Wednesday, September 24, 2014

ဘယ်တက္ကသိုလ် သတ္တိရှိသလဲ

ဘယ်တက္ကသိုလ် သတ္တိရှိသလဲ

စိန်ခေါ်ခြင်းမဟုတ်ပါ။ စိန်ခေါ်ရမည့်အရာ လည်း မဟုတ်ပါ။ တက္ကသိုလ်များကိုယ်ပိုင်အုပ်ချုပ် ခွင့်စနစ်သို့ ချဉ်းကပ်နေဆဲအခြေ အနေတွင် လက်ရှိတက္ကသိုလ်များ ၏ရပ်တည်စီမံမှုများက အလွန် တရာအရေးကြီးကြောင်းကိုပေါ် လွင်စေရန် ဤသို့ခေါင်းစဉ်တပ် လိုက်ရခြင်းဖြစ်ပါတယ်။ အဆင့် မြင့်ပညာရေးကဏ္ဍမှာ ၂၀၁၃-၁၄ ပညာသင်နှစ်ရဲ့ နောက်ဆုံး ကာလကိုရောက်ရှိနေပြီလည်း ဖြစ်ပါတယ်။ လာမယ့် ၂၀၁၄-၁၅ ပညာသင်နှစ်က ဒီဇင်ဘာ တွင်စတင်တော့မှာဖြစ်ပါတယ်။

အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်)က တက္က သိုလ်၊ ဒီဂရီကောလိပ်နဲ့ ကော လိပ်များတွင် တာဝန်ထမ်းဆောင် ရန်အတွက် နည်းပြ၊ သရုပ်ပြရာ ထူးများ လစ်လပ်လျက်ရှိကြောင်း  မိမိတာဝန်ထမ်းဆောင်လိုသော တက္ကသိုလ်များသို့ တိုက်ရိုက် လျှောက်ထားနိုင်ကြောင်း ကြေ ညာခဲ့ပါတယ်။ ဒီသတင်းကို 7Day Daily သတင်းစာက ယခုလ၁၄ ရက်မှာဖော်ပြခဲ့ပါတယ်။ ၁၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာ မှာတော့ ဘယ်တက္ကသိုလ်မှာ ဘယ်ဘာသာရပ် များကိုလျှောက်ထားနိုင်တယ်ဆိုတဲ့ကြော်ငြာဖော် ပြခဲ့ပါတယ်။

နိုင်ငံခြားဘာသာစကားဘာ သာရပ်များမှလွဲ၍ မဟာဘွဲ့၊ မဟာသုတေသနဘွဲ့၊ ပါရဂူဘွဲ့ ရပြီးသူများ လျှောက်ထားနိုင် တယ်လို့ဆိုပါတယ်။ ပါရဂူဘွဲ့ ရပြီးသူများအနေနဲ့ ရေးဖြေစာမေး ပွဲဝင်ဖြေစရာမလိုဘဲ လူတွေ့စာ မေးပွဲသာ ဝင်ဖြေရမှာ ဖြစ်ပါ တယ်။ အောက်မြန်မာပြည်မှာရှိ တဲ့ တက္ကသိုလ် ၁၉ ခုနဲ့ကောလိပ် နှစ်ခုတို့က လိုအပ်တဲ့ဘာသာရပ် များအတွက် ခေါ်ယူခြင်းလည်း ဖြစ်ပါတယ်။ အဆင့်မြင့်ပညာ ဦးစီးဌာန(အထက်မြန်မာပြည်) က ဘယ်တော့ခေါ်မလဲဆိုတာကို လည်း စိတ်ဝင်စားသူများက စောင့်မျှော်စုံစမ်းနေကြပါတယ်။

ဒီနေရာမှာ တက္ကသိုလ်များ ရဲ့လုပ်ပိုင်ခွင့်၊ လုပ်နိုင်စွမ်းအားနဲ့ လက်ရှိလုပ်နေတဲ့ပုံစံတွေကို တင် ပြဆွေးနွေးမှာဖြစ်ပါတယ်။ ဒီစာ ကို ပိုပြီးရေးဖြစ်သွားတာက ဂျပန်ကသူငယ်ချင်းတစ်ယောက် ကြောင့်ပါ။ 7 Day Daily ထဲက ကျူတာတွေခေါ်မယ်ဆိုတဲ့ သတင်းက တကယ်ပဲလားဆိုပြီး မေးပါတယ်။ ဒါနဲ့ စာရေးသူလည်း ၁၅ ရက်နေ့ထုတ် ကြေးမုံသတင်း စာဒေါင်းလုတ်ရယူနိုင်မယ့်လိပ်စာကိုညွှန်လိုက်ပါတယ်။

သူနဲ့စာရေးသူက အသက် ရွယ်တူပါပဲ။ ၁၉၉၆ ခုနှစ်မှာ ဆယ်တန်းအောင်တယ်။ အဲဒီကာလမှာ တက္ကသိုလ်တွေ ပိတ်ထားလို့ ၂၀၀၀ ပြည့်နှစ်ဇူလိုင်လရောက်မှ ပထမနှစ်စပြီးတက်ခဲ့ ကြရတယ်။ ၂၀၀၅ ခုနှစ်မှာ တက္ကသိုလ်နည်းပြ၊ သရုပ်ပြရာထူးတွေခေါ်တော့ ဝင်လျှောက်ကြတယ်။ စာရေးသူ ရတယ်။ သူကမရခဲ့ဘူး။ ၂၀၀၆ ခုနှစ်မှာ မဟာဘွဲ့ရတယ်။ အဲဒီနှစ်မှာပဲ PSC ကခေါ်တာကို သူကဝင်ဖြေပြီး ဝန်ကြီးဌာနတစ်ခုမှာ ဦးစီးအရာရှိဖြစ်သွားတယ်။

၂၀၁၁ ခုနှစ်မှာ သူကဝန် ထမ်းအနေနဲ့ ပညာသင်ဆုရပြီး ဂျပန်ကိုသွားရတယ်။ သူ့ရဲ့ဝန်ကြီးဌာနကသုတေသနကျောင်းသား အဖြစ် ၂ နှစ်ပဲခွင့်ပြုလိုက်တယ်။ ဂျပန်ကပေးတဲ့ပညာသင်ဆုရဲ့ မူလအစီအစဉ်အရ သူလည်း ကြိုးစားတာကြောင့် နောက်ထပ် တစ်နှစ်ခွဲပါရဂူဘွဲ့သင်တန်းကို ဆက်တက်ခွင့်ရသွားတယ်။ ဒါပေမဲ့ ဝန်ကြီးဌာနက နောက်ထပ်နှစ်တိုးခွင့်မပြုခဲ့ဘူး။ သူအလုပ်ထွက်လိုက်ရတယ်။ ဂျပန်မှာ ကျောင်းဆက်တက်တယ်။ အခု ပါရဂူဘွဲ့ရပြီး ဂျပန်ကပြန်လာတော့မယ်။

ဆိုတော့ ဒီမှာပြောချင်တာ က သူတစ်ဦးတည်းအတွက် မဟုတ်ပါဘူး။ တက္ကသိုလ်ဆရာ၊ ဆရာမအလုပ်ဆိုတာ မဟာဘွဲ့၊ မဟာသုတေသနဘွဲ့၊ ပါရဂူဘွဲ့ ရပြီးထားသူတိုင်းလိုလို စိတ်ကူး ယဉ်အိပ်မက်မက်ကြပါတယ်။ မျှော်လင့်လုပ်ကိုင်လိုကြပါတယ်။ တက္ကသိုလ်ဆရာ၊ ဆရာမအလုပ် လျှောက်လွှာတွေ ခေါ်တိုင်း အကြိမ်ကြိမ် ဝင်ဖြေခဲ့သူတွေရှိပါ တယ်။ ကန့်သတ်ချက်တွေနဲ့ကိုက် ညီနေသရွေ့ ဝင်ဖြေနေဦးမယ့်သူ တွေလည်းရှိနေဆဲဖြစ်ပါတယ်။

အခုဆိုရင် မြန်မာ့ပညာရေး စနစ်ဟာ ပြောင်းလဲဆန်းသစ်မှုဆီ ကိုရွေ့နေပြီလို့ဆိုပါတယ်။ အမျိုး သားပညာရေး ဥပဒေကလည်း ရက်ပိုင်းအတွင်းအတည်ဖြစ်လာ တော့မယ်။ ပြီးရင် နောက်ဆက်တွဲ အဆင့်မြင့် ပညာရေးဥပဒေကို လည်း ရေးဆွဲပြဋ္ဌာန်းကြတော့ မယ်။ တက္ကသိုလ်များသည်လည်း လွတ်လပ်သောကိုယ်ပိုင်စီမံခန့်ခွဲ မှုကို ကျင့်သုံးကြရတော့မယ်။ ဒီအတွက် ခြေလှမ်းတွေလည်း စနေပြီလို့ဆိုချင်ပါတယ်။

စီးပွားရေးတက္ကသိုလ်ကြီး သုံးခုနဲ့ ပညာရေးတက္ကသိုလ်ကြီး နှစ်ခုကို Institute ဟုအသုံးပြုနေ ရာကနေ University လို့ပြောင်း လဲခေါ်ဝေါ်ဖို့ ကြိုတင်ပြင်ဆင်မှု အနေနဲ့ ပြီးခဲ့တဲ့ဇွန်လထဲမှာ ညွှန် ကြားထားခဲ့ပါတယ်။ အခုလည်း နည်းပြ၊ သရုပ်ပြရာထူးများအ တွက် ယခင်လိုမဟုတ်တော့ဘဲ ကိုယ်လျှောက်ချင်တဲ့တက္ကသိုလ် မှာ တိုက်ရိုက်လျှောက်ဖို့ ပုံစံ ပြောင်းလိုက်ပြီဖြစ်ပါတယ်။

ရွေးချယ်ခန့်အပ်ခြင်းဆိုင်ရာ ကိစ္စများသည် သက်ဆိုင်ရာ တက္ကသိုလ်အကြီးအကဲများရဲ့ တာဝန်ဖြစ်သွားပြီလို့ဆိုချင်ပါ တယ်။ အဲဒီအပိုင်းနဲ့ပတ်သက်ပြီး စာရေးသူတို့အဆင့်နဲ့ မဝေဖန်နိုင်၊ မဆွေးနွေးနိုင်တာကိုလည်း ဝန်ခံ လိုပါတယ်။ ဒါပေမဲ့ ဖြတ်သန်းခဲ့ရ တဲ့တက္ကသိုလ်ကျောင်းသားဘဝ ငါးနှစ်တာ၊ တက္ကသိုလ်ဆရာဘဝ ကိုးနှစ်တာကြုံခဲ့၊ သိခဲ့၊ မြင်ခဲ့ရတာလေးတွေကိုအခြေခံပြီး တွေးမိ သလောက် တင်ပြလိုက်ရတာ လည်းဖြစ်ပါတယ်။

၂၀၀၅ ခုနှစ် တက္ကသိုလ် ဆရာစပြီးဖြစ်တော့ တပ်မတော် အစိုးရလက်ထက်ဖြစ်ပါတယ်။ ဘာကြောင့်မှန်းမသိ။ တက္ကသိုလ် ဆရာ၊ ဆရာမတွေလုံခြုံရေးတာ ဝန်ကို ဦးစားပေးထမ်းဆောင်ခဲ့ ကြရတဲ့အချိန်လည်းဖြစ်ပါတယ်။ ဒီနေရာမှာ ကြုံတုန်း လုံခြုံရေးတာ ဝန်ချထားမှုဘယ်လောက်မြန် သလဲပြောပြချင်ပါတယ်။ အတူ အလုပ်ဝင်တဲ့ ဆရာမတစ်ယောက်ဆိုရင် သူ့ရဲ့တက္ကသိုလ်မှာ စတင်တာဝန်ထမ်းဆောင်တဲ့ ညနေမှာပဲ နောက်နေ့မနက် ကျောင်းရှေ့အဝင်ပေါက်မှာ နံနက် ၆ နာရီကနေ မွန်းတည့် ၁၂ နာရီအထိ လုံခြုံရေးချထားတာကို ခံခဲ့ရပါတယ်။

တက္ကသိုလ်ဆရာ၊ ဆရာမ ဖြစ်ခါစ ကျူတာလောကမှာ ကျူတာကို ကျူတာလို့မခေါ်ဘဲ ‘ပြာတာ’လို့အပျော်အပြက်ပြော တတ်ကြပါတယ်။ သင်ကြားရေးက လွဲပြီး ကျန်တဲ့တောက်တိုမည်ရကိစ္စမှန်သမျှ လုပ်ကြရပါတယ်။ ရုံးကိစ္စ၊ ဌာနကိစ္စ၊ ကျောင်းသား ကိစ္စ၊ ရာထူးကြီးလုပ်သက်ကြီး ဆရာ၊ ဆရာမတွေ၊ ပါမောက္ခ၊ ဌာနမှူးတွေရဲ့ခိုင်းတာမှန်သမျှ ကိုယ်ရေးကိုယ်တာ ဝေယျာဝစ္စ တွေအထိ လုပ်ပေးကြရပါတယ်။ တချို့ဆို ပြန်ပြောရင်ယုံနိုင်ဖွယ် မရှိအောင် ဆိုးဆိုးရွားရွားလုပ်ပေး ခဲ့ကြရတဲ့သူတွေရှိပါတယ်။

တက္ကသိုလ်ဆရာ၊ ဆရာမ ဘဝကို အထင်ကြီး၊ လေးစားအား ကျခဲ့သူတွေ အထင်နဲ့အမြင်တက် တက်စင်လွဲတာကိုကြုံခဲ့ကြရသူ တွေရှိပါတယ်။ ဘယ်လိုမှသည်း မခံနိုင်တော့လို့ ကိုယ်ရည်ရွယ် စိတ်ကူးခဲ့တဲ့ တက္ကသိုလ်ဆရာ၊ ဆရာမအလုပ်မှ စွန့်ခွာခဲ့ရသူတွေ ရှိပါတယ်။ ဒီလိုပြောလို့ အပျက် သဘောနဲ့ချည်း ရွေးပြောနေတာ မဟုတ်ပါဘူး။ ဖြစ်ခဲ့ရှိခဲ့တာကို ကဏ္ဍတစ်ခုအနေနဲ့ တင်ပြခြင်း သာဖြစ်ပါတယ်။

ဘယ်သူ့ကိုမှ အရေးယူဖို့ မဟုတ်သလို ဘယ်သူ့မှာတာဝန် ရှိတယ်ဆိုပြီး အပြစ်ဖို့နေတာ လည်းမဟုတ်ပါ။ တိုင်းပြည်ရဲ့ ကဏ္ဍအရပ်ရပ် ပြုပြင်မြှင့်တင်ရ မယ့်အချိန်မှာ အရေးကြီးလှတဲ့ ပညာရေးမှာ ထည့်သွင်းစဉ်းစား သုံးသပ်သင့်တဲ့ အချက်တွေကို အပြုသဘောနဲ့ရည်ရွယ်ရေးသား ရခြင်းဖြစ်ပါတယ်။

တက္ကသိုလ်အများစုမှာ အခု ထိကိုယ်ပိုင်ဝက်ဘ်ဆိုက်မရှိသေး ဘူး။ ဒါကြောင့် ဆရာ၊ ဆရာမ တွေအနေနဲ့ ကိုယ့်တက္ကသိုလ် နာမည်နဲ့တွဲပြီး e-mail လိပ်စာ မဖွင့်နိုင်ကြဘူး။ နိုင်ငံတကာ တက္ကသိုလ်အများစုမှာတော့ တစ် နှစ်စာသင်ကြားရေးအစီအစဉ် တွေကအစ ပါမောက္ခတွေရဲ့ ကိုယ်ရေးအကျဉ်း၊ ဌာနတွေရဲ့ ဖွဲ့စည်းဆောင်ရွက်မှု၊ စာတမ်း များ၊ ရည်ရွယ်ချက်များ၊ လည် ပတ်မှုပုံစံများကို အသေးစိတ်ဖော် ပြထားတတ်ကြပါတယ်။ ၂၄ နာရီ ဆက်သွယ်နိုင်မယ့် ပါမောက္ခတွေ၊ဌာနတွေကိုလည်း ထားရှိပေးကြ ပါတယ်။ ပညာသင်ဆုတွေလည်း ပေးအပ်နိုင်ကြပါတယ်။

သင်ခန်းစာများ၊ သုတေသန များနဲ့ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ဝန် ထမ်းဆိုင်ရာကိစ္စများအတွက်ပဲ ဖြစ်ဖြစ် မိတ္တူကူးချင်ရင်ဖြစ်စေ၊ ပရင့် (print) ထုတ်ချင်ရင်ဖြစ်စေ တက္ကသိုလ်အပြင်ကို ထွက်ပြီး လမ်းဘေးဆိုင်ကိုအပြေးအလွှား သွားနေကြရတဲ့ တက္ကသိုလ် ဆရာ၊ဆရာမတွေလည်း ပြည်တွင်း တက္ကသိုလ်တိုင်းလိုလိုမှာရှိနေဆဲ ဖြစ်ပါတယ်။ စာနဲ့ပတ်သက်ပြီး အင်တာနက်မှာလေ့လာဖို့ အပြင် ပုဂ္ဂလိကဆိုင်တွေကို အားကိုးနေ ကြရဆဲဖြစ်ပါတယ်။ အခမဲ့ဝိုင်ဖိုင် မရှိ၊ မြန်နှုန်းမြင့်အင်တာနက်ချိတ် ဆက်မှုမရှိသေးတာကြောင့် ကိုယ်ပိုင်ဖုန်း၊ ကိုယ်ပိုင်ကွန်ပျူတာနဲ့ လိုင်းကောင်းတဲ့အချိန်၊ လိုင်း ကောင်းတဲ့နေရာမှာ ပညာရှာဖွေ နေရတဲ့ တက္ကသိုလ်ဆရာ၊ ဆရာမတွေလည်းရှိပါတယ်။

ကိုယ်တိုင်တက္ကသိုလ်ပရိ ဝုဏ်မှာ ကျင်လည်ဖြတ်သန်းပြီး နှစ်ရှည်လများပညာတွေသင်ယူခဲ့ ကြသူတွေအနေနဲ့ ဂုဏ်ယူမြတ်နိုး စွာတက္ကသိုလ်ဆရာ၊ ဆရာမအ လုပ်လျှောက်ကြမှာကို ကြိုဆို အားပေးလိုပါတယ်။ တစ်ဖက်မှာ လည်း လစ်ဟာလွဲချော်မှုအမျိုး မျိုးနဲ့ ရပ်တည်နေကြရတဲ့အရှိ တရားတွေကိုမြင်တွေ့ပြီး စိတ် ပျက်အားငယ်သွားမှာကိုလည်း စိုးရိမ်မိပါတယ်။ ဆရာကောင်း၊ သမားကောင်း၊ တက္ကသိုလ်ပတ် ဝန်းကျင်ကောင်းနဲ့ ဆုံတွေ့ခဲ့ကြ ပြီး ထူးချွန်ထက်မြက်ကမ္ဘာပတ် နေကြတဲ့ တက္ကသိုလ်ဆရာ၊ ဆရာမတချို့ကိုလက်ညှိုးထိုးပြ ပြီး တိုက်တွန်းရမှာပဲဖြစ်ပါတယ်။

စာရေးသူထက်ပိုပြီး လုပ် သက်ရင့်၊ နယ်စုံတက္ကသိုလ်စုံကို ရောက်ဖူးသူတွေအနေနဲ့ပြောစရာ အတွေ့အကြုံတွေ၊ အတွေးအ မြင်တွေအများကြီးရှိမယ်လို့ ယုံ ကြည်ပါတယ်။ သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးမှာ တာဝန် ထမ်းဆောင်ဖို့ရောက်လာသူတွေ အနေနဲ့ တက္ကသိုလ်၊ ပညာရေး စနစ်နဲ့ လူသားအရင်းအမြစ်ဖွံ့ဖြိုး စေရန် အားစိုက်ဖို့လိုပါတယ်။ သူတို့တစ်တွေ စွမ်းစွမ်းတမံကြိုး ပမ်းနိုင်ဖို့ကိုလည်း ဆိုင်ရာတာဝန် ရှိသူများက လမ်းဖွင့်ပံ့ပိုးပေးထား ရပါလိမ့်မယ်။

ဖော်ပြခဲ့တဲ့ စာရေးသူရဲ့ သူငယ်ချင်းဆိုရင် သူကိုယ်တိုင် ရော၊ သူ့မိဘကပါ တက္ကသိုလ် ဆရာမဖြစ်ချင်၊ ဖြစ်စေချင်ကြ တာပါ။ နိုင်ငံ့ဝန်ထမ်းအလုပ်တစ် ခုကထွက်ထားတာရယ်၊ ပြည်ပ ကပါရဂူဘွဲ့ကိုကိုယ့်အစီအစဉ်နဲ့ ရယူထားခဲ့တာကြောင့် ထည့် မစဉ်းစားဘဲနေမလားဆိုပြီး ချီတုံ ချတုံဖြစ်နေရပါတယ်။ သူ့လိုပဲ ဝါသနာစိတ်ဆန္ဒပြင်းပြသူတွေက အသက်တွေကြီးသွား၊ အလုပ်ရာ ထူးတွေရထားကြပေမယ့် သူတို့ အတွက်ရော လျှောက်ထားရနိုင် မယ့်အခွင့်အလမ်းတွေပေါ်ထွက် လာမလား မျှော်လင့်နေကြပါ တယ်။

တက္ကသိုလ်တချို့ရဲ့ပါမောက္ခ တချို့ကတော့ သူတို့ရဲ့တပည့် မဟာတန်းပြီးခါစ ကျောင်းသား၊ကျောင်းသူလေးတွေက ဆရာ၊ ဆရာမစကားကို အတိအကျနား ထောင်တယ်။ ခိုင်းတာမှန်သမျှ ဘာဖြစ်ဖြစ် အကုန်လုပ်ပေးတယ်။ဌာနအတွက်၊ ကျောင်းအတွက် အားကိုးရတယ်။ ပွဲလမ်းသဘင်၊ အခမ်းအနားမှန်သမျှမှာ အင်အား ပြတက်ရောက်ဖို့ခေါ်တိုင်းလည်း မပျက်မကွက်လာတယ်။ သူတို့တစ်တွေကို တက္ကသိုလ်ဆရာ၊ ဆရာမအလုပ်ရဖို့ ထောက်ခံကူညီပေးဖို့ အဆင်သင့်ဖြစ်နေ ကြပါတယ်။

ဆိုတော့ ဒီနှစ်အတွင်းမှာခန့် အပ်နိုင်ဖွယ်ရှိတဲ့ တက္ကသိုလ်နည်း ပြ၊ သရုပ်ပြရွေးချယ်ပွဲကြီးမှာ ဘယ်စံ၊ ဘယ်နှုန်း၊ ဘယ်ထုံး၊ ဘယ်နည်းများကိုကျင့်သုံးကြမလဲ ဆိုတာ အကဲခတ်ခွင့်ရမှာလည်း ဖြစ်ပါတယ်။ ဘယ်တက္ကသိုလ်က ဘယ်လိုသတ္တိရှိစွာနဲ့ မြန်မာ့ပညာ ရေးယန္တရားမှာ အားကောင်း မောင်းသန်ထိန်းကျောင်းမောင်း နှင်နိုင်မယ့် ဆရာ၊ ဆရာမငယ် လေးတွေကို ဘယ်လိုသတ်မှတ် ချက်၊ ဘယ်လိုအာမခံချက်တွေနဲ့ ရွေးချယ်ခန့်အပ်ကြမလဲဆိုတာ သက်ဆိုင်ရာတက္ကသိုလ်များ အပေါ်မူတည်မှာဖြစ်ပါတယ်လို့ ထင်မြင်ယူဆ ရေးသားတင်ပြ လိုက်ရပါတယ်။

လွင်ချန်ဖြိုး(နတ်မောက်)

စိန်ခေါ်ခြင်းမဟုတ်ပါ။ စိန်ခေါ်ရမည့်အရာ လည်း မဟုတ်ပါ။ တက္ကသိုလ်များကိုယ်ပိုင်အုပ်ချုပ် ခွင့်စနစ်သို့ ချဉ်းကပ်နေဆဲအခြေ အနေတွင် လက်ရှိတက္ကသိုလ်များ ၏ရပ်တည်စီမံမှုများက အလွန် တရာအရေးကြီးကြောင်းကိုပေါ် လွင်စေရန် ဤသို့ခေါင်းစဉ်တပ် လိုက်ရခြင်းဖြစ်ပါတယ်။ အဆင့် မြင့်ပညာရေးကဏ္ဍမှာ ၂၀၁၃-၁၄ ပညာသင်နှစ်ရဲ့ နောက်ဆုံး ကာလကိုရောက် ရှိနေပြီလည်း ဖြစ်ပါတယ်။
လာမယ့် ၂၀၁၄-၁၅ ပညာသင်နှစ်က ဒီဇင်ဘာ တွင်စတင်တော့မှာဖြစ်ပါတယ်။

လွင်ချန်ဖြိုး (နတ်မောက်)

  1 comment:

  1. ရေးထားတာကောင်းတယ်ဆရာရြေ အခုထိလာညိး
    တဣသိုလ်ဆရာ/မ ဆိုတာပြာတာပါဘဲ
    ရာထူးတိုးဘဲဖြစ်ဖြစ် အလုပ်လျောက်ဘဲဖြစ်ဖြစ် အပြောင်းအရွေ့ ဘဲဖြစ်စြ် ပါရဂူဘွဲ့ လိုချင်ရင်ဘဲဖြစ်ဖြစ်
    super glue ပါမှ အဆင်ပြေ ချောမွေ့ တာဆရာရဲ့ 
    ကျမ ညီမက တဣသိုလ်ဆရာမလေ
    ညီးညူသံများမကြားချင်မှအဆုံး

    ReplyDelete

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...