Wednesday, September 10, 2014

ရန်ကုန် ညမွေးပန်းရဲ့ အသံ

ရန်ကုန် ညမွေးပန်းရဲ့ အသံ
_____________________________________
                                                           Helen John Helen John
မြန်မာပြည်မှာ - ခံစားမယ်
အဆင်ပြေရင် ယိုးဒယားသွားမယ်

နာမည်လား... စိမ်းလို့ခေါ်ပေါ့
မောင်နှမ...အင်း များတယ်
နှစ်ယောက်က ကျောင်းမှာ
ဘဝလား ခါးပေမဲ့ ''အ'' နေတုန်းပဲ
ပျော်ရမှာပေါ့ ငိုနေလို့ထူးမလား...

ဘာရယ်...
ကောင်းရောင်းကောင်းဝယ်
အဲ့သည့်စကား လွယ်မလားရှင်
အရင်းနှီးမရှိတဲ့ကြား
ဈေးကောက်များလာခဲ့ရင်...
ဆန်ဈေး ဆီဈေးက
အစ်ကိုကြီးကလေး မုန့်ဖိုးလောက်ရှိတယ်။

အထည်ချုပ်က ဆန္ဒပြ
လယ်ကလည်း စက်ရုံဆောက်
အမေပေးတဲ့ အပေါက်ကလေးနဲ့
လုပ်စားရတာပေါ့
အထင်တော့မသေးနဲ့
ကျမတို့အကြောင်း အမတ်ပေါင်းဆွေးနွေးတာ
ပယ်ချသတဲ့လေ။

ကွန်ဒုံးကသက်သေဆိုတော့ ခပ်ပေါ့ပေါ့ပဲ
မသကာ အေ ကိုက်တော့
မိုက်သမျှ အပြစ်ပေါ့
အသွင်ယူသက်သေတဲ့
ဟင်းဟင်း....
ကာမကို အတင်းယူပြီးမှ
သူက သက်သေတဲ့လား
ဟားရတယ်ရှင်...။

ကျမတို့ဘဝ ညငှက်တဲ့
အလှသက်သက်ဆိုတော့
ပေါ့ပေါ့တော့ မတွေးပါနဲ့
လှည့်ကင်းအဖွဲ့အား
ဆက်ကြေးများမပေးနိုင်ရင်
ရှင်တို့နဲ့ကျမ ဒီညတော့........ဆိုပြီး
အမေ့အမွေ လယ်ကလေး
ထိုးကျွေးရတာပဲ။

ေ အးလေ
ငွေရှိမှ ပညာရ
ငွေပေးမှ ကျန်းကျန်းမာ
ငွေများမှ တရားနိုင်
အပြိုင်အဆိုင် ဒီဘဝမှာ...
ဥပဒေဆိုတာ ကျမတို့အတွက်မှ မဟုတ်ထာ။

ပြောလိုက်စမ်းဘာ
အလှမက်လို့ ငွေမက်လို့
ဒီတစ်သက်လွတ်အောင် ကျမကြိုးစားနေတယ်
ယိုးဒယားရောက်ရင်လည်း အားပေးဦးနော်
အဲ့သည်မှာ ဦးအချစ်
မြန်မာစစ်စစ်တွေပေါတယ်။ ။

မြန်မာပြည်မှာ - ခံစားမယ်
အဆင်ပြေရင် ယိုးဒယားသွားမယ်
နာမည်လား... စိမ်းလို့ခေါ်ပေါ့
မောင်နှမ...အင်း များတယ်
နှစ်ယောက်က ကျောင်းမှာ
ဘဝလား ခါးပေမဲ့ ''အ'' နေတုန်းပဲ
ပျော်ရမှာပေါ့ ငိုနေလို့ထူးမလား...


ဘာရယ်...
ကောင်းရောင်းကောင်းဝယ်
အဲ့သည့်စကား လွယ်မလားရှင်
အရင်းနှီးမရှိတဲ့ကြား
ဈေးကောက်များလာခဲ့ရင်...
ဆန်ဈေး ဆီဈေးက
အစ်ကိုကြီးကလေး မုန့်ဖိုးလောက်ရှိတယ်။

အထည်ချုပ်က ဆန္ဒပြ
လယ်ကလည်း စက်ရုံဆောက်
အမေပေးတဲ့ အပေါက်ကလေးနဲ့
လုပ်စားရတာပေါ့
အထင်တော့မသေးနဲ့
ကျမတို့အကြောင်း အမတ်ပေါင်းဆွေးနွေးတာ
ပယ်ချသတဲ့လေ။

ကွန်ဒုံးကသက်သေဆိုတော့ ခပ်ပေါ့ပေါ့ပဲ
မသကာ အေ ကိုက်တော့
မိုက်သမျှ အပြစ်ပေါ့
အသွင်ယူသက်သေတဲ့
ဟင်းဟင်း....
ကာမကို အတင်းယူပြီးမှ
သူက သက်သေတဲ့လား
ဟားရတယ်ရှင်...။

ကျမတို့ဘဝ ညငှက်တဲ့
အလှသက်သက်ဆိုတော့
ပေါ့ပေါ့တော့ မတွေးပါနဲ့
လှည့်ကင်းအဖွဲ့အား
ဆက်ကြေးများမပေးနိုင်ရင်
ရှင်တို့နဲ့ကျမ ဒီညတော့........ဆိုပြီး
အမေ့အမွေ လယ်ကလေး
ထိုးကျွေးရတာပဲ။

ေ အးလေ
ငွေရှိမှ ပညာရ
ငွေပေးမှ ကျန်းကျန်းမာ
ငွေများမှ တရားနိုင်
အပြိုင်အဆိုင် ဒီဘဝမှာ...
ဥပဒေဆိုတာ ကျမတို့အတွက်မှ မဟုတ်ထာ။

ပြောလိုက်စမ်းဘာ
အလှမက်လို့ ငွေမက်လို့
ဒီတစ်သက်လွတ်အောင် ကျမကြိုးစားနေတယ်
ယိုးဒယားရောက်ရင်လည်း အားပေးဦးနော်
အဲ့သည်မှာ ဦးအချစ်
မြန်မာစစ်စစ်တွေပေါတယ်။ ။

Helen John Helen John

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...