Tuesday, September 2, 2014

ငါးပိ အင်္ဂလိပ်ပြောတာ ဘာဖြစ်လည်း???


ကျနော်တို့ မြန်မာနိုင်ငံသားတိုင်းရင်းသားလူငယ်များရဲ့ မှတ်ဉာဏ် ဉာဏ်ရည်ဉာဏ်သွေးဟာ မနိမ့်လှပါဘူး။အင်္ဂလိပ်စာ၊အင်္ဂလိပ်စကား သပ်သပ်ပြောပြောမယ်ဆိုရင် အာရှတိုတ်မှာ အိန္ဒိယသားတွေကလွဲရင် ဘယ်သူမှကြောက်စရာမလိုပါဘူး၊ လူမျိုးတစ်မျိုးလုံးကို ခြုံပြောတာပါ။ တစ်ဦးချင်ယှဉ်လို့ သူ့တို့ကသာတာမျိုးတွေတော့ရှိတာပေါ့၊
မြန်မာလူငယ်တွေ အသံထွက်မှန်အောင် သင်လို့ မရဘူး ဆိုတာမရှိပါဘူး၊မြန်မာစကားမပီတဲ့ ရှမ်းပအို့ဦးပဉ္ဇင်လေးတွေတောင် အင်္ဂလိပ်စကားပြောကျတော့ ပီပီသသပြောနိုင် ရွတ်နိုင်ကြတာပါ။ အင်္ဂလိပ်စာသိပ်ကောင်းတဲ့ အိန္ဒိယသားတွေကလည်း“၀ဲရီဂွတ်”ကိုပျောက်အောင်မဖျောက်နိုင်ကြပါဖူး။
အင်္ဂလိပ်စာနဲ့ဘွဲ့ယူထားတဲ့ ဂျပန်တစ်ယောက်ကို Thank youကိုThirtyလို့ အသံမျိုးပီသအောင် ရွတ်ဆိုခိုင်းဖို့ အတော်ခက်ပါတယ်။ ဆရာရှေ့မှာ ပီနေပေမယ့် ကွယ်ရာရောက်သွားတာနဲ့”ဆိုင်းကျူး”“ဆာတီး”လို့ အသံထွက်လာတာပါပဲ။အင်္ဂလိပ်စာတတ်တယ်လို့ ၀င့်ဝါမောက် မာတတ်တဲ့ စင်ကာပူ၊တရုတ်တွေရဲ့“စင်ဂလိတ်”စကားကို အင်္ဂလိပ်တွေ၊အမေရိကန်တွေနားမလည်လို့အင်္ဂလိပ်စကား စစ်စစ် ပြောတတ်အောင် ကြိုးစားရမယ်လို့တောင် သတိပေးခဲ့သေတာလေ၊
မြန်မာတွေမညံ့ပါဘူး၊အင်္ဂလိပ်စကားပြောတဲ့ အလေ့ကျင့်မရှိလို့သာ နှုတ်ဆွံ့နေတာပါ။မပြောမဖြစ်ပြောကိုပြောရမယ့်အခြေအနေး မျိုးကြုံရင်တစ်ဖက်သား ကောင်းကောင်းနားလည်အောင်ပြောနိုင်စွမ်းကြပါတယ်၊နှုတ်ဆွံ့တာပျောက်သွားရင် ပြောတတ်ဆိုတတ်ဖြစ်လာ
ကြတာပါပဲ။ ပြီးတော့နိုင်ငံခြားသားရှေ့မှာ သိမ်ငယ်စိတ်ဖြစ်တာကို ဖျောက်ပစ်ရမယ်၊နိုင်ငံခြားသားတစ်ယောက် မြန်မာစကား မပီကလာ ပီကလာပြောနေတာတွေ့ရင် ပျက်ရယ်ပြုရှုတ်ချပစ်လိုက်ပါသလာ၊မပြုတဲ့အပြင် မြန်မာစကား ကြိုးစားပြောနေတာကို သဘောတောင်ကျမိတယ် မဟုတ်လား။
နိုင်ငံခြားသားတွေလည် အလာတူးပါပဲ၊နိုင်ငံခြားသားတစ်ယောက်က သူတို့ဘာသာစကားကို ကြိုးစားပြောနေတာတွေ့ရင် သဘောကျကျေနပ်ကြတာပါပဲ၊ကိုယ့်ဘာသာစကားမှ မဟုတ်တာပဲ။မိခင်ဘာသာစကားလို ဘယ်သူပီးပါ့မလဲ။
ကုလသမဂ္ဂအတွင်းရေးမှူချူပ်ကြီးတွေတောင်အင်္ဂလိပ်စကားကိုပီသအောင်မပြောနိုင်တဲ့သူတွေရှိပါတယ်၊ဥပမာကိုဖီအာနန်မိန့်ခွန်းပြောတာကြားဖူးကြမှာပါ၊ စကားလုံးအသုံးအနှုန်းတွေကခံညားလှပပြီးအဆင့်မြင့်ပါပေ တယ်။ ဒါပေမယ့်လို့ “အဖရို”လေ သံပါပဲ။အမေရိကန်လေသံမပေါက်ဖူး “အဖရို”လေသံပေါက်လို့ နာမလည်ဘူးမရှိပါဖူး၊ အမေရိကန်သမ္မတရော အင်္ဂလိပ်ဝန်းကြီးချူပ်ရော ပြင်သစ်သမ္မတနဲ့ရုရှားခေါင်းဆောင်ကြီး ရောနာ လည်းကြပါတယ်။ကုလသမဂ္ဂအတွင်းရေးမှူးချူပ်လုပ်ပြီး အင်္ဂလိပ်စကားကို “အဖရို”သံနဲ့ပြောရကောင်းလားလို့အပြစ်မတင်ပါဖူး။အာဖရိကသားက“အဖရို”လေသံပဲ ထွက်မှာပေါ့လို့ နာလည်းကြပါတယ်။ ဂျာမနီဝန်ကြီးချူပ်ပြောတဲ့ အင်္ဂလိပ်စကားသံက ဂျာမန် သံသြသြကြီးထွက်တာပဲ။
အဲဒီတော့ ငါးပိစားတဲ့ မြန်မာဟာငါးပိအင်္ဂလိပ်စကားပြောတာ ဘာ ရှက်စရာရှိသလဲ။အသံမှန်မှန်ထွက်တယ်လို့ သူတပါး နာလည်းရင်ပြီးရော မဟုတ်လာ။ဘိုသံပေါက်ချင်လွန်းလို့ ဇွတ်အတင်းကြီး လိုက်တုနေတာမှ တကယ်ကိုရှက်စရာကောင်းတာပါ။
တုတာက တုတာပါပဲ။ဘယ်တော့မှအစစ်ဖြစ်မလာပါဘူး။အင်္ဂလိပ်စကားကို အမေရိကန်က အမေရိကန်”လေသံ”နဲ့ပြောမှာပဲ။ဂျာမန်ကလည်း အင်္ဂလိပ်စကားကို ဂျာမန်“လေသံ”နဲ့ပြောမှာပဲ။အင်္ဂလိပ်ဘုရင်မရဲ့ ထီးတော်ရိပ်အောက်မှာနေတဲ့ စကော့လူမျိုးကလည် အင်္ဂလိပ်စကားကို စကော့တို့ ရဲ့တောင်ပေါ်“လေ”နဲ့ပြောမှာပါပဲ။ဒါကဲ့ရဲ့စရာလား။
လန်ဒန်က အင်္ဂလိပ်စကားနဲ့ မန်ချက်စတာက အင်္ဂလိပ်စကားတောင်မှ လေယူလေသိမ်းတူကြတာမှ မဟုတ်တာ။ မြန်မာ့ပါးစပ်က မြန်မာလေသံပဲထွက်မှာပေါ့။ဒါကိုဘယ် အင်္ဂလိပ်လူမျိုးမကမှ သရော်လှောင်ပြောင်လုပ်လိမ့်မယ် မဟုတ်ပါဘူး။ရဲရဲသာပြောစမ်းပါ ။လေးငါးဆယ်ရက်အတွင်း နှုတ်သွတ်လျှာသွတ် ဖြစ်လာပါလိမ့်မယ်။အဲဒီအခါကျရင်သ်မ်ငယ်စိတ်တွေ ပျောက်ပြီး နှုတ်ဆွံ့နေတာလည်းလုံးဝ ပျောက်သွားမှာပါ။
မြန်မာတို့ဟာအင်္ဂလိပ်လက်အောက်မှာ နှစ်ရာနဲ့ချီပြီးနေခဲ့ကြရတာ ဖြစ်လေတော့၊ဒီနေ့အထိ မျက်နှာဖြူမြင်ရင်ဘယ်လို မျက်ဖြူပဲဖြစ်ဖြစ်ခေါင်းကလေးငုံ့ပြီး စကားပြောနေကြဆဲဖြစ် ပါတယ်။ ကိုယ်တွေ့နေရတဲ့ မျက်နှာဖြူဟာပညာတတ်လာအမှိုက်ကျုံးတဲ့ မြူနီစီပယ်အလုပ်သမားလား။နွားသက်တဲ့ အမဲသားသည်လာဆိုတာ ဆန်းစစ်ကြည့်လေ့ မရှိကြပါဘူး။ ဒီနေ့လခသိန်းနဲ့ချီယူတဲ့ နိုင်ငံခြားသားတွေ သင်တယ်ဆိုတဲ့ကျောင်းကြီးတွေမှာ ကိုယ့်သားသမီးကိုထားပြီး ဂုဏ်ယူ ၀င့်ကြွားနေတဲ့ မြန်မာမိဘတွေသိဖို့ ပြောပြချင်တဲ့အချက်တစ်ချက်ရှိပါတယ်။အဲဒီအချက်က ဘာလဲဆိုတော့ တချို့ကျောင်းတွေမှာ လာသင်တဲ့ နိုင်ငံခြားသားတိုင်းဟာ စာသင်တတ်တဲ့ ကျောင်းဆရာ၊ဆရာမများမဟုတ်ကြဘူးဆိုတာပါ။တခြားအကြောင်းကိစ္စမျိုးနဲ့ မြန်မာပြည်မှာကြာကြာလေနေချင်တဲ့ အတွက် နေထိုင်ခွင့်ရအောင် အလုပ်တခုခုဝင်လုပ်နေတဲ့ သဘောမျိုးနဲ့လုပ်နေကြတာပါ။တချို့ဆိုစာလုံးဝ မသင်တတ်ကြပါဘူး ၊ကိုယ်တိုင်အင်္ဂလိပ်စကားပြောသင်တန်းဖွင့်ထားတာဖြစ်လေတော့ အဲဒီလိုဝင်လုပ်ချင်လို့ အလုပ်ခန့်ပေးပါ။ခန့်စာရေးပေးပါဆိုပြီး လာပြောတာတွေ အများကြီး ကြုံဖူးလို့သိနေတာပါ။
အသားဖြူဖြူ အသားဝါ၀ါမြင်တိုင်း အောက်ကျို့ချင်တဲ့ သိမ်ငယ်စိတ်တွေသာ ဖျောက်ပစ်လိုက်စမ်းပါ။မြန်မာတွေမညံ့ပါဘူး၊ ဆိုက်ကားဆရာတောင်နိုင်ငံခြားသား ဧည့်သည်တွေနဲ့ အလုပ်ဖြစ်အောင်တော့ ဆက်ဆံနိုင်ကြတာပဲ မဟုတ်လာ၊ ဒါဂျပန်တွေထက်၊ ယိုးဒယားတွေထက် ကိုးဆယ်ဆသာတယ်လို့ ဆိုနိုင်တာပေါ့။မြန်မာတွေမှာ ခက်နေတာက သိမ်ငယ်စိတ်ပဲ။
သိမ်ငယ်စိတ်ဆိုတာ“အငုံ့စိတ်”ပဲ။အားတော့နာပါတယ်။ရင့်သီးလွန်းလို့ မပြောချင်ပါဘူး။ဒါပေမယ့် အဲဒီစကားကိုသုံးပြောမှပိုပြီးထိရောက် ပိုပြီးသဘောပေါက်မှာမို့ ပြောခွင့်ပြုပါ။စေတနာနဲ့ဒေါမနဿကြောင့် ရင့်ရင့်သီးသီးပြောမိတာလို့ လက်ခံပေးပါ။ အငုံ့စိတ်၊ သိမ်ငယ် စိတ်ဆိုတာ “ကျွန်စိတ်”ကိုယဉ်အောင်ပြောတာပါ။
လွတ်လပ်ရေးရခဲ့တာပဲနှစ်ပေါင်း(၆၀)နီးပါပြီး၊ကျွန်စိတ်တွေပျောက်ဖို့ ကောင်းပါပြီ။
ကိုဖီအာနန်လို့ ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချူပ်ကြီတစ်ယောက်တောင် မှ အင်္ဂလိပ်စကားကို “အဖရို”သံနဲ့ပြောနေသေ တာပဲ။မြန်မာလူမျိုးတစ်ယောက်က “ငါးပိအင်္ဂလိပ်”ပြောတာ ဘာရှက်စရာရှိသလဲ။ အသံထွက်မှန်မှန်နဲ့ တစ်ဖက်သာ နားလည်အောင် ပြောတတ်ဖို့လိုရင်းပဲမဟုတ်လာ။
မြန်မာတွေပညာရည်မနိမ့်ပါဖူး။လူစွမ်းလူစမနုံနဲ့ပါဘူး။ပင်ကိုယ်ဗီဇမဖျင်းပါဘူး။ကျွန်စိတ်ပျောက်ဖို့ကလေး တစ်ခုသာလိုတာပါ။

လူထုစိန်ဝင်း

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...