ကိုယ်က ပြန်ပေးနိုင်အောင် လုပ်ကြပါ
စာသင်ကျောင်းတွေက ကိုယ်ဘာလုပ်ရမလဲဆိုတဲ့ နည်းလမ်းကို မှန်ကန်တဲ့ အသိဥာဏ်နဲ့ ဆုံးဖြတ်နိုင်အောင် ချမှတ်ပေးတာပဲ ဖြစ်ပါတယ်။ အလုပ်ရဖို့ က ကိုယ့်ရဲ့ အလုပ်ပေါ် ကျွမ်းကျင်မှုရှိမှု၊ မရှိမှုနဲ့ ပဲ ဆိုင်လိမ့်မယ်။
ကိုယ့်အလုပ်နဲ့ ပက်သတ်တဲ့ စာအုပ်တွေကိုတော့ ပြင်ပကနေ လေ့လာရလိမ့်မယ်။ ကိုယ့်လုပ်ရမယ့် အလုပ်ကိုကျောင်းအားလပ်ချိန်တွေမှာ အပြင်ကနေ သင်ယူနိုင်ဖို့ လိုတယ်။ ဒါမှ အလုပ်တစ်ခုကိုရဖို့  အထောက်အပံ့ပေးမှာ ဖြစ်ပါတယ်။
ဘာပြောချင်တာလဲဆိုတော့ ကိုယ့်အတွက်ရွေးချယ်မှုကို ကိုယ်တိုင် ဖန်တီးယူဖို့ ပဲ ဖြစ်တယ်။ သူများကို အပြစ်မတင်နဲ့ ။ ဆင်ခြေပေးတတ်ပါများရင် ရှောင်ဖယ်တတ်တဲ့ အလေ့အထရသွားလိမ့်မယ်။
ဘွဲ့ တစ်ခုရထားတာတောင် ရှေ့ ဆက်ဘာလုပ်ရမှန်းမသိဘူးလို့  ဆင်ခြေပေးနေရင် ဘွဲ့ မရဘဲ အောင်မြင်နေတဲ့သူတွေက ဟားတိုက်မှာပေါ့။ ကိုယ့်တန်ဖိုး ကိုယ်သိဖို့ တော့လိုမယ်။
ဂျာနယ်ရောင်းတဲ့ သူမှာလည်း တစ်သက်လုံး ဂျာနယ်ရောင်းရမယ်လို့  ဘယ်တွေးထားပါ့မလဲ။ သူ့ မှာလည်း
သူ့ အနာဂါတ်နဲ့ သူတော့ ကြီးကြီးမားမားရှိတာပဲ။
ပဲပြုရောင်းတဲ့ သူလည်း တစ်သက်လုံး ပဲပြုတ်ပဲ ရောင်းမယ်လို့ ဘယ်ရှိပါ့မလဲ။ သူ့ ရဲ့ အိမ်မက်အတွက် အခြေအနေတစ်ခုမှာ ပဲပြုတ်ရောင်းနေရတာပေါ့။
ပိုင်ဆိုင်ထားတဲ့ အခွင့်အရေးကို အခွင့်အလမ်းဖြစ်လာဖို့ အထိက မိမိတို့ ကိုယ်တိုင် ဖန်တီးယူကြရမှာပါ။ ဆန္ဒပြတောင်းဆိုယုံနဲ့ မပြီးဘူး။ လုပ်ချင်တဲ့ ဆန္ဒရှိသလို ကိုယ်တိုင် လုပ်နိုင်ဖို့ လည်းလိုတယ်။
လူငယ်ဆိုတာ လူကြီးတွေအတွက် တောင်ဝှေးဖြစ်ဖို့ လိုပြီ။ လက်ဆွဲအိတ်လို လိုက်မနေကြနဲ့ တော့။ ကိုယ်တိုင်ဖန်တီးယူတဲ့ ဘ၀ကမှ ခိုင်မှာမှုရှိတာပါ။ တောင်းဆိုဖို့ ကြီး စိတ်ကူးမနေကြနဲ့ ။ ကိုယ်ကလည်း ပြန်ပေးနိုင်အောင်လုပ်ကြဦးလို့ ပဲ စေတနာနဲ့  မှာချင်ပါတယ်။
True Man
0 comments:
Post a Comment