Wednesday, April 16, 2014

ဟာသစုဗူး (၅)

Photo: ======
1. သုခမိန်
======
မီးခြစ်ဘူး ရေစိုသွားလို့ အမေလုပ်သူက နေထုတ်လှန်းထားတယ်။
ခဏနေတော့ အပြင်သွားစရာရှိလို့ သူ့သား မောင်ကျေးညိုလေးကို မှာခဲ့တယ်.. ...

"သားရေ... နေလှန်းထားတဲ့ မီးခြစ်ဆံတွေ ကောင်း, မကောင်းစစ်ပြီး ပြန်သိမ်းထားလိုက်၊ အမေအပြင်ခဏသွားလိုက်အုံးမယ်"
"ဟုတ်ကဲ့မေမေ"

အမေပြန်လာတော့ မောင်ကျေးညိုလေးက သတင်းပို့တယ်... ..

"မေမေ... မီးခြစ်ဆံတွေကို တခြောင်းချင်း စစ်ဆေးထားတယ်၊ မကောင်းတာတွေကို လွှင့်ပစ်ပြီး ကောင်းတာတွေကိုပဲ သိမ်းလိုက်တယ်"
"လိမ်မာလိုက်တဲ့ သားလေး၊ ဒါနဲ့ နေပါအုံး သားလေးက ဘယ်လိုများ စစ်ဆေးလိုက်တာလဲ"

"လွယ်လွယ်လေး၊ မီးခြစ်ဆံတွေကို ခြစ်ကြည့်တယ်လေ၊ မီးမတောက်ရင် မကောင်းလို့ပေါ့၊ လွှင့်ပစ်လိုက်တယ်၊ မီးတောက်တဲ့ဟာက ကောင်းလို့ပေါ့၊ သိမ်းထားလိုက်တယ်၊ ပိုင်ဘူးလား"
"ငင်...."

=========
2. လူလိမ္မာလေး
=========
ကျေးညိုတို့ရဲ့ တောင်ပေါ်ရွာလေးကို မြို့ကဦလေးဖြစ်သူ ဦးမိုးကြီး လာလည်တယ်။
အိပ်ခန်း လုံလုံလောက်လောက် မရှိတာနဲ့ ကျေးညိုရဲ့အခန်းမှာပဲ အတူတူ အိပ်ဖို့ နေရာချပေးရတယ်။
ညဉ့်နည်းနည်းနက်တော့ အိပ်မယ်ဆိုပြီး ဦးမိုးကြီးတစ်ယောက် အိပ်ခန်းထဲဝင်လာတယ်... ...
အဲဒီမှာ မြင်လိုက်ရတာက...
ကုတင်ရဲ့ တခြားဘက်မှာ မောင်ကျေးညိုလေး ဒူးထောက်ရင်း လက်နှစ်ဘက်ကို ရှေ့မှာထားလို့ ငြိမ်နေတာ တွေ့လိုက်ရတယ်။
ဒီတော့ ဦးလေးဖြစ်သူက စိတ်ထဲကနေချီးကျူးမိတာပေါ့... ..
"အော်... ကျေးညိုလေး၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘာသာတရားကိုင်းရှိုင်းရှာပေတယ်၊ အိပ်ခါနီး ဆုတောင်းနေရှာတာပါလား"
ဒါနဲ့... ကလေးတောင် လုပ်သေးတာ သူလည်း လုပ်မယ်လေဆိုပြီး သူလည်း ကုတင်ရဲ့ ဒီဘက်ခြမ်းမှာ ဒူးထောက်ပြီး ဆုတောင်းနေလိုက်တယ်
အဲဒါကို ကျေးညိုက မြင်တော့ အလန့်တကြားမေးတာပေါ့... ...
"ဟား.... ဦးလေး ဘာလုပ်တာတုန်း အဲဒါ"
"မင်း လုပ်သလို လုပ်နေတာပေါ့ကွ"
"ဟာ... အမေတော့ စိတ်ညစ်တော့မယ်"
"ဘာလို့လဲကွ"
"သေးအိုးက ဒီဘက်မှာဘဲ ရှိတာ ဦးလေးရ"
"ငင်...."

=======
3. စိတ်ထိန်း
=======
စူပါမားကက်ကြီးတစ်ခုထဲမှာ... ..
လူတစ်ယောက်ဟာ တွန်းလှည်းထဲမှာ အော်ဟစ်ငိုယိုနေတဲ့ ကလေးလေးကို တွန်းလာရင်း ရေရွတ်နေတယ်... ...
"ကျေးညို... စိတ်ထိန်း စိတ်ထိန်း၊ မအော်နဲ့၊ ဒေါသမထွက်နဲ့၊ လူကြားထဲနော် ကျေးညို
"
အဲဒါကို ကြားနေတဲ့ အနားက မိန်းမတစ်ယောက်က မနေနိုင်တော့ ဝင်ပြောတယ်... ...
"ကလေးနားမလည်တဲ့ စကားတွေနဲ့ ဆုံးမနေမယ့်အစား မောင်ကျေးညိုလေးကို မငိုအောင် ချော့သင့်တယ်"
"ဘာတွေလာပြောနေတာတုန်း၊ ကျေးညိုက ကျုပ်ဗျ"
"ရွှမ်..."

သန်၎ကို-ရမ်းဘာသာပြန်သည်။
https://www.facebook.com/thanlayko======

https://www.facebook.com/thanlayko

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...