယ် ဆယ် စောင့်ရှောက် ရေး စတဲ့ အများပြည်သူ အကျိုးအ တွက် ထောက်ပံ့ မှုတွေ ပြုလုပ်နေတဲ့ အိုင်အန်ဂျီအိုတွေကို တည်ဆဲ ကုန်သွယ်လုပ်ငန်းခွန်နဲ့
Posted: 29 Sep 2014 03:55 PM PDT
ခါကာဘိုရာဇီ တောင်ထိပ်မှာ ပျောက်ဆုံး နေတဲ့ တောင်တက် သမား နှစ်ဦး အတွက် ရှာဖွေ ကယ်ဆယ် ရေး လုပ်ငန်း လုပ်နေရင်း အဆက်အသွယ် ပြတ်တောက်ပြီး ပျောက်ဆုံး သွားတဲ့ ထိုင်းနိုင်ငံက B4 အမျိုး အစား ရဟတ်ယာဉ်ဟာ နောင်မွန်းမြို့နယ် ဂါတုရွာအနီး ထိုးကျ သွားတာ တွေ့ရ တယ်လို့ ရွာခံတစ်ဦးက သတင်း ပေးတာကြောင့် ဂါတုရွာအနီး ရှာဖွေရေး လုပ်နေပြီလို့ ထူးဖောင်ဒေးရှင်းက RFA ပြောပါတယ်။ ပျောက်နေတဲ့ ရဟတ်ယာဉ်ကို ထူးဖောင်ဒေးရှင်းက
Posted: 29 Sep 2014 03:51 PM PDT
ပျောက်ဆုံး နေတဲ့ ခါကာ ဘိုရာဇီ တောင်တက် သမား နှစ်ယောက်ကို ရှာဖွေဖို့ တရုတ်နိုင်ငံ Sky Blue ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ မြန်မာပြည်ကို ထပ်မံ လာရောက်နေပြီး တရုတ်နယ်စပ်နဲ့ မြန်မာ ပြည်တွင်း ကနေ ပူးပေါင်း ရှာဖွေဖို့ ဆောင်ရွက် နေပါတယ်။ တချိန်တည်းမှာပဲ စနေနေ့က ပျောက်ဆုံးသွားတဲ့ ကယ်ဆယ်ရေး ရဟတ်ယာဉ်ကို ပြန်လည်ရှာဖွေဖို့လည်း ဒေသခံ အုပ်ချုပ်ရေး အဖွဲ့တွေက ဆောင်ရွက် နေကြပါတယ်။ ပျောက်ဆုံးနေတဲ့ ခါကာ ဘိုရာဇီေ
Posted: 29 Sep 2014 03:47 PM PDT
မြန်မာ အစိုးရ တပ်နဲ့ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA တပ်ဖွဲ့ဝင်တွေ အကြား တိုက်ပွဲတွေ ဖြစ်ပွား နေတာကို အပစ်ရပ်ပြီး ညှိနှိုင်းဖို့ အောက်ခြေ အဆင့်ကနေပြီး ပြည်ထောင်စု ၀န်ကြီး အဆင့် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေပေမဲ့ မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ဇမိချောင်း ပတ်ဝန်ကျင်းမှာ အစိုးရ တပ်ဘက်က ပိတ်ဆို့ တိုက်ခိုက်တာတွေ ဒီကနေ့ စက်တင်ဘာ ၂၉ ရက်နေ့အထိ ပြုလုပ်နေတုန်းပဲလို့ စုံစမ်းသိရပါတယ်။ ကရင်ပြည်နယ်နဲ့
Posted: 29 Sep 2014 03:44 PM PDT
စက်တင်ဘာ ၂၉ ရက်နေ့ ၂၀၁၄ သျှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာမှ NLD ပါတီရပ်ကျေး ဒု-ဥက္ကဋ္ဌ ဦးစိုင်းစံထွန်း သတ်ဖြတ်ခံရမှုတွင် မိုင်းပျဉ်းကျေးရွာ အုပ်စု ရပ်ကျေး ဒု-ဥက္ကဌ ဦးဆွေအား လူသတ်မှု တရားခံဟု ရဲများ သံသယရှိကာ လိုက်လံဖမ်းဆီး ပစ်သတ်ခဲ့သည့်အပေါ် မိသားစုဝင်များက ကျေနပ်မှုမရှိကြောင်း မိသားစုဝင် တဦးကပြော ပါသည်။ မိုင်းပျဉ်းအုပ်စု ရပ်ကျေးဒုဥက္ကဌ
Posted: 29 Sep 2014 03:38 PM PDT
ဘင်္ဂ္လားဒေ့ရှ်နိုင်ငံမှာ IS Islamic State အစ္စလာမ်မစ် နိုင်ငံ အဖွဲ့အတွက် အဖွဲ့ဝင် စုဆောင်းဖို့ ကြိုးပမ်းတယ်လို့ သံသယရှိသူ ဘင်္ဂါလီ လူမျိုး ဗြိတိန် နိုင်ငံသားကို ဖမ်းဆီး ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။ ဆာမီယွန် ရာမန် Samiun Rahman ဆိုတဲ့ အဲဒီလူဟာ ဆီးရီးယားမှာ အချိန်အတော်ကြာ နေခဲ့ပြီး IS စစ်သွေးကြွ အဖွဲ့နဲ့ ဆီးရီးယားက အယ်ကိုင်းဒါး အဖွဲ့ခွဲ the Al-Nusra Front မှာ ပါဝင်မယ့် လူတွေ ကို စုဆောင်းဖို့ ကြိုးပမ်း
Posted: 29 Sep 2014 03:33 PM PDT
နေပြည်တော် ကောင်စီ နယ်မြေ၊ ဇေယျာသီရိ မြို့နယ် ကျည်တောင် ကျေးရွာ အုပ်စု ပေါင်းလောင်း ရေ အား လျှပ်စစ်ဝင်း မြောက်ဘက်က ရွှေထွက် တယ်ဆိုတဲ့ တောင်စောက် တောင်ထိပ်ကို တားမြစ်နယ်မြေ အဖြစ် သတ်မှတ်ပြီး ဖြတ်သန်း သွားလာခွင့် မပြုကြောင်း ပုဒ်မ ၁၄၄ ကို ဇေယျာသီရိမြို့နယ် အုပ်ချုပ်ရေး မှူး ဦးမြတ်သိန်းထွန်း အမိန့်နဲ့ စက်တင်ဘာလ ၂၇ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီးနောက် ရွှေတူးသူတွေကို

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...