ဟာသစုဗူး (၁၂)
#သေချာပြောပါ
*မော်တော်တစ်စီးပေါ်တွင်ဖြစ်သည်။ အဒေါ်ကြီးတစ်ယောက်သည် အိတ်ဇောပိုက်ကြီး အနီးတွင်
တောင်းကြီးပိုက်ပြီးထိုင်နေသည်။ မော်တော်ထွက်သောအခါ မော်တော် မောင်းသူက
သတိပေးသည်။
“ဒေါ်ကြီး အဲဒါအိတ်ဇောနော်“
“အေးပါသိပါတယ်ဟဲ့“
မကြာမှီထိုသူက ထပ်သတိပေးပြန်သည်။
“ဒေါ်ကြီး အဲဒါအိတ်ဇောနော်“
“အေးပါသိပါတယ်ဆို“
ထိုအချိန်တွင်မော်တော်က လှိုင်းအပုတ်တွင် လှုပ်သွားရာ ထိုအဒေါ်ကြီးမှာ
အိတ်ဇောဖြင့်ထိမိလေရာ ထအော်လေသည်။
“အမလေးပူလိုက်တာ“
ထိုအခါမော်တော်မောင်းသူက
“အဒေါ်ကြီးကို ပြောသားပဲ အဲဒါအိတ်ဇောပါလို့“
ထိုအခါ အဒေါ်ကြီးက ဤသို့ပြန်ပြောလေသတည်း။
“သေနာလေး ပူ ပူတယ်ပြောတာမဟုတ်ဘူး အိတ်ဇောလေးဘာလေးနဲ့“….
·
#အချစ်က အုန်းရည်လို့ သင်တွေးဖူးသလား
အချစ်ဟာ ဘယ်အချိန် ဘယ်အရွယ်မှာ စတင်ဖြစ်တည်သလဲ ဆိုတာ ဘယ်သူမှမသိနိုင်ဘူး။
အုန်းသီးထဲက အုန်းရည်ဟာလည်း ဘယ်အချိန်မှာ စတင်ဖြစ်ပေါ်ခဲ့လဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။
ငယ်ငယ်ရွယ်ရွယ်မှာ ပေါ်ပေါက်လာ(ထွက်ကျလာ)တဲ့အချစ်ဟာ ရင့်ကျမှုနည်းတယ် ။ အမှားများမယ် နောင်တများမယ်။
အုန်းသီးငယ်ငယ်ရဲ့ အုန်းရည်ဟာ အရည်နည်းနည်းလေးပဲ ရသလို သောက်လို့လည်း မကောင်းသေးဘူး။
အရွယ်ရောက်လို့ သီးချိန် ပွင့်ချိန်တန်တဲ့ အရွယ်တွေမှာ အချစ်ကို ထုတ်ဖေါ်သင့် ။ လက်တွဲသင့်တယ် ။ အချိန်မနှောင်းသင့်ဘူး။
ခူးချိန်ဆွတ်ချိန်တန်တဲ့ အုန်းသီးရဲ့ အုန်းရည်ဟာ သောက်သုံးသင့်ဆုံး ။ ကျန်းမာရေး အတွက်လည်း အကောင်းဆုံးပါ။
အရွယ်နှောင်းလို့ အချိန်လွန်နေပြီးဖြစ်တဲ့ အချိန်မှာတော့ အချစ်သာ ရှိပြီး ထုတ်ဖေါ်ဖို့ မ၀ံ့ရဲတဲ့ အနေထားနဲ့ဘ၀ကို ဖြတ်သန်းရတတ်တယ်။
ခြောက်မှည့်နေတဲ့အုန်းသီး (အမှည့်လွန်သီး) ရဲ့ အုန်းရည်ဟာ သောက်သုံးလို့ မကောင်းသလို ၊ သောက်သုံးဖို့ ခွဲရတာလည်း ခက်ပါတယ်။ ခွဲလို့ရခဲ့တယ် ဆိုရင်မှပဲ မကောင်းလို့ လွှင့်ပစ်တတ်ပါတယ်။

အဲဒါကြောင့် အချစ်ဟာ အုန်းရည်နဲ့ တူပါတယ်။
အုန်းသီးထဲက အုန်းရည်ဟာ တစ်ခါသောက် နှစ်ခါသောက်လောက်တော့ ရှိပါတယ်။
ကဲ ဘယ်သူကို တိုက်မလဲ………

0 comments:
Post a Comment