Sunday, April 6, 2014

ပညာရေးဘက်စုံထူးချွန်ဆု မြန်မာကျောင်းသူ ရွေးချယ်ခံရ

ထိုင်း-မြန်မာနယ်စပ်၊ ဒုက္ခသည်စခန်းမှ အမေရိကန်နိုင်ငံသို့ ရောက်ရှိလာခဲ့သော မြန်မာကျောင်းသူ တစ်ဦးသည် အမေရိကန်နိုင်ငံလုံးဆိုင်ရာ ပညာရေးဘက်စုံထူးချွန်ဆုအတွက် ရွေးချယ်ခံရသူများအနက် တစ်ဦးအပါအဝင် ဖြစ်ကြောင်း သိရှိရပါသည်။၂၀၁၃-၁၄ ပညာသင်နှစ်အတွက် အမေရိကန်နိုင်ငံလုံးဆိုင်ရာ ဘက်စုံပညာ ထူးချွန်ဆုကို Columbia Basin College မှ ဆွတ်ခူးရရှိသော ဆီးရီးယားလူမျိုး အမ်ဂျတ် အယ်လ် ရှာကာဂျီ (၁၉ နှစ်) (ဝဲ) နှင့် မြန်မာလူမျိုး မရွှေစင် (၁၈ နှစ်) (ယာ) တို့ ဖြစ်ပါသည်။၂၀၁၃-၁၄ ပညာသင်နှစ်အတွက် အမေရိကန်နိုင်ငံလုံးဆိုင်ရာ ဘက်စုံပညာ ထူးချွန်ဆုကို Columbia Basin College မှ ဆွတ်ခူးရရှိသော ဆီးရီးယားလူမျိုး အမ်ဂျတ် အယ်လ် ရှာကာဂျီ (၁၉ နှစ်) (ဝဲ) နှင့် မြန်မာလူမျိုး မရွှေစင် (၁၈ နှစ်) (ယာ) တို့ ဖြစ်ပါသည်။
ဝါရှင်တန်ပြည်နယ်၊ ထရိုင်စီးတီးစ် Columbia Basin College ကျောင်းသူ၊ အသက် ၁၈ နှစ်ရှိ မရွှေစင်သည် ဒေါ်လာ ၂၅,၀၀၀ ပညာသင်ဆုကို ဆွတ်ခူးနိုင်ပြီး တက္ကသိုလ်ပညာ ဆက်လက်သင်ကြားနိုင်မည် ဖြစ်သည်။
ဖိုင် သီတာ ကက်ပါ ဂုဏ်ထူးဆောင်အဖွဲ့မှ ကြီးမှူးရွေးချယ်သော ၂၀၁၃-၁၄ ပညာသင်နှစ် အမေရိကန်နိုင်ငံလုံးဆိုင်ရာ ပညာရေးဘက်စုံထူးချွန်ဆုအတွက် Columbia Basin College မှ အခြားကျောင်းသား တစ်ဦးဖြစ်သော ဆီးရီးယားနိုင်ငံမှ ဒုက္ခသည်ခိုလှုံသူအဖြစ် ရောက်လာသည့် အမ်ဂျတ် အယ်လ် ရှာကာဂျီ (၁၉ နှစ်) နှင့် မြန်မာကျောင်းသူ မရွှေစင်တို့ကို ရွေးချယ်လိုက်ခြင်း ဖြစ်သည်။


လူတော်လူကောင်းများ ထွက်ပြေးရသော နိုင်ငံ
မရွှေစင်၏ မိဘများသည် မြန်မာနိုင်ငံတွင် စစ်အစိုးရကို ဆန့်ကျင်သော လူထုလှုပ်ရှားမှုကြီးတွင် ပါဝင်ခဲ့သောကြောင့် ထိုင်းနယ်စပ်သို့ ထွက်ပြေးပုန်းရှောင်ခဲ့ကြသည်။ မရွှေစင်တို့ မိသားစုသည် နယ်စပ်ဒုက္ခသည် စခန်းတစ်ခုမှ တစ်ခု ရွှေ့ပြောင်းနေထိုင်ခဲ့ကြရသည်။ မရွှေစင်သည် ကလေးဘဝကတည်းက ဉာဏ်ကောင်းသူဖြစ်ကြောင်း ဇလား ဒုက္ခသည်စခန်းတွင် နေဖူးသူတစ်ဦးက မှတ်ချက်ချသည်။

သမီးအလတ်ဖြစ်သော မရွှေစင်ကိုလည်း ထိုင်းနယ်စပ်မှာပင် ဖွားမြင်ခဲ့၏။ သူတို့ မိသားစုသည် မူလက ဩစတြေးလျနိုင်ငံသို့ ရွှေ့ပြောင်း အခြေချရန် လျှောက်ထားခဲ့သော်လည်း သူမ အသက် ၄ နှစ်ခန့်တွင် ဖခင် ကွယ်လွန်သွားသောကြောင့် ထိုအစီအစဉ် ပျက်ပြယ်သွားခဲ့ရသည်။
နောင်တွင် မိခင်က နောက်အိမ်ထောင်ပြုပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုသို့ သူမ ၉ နှစ်သမီးအရွယ်မှာ ရွှေ့ပြောင်းလာခဲ့ကြပါသည်။ ရောက်ခါစတွင် မရွှေစင်၏ မိခင်သည် အိမ်အကူ အလုပ်သမား အဖြစ် လုပ်ကိုင်ရပြီး ကားမရှိသောကြောင့် ပထွေးဖြစ်သူမှာ အလုပ်လုပ်သော ဝေါလ်မတ်စတိုးသို့ စက်ဘီးဖြင့် နေ့စဉ် သွားခဲ့ရကြောင်း သူမကပြောပြသည်။
သူမတို့ အမေရိကားသို့ ရောက်ခါစက အင်္ဂလိပ်လို မတတ်သောကြောင့် ကြားခံ ပေါင်းကူး စာသင်ခန်းတွင် တက်ခဲ့ရပါသည်။ "ကျွန်မ အရမ်းအံ့ဩခဲ့ရတဲ့ အဖြစ်ကို သတိရနေမိပါသေးတယ်၊ ရုပ်ရှင်ဇာတ်ကားကျနေတာပဲ၊ လူတိုင်း တစ်ယောက်ကို ကိုယ်ပိုင်စားပွဲတစ်လုံးစီ ရှိတယ်" ဟူ၍ မရွှေစင်က ပြောကြားသည်။
ယခုအခါ မရွှေစင်သည် ဇီဝဓာတုဗေဒ ဘွဲ့အတွက် ပညာဆည်းပူးလျက်ရှိနေပါပြီ။
မိမိတို့၏ သားသမီး၊ တူတူမ မြန်မာလူငယ်များ ဖတ်ရှုအတုယူစေလိုလျှင် အင်္ဂလိပ်ဘာသာဖြင့် သတင်းကို ၎င်းတို့အား မျှဝေပေးနိုင်ပါသည်။
News in English
မြန်မာတို့၏ ထက်သန်သောဇွဲမာန်
"ကျွန်မရဲ့ အကြီးမားဆုံး စိတ်ဓာတ်ခွန်အားကတော့ မိဘတွေ ဂုဏ်ယူစေဖို့ပါပဲ" ဟု မရွှေစင်က ပြောကြားသည်။
မရွှေစင်သည် မိသားစု အလုပ်ကိစ္စများ လုပ်ဆောင်ရခြင်း၊ သူမတက်ခဲ့သော အထက်တန်းကျောင်း၏ ဂျွမ်းဘားအသင်း ခေါင်းဆောင်အဖြစ် တာဝန်ယူထားရခြင်း စသည်တို့ကြောင့် မအားလပ်သည့်ကြားမှ အမေရိကန်နိုင်ငံလုံးဆိုင်ရာ ဘက်စုံပညာ ထူးချွန်ဆု ရရှိခဲ့ခြင်း ဖြစ်သည်။
ထိုဆုအတွက် သတ်မှတ်ထားသော အရည်အချင်းများတွင် ပျမ်းမျှအမှတ် GPA ၃.၅ အနည်းဆုံးရှိပြီး သင်တန်းဆင်း အောင်လက်မှတ် (associate degree) အတွက် ပညာသင်နေသူ ဖြစ်ရမည်ဟု ပါဝင်သည်။
မရွှေစင်သည် ကလေးအထူးကု ဆရာဝန်ဖြစ်ရန် မျှော်မှန်းချက် ရှိပြီး၊ သူဆရာဝန်ဖြစ်လျှင် ထိုင်းနယ်စပ်သို့ ပြန်သွားကာ ဒေါက်တာ စင်သီယာ မောင်ကဲ့သို့ ပြည်သူ့ဆရာဝန် လုပ်ပြီး လူထုကို အလုပ်အကျွေးပြုလိုကြောင်း ပြောပြပါသည်။
"ကျွန်မက တဲလေးတစ်လုံးထဲမှာ ကြီးပြင်းခဲ့ရတယ်၊ ဖုန်တွေထဲမှာ ကစားခဲ့ရတယ်၊ ဆရာဝန်ဖြစ်ဖို့ ရည်မှန်းတယ်ဆိုတာ ရူးများရူးနေသလား ထင်မိတယ်" ဟု မရွှေစင်က ပြောသည်။
"လိုချင်တဲ့ဆန္ဒ တစ်ခုခုရှိခဲ့ရင် ရနိုင်တဲ့ နည်းလမ်းရှိတယ်" ဟု ဘက်စုံပညာထူးချွန်ဆုရ မြန်မာကျောင်းသူလေးက ဆိုသည်။
အမေရိကန်နိုင်ငံလုံးဆိုင်ရာ ဘက်စုံပညာ ထူးချွန်ဆု ရရှိသော မရွှေစင်၊ အမ်ဂျတ် အယ်လ် ရှာကာဂျီတို့နှင့် အင်တာဗျူးသတင်းဗီဒီယိုကို https://www.youtube.com/watch?v=Zmujzg0e7NI တွင်  ကြည့်နိုင်ပါသည်။


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...