Tuesday, September 30, 2014

တပ်မတော်မှ နိုင်ငံတော်ကို နှစ် ၅၀ ခန့် အုပ်ချုပ်တည်ဆောက် လိုက်သောအခါ ...


ရန်ကုန်မြို့သည် အခြား ကမ္ဘာ့ အဆင့်မီ နယ်သာလန် နိုင်ငံ အက်စတာဒမ် မြို့ကဲ့သို့ပင် ကုန်း ၊ ရေ နှစ်မျိုးဖြင့် ခရီးသွားလာနိုင်သည့် မြို့ဖြစ်လာခဲ့သည် ။ ပြည်သူများ သွားလာမှုလွယ်ကူ အဆင်ပြေစေရန် ကုန်းရေ နှစ်မျိုးသွား မော်တော်ယဉ်များကိုသာ အဓိက တင်သွင်းသည် ။
ကမ္ဘာ့အဆင့်မီ အဝေးပြေးလမ်းမကြီးများရှိပီး ၊ ဆောက်လုပ်မှုကုန်ကြစရိတ်သည် စင်ကာပူ ချန်ဂီလေဆိပ် ၊ မာရီနာဘေး သဘောင်္ အဆောက်အဦးတို့ထက်ပင်များပြားသည် ။

ရန်ကုန်မြို့တွင် လူဦးရေ စုစုပေါင်း ၆သန်းကျော်ရှိသည် ။
အဓိက စီးပွားရေး မှာ ၁လုံး ၊ ၂လုံး ၊ ၃လုံး ၊ နိုက်ကလပ် ၊ ကေတီဗီ ၊ မာဆတ် ၊ ဆင်တင် ၊ ဘီယာဆိုင် ၊ လက်ဘက်ရည်ဆိုင် တို့ဖြစ်သည် ။ နိုက်ကလပ်များ ၊ မာဆတ် ၊ တည်းခိုခန်း ၊ ဟိုတယ်များ ပေါများ သော်လည်း ကွန်ဒုံး တခု အမျိုးသမီး လက်ဝယ်မိလျှင် ပြည့်တန်ဆာမှု ဖြင့် ထောင်ချနိုင်သည်အထိ ဥပဒေ က အပြစ်ပေးနိုင်လောက်အောင် ပြင်းထန်သည် ။
ပညာရေးအနေဖြင့် ကမ္ဘာပေါ်တွင် ဘွဲ့ရ အများဆုံးမွေးထုတ်ပေးနိုင်သည့် နိုင်ငံစာရင်းတွင်အပါအဝင်ဖြစ်သည် ။ ရန်ကုန်မြို့ တခုတည်း ၌ တက္ကသိုလ်ပေါင်း ၁၅ ခုကျော်ကိုဖွင့်လှစ်ပေးထား သည် ။ ဆိုက်ကားနင်းသူပင်လျင် ဘွဲ့ရသည် အထိ ပညာရေး အဆင့်မြင့်မားသည် ။ ပြင်ဦးလွင် ရှိ တက္ကသိုလ် ကြီးသည် နိုင်ငံတော်သမ္မတ တာဝန် မှစ၍ ရုံးဌာန များတွင်အရာရှိတာဝန် ထမ်းဆောင်နိုင်သည်အထိ ပညာရပ်ပေါင်းစုံ တတ်မြောက်အောင် သင်ကြားပေးနိုင်သည် ။
မြန်မာနိုင်ငံ ၏ အဓိက ပို့ကုန်မှာ Human Being ဖြစ်ပီး
အဓိက သွင်းကုန်မှာ လက်နက်ဖြစ်သည် ။
ကျန်းမာရေးစောင့်ရှောက်မှု အထူးကောင်းမွန်ပီး နိုင်ငံတော်၏ ကျေးဇူးကြောင့် ပြည်သူများမှာ ငွေကြေးပြည့်စုံသူများဖြစ်လျှင် ထိုင်း စင်ကာပူ နိုင်ငံများ တွင် ဆေးကုသမှုခံယူသည် ။
လျှပ်စစ် နှင့် သဘာဝဓါတ်ငွေ့ သစ် ကျောက်မျက် သယံဇာတများ ထွက်ရှိပီး အိမ်နီးချင်း နိုင်ငံများကိုပင် ထောက်ပံ့ကူညီ ပေးနိုင်သည် ။ လူတယောက်တနေ့ ကျပ်ငွေ ၂၀၀၀ ဖြင့် ရပ်တည်နိုင်သော တခုတည်းသော အရှေ့တောင်အာရှနိုင်ငံ ဖြစ်သည် ။
နိုင်ငံတော်၏ လက်ရှိ သမ္မတကြီးမှာ ဦးသိန်းစိန် ဖြစ်ပီး
သမ္မတကြီး ၏ မူဝါဒ များအဖြစ်
ကျန်းမာရေး အတွက် နွားနို့ သောက်ရမည် ။
ပြည်ပပို့ကုန်အဖြစ် စိန်တလုံး သရက်သီး တိုးချဲ့စိုက်ရမည် ။
လူတိုင်း စီးပွားရေးပြေလည်စေရန် မုန့်ဟင်းခါး ရောင်းရမည်
ဟူ၍ဖြစ်သည် ...။
(မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်ရန်ကုန် ၏ ရေပေါ်ရှုခင်းအလှကိုတွေ့ရစဉ် )
credit to ဗမာ့ သားကောင်း,

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...