Friday, September 19, 2014

လက်နက်တစ်လက် အကြောင်း

ကွန်ဆူး မား's photo.
Photo: <<<<<< လက်နက်တစ်လက် အကြောင်း >>>>>>

လက်နက်ကိုင်တဲ့အခါမှာ အဲဒီ လက်နက်ရဲ့ အကြောင်းကို သေသေချာချာ သိထားဖို့လိုပါတယ်။

ဥပမာ. M-16 ဆိုပါစို့။

မြန်မာလိုလည်း အမ်ဆယ့်ခြောက်လို့ပဲ ခေါ်ပါတယ်။ M-16 ကိုင်တဲ့ မြန်မာနိုင်ငံက လက်နက်ကိုင် တော်တော်များများကတော့ ဒီလောက်ပဲ မှတ်ထားကြပါတယ်။

ဒီထက် နည်းနည်း ပိုမှတ်စရာ တစ်ခု ရှိပါတယ်၊ ဘောက်တိုနဲ့ ဘောက်ရှည်ဆိုတဲ့ မဂ္ဂဇင်းဘောက်ကို အမျိုးအစားခွဲတာပေါ့...

သာမာန်အားဖြင့်တော့ ဒါအကုန်ပါပဲ ဒီလောက်ပဲ မှတ်ထားတာကတော့ M-16 ကိုင်ဆောင်သူ သာမန် လူတစ်ရာမှာ ၉၈ ယောက်မှတ်သားထားတာပါ။

ဒီထက်ပိုပြီး တာဝန်ရှိသူ၊ သင်ကြားပေးရသူ၊ လေ့ကျင့်ပေးရသူတွေကတော့ အမ်-၁၆ မှာ အမျိုးအစားအားဖြင့် ၃ မျိုးရှိပြီး M-16A1,  M-16A2, M-16A4 ရယ်လို့ ထပ်ပြီး မှတ်သားကြပါတယ်...

ဒီထက်ပိုတဲ့ ပြုပြင်ပေးရသူ.. မှတ်တမ်းရေးသွင်းရသူတွေကတော့ အမ်-၁၆  ၃မျိုးမှာ အရှည်အားဖြင့် 986 mm, 1006 mm ,1000 mm စီရှိကြတယ်။

အကျယ်အားဖြင့် 508 mm စီ အတူတူပဲဆိုတာရယ်...။

အခြား ဆက်စပ်ပစ္စည်း (ဥပမာ လွယ်ကြိုး၊ မဂ္ဂဇင်းဘောက်၊ ကျည်ဆံမပါ) အလေးချိန်တွေက 2.89 kg , 3.77 kg နဲ့ 3. 4 kg စီရှိကြတယ် ဆိုတာရယ်။

Magazine capacity က အတောင့် ၂၀ ကနေ ၃၀ အထိ ရှိတယ်ဆိုတာရယ်။

A1 က တစ်မိနစ်ကို အတောင့် ၆၅၀ ကနေ ၇၀၀ အထိ ပစ်နိုင်တယ် ဆိုတာရယ်... A2 နဲ့ A 4 ကတော့ ၇၀၀ ကနေ ၉၀၀ အထိ ပစ်နိုင်တယ်ဆိုတာရယ်၊ ထုတ်လုပ်တဲ့နိုင်ငံရယ်၊ ယမ်းကန်အား (ဂျိုး) ဘယ်လောက်ရှိတယ် ဆိုတာရယ်၊ မီတာ ၂၀၀ ကို တိုက်ရိုက်ပစ်ခတ်နိုင်စွမ်း ရှိတယ်ဆိုတာရယ် စသည်ဖြင့်... စသည်ဖြင့် လေ့လာ မှတ်သားထားကြတာပေါ့။

ဒါတွေက လက်နက်တစ်လက်ရဲ့ သိထားသင့်တဲ့ မျက်မြင် အချက်တွေပါ။

ဒီထက် အရေးကြီးတဲ့.... သာမန် အသိဥာဏ်အားဖြင့် မမြင်နိုင်တဲ့ လက်နက်ရဲ့ စွမ်းအားတွေ ရှိနေပါသေးတယ်။

ဒီအချက်တွေကိုတော့ ဒီလက်နက်တွေကို အသုံးပြုခြင်းဆိုင်ရာ ထိန်းသိမ်းကွပ်ကဲရသူတွေသာ သိထားနိုင်တဲ့ အချက်တွေပါ....။

လက်နက် တစ်လက်မှာ သာမန်ထက် ထူးခြားတဲ့ စွမ်းအားတွေ ရှိပါတယ်။

လမ်းလျှောက်တတ်ကာစ ကလေးတစ်ယောက်သည်ပင်   လက်နက်တစ်ခုကို ကိုင်တွယ်လိုက်ရပြီဆိုပါက လက်နက်အပေါ်မှာ ထားရှိတဲ့ ယုံကြည်ချက်ကြောင့် ရဲစွမ်းသတ္တိတွေ ဖြစ်ပေါ်လာပါတယ်။

ဒီလက်နက်ကလေးနဲ့ ကလေးသဘာဝ ရောက်တတ်ရာရာများကို ရိုက်နှက်တတ်ပါတယ်။

လူတစ်ယောက်ချင်းစီမှာလည်း ဒီလိုပါပဲ...။

လက်နက်တစ်ခု လက်ဝယ်ရောက်ရှိလာပါက ဒီလက်နက်ရဲ့ အသုံးချ စွမ်းအားကို စမ်းသပ်ချင်ကြပါတယ်။

စမ်းသပ်ပြီးတဲ့နောက်မှာ လက်နက်ကို အသုံးချလိုစိတ် ဖြစ်ပေါ်လာပါတယ်။

ဒီလက်နက်ကို အသုံးချဖို့အတွက် အရင်ဆုံး သတိရသူကတော့ မိမိ မကျေနပ်ခဲ့သူတွေပဲ ဖြစ်ပါတယ်။

ဒီလိုပဲ မကျေနပ်သူအပေါ်မှာ လက်နက်အားကိုးနဲ့ မကျေနပ်ချက်တွေကို တုန့်ပြန်နိုင်ဖို့လည်း ကြိုးစားတတ်ကြပါတယ်...။

တုန့်ပြန်နိုင်သည် ဖြစ်စေ...  မတုန့်နိုင်သည်ဖြစ်စေ ဒုတိယ ဆောင်ရွက်ချက်ကတော့ လက်နက် တကိုင်ကိုင်ဖြင့် ၀င့်ကြွားလိုခြင်း ဖြစ်ပါတယ်။

အနိုင်အထက် ပြုလိုသူများ၊ မျက်မုန်းကျိုးသူများကိုလည်း လက်နက်အားကိုးဖြင့်  ခြိမ်းခြောက်တတ်ကြပါတယ်။

ထို့နောက် မိမိသူငယ်ချင်း၊ မိတ်ဆွေ အပေါင်းအသင်းများကို လက်နက်ပြ၍ အားပေး ကာကွယ်တတ်ကြပါတယ်။

အထူးသဖြင့်တော့ လက်နက်ကိုင်ဆောင်နိုင်ခြင်းအပေါ်မှာ အများက ရိုသေလေးစားပြီး အလေးထား နေရာပေးခြင်းကို အမှန်တကယ် ရယူလိုခြင်းပဲဖြစ်ပါတယ်။

လက်နက်ကိုင်ဆောင်ရပါက အင်အားနည်းသူ မည်သူ့ကိုမဆို နိုင့်ထက်စီးနင်းလည်း လုပ်တတ်ကြပါတယ်။

ဆက်လက်ပြီး လက်နက်ကိုင်ဟူသော အခွင့်အရေးကို ကိုင်စွဲပြီး ကိုယ်ကျိုးစီးပွါးလည်း သည်းသည်းမဲမဲ ရှာတတ်ကြပါတယ်။

ထိုမှ တဆင့် လက်နက်ကိုင်ဆောင်ပြီးတဲ့ အခါမှာလည်း သာမန် စည်းမျဉ်းစည်းကမ်းများကို လက်နက်အရောင်ပြပြီး ကျော်ဖြတ်တတ်ကြပါတယ်။

လက်နက်၏ အရှိန်အ၀ါဖြင့် ဥပဒေကို ချိုးဖောက်တတ်ကြပါတယ်။

ဟန့်တား ထိန်းသိမ်းသူများကိုလည်း လက်နက်ဖြင့် ပြန်လည်ခြိမ်းခြောက်တတ်ကြပါတယ်။

စည်းကမ်းသတ်မှတ်ချက်များကို လွယ်လွယ်ကူကူ ချိုးဖောက်ပြီးပါကလည်း  ဖြစ်ပေါ်လာသော ပြဿနာများကို လက်နက်အားကိုးဖြင့် ဖြေရှင်းတတ်ကြပါတယ်။

ဒါတွေကတော့ သာမန် လက်နက်ကိုင်တွေရဲ့ အလေ့အထတွေပါပဲ။

တကယ်တမ်း လက်နက်တစ်လက်မှာ ရှိသင့်တာကတော့... 
မိမိနိုင်ငံ၊ မိမိလူမျိုးတို့ အပေါ်တွင် ဖြစ်ပေါ်လာသော မတရားမှုများဘေးအန္တရာယ်များကို တားဆီးလိုခြင်း၊  ထိထိရောက်ရောက် ကာကွယ်တားဆီးခြင်း၊ 
ထပ်မံ မဖြစ်ပွါးအောင် ကန့်သတ်ထားခြင်း၊ 
ထပ်မံဖြစ်ပွါးလာပါကလည်း ထိရောက်စွာ ပစ်ခတ်ချေမှုန်းနိုင်ကြောင်း ပြဆိုထားခြင်းတို့ပဲ ဖြစ်ပါတယ်။

ထိုသို့ စွမ်းအားထက်မြက်သော လက်နက်များဖြင့် ဘေးရန်ကင်းကွာသော အေးချမ်းမှုကို တည်ဆောက်လိုခြင်းမှာ လက်နက်တစ်လက်၏ အထွဋ် အထိပ် စွမ်းအားပဲဖြစ်ပါတယ်။

သမရိုးကျ သဘောတရားတစ်ခုအနေဖြင့် လက်နက်ကိုင်ဆောင်ရခြင်းမှာ မိမိကိုယ်ကို ကာကွယ်ရန်၊ မိမိ အ၀န်းအ၀ိုင်းကို ကာကွယ်ရန်နှင့် ရန်သူတိုက်ခိုက်ချေမှုန်းရန်ဖြစ်ပါတယ်။

ဒါကြောင့် စွမ်းအင်အမျိုးမျိုးကို ဖြစ်ပေါ်စေတဲ့ လက်နက် တစ်လက်ကို ကိုင်ဆောင်ပြီး အကြောင်းအရာ အမျိုးမျိုးကို စီမံရသူဟာလည်း အသိဥာဏ်၊ ပညာ၊ အတွေးအခေါ်၊ အယူအဆနဲ့ ရှေ့ရေးကို မျှော်တွေးနိုင်သော ကောင်းမွန်ပြည်စုံတဲ့ စွမ်းရည်တွေအပြင် အသက်ပေးကာကွယ်စောင့်ရှောက်လိုသည့် စိတ်ဓါတ်များကို ပိုင်ဆိုင်ထားနိုင်ဖို့ အထူးလိုအပ်ပါတယ်။

အဓိကအားဖြင့် ကိုယ်တိုင် စည်းကမ်းတကျ စံနမူနာပြအဖြစ် နေထိုင်ကျင့်ကြံနိုင်ပြီး ငြိမ်းချမ်းမှုကို လိုလားသော စိတ်ထားရှိသူဖြစ်ဖို့ လိုအပ်ပါတယ်။

တကယ်လို့ ကိုယ်တိုင် စည်းကမ်းမလိုက်နာနိုင်သူ....
လက်နက်ဖြင့် အခွင့်အရေး ရယူတတ်သူ...
ဖြစ်သမျှ ပြဿနာများကို လက်နက်ဖြင့် ဖြေရှင်းသူ....
လက်နက်ဖြင့် အပြစ်မဲ့သူများအား သေကြေပျက်စီးစေသူ...
လက်နက်ဖြင့် မိမိလူမျိုး၊ မိမိတိုင်းပြည်ကို မကာကွယ်လိုသူ....
လက်နက်ဖြင့် ငြိမ်းချမ်းမှုကို မရှာဖွေနိုင်သူသည် လက်နက်ကိုင်ထားသော်လည်း လောကတွင် မရှိသင့်သည့် သူပုန်သူကန်များသာ ဖြစ်ပါကြောင်းဗျာ......

(ကွန်ဆူးမား)(၁၉-၉-၂၀၁၄)

လက်နက်ကိုင်တဲ့အခါမှာ အဲဒီ လက်နက်ရဲ့ အကြောင်းကို သေသေချာချာ သိထားဖို့လိုပါတယ်။
ဥပမာ. M-16 ဆိုပါစို့။
မြန်မာလိုလည်း အမ်ဆယ့်ခြောက်လို့ပဲ ခေါ်ပါတယ်။ M-16ကိုင်တဲ့ မြန်မာနိုင်ငံကလက်နက်ကိုင် တော်တော် များများ ကတော့ ဒီလောက်ပဲ မှတ်ထားကြပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...