Monday, September 29, 2014

နတ်ဆိုးတို့ရဲ့ သခင်မ

Min Burma's photo.
28september 2014 posted by khin khin

သူမကိုရွာက နတ်ဆိုး သခင်မလို့ နောက်ကွယ်မှာခေါ်ကြရဲ့ ၊ သူမအကြောင်းသိတဲ့ သူတွေ ကတော့ တရင်းတနှီးမလုပ်ရဲ အနားမကပ်ရဲ....။
သခင်မနဲ့ ကြိုက်တဲ့ ကောင်လေးတယောက်မြွေကိုက်လို့ ဆုံးသွားကတဲက ရွာကသူတွေ ပြောနေကြတာတော့ ကောင်လေးမသေခင် ချိန်းတွေ့ ကြရင်းပြသနာဖြစ်ကြတယ်တဲ့... ထူးခြားတာက သခင်မ စိတ်ဆိုးလာရင်မျက်ထောက်တွေနီလာပြီး အံကြိတ်တယ် သွားတွေ တကျိကျိမြည်အောင်ပါဘဲ....။

သေသွားတဲ့ကောင်းလေး သူငယ်ချင်းက "ဘာလိုဖြစ်ကြလည်းတော့မသိဘူးဗျာ ကြိုက်တာမကြာသေးဘူး ဇော်လေး(သေဆုံးသူ) ငါသူ့ ကို ဖက်ပြီးလှည်းလိုက်တဲ့အချိန်မှာ သူမျက်နှာ ကြီးက ကြေက်စရာ ပုံပြောင်းသွားတယ်ကွာ ပြီးတော့ ပါစပ်က ဘာတွေပြောနေမှန်း မသိဘူး"
အဲလို ဖြစ်တာ ပါတ်ဝန်ကျင်နားရောက်သွားရော.....၊ သခင်မကို မကောင်းဆိုးရွားတွေ စောင့်လျှောက်နေတာ သူ့ ကို နှိပ်စက်တဲ့ မိထွေးတောင် လက်တခုလုံးဆီပူတွေလောင် သွားတာကြည့် ................အဲလို...ရွာကနေ သူမကိုကြောက် ရှောင်ရှောင်လာကြတဲ့အခါ သခင်မ အတွက် ဒီရွာမှာဆက်နေလို့ မဖြစ်တော့လို့ .. တမြို့ တရွာကို ပြောင်းခဲ့တော့ပေါ့။
စကားပြောရင် မာတယ် ပြတ်တယ် ယောက်ကျားလေးတွေ စွဲမက်အောင် မပြောတတ်တဲ့သူ ညှတာ ကြာပြောပြောတတ်တာ သူမှာမရှိ၊ငယ်ငယ်ကမိထွေးနဲ့ နေခဲ့ပြီး နေ့ တိုင်းခြေသလုံး ကို မီးနဲ့ တို့ ခံရလို့ အရာအမှတ်တွေ တောင်ရှိရဲ့  သူများမိန်းခလေးတွေလိုဒူးပေါ်ပေါင်ပေါ် တောင်မ၀တ်ရဲတဲ့သူ။
အနေအထိုင်ကရိုးရိုးလေးပါ ၊
သခင်မရောက်နေတဲ့မြို့ မှာ ထမင်းဆိုင်မှာ ၀င်လုပ်နေရင်း.. ဆိုင်ရှင်ရဲ့ မျက်နှာလွဲပေါ့.. .အခွင့်ရေးတွေပေးပြီး နီးစပ်အောင်လုပ်တာခံခဲ့ရ ပြန်ရော...၊ဆိုင်မှာအလုပ်ရလို့  နှစ်လမပြည့် သေးခင် သခင်မ အခန်းကို ညဘက်မှာ အဲ့ဒိကောင် ၀င်လာတယ် အိမ်သားတွေက ဘုရားပွဲသွားနေတာကို အခွင့်ကောင်းစောင့်နေတာ.ကိုး....။
သခင်မခေါင်းကိုက်နေလို့ ပါ...ဆေးတောင်သောက်စရာမရှိလို့  ရူဆေးလေးသုံးပြီးမှိန်းနေတာကို
နောက်ကနေ အတင်းလာဖက်တယ်၊ခေါင်းတွေချာချာလည်ပြီး မေ့သလိုဖြစ်သွားတယ် ရင်တွေ နှလုံးတွေခုံလိုက်တာ...ဘာတွေဖြစ်သွားမှန်းမသိတော့ပါလေ။
ဘာမှမလှုပ်နိုင် မရုန်းနိုင်...။
___________________________
"သမီးအသက်"
"၁၉နှစ်ပါ"
"မိဘတွေရှိကြလား"
အမေကသမီးမွေးပြီးကတဲ့က ဆုံးသွားပါပြီ ၊အဖေကတော့ နောက်မိန်းမနဲ့ ပါ"
သမီးမှန်မှန်ဖြေပါ ခုသေဆုံးသွားတဲ့ သူနဲ့ သမီးဘာတွေဖြစ်ခဲ့တယ်ဆိုတာအသေး စိတ်ပြော နိုင်မလား"
ကျမနေမကောင်းဘူးရှင့်၊ ခေါင်းကိုက်နေလို့ အိပ်ယာထဲမှာ လှဲနေတာ နောက်ကလူတ ယောက်လာဖက်တယ် ဒါဘဲ နောက် အကြောတွေတက်သလိုဖြစ်ပြီးသတိလစ်သွားတယ်"။
ခုသေဆုံးတဲ့သူက အလွန်ကြောက်လန့် ပြီးနှလုံးသွေးရပ်ပြီးသေတာ မျက်လုံးကပြုးပြီး နေရာတခုကိုကြည့်နေတယ်၊လက်ကားယားခြေကားယားနဲ့ ၊ သခင်မကိုတွေ့ ရတာက သေတဲ့သူနားမှာ မေ့နေတာဆိုတော့ အမှုကဘယ်လိုလုပ်တရားစွဲမရ။
သတင်းကြားတော့ ရွာသူကြီးနဲ့  အဖေလိုက်လာကြပြီး ရဲတွေကိုရှင်းပြပြောဆိုနေကြတယ် နောက်တော့ အဖေနဲ့ ပြန်အပ်ပြီး ခေါ်တဲ့နောက်လိုက်ရပြန်ရောလား.....။
"ကဲနင်ဘယ်ဘ၀ကလာလဲ ငါကိုပြောစမ်း..လိမ်ဘို့ တော့မစဉ်းစားနဲ့ နော်..ဘီလူးတထောင် အောင်ရဲခေါင်ဆိုတာ ငါဘဲ "မကောင်းဆိုးဝါးတွေ ခုထွက်ခဲ့စမ်း"
လူသေတွေထားတဲ့ဇရပ်ကြီးတွင်းမှာ လူလည်ပင်း ကိုကြိုးတွေနဲ့ တုတ်ပြီး အောက်လမ်း ဆရာရဲအစွမ်းကို ပြပါတော့တယ် ၊အနားမှာရွာသားတွေလည်း ကြောက်ကြောက်နဲ့  ကြည့်နေရဲ့  အဖေ့မျက်နှာကိုလှမ်းကြည့်တော့ ခေါင်းငုံ့ ထားတယ်၊
"ကျမမှာဘာအပြစ်ရှိလို့ ဒီလောက်တောင်နှိပ်စက်ချင်ရတာတုံး"ဘာမှားလို့ လဲ"
သခင်မရဲ့  အသံနက်ကြီးနဲ့ အော်သံဟာ ဇရပ်ပေါ်က ဌက်တွေတောင် လန့် ပျံသွားတာလား၊
အောက်လမ်းဆရာ အဆက်မပြတ် ကြိမ်နဲ့ ရိုက်နေတဲ့ကြားက အော်ဟစ်ပြောဆိုနေတဲ့  သခင်မကို ဘယ်သူမှ မသနားကြပါ၊
လူတွေ..လူတွေ သံသယ မျက်လုံးတွေနဲ့ သာကြည့်နေကြ၊
"ဟေ့....မင်းတို့ ဒီလောက်တောင် နှိပ်စက်နေရလား"တော်တော့ရပ်လိုက်ကြတော့ နှဖူးနဲ့  ခေါင်းနဲ့ ဆောင့်ထားလို့ သွေးတွေ စီးကျနေတဲ့ အခါ မျက်လုံးက သွေးရောင်သို့  ပြောင်းခဲ့တယ် သို့ ပေမယ့် မြင်ရပါသေးတယ်၊ သခင်မနေ့ တိုင်းဆွမ်းထွက်ကပ်နေတဲ့ ဆရာတော်ပါ။
သတိလည်း မရတချက်ရတချက်
______________________________
ညတွင်းချင်း သူမကိုဆေးရုံပို့ ခဲ့ပါသော်လည်း အားနည်းနေသည့် ကြားက အချက်ပေါင်း များစွာအရိုက်ခံခဲ့ရ တိုင်နဲ့ ဦးခေါင်းအရိုက်ခံရတဲ့ ဒဏ်ရာကြောင့် တလလောက် ဆေးရုံတင်ခဲ့ရသည် ၊သူမဆေးရုံတက်နေစဉ် ထူးဆန်းသည့်အဖြစ် ပျက်များရွှာ သားများ ရင်ဆိုင်ရ၏ ၊ရွာတွင် မုန့် ဖိုမှတဆင့် မီးလောင်ခဲ့သည် ၊သူမအားနှိပ်စက်သည့် အောက်လမ်းဆရာ ဆိုင်ကယ်မှောက်၍ ဦးခေါင်းနှင့်ကြောကုန်းတွက်ဒဏ်ရာရကာအရေး ပေါ်လူနာဖြစ်ခဲ့သည်။
သူမသည် တခြားမဟုတ် ရှေးဟောင်းမင်းသမီးတပါးဝင်စားခဲ့သူဖြစ်ပြီး နောက်လိုက်နောက်ပါများဖြင့် အရှင်လတ်လတ် စတေးခံခဲ့ရသူဖြစ်ကြောင်း၊ နောင်အခါ သိခဲ့ရပါသည်၊ သခင်မသည်ကားဆေးရုံမှနေ ပျောက်ဆုံးသွားခဲ့ပြီး ရှာ၍ မရခဲ့တော့ပါ။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...