Tuesday, September 2, 2014

တစ်ယောက်ယောက်ကို ချစ်မိရင်


သုံးပိုင်းရှိတာပေါ့။
မချစ်ခင်စဉ်းစား ။ ချစ်နေတုန်းစဉ်းစား ။ ချစ်ပြီးစဉ်းစား ။
ဥပမာ ယောက်ျားလေးတစ်ယောက်ကမိန်းကလေးတစ်ယောက်ကို တကယ်ကိုယ်က ဘ၀တစ်သက်လုံးလက်တွဲဖော်အဖြစ် ရွှေးချယ်တော့မယ်ဆိုရင်စဉ်းစားပါ။
မျက်စိစုံမှိတ်ပြီးတော့ မချစ်လိုက်ပါနဲ့ ။ ကိုယ့်ရဲ့ပင်ကိုယ်ဝါသနာ
ဗီဇ lifestyle နဲ့လိုက်လျောညီထွေဖြစ်နိုင်တဲ့
မိန်းကလေးမဟုတ်ရင် နောင်ပိုင်းအဆင်ပြေဖို့ခက်ခဲပါလိမ့်မယ်။ ဥပမာ ကိုယ်က ပျော်ပျော်ရွှင်ရွှင်
စတတ်နောက်တတ်တဲ့ကောင်လေး ကိုယ်ထားမဲ့ ကောင်မလေးက အရမ်း ဒေါသထွက်လွယ်တဲ့ ကောင်မလေးဆိုရင်။ ကိုယ်က တတွတ်တွတ်နဲ့ ကြက်တူရွှေးက လက်မြောက်မရှုံးပေးရလောက်အောင် စကားများတတ်တယ် အဲ ကိုယ့်ကြင်နာသူက ရေခဲတုံးကြီးလို
အေးတိအေးစက်နိုင်လွန်းရင်…….? ဟာမိုနီကိုက်မှာမဟုတ်ဘူး ဟာမိုနီမကိုက်တဲ့
တူရိသာနှစ်စုံဟာ ဘယ်တော့မှ နူးညံသာယာငြိမ့်ညောင်းတဲ့ သံစဉ်ကို ထုတ်ပေးနိုင်မှာမဟုတ်ဘူး ။
လုံးဝချွှတ်စွတ်ကြီးတူရမယ်လို့
ဆိုလိုတာမဟုတ်ပါဘူး ။ ညှိနှိုင်းယူလို့ ရတဲ့ ကွဲလွှဲချက်ဆိုတာတော့လူတိုင်းမှာ
တော့ ရှိတာပဲလေ။ same ဆိုတဲ့ အဖြေမျိုးထွက်မလာနိုင်ပေမယ်
differentဆိုတာမျိုးကြီးတော့ မဖြစ်သင့်ပါဘူး ။ တစ်ချို့တွေက ပြောကြတယ် တို့ရဲ့
ဘ၀မှာ အချစ်တစ်ခုတည်းသာရှိရင် အရာရာပြည့်စုံပြီ ။ ကျန်တာတွေ ဘာမှအရေးအကြီးဘူး လို့
ကြွေးကြော်ကြတယ် ။ ဒါက အပေါ်ယံက အတွေးအမျှင်တစ်ခုပါ ။ နက်နက်ရှိုင်းရှိုင်းတွေးကြည့်နော်
ချစ်ပါတယ် စရိုက် ဗီဇချင်းလည်းတူတယ်ဆိုတဲ့ အတွဲနဲ့ နက်နက်ရှိုင်းရှိုင်းချစ်ကြတဲ့ ဆန့်ကျင်ဘက်စရိုက်ရှိတဲ့
စုံတွဲဆိုရင် ဘယ်ဟာ က ပိုမြဲမယ်ထင်လဲ ။ ရှင်းပါတယ်
။ ပထမဟာပေါ့နော ။် (ပိုမြဲတယ်ဆိုတာ သေတပန်သက်တဆုံးကိုပြောတာနော်။.
လေရူးဝှေ့လို့ သစ်ရွှက်ဝါလေး ဖြုတ်ခနဲကြွေကျ မြေခသွားတဲ့ အချိန်ကို ပြောတာမဟုတ်ဘူးနော်)
ကဲ စဉ်းစားပြီးပြီဗျာ။ တွေ့လည်းတွေ့နေပြီဗျာ။ ချစ်တော့မယ။် ဒီလိုဆိုရင်
ထပ်စဉ်းစားလိုက်ပါဦးနော်။
လူတစ်ယောက်ကို ချစ်မယ်ဆိုရင် အရမ်းမချစ်လိုက်ပါနဲ့ ။
အဆုံးအစွန်ထိရောက်အောင် အချစ်တွေ အကြင်နာတွေ မပုံအပ်လိုက်ပါနဲ့။
ဟာ ခင်ဗျားစကားက ဘာကြီးလဲ ခင်ဗျာ်းမေတ္တာတရားခေါင်ပါးလှချည်လား။ ကိုယ့်ချစ်သူကို နက်နက်ရှိုင်းရှိုင်းချစ်တာဘာဖြစ်လဲ။ လို့ မေးရင်လည်းမေးချင်စရာပါ ။
စဉ်းစားနော် စကားပုံတောင်ရှိသေးတယ် အချစ်ကြီးသူက ရှုံးတယ်တဲ့။ဒီနေရာမှာ
ဟာဗျာ ကျုပ်က အဲဒါတွေသိပ်စဉ်းစားတာမဟုတ်ဘူး ဘာဖြစ်လဲဗျာ။ ရှုံးချင်ရင်လည်းရှုံးပါစေ။
ကိုယ်လုပ်ခဲတဲ့ အမှားတစ်ခုကြောင့် တစ်လောကလုံးက ကိုယ့်ကိုမုန်းနေပေမယ့် ချစ်တဲသူတစ်ယောက်ပြုံးနေရင်
ကျုပ်ကျေနပ်တယ.်လို့တော့ မပြောပါနဲ့။ တကယ်စစ်မှန်တဲ့ အချစ်မှာ တရားမျှတမှုဆိုတာရှိပါတယ်။
ကျွှန်တော့်အမြင်တော့ ဟုတ်ပါတယ် ဘယ်စုံတွဲမှာပဲ ဖြစ်ဖြစ် ယောက်ျားလေးပဲ ဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ်
ရှုးရှုးမှုးမှုးချစ်မိရင် အဲဒီစုံတွဲကြာကြာမမြဲဘူး ဆက်တွဲနေရင်တောင်မှ သိပ် ကြည်နူးစရာ
ပျော်ရွှင်စရာကောင်မှာ မဟုတ်ပါဘူး
အချစ်ကြီးတဲသူတွေဟာ ကိုယ်ချစ်တဲ့သူ ကိုယ့်ကိုထားသွား ခွဲသွားမှာကို
အကြောက်ဆုံးပ။ဲ အဲဒီတော့ အရာရာကို သံသယမျက်လုံနဲ့ ကြည့်တတ်တယ် ..ဒီကောင်က သူ့ သူငယ်ချင်းကော ဟုတ်လို့လား ပြောပုံဆိုပုံက သိပ် ထောင့်မကျိုးဘူး အဲဒီမှာ ပြသနာတွေဖြစ်
တစ်ခါနှစ်ခါ ခွင့်လွှတ်လို့ရသေးတယ် အဲ ကြာလာတော့ ကျွှိင်ပါလေရော
အဲဒီတော့ အပြတ်ပြတ်နဲ့ နှာခေါင်းသွေးတွေထွက်လွန်ကုန်တာပေါ့
ဒီနေရာမှာ သူကို ကိုယ်ကဘယ်လောက်ချစ်နိုင်တယ်ဆိုတာထက် သူ့ကို ကိုယ်ဘယ်လောက်နားလည်ပေးနိုင်လဲဆိုတာ ကို ဦးစားပေးသင့်ပါတယ်
အဓိကကတော့ ကိုယ်ချစ်သူကိုချစ်တာက
ငှက်ကလေးတစ်ကောင်ကို လှောင်အိမ်ထဲမှာ သာထားပြီး အလှကြည့်ချင်တဲ့ အချစ်မျိုးမဖြစ်ဖို့ပါ
ကဲ ခင်ဗျားပြောတဲ့ အတိုင်းလည်း စဉ်းစားပြီးပြီဗျာ ရှောင်သင့်တဲ့
အချက်တွေလည်း ရှောင်ပြီးပြီဗျာ ဘာကျန်သေးလဲ
ကျန်းသေးတယ်ဗျ အချစ်ဆိုတာ အထပ်ထပ်ပြုပြင်လေ ပိုပြီးစားကောင်းတဲ
ကိတ်မုန့်ဆိုတဲ့ဆိုရိုးစကားရှိတယ်လေဗျာ အဲဒီစကားကို ဒီနေရာမှာ ခဏလောက်ယူသုံးချင်တယ်
ဟုတ်ပါတယ် ကျွှန်တော်ပြောချင်တာ က ထပ်စဉ်းစာဦးမယ်ဗျာ
ကိုယ့်ကောင်မလေးကို ဘယ်လိုချစ်မလဲဆို တာ ကို အလေးအနက်စဉ်းစားပြီးတော့ လူတကာက အားကျရလောက်တဲ့စုံတွဲမျိုးဖြစ်အောင် ကြိုးစားစေချင်တယ်
အချစ်ဆိုတာ အိမ်တစ်လုံးကို ကိုယ်က တာဝန်ယူပြီးဆောက်နေရသလိုပဲ ဘယ်လောက်ကြီးကျယ်လဲ
ဘယ်လောက်နက်ရှိုင်းလဲ ဆိုတာက ကိုယ်အပေါ်မှာပဲ မှုတည်ပါတယ် အိမ်တစ်လုံးရဲ့ အလှဆိုတာတကယ်တော့ ဗိသုကာပညာရှင်တစ်ယောက်ရဲ့ စိတ်ကူးစိတ်သမ်းတစ်ခုပါ အိမ်ဆောက်သူရဲ့ စိတ်ကူးလေးတွေ ဆန်းကြယ်နေသမျှတော့အိမ်ကလေးဟာ သာယာလှပနေဦးမှာပါ
ကဲ ဟုတ်ပါပြီ ခင်ဗျားရေးတာ ဖတ်လို့တော့ ကောင်းပါရဲ့ ဒါပေမယ့် ချစ်လည်းချစ်တယ် စရိုက်လည်းမတူဘူး ခွဲခွာဖို့လည်းမဖြစ်နိုင်ဘူး ဒါဆိုဘယ့်နယ့်လုပ်မလဲ .. ကဲ အဲဒါတော့ ခက်ပြီဗျာ အဲဒါ အခက်ဆုံးဖြစ်လို့ လွယ်အောင် အပေါ်က နည်းလမ်းတွေရေးနေတာဗျ သို့ပေမယ့် ခက်တဲ့ လမ်းကိုပဲသွားမယ်ဆိုရင် ကိုယ်ပိုင် အသိတရားလေးတွေနဲ့ ညှိယူပေါ့ဗျာ။ မတူညီတဲ့ လူနှစ်ယောက် ညှိုနှိုင်းဖို့ ခက်ခဲတယ်ဆိုပေမယ့် ကြိုးစားရမှာပါပဲ ဒါမှလည်း အောင်မြင်တဲ့ အချစ်တွေနဲ့အတူ ပျော်ရွှင်ခြင်းအနှစ်သာရတွေပါ ပိုင်ဆိုင်ရမှာပဲမဟုတ်လား.. ဒါက အပြောလွယ်ပေမယ့် အလုပ်ခက်တဲ့အရာဖြစ်တဲ့အတွက် ကြိုးစားဖို့တော့ တိုက်တွန်းလိုက်ရင်း..
လောကမှာ ရှိတဲ့ စုံတွဲ တွေအားလုံး သာယာလှပပြီး လောကဓံမုန်တိုင်းဒဏ်ကို
ကြံကြံခံနိုင်တဲ့ အိမ်လေးတွေပိုင်ဆိုင်နိုင်ပါစေ စားလိုက်တာနဲ့ တသက်လုံးစွဲသွားလောက်တဲ့
ကိတ်မုန့်လေးများ ဖန်တီးနိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်တယ်နော်။

Credit - Original Writer

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...