Friday, September 19, 2014

ယုတ္တိကျကျ တွေးစမ်းပါ

'' ငါ့တူရယ် မင်းပဲ စဉ်းစားကြည့် '' ဆိုတဲ့ အိမ်အကူ ဘွားတော်.. ရွှေစိတ်တော် ကောက်ပြီး
 ပြန်သွားလေရဲ့ ..။
ဖြစ်ပုံက.. မိန်းမ မသိအောင် ဘတ်ထားတဲ့ ငွေလေးတွေကို တပည့်ကျော်တစ်ယောက်က အိမ်လာပို့တယ်..။ အဲ့ အချိန်.. အီဖေကိုယ်က အိမ်မှာ မရှိ..။ မိန်းမလည်း အိမ်မှာ မရှိ..။ ဘွားတော်သာရှိ..။
အာ့နဲ့.. တပည့်ကျော်က.. '' ဆရာ့ကို ဒါလေးပေး.. ပေးပါ.. အမတော့ မသိစေနဲ့ '' လို့ သေချာမှာပြီး ဘွားတော်ကို ပေးသွားသတဲ့..။

အဲ့ဒါကို.. ဘွားတော်က.. မဒမ်နဗနလည်း ပြန်လာရော..
'' ရော့.. ညည်းမသိစေနဲ့ဆိုပြီး ညည်းယောကျာ်းကိုပေးခိုင်းထားတဲ့ ပိုက်ဆံ '' ဆိုပြီး မဒမ့်လက်ထက် ၀ကွက် အပ်လိုက်ရော..။ စကားနားထောင်ပုံက.. အဲ့သလို... ဟဲဟဲဟဲ..။

အာ့နဲ့ ဘွားတော်ကို ..
'' ဒေါ်ဝင်းကလည်းဗျာ.. မသိစေချင်လို့ သေချာမှာသွားတာကို.. ဘာလို့ သေချာသွားပြောရတာလဲဗျာ '' လို့ ကျွန်တော်မျိုးမှ မချင့်မရဲလေး ပြောမိပါတယ်..။ ဘုရားစူးရပါစေရဲ့ .. ငေါက်တဲ့လေသံတောင် မပါ ပါဘူး..။
နောက်နေ့.. သူ့ကို မတွေ့လို့ မဒမ့်ကိုမေးမိတော့မှ.. '' တော် ငေါက်လို့.. ပြန်သွားဘီ '' တဲ့..။
ကောင်းလေစွ တကားးးးးးးးး.........။
အခုတော့ မဒမ့်ခမျာ့.. အိမ်မှုကိစ္စတွေကို တစ်ကိုယ်တည်းကြဲနေရလေရဲ့ ..။ ဒီမနက်တော့ သူ အဲ့သလို ပင်ပန်းနေတာကို မကြည့်ရက်တာနဲ့..
'' တို့တွေ အိမ်ဖော်တစ်ယောက်လောက် မြန်မြန်ရှာမှ အေ.. ရော့.. ဒီနံပါတ်ကို လှမ်းဆက် မေးလိုက် '' ဆိုပြီး ဖုံးနံပါတ်တစ်ခု မဒမ့်ကို ပေးလိုက်တယ်..။
'' ဒါ .. ဘယ်သူ့နံပါတ်လည်း '' တဲ့..။ မဒမ်က မေးတယ်..။
'' ၀တ်မှုန်ရွှေရည် '' ရဲ့  နံပါတ်လေ ဆိုတော့.. '' ရှင် ဆေးမှန်မှန်သောက်ရဲ့ လား '' တဲ့..။
ရော်.. ဒီမိန်းမနဲ့တော့ ခက်ကပြီ..။ လုပ်မကြည့်ရသေးဘဲ.. မဖြစ်နိုင်ဘူးဆိုတဲ့ဖက်က စတွေးနေမှတော့ ဘယ်.. ဟုတ်ပါတော့မလဲ..။
ဘာပဲဖြစ်ဖြစ်.. မေးကြည့်တာ.. မမှားပါဘူးရယ်လို့..သူ.. မတွေးဘူး..။
မင်းသမီးလည်း လူပဲ..။ အိမ်ဖော်လည်း လူပဲဟာကို..။ ယုတ္တိကျကျ တွေးစမ်းပါ အေ.. ခွိခွိ..။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...