Friday, September 26, 2014

ကွေးညွှတ်သွားသည့် iPhone 6 Plus ဓာတ်ပုံများ အွန်လိုင်းတွင် ပျံ့နှံ့လျက်ရှိ



ပြီးခဲ့သည့် သောကြာနေ့က ရောင်းချခဲ့သော iPhone 6 Plus စမတ်ဖုန်းများကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားသည့်အခါ ဖုန်းပုံစံပျက်ယွင်း၍ ကွေးညွှတ်သွားခဲ့သောကြောင့် iPhone 6 Plus ပိုင်ရှင်များ စိတ်ဆိုး ဒေါသထွက်နေကြောင်း သိရသည်။

အဆိုပါ ဖြစ်ရပ်သည် iPhone 6 Plus သုံးစွဲသူအနည်းငယ်တွင်သာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ပုံစံပျက်ယွင်း သွားသည့် iPhone 6 Plus ဓာတ်ပုံများကို လူမှုရေးမီဒီယာများတွင် ဖော်ပြခဲ့ကြသည်။
၎င်းပြဿနာသည် လူမှုရေးမီဒီယာများတွင် ‪#‎bendgate‬ အမည်ဖြင့် ပျံ့နှံ့နေပြီး iPhone 6 Plus ကွေးညွှတ်သွားခြင်းသည် အလူမီနီယမ် သတ္တုဖြင့် ပြုလုပ်ထားသော ပါးလွှာသည့် ဖုန်းပုံစံဒီဇိုင်းကြောင့် ဖြစ်ကြောင်းနှင့် ဖုန်း၏ အလယ်ပိုင်းကို အားပြင်းပြင်းဖြင့် မဖိမိစေခြင်းဖြင့် ၎င်းပြဿနာကို ရှောင်လွဲနိုင်ကြောင်း ဆိုသည်။
လူးဝစ်ဟေဆန်တီဂါ ဆိုသူသည် ၎င်း၏ လက်ချောင်းများကို အသုံးပြု၍ iPhone 6 Plus အား ကွေးညွှတ်ပြသည့် ဗွီဒီယိုကို YouTube တွင် တင်ခဲ့ရာ အဆိုပါ ဗွီဒီယိုကို ကြည့်ရှုသည့် အကြိမ်ရေ ၁၃.၈ သန်းအထိ ရှိခဲ့သည်။
iPhone 6 Plus ပိုင်ရှင်အနည်းငယ်ခန့်သည် ၎င်းတို့၏ ဘောင်းဘီအိတ်ကပ် အတွင်းတွင် ဖုန်းကို ထည့်သွင်းကာ ရက်အနည်းငယ်အကြာ အသုံးပြုပြီးနောက် ဖုန်းမှာ ကွေးညွှတ်သွားခဲ့ကြောင်း MacRumors မှ ဖော်ပြခဲ့သည်။
ထို့အပြင် 'hanzoh' ဆိုသည့် forum သုံးစွဲသူကလည်း ဖုန်းအား ဘောင်းဘီအိတ်ကပ်ထဲ ထည့်၍ ကားမောင်းနှင်ပြီးနောက် ၎င်း iPhone 6 Plus မှာ အနည်းငယ် ကွေးညွှတ်သွားခဲ့ကြောင်း ပြောဆိုခဲ့သည်။
"ကျွန်တော်ထိုင်နေတဲ့ အချိန်မှာ iPhone 6 Plus ဟာ ဘောင်းဘီအိတ်ကပ်ထဲမှာ ၁၈နာရီလောက် ရှိနေခဲ့ပါတယ်" ဟု Hanzoh က ပြောကြားခဲ့သည်။ "ကျွန်တော် ကားမောင်းရာကနေ ပြန်လာတဲ့အခါ ဆိုဖာပေါ် စိတ်အေးလက်အေးထိုင်ပြီး ဖုန်းကို ကော်ဖီစားပွဲပေါ် တင်ထားလိုက်ပါတယ်။ အဲဒီမှာ iPhone ပုံနည်းနည်းပျက်နေတာကို ပြတင်းပေါက် အလင်းရောင်နဲ့ တွေ့လိုက်ရပါတယ်" ဟု Hanzoh က ဆက်လက် ပြောကြားခဲ့သည်။
ဆက်လက်ပြီး ၎င်းက iPhone 6 Plus ကို လှဲထားပါလျှင် ဖုန်း display ကွေးညွှတ်ခြင်းကို အလွယ်တကူ တွေ့နိုင်ကြောင်း ပြောဆိုခဲ့သည်။ iPhone 6 Plus ကွေးညွှတ်ရခြင်းမှာ ကိုယ်ထည်ကို အလူမီနီယမ်ဖြင့် ပြုလုပ်ထားခြင်းကြောင့် ဖြစ်သည်။ အလူမီနီယမ်သည် ပျော့ပြောင်းသည့် သတ္တုဖြစ်ပြီး အလွယ်တကူ ပုံသွင်းနိုင်သည့်အပြင် ပြောင်းလွယ်ပြင်လွယ်လည်း ရှိသည်။ အကယ်၍ ဖုန်းကို လုံလောက်သော ဖိအားအသုံးပြုပါက ကွေးညွှတ်ခြင်းနှင့် ပုံစံပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်သည်။ ယခု iPhone သစ်၏ နေရာတိုင်းတွင်း တစ်လက်မ၏ သုံးပုံတစ်ပုံ (၀.၆၄ စင်တီမီတာ) ထက်မပိုသည့် အလူမီနီယမ် အစိတ်အပိုင်းများ မပါဝင်ကြောင်း iMore မှဖော်ပြခဲ့သည်။
ထို့ကြောင့် ဖုန်း၏ နေရာများစွာတွင် အားနည်းချက်များ ရှိပြီး ကွေးညွှတ်နိုင်သည့် အခြေအနေရှိကြောင်းနှင့် iPhone 6 Plus ကွေးညွှတ်မှုဖြစ်ပေါ်ရာတွင် အသံအတိုးအကျယ် ခလုတ်နှင့် SIM card slot အနီးတစ်ဝိုက်တွင် ဖြစ်ပေါ်လေ့ ရှိကြောင်းကို ဓာတ်ပုံများတွင် တွေ့မြင်ရမည် ဖြစ်ကြောင်း DailyMail မှ ဖော်ပြခဲ့သည်။
App developer တစ်ဦးဖြစ်သူ @drbarnard က "တကယ်တော့ iPhone 6 Plus ကွဲမသွားတာက အံ့အားသင့် စရာပါ။ ဒီလိုဖိအားမျိုးနဲ့ဆိုရင် ဘယ် device မဆို ထိခိုက်မှုဖြစ်သွားနိုင်ပါတယ်" ဆိုခဲ့သည်။
"ကျွန်တော် ဒစ္စနေလန်းက အပျော်စီးနဲ့ ရိုလာကိုစတာစီးတဲ့အခါမှာလည်း ဘောင်းဘီအိတ်ကပ်ထဲမှာ iPhone 6 Plus ရှိခဲ့ပါတယ်။ ကွေးညွှတ်တာ၊ ပုံစံပြောင်းသွားတာမျိုး မဖြစ်ခဲ့ပါဘူး" ဟု TechCrunch မှ တွဲဖက်အယ်ဒီတာ @panzer က ပြောကြားခဲ့သည်။
Ref: DailyMail

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...