Tuesday, September 2, 2014

သေရာပါ ဒဏ်ရာတစ်ခု

Posted by: Video-editer on August 31, 2014 at 20:24 PM 0 Comments
မာယာထောင်ချောက်၊ ဇာခန်းဆီးနောက်ကွယ် ရုပ်ရှင်ဇာတ်ကားတွေနဲ့ ထူးချွန်ဆုတွေ ရခဲ့ပြီး အခုတော့ ရုပ်ရှင်လောကရဲ့ အဝေးဆုံးမှာ ဇာတ်မြှုပ်နေထိုင်နေတဲ့ ထပ်ဆင့်အကယ်ဒမီ အေးအေးသင်း တစ်ယောက် သေရာပါ ဒဏ်ရာတစ်ခုကို ရင်မှာပိုက်ထွေးထားဆဲပါ။ ဘဝရဲ့နေဝင်ချိန်တွေကို အေးအေးသင်းတစ်ယောက် ဘယ်လိုဖြတ်သန်းနေသလဲ။

၁၉၇ဝ၊ ၁၉၈ဝ ပြည့်လွန်နှစ်တွေမှာ ရုပ်ရှင်လောကထဲ သရဖူဆောင်းနိုင်ခဲ့တဲ့ မင်းသမီးကြီး အေးအေးသင်းတစ်ယောက် ၁၉၈၈ခုနှစ် ဒီမိုကရေစီအရေးတော်ပုံမှာ ပါဝင်ခဲ့လို့ စစ်အစိုးရရဲ့ ဒဏ်ခတ်မှုကို ခါးခါးသီးသီးခံစားခဲ့ရပါတယ်။ ပြည်သူ့ဘက်ကရပ်တည်ခဲ့တဲ့ သူ့လို အနုပညာရှင်စစ်စစ်တစ်ယောက်ကို အနုပညာလုပ်ကိုင်ခွင့် ရာသက်ပန်ပိတ်ပင်ခဲ့တဲ့အပေါ် နာကျည်းတယ်လို့ ကမာရွတ်မီဒီယာကို ရင်ဖွင့်ပြောပြပါတယ်။



အသက်ငယ်ငယ်ကတည်းက အနုပညာလောကထဲ ခြေချခဲ့သူမို့ အနုပညာကလွဲရင် ဘာတစ်ခုမှ လုပ်ကိုင်မစားတတ်တဲ့ ဝါရင့်မင်းသမီးကြီးဟာ ဝေဒနာကိုရင်မှာပိုက်ပြီး ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး စတဲ့အလုပ်တွေနဲ့ ဝမ်းကျောင်းခဲ့ရပါတယ်။ နောက်ဆုံး လူတွေကို စက်ဆုပ်လာပြီး ဗေဒင်ပညာရှင် မင်းသိင်္ခဆီမှာ ပညာသင်ရင်း မေသုခဆိုတဲ့ နာမည်နဲ့ မှော်ဘီဘက်မှာ ဗေဒင်၊ လက္ခဏာကြည့်ရင်း ဘဝရဲ့ နောက်ဆုံး အချိန်တွေကို ကုသိုလ်ရေးနဲ့ ကုန်ဆုံးနေပါတော့တယ်။
အသက် ၇ဝရှိပြီဖြစ်တဲ့ မင်းသမီးကြီး အေးအေးသင်းဟာ အနုပညာလောဘကြီးသူလို့ ဆိုရလောက်အောင် ရုပ်ရှင်၊ ဂီတ၊ ပြဇာတ်၊ ကက်ဆက်ဇာတ်လမ်း၊ ကဗျာ၊ ဝတ္ထု စတဲ့ အလုပ်တွေကို လုပ်ကိုင်ခဲ့ပါသူ။ အခုတော့ မှော်ဘီဘက်က သူပိုင်တဲ့တိုက်နဲ့ ခြံဝင်းကို နန္ဒဝန်ပါဠိတက္ကသိုလ်၊ နန္ဒာအေး ဓမ္မာရိပ်သာဆရာတော် ဦးယုဇနဆီ အပြီးတိုင် လှူဒါန်းထားပါတယ်။

ဓတစ်ချို့အနုပညာသမားတွေဟာ စစ်အစိုးရက နာကျည်းအောင်လုပ်ခဲ့ပေမယ့် အမှတ်သည်း ခြေမရှိကြဘူးလို့ "
အေးအေးသင်းက ယူဆပါတယ်။ သူကတော့ သူ့လိုအနုပညာရှင်ကို ခြေဖြတ် လက်ဖြတ်လုပ်ပြီး လွှင့်ပစ်တာခံခဲ့ရလို့ သေရာပါ ဒဏ်ရာတစ်ခုလို စွဲမှတ်ထားဆဲဖြစ်ပါတယ်။
အေးအေးသင်းဟာ ၁၉၇၁မှာ ဒါရိုက်တာ စံရွှေမောင်ရိုက်ကူးတဲ့ မာယာထောင်ချောက်၊ ဒါရိုက်တာ မောင်ဝဏ္ဏရိုက်ကူးတဲ့ ဇာခန်းဆီးနောက်ကွယ် ဇာတ်ကားတွေနဲ့ အကယ်ဒမီဆုတွေ ရရှိခဲ့သူ ဖြစ်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...