Saturday, September 27, 2014

အိုင်ဖုန်းနုသတိ ။ ။ ဿ


၁။ ဆမ်ဆောင်း၊ အိုင်ဖုန်းလေးငါးခြောက်ခွန်တွေ ခဏခဏထွက်လာတာကြုံရကြားရတော့ ကျုပ်မလည်း မဆီမဆိုင် ဖျာပုံမယ် တင်တင် အေး၊ ဒေစီကျော်ဝင်း၊ ဝါဝါဝင်းရွှေ၊ ခင်သန်းနု၊ ရှရွန်စတုန်း၊ ဆိုဖီယာလောရင်း၊ မာရီလင်မွန်ရိုး၊ ရီကွယ်ဝှက်ခ်ျ၊ရှရီဒေဝီ၊ ရှမီလာတဂိုး၊ စိုးမြတ်သူဇာ ၊မြတ်ကေသီအောင်၊ မယ်စကြာဝဠာ များနဲ့ မော်ဒယ်အဟောင်းတွေကိုပြေးပြေးသတိရမိသဗျ။

၂။ လျှမ်းလျှမ်းတောက်နေကြတုန်းတော့၊ပင်လယ်ကမ်းခြေမှာလှိုင်းလုံးကြီးတွေ တက်လာသလို ကျုပ်ရင်ထဲပြေးပြေးရိုက်ခတ်ခဲ့တာပါပဲ။သို့ပေတည့် အချိန် တန်တော့လည်း သူ့သဘောသူ ဆောင်ပြီး ဟိုးဝေးဝေးကနှင်းဖြစ်ကုန်ကြတာပါပဲ။တချို့မင်းသမီးကြီးတွေဆို မင်းသမီးဖြစ်ခဲ့ပါ တယ်ဆို တာ ဘုရားစူးကျိန်ပြောတောင် ကိုယ်တိုင် မယုံ နိုင်လောက်ပဲခင်ဗျာ။
၃။ ဘာဘဲပြောပြော သူ့ခေတ်နဲ့သူတုန်းကတော့ ကိုင်လို့အကောင်းသား (အာ၊ရောကုန်ပြီ) ကြည့်လို့အကောင်းသား။အင်း…။ ဆမ်ဆောင်းအနိစ္စ၊ အိုင်ဖုန်းအနိစ္စ၊ ရှယ်ရွန်စတုံးအနိစ္စ၊ စိုးမြတ်သူဇာအနိစ္စ၊ ကျုပ်လည်းအနိစ္စ။

 မင်းဒင်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...