Thursday, April 3, 2014

Myanmar Youth Media Club

MYMC - MYMHOT



Posted: 02 Apr 2014 05:20 AM PDT
Diamond Wire

အနာဂတ် ကွန်ပျူတာ တွေရဲ့ စွမ်းဆောင်ရည်ကို အံ့မခန်း တိုးတက် လာအောင် ပြုလုပ်နိုင်မယ့် လျို့ဝှက်ချက်က Diamond “Wires” ပါတဲ့။ Diamond “Wires” ဆိုတာ ဘာလဲ။
ကျွန်တော်တို့ ကွန်ပျူတာ တွေမှာ ရိုးရိုး Wire တွေအစား စိန်နဲ့ပြုလုပ်တဲ့ Wire တွေအသုံးပြု နိုင်ဖို့ တီထွင်သူတွေ ကြံဆခဲ့ပုံကို ဒီဆောင်းပါးမှာ တင်ပြထား ပါတယ်။
ကွန်ပျူတာ တွေမှာ ပုံမှန်အားဖြင့် သုံးနေတဲ့ Wire ကြိုးတွေဟာ အလယ် Core မှာ လျှပ်စစ်ဓာတ်ကူး သတ္တုကို သုံးပြီး Data ပို့ကြ ပါတယ်။ ဥပမာ ပြောရရင် ရထား သွားသလို တဖြောင့်တည်းနဲ့ Data သွားပါတယ်။ လျှပ်ကူး သတ္တုကို သုံးထား တာကြောင့် သူ့မှာ Data ကူးနှုန်းတော့ အကန့်အသတ် ရှိပါတယ်။ Ohio State University ကရူပဗေဒ ပညာရှင် တွေက ဒီအကန့်အသတ် တွေကို ကျော်လွန်နိုင်ဖို့ စိန် ကို အသုံးချဖို့ ကြိုးစားခဲ့ ကြပါတယ်။ အံ့သြဖို့ ကောင်းလောက် အောင်ပဲ စိန်နဲ့ ပြုလုပ်တဲ့ Wire ဟာ Electron တွေကို လွှဲပြောင်း နိုင်ခဲ့ ပါတယ်။ ဒီနေရာမှာ ရိုးရိုး Wire တွေ Data ပို့သလို တစ်ဆက်တည်း ပုံစံနဲ့ ပို့တာ မဟုတ်ဘဲ ဇကောဝိုင်း ၀ိုင်းသလို အကွင်းတွေ ပုံစံနဲ့ သံလိုက် လှိုင်း တွေကို အသုံးချပြီး Data ပို့တာ ဖြစ်ပါတယ်။ ဒီလိုမျိုး ဇကောဝိုင်း ပုံစံ Data ပို့တာမျိုးဟာ ကမ္ဘာ့အမြန်ဆုံး Quantum Computers တွေမှာ သုံး တာကြောင့် ယခု စိန်နဲ့ ပြုလုပ်တဲ့ Wire တွေထွက် လာရင် ကွန်ပျူတာတွေရဲ့ စွမ်းဆောင်ရည် ကတော့ အံ့မခန်း တိုးတက်လာဖို့ ရှိပါတယ်။



ဒီစိန်နဲ့ ပြုလုပ်တဲ့ Wire တွေအကြောင်း နည်းနည်း ဆက်ပြော ရရင် ဒီ Wire တစ်ခုကို ပြုလုပ်ဖို့ တစ်ခါလုပ်ရင် ဒေါ်လာ ၁၀၀ ကုန်ပါတယ်။ အ၀ိုင်း တွေလို Data ပို့တဲ့စနစ် လည်ပတ်နေအောင် ဒါမှမဟုတ် လည်ပတ်တဲ့ စနစ်အေး နေအောင် စိန် Atom ပေါင်း Three millions ရှိတိုင်း Nitrogen ဓာတ်ငွေ့ one atom နှုန်းနဲ့ အမြဲ လွှတ်ပေး ထားရပါတယ်။ ဒါပေမယ့် Nitrogen ဓာတ်ငွေ့ ပေးရတဲ့ အပူချိန် ကိုကြည့်မယ် ဆိုရင် အ နုတ် ၄၅၂ ဖာရင်ဟိုက် လောက်ဖြစ် နေတော့ လက်ရှိမှာ အခန်း အပူချိန်နဲ့ ကိုက်ညီ ဖို့ကတော့ အဝေးကြီး လိုပါသေးတယ်။

Diamond Wire

လောလောဆယ် မှာတော့ အသေးစိတ် အကြောင်းအရာ အချက်အလက် တွေကို မထုတ်ပြန် သေးပေမယ့် လာမယ့် အနာဂတ်မှာ ဒီနည်းပညာ ကြောင့် ကျွန်တော်တို့ ကွန်ပျူတာ တွေဟာ ကမ္ဘာ့ အမြန်ဆုံး ကွန်ပျူတာ တွေကို ယှဉ်နိုင် လိုက်အောင် တိုးတက်လာ လိမ့်မယ်လို့ မျှော်လင့်လျက် ရှိပါတော့တယ်။

Images from livescience, thinkdigit, sciencerecorder. Source: techcrunch.com


Author

Paing Hmu Ko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...